တီဟီရန် ၊ မတ်-၁၃-၂၀၂၄ မျိုးဆက်(VOM) တရုတ်၊ ရုရှားနဲ့ အီရန်တို့ရဲ့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင်မှုကို အိုမန်ပင်လယ်ကွေ့မှ စတင်နေပြီဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုကို မတ် ၁၂ ရက်မှ ၁၄ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ရုရှားရဲ့ ခရူဇာစစ်သင်္ဘောဦးဆောင်တဲ့ ရေယာဉ်အုပ်စု ၊ တရုတ်ရဲ့ ဒုံးကျည်ဖျက်သင်္ဘောအပါအဝင် စစ်ရေယာဉ်အစီး ၂၀ ကျော်ပါဝင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ မှောင်ခိုမှုတိုက်ဖျက်ရေးနဲ့ ကယ်ဆယ်ရေးလေ့ကျင့်ခန်းတွေပါဝင်ပြီး ပါကစ္စတန်နှင့် တောင်အာဖရိကတို့ကလည်း လေ့လာသူအဖြစ်ပါဝင်တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ဖို့ရည်ရွယ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တရုတ်၊ အီရန်နဲ့ ရုရှားတို့ဟာ အမေရိကန်အပါအဝင်အနောက်အုပ်စုနို်ငငံတွေကိုဆန့်ကျင်ပြီး ညီညွတ်ကြောင်း ပြသလိုနေတယ်လို့ အကဲခတ်တွေကဆိုပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှု၊ ကုန်သွယ်မှုအပါအဝင် တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ သလျှိုကိစ္စ၊…
Read MoreThis Day in History
Voice of Myanmar ကမ္ဘာပတ်လမ်းကြောင်းတွင် လွှတ်တင်ထားသော ဆိုဗီယက်တို့၏ မီယာ အာကာသစခန်းသို့ အာကာသယာဉ်မှူး လီယိုနစ်ကီဇင်နှင့် ဗလာဒီမာဆိုလော့ယက်ဗ်တို့ကို ဆိုယုဇ် အာကာသာယာဉ်ဖြင့် ၁၉၈၆ ခုနှစ် မတ် ၁၃ ရက်တွင် ပထမဆုံး စေလွှတ်ခဲ့သည်။
Read Moreယနေ့ ရွှေဈေး (မတ် – ၁၂ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၀၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More“လေထုညစ်ညမ်းမှု သတိပြုပါ”
သွေး (စစ်ကိုင်း) အသက်ရှင်ဖို့ နေ့စဉ်နဲ့ အမျှ ရှူရှိုက်နေရတဲ့ လေဟာ သန့်ရှင်းလတ်ဆတ်ဆို့ အထူးပဲ အရေးကြီးပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ သန့်ရှင်းတဲ့လေ မရှူရှိုက်ရမှု…၊ လေထုညစ်ညမ်းမှုတွေနဲ့ ဆက်စပ်ရောဂါ ဖြစ်ပွားနေသူတွေ သန်းချီပြီး ရှိနေပါတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှုကို လက်တွေ့ကျကျ ဘယ်လိုလျှော့ချသင့်သလဲ စဉ်းစားလုပ်ဆောင် သွားရမှာပါ။ စက်မှုလုပ်ငန်းတွေ ထွန်းကားလာတာဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမဲ့ ရုပ်ကြွင်းလောင်စာ တွေ အသုံးပြုပြီး လုပ်ငန်းလည်ပတ်နေရတာကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတာပါ။ ကျောက်မီးသွေးသုံး စက်ရုံကြီးများ လည်ပတ်မှု, တောမီးလောင်မှု, မီးရှူးမီးပန်း ပစ်လွှတ်မှု, တောင်ယာမီးရှို့မှုတို့ကြောင့်လည်း လေထုကို ညစ်ညမ်းစေပါတယ်။ ‘BBC’ သတင်းတစ်ပုဒ်အရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ထိခိုက်ပြီး ဆေးဝါးကုသ,မှု ခံယူခဲ့ရသူ…
Read Moreဂျပန် တရားသူကြီး အကာနီတိုမိုတို အိုင်စီစီ ဥက္ကဌသစ်အဖြစ် ခန့်အပ်ခံရ
သည်ဟိတ်၊ မတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) နိုင်ငံတကာရာဇဝတ်ခုံရုံး(အိုင်စီစီ) ဥက္ကဌအဖြစ် ဂျပန်တရားသူကြီး အကာနီတိုမိုတိုကို ရွေးချယ်တင်မြှောက်ခံရပြီး သူဟာ အိုင်စီစီတရားရုံးကို ဦးဆောင်ခွင့်ရတဲ့ ပထမဆုံးသော ဂျပန်လူမျိုးဖြစ်လာပါတယ်။ နယ်သာလန်နိုင်ငံ သည်ဟိတ်အခြေစိုက် အိုင်စီစီတရားရုံးက သူ့ကို မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မတ် ၁၁ ရက်မှာ ထုတ်ပြန်ထားပြီး သူ့ရဲ့ ရာထူးသက်တမ်းကတော့ သုံးနှစ်ဖြစ်ပါတယ်။ အကာနီတိုမိုတိုဟာ ၂၀၁၈ ခုနှစ် မတ်လကကတည်းက အိုင်စီစီတရားသူကြီးဖြစ်လာခဲ့ပါတယ်။ သူဟာ ယခင်က ဂျပန်နိုင်ငံမှာ အစိုးရရှေ့နေအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက် တရားသူကြီးတွေက အခုလို ရွေးချယ်ခဲ့တာကြောင်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ၊ မိမိအနေနဲ့ အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ရောမစာချုပ်ကို အတည်မပြုရသေးတဲ့ နိုင်ငံများတွေနဲ့ ဆွေးနွေးမှုတွေမြှင့်တင်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာတွေကို အကာအကွယ်ပြုနိုင်ရေး ကြိုးပမ်းသွားမယ်လို့ အကာနီက ပြောပါတယ်။ အိုင်စီစီရဲ့ ရည်ရွယ်ချက်ဟာ စစ်ပွဲနဲ့ ပဋိပက္ခများအတွင်း လူမဆန်စွာ…
Read Moreမန္တလေးက တိုက်ခန်းတခုမှာ အမျိုးသမီးကြီးတဦး ပုပ်ပွသေဆုံးနေ
မန္တလေး၊ မတ်- ၁၂- ၂၀၂၄ SA(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းအနောက်ရပ်ကွက် ၃၅ လမ်း၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားမှာရှိတဲ့ တိုက်ခန်းတခုအတွင်းမှာ ဒီကနေ့ မတ်လ ၁၂ ရက်မနက်က အမျိုးသမီးကြီးတဦးရဲ့ သေဆုံးလို့ ပုပ်ပွနေတဲ့ရုပ်အလောင်းကို သွားရောက်သယ်ထုတ်ခဲ့ရတယ်လို့ မဏိစလ လူမှုကူညီရေးအသင်းက ပြောပါတယ်။ ” ဖြစ်စဥ်က အနီးပတ်ဝန်းကျင်က အပုပ်နံ့ရလို့ ဆက်သွယ်လာတာကြောင့် သွားကြည့်တော့ တံခါးက အတွင်းကနေ ပိတ်ထားတာ။ အဲ့ဒီတော့ အဝင်ပေါက်ဘေးနားက တံခါးကိုဖျက်တယ်။ ဖျက်တော့ ပျက်တယ် ဒါပေမယ့် သူ့ရုပ်အလောင်းက အတော်လေး ဆိုးနေတာကြောင့် ထုတ်လို့မရဘူး အဲ့ဒါကြောင့် ခက်ခက်ခဲခဲ ထုတ်ခဲ့ရတာပါ” လို့ မဏိစလလူမှုကူညီရေးအသင်းက တာဝန်ရှိတဲ့သူက ပြောပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး သားနဲ့သမီး ရှိပေမယ့်…
Read Moreသတ်မှတ်စည်းမျဉ်း မလိုက်နာတဲ့ နိုင်ငံခြားငွေ ရောင်းဝယ်သူ လုပ်ငန်းရှင် လေးယောက်ကို လိုင်စင်သုံးလရပ်ဆိုင်း
မတ် ၁၂ – ၂၀၂၄ SN (VOM) ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီရဲ့ ကြီးကြပ်မှုနဲ့ အခု မတ်လအတွင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ငန်း လိုင်စင်ရရှိသူ လေးယောက်ကို သုံးလ ရပ်ဆိုင်းခြင်း ပြစ်ဒဏ်ချမှတ်ပြီး အရေးယူခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မနေ့ မတ်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ရွှေနဲ့ ငွေကြေးဈေးကွက် လုပ်ငန်းကော်မတီလက်အောက်က စောင့်ကြည့်ကြီးကြပ် စစ်ဆေးရေးအဖွဲ့နဲ့ မြေပြင် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့တို့ရဲ့ မတ်လ ၆ ရက်နဲ့ ၈ ရက်နေ့အတွင်း စိစစ်ဖော်ထုတ်ချက်အရ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါအတိုင်း လိုက်နာရမယ့် အချက်တွေကို ဆောင်ရွက်ခြင်းမရှိတဲ့ Fame Money Changer, Lead Star Money Changer, Steber Group Money Changer,…
Read Moreဟေတီဝန်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်ဖို့ သဘောတူပြီ
ပို့အော့ပရင့်၊ မတ်-၁၂-၂၀၂၄ မျိုးဆက်(VOM) ဟေတီနိုင်ငံမှာ သီတင်းပတ်အတန်ကြာ အကြမ်းဖက်မှုတွေ မြင့်တက်လာပြီးနောက် ဝန်ကြီးချုပ် အေရီရယ်ဟင်နရီဟာ ရာထူးကနေနှုတ်ထွက်ဖို့ သဘောတူခဲ့ကြောင်း ကာရေဘီယံနိုင်ငံများအဖွဲ့ ဥက္ကဌက ပြောပါတယ်။ ဟေတီမှာ နိုင်ငံရေးအသွင်းကူးပြောင်းရေး ဆွေးနွေးဖို့ ဒေသတွင်းခေါင်းဆောင်တွေဟာ ဂျမေကာမှာ မတ် ၁၁ ရက် တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ နှုတ်ထွက်မယ့် သဘောတူညီချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ မစ္စတာဟင်နရီဟာ လက်ရှိမှာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့ တားဆီးမှုကြောင့် ဟေတီကို ပြန်နိုင်ခြင်းမရှိဘဲ ပွာတိုရီကိုမှာ သောင်တင်နေပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ သမ္မတဟောင်းလုပ်ကြံခံရပြီးနောက် နိုင်ငံကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဂျမေကာမှာ ဒေသတွင်းခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီးမျာ ဝန်ကြီးချုပ်အေရီရယ် နှုတ်ထွက်ရေး ၊ အသွင်းကူးပြောင်းရေးကောင်စီဖွ့ဲစည်းခြင်းနဲ့ ယာယီဝန်ကြီးချုပ်ခန့်အပ်ခြင်းတွေပြုလုပ်မယ့် အစီအစဉ်တွေကို သိရှိထားကြောင်း ကာရေဘီယံနိုင်ငံများအဖွဲ့ ဥက္ကဌက အတည်ပြုပြောဆိုပါတယ်။ မကြာသေးမီ သီတင်းပတ်များအတွင်း ဟေတီနိုင်ငံ မြို့တော်ပို့အော့ပရင့်ရဲ့…
Read Moreားကန့် မနမှော်မှာ လုပ်ကွက်ဟောင်း နွံကန်ပြိုလို့ အနည်းဆုံး လူ ၂၀ ကျော်ခန့်နဲ့ စက်ပစ္စည်းတွေပါသွား
မတ် ၁၂၊ ၂၀၂၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနီးက မနမှော်မှာ ဒီနေ့ မတ်လ ၁၂ ရက်နေ့ မနက် မနက် ၃ နာရီနဲ့ ၄ နာရီကျော် ခန့်က လုပ်ကွက်ဟောင်း နွံကန် ပြိုလာလို့ အနည်းဆုံး လူ ၂၀ ကျော်ခန့်နဲ့ စက်ပစ္စည်းတွေ နွံထဲ ပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဖားကန့်မှာ ဒီနေ့ မတ်လ ၁၂ ရက်နေ့ မနက် စောစော ၃ နာရီ ကျော်ခန့်က ရှရော်ခ၊ မနရွာထိပ်က ဦးချို ကုမ္ပဏီဝင်းထဲ နွံကန်ပေါက်ထွက်ပြီး စီးဝင်လာလို့ လူ၊ ဘက်ဟိုး၊ ကား၊ စက်ပစ္စည်းတွေ ပါသွားတယ်။ လူဘယ်လောက် ပါသွားတာ၊ သေဆုံးသွားတာ အတိအကျ မသိရသေးဘူး။” လို့ ဒေသခံ တဦးက…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၂ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၅၀ ကျပ် ဝယ်ဈေး – ၃၆၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၉၀ ကျပ် ဝယ်ဈေး – ၂၆၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၂၄ ကျပ် ဝယ်ဈေး – ၃၈၄၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၂.၀၄ ကျပ် ဝယ်ဈေး – ၁၀၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၉ ကျပ် ဝယ်ဈေး – ၇၆၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read More