မန္တလေး ကုန်စည်ဒိုင် ၁၆- ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၁၆- ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စစ်ကိုင်း/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁…

Read More

ကချင်က စစ်ရှောင်စခန်းမှာ ဓာတ်ကြိုး ပြတ်ကျနေတဲ့ချောင်းထဲ ရေဆင်းချိုးမိလို့ ကလေးငယ်တယောက် ဓာတ်လိုက်သေဆုံး

မေလ ၁၆၊ ၂၀၂၄Shy V (VOM)ကချင်ပြည်နယ်၊ လိုင်ဇာ အနီး၊ ဖွန်လွမ်ယန် စစ်ရှောင်စခန်းမှာ ယမန်နေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ ဝန်းကျင်ခန့်က အသက် ၁၀ နှစ်အရွယ် မီးကြိုး ပြတ်ကျနေတဲ့ ချောင်းထဲ ရေဆင်းချိုးရာက ဓာတ်လိုက်သေဆုံး သွားကြောင်း စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။“မီးကြိုးက ရေထဲ တွဲကျတော့ လျှပ်စစ်တွေက ရေထဲမှာ စီးဆင်းနေတာလေ။ အဲဒါဆိုတော့ ရေထဲဆင်းတာနဲ့ ဓာတ်လိုက်ပြီး သေဆုံးသွားပြီပေါ့။ မခံနိုင်လို့ သေဆုံးသွားတာ။ မီးကြိုးအရမ်းကြီးတယ်လေ။ မီးအား အရမ်းများမှာ။” လို့ စစ်ရှောင် အမျိုးသမီး တယောက်က ပြောပါတယ်။ဓာတ်လိုက်သေဆုံးသွားတဲ့ ကလေးက အသက် ၁၀ နှစ်အရွယ်ရှိ လုကာဆန်အောင် ဖြစ်ပြီး ၄ နာရီခန့် အကြာမှ ပြန်လည် တွေ့ရှိတာကြောင့် အသက်ကယ်တင်ဖို့ မမီတော့တာလို့…

Read More

ကျုံအိတ်တံတားကနေ ကားအသေးတွေ ဖြတ်သန်းနိုင်၊ တံတားရှောင်ကွင်းတောလမ်းမှာ ခရီးသည်တင်ကား ဗုံးထိမှန်ပျက်စီး

မေ ၁၅ – ၂၀၂၄ GG (VOM) မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားကနေ ကားအသေးတွေ တစီးချင်းစီး ဖြတ်သန်းသွားလာခွင့်ပြုနေပြီဖြစ်တယ်လို့ ဖြတ်သန်းသွားလာခဲ့သူတွေဆီကသိရပါတယ်။ ပျက်စီးသွားတဲ့ကျုံအိတ်တံတားနှစ်စင်းအနက် ထက်ပိုင်းကျိုးကျတဲ့သံကွန်ကရစ်ဘက်ခြမ်းမှာ မြေသားဖြည့်ထားပြီး ကားအသေး၊ဆိုင်ကယ်တွေကို ဖြတ်သန်းသွားလာခွင့်ပေးနေတာဖြစ်ပါတယ်။ ” အောက်ပိုင်းနိမ့်တဲ့ကားတွေကတော့သွားဖို့မလွယ်ဘူး။အခုက ကားအသေးတွေလွှတ်ပေးနေတာ၊ကားကြီးတွေ ကုန်ကားတွေကတော့သွားလို့မရသေးဘူး။အခုကကျိုးကျတဲ့တံတားအခြေမှာမြေကြီးဖို့ပြီး ဖြတ်ခွင့်ပေးနေတာပေါ့။လမ်းရှင်းပေးတဲ့သူတွေလည်းရှိပါတယ် ” လို့ ဖြတ်သန်းသွားလာခဲ့တဲ့ မော်လမြိုင်အခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူတယောက်ကပြောပါတယ်။ ကျုံအိတ်တံတား တခြမ်းကနေ ကားအသေးတွေကိုဖြတ်သန်းခွင့်ပေးနေတာဖြစ်ပြီး သထုံ နဲ့ ဘီးလင်းမှ ကားတွေကိုအသွားအပြန် အလှည့်ကျစီဖြတ်သန်းခွင့်ပြုနေတာဖြစ်တယ်လို့သိရပါတယ်။ ကျုံအိတ်တံတား ကနေ ကားအသေးတွေသာဖြတ်သန်းခွင့်ရနေပြီး ကားကြီး၊ကုန်ကားတွေသွားလာခွင့်မရသေးတာကြောင့် ကျုံအိတ်တံတား ရှောင်ကွင်းတောလမ်းကနေ ကားတွေသွားလာနေကြရဆဲဖြစ်တယ်လို့သိရပါတယ်။ အဆိုပါကျုံအိတ်တံတား ရှောင်ကွင်းလမ်းဖြစ်တဲ့ ကျေးရွာချင်းဆက် ဒုံဝန်းကျေးရွာကိုသွားတဲ့လမ်းသွယ်၊ ရေဝေကျေးရွာ ဆိုင်းဘုတ်အနီးမှာ မေ ၁၅ ရက်က ရပ်ထားတဲ့ ကားတစီးပေါ် ဒရုန်းဗုံး ကျပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ” မနေ့ နေ့လယ်၁နာရီကျော်လောက်မှာ ကားပေါ်ကျပြီးပေါက်ကွဲမှုဖြစ်တာ၊ကားကရပ်ထားချိန်ဖြစ်လို့ကံကောင်းသွားတယ်၊လူတွေတော့မထိလိုက်ဘူးပေါ့၊ကားပေါ်ပါပစ္စည်းရောကားရောပျက်စီးတယ်။…

Read More

စင်ကာပူဝန်ကြီးချုပ်သစ်အဖြစ် ဒုဝန်ကြီးချုပ်နဲ့ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ လော့ရန့်ဝမ် ကျမ်းသစ္စာကျိန်ဆို

စင်ကာပူ၊ မေ-၁၆-၂၀၂၄မျိုးဆက်(VOM)စင်ကာပူနိုင်ငံမှာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် လီရှန်းလွန်း ရာထူးကနေ နှုတ်ထွက်ပြီးနောက် ဒုတိယဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ လော့ရန့်ဝမ်ဟာ စင်ကာပူဝန်ကြီးချုပ်သစ်ဖြစ်လာပါတယ်။လော့ရန့်ဝမ်ဟာ မေ ၁၆ ရက်မှာ စင်ကာပူဝန်ကြီးချုပ် အဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သူ့ရဲ့ဦးဆောင်မှုပုံစံဟာ ယခင်မျိုးဆက်တွေနဲ့ ကွဲပြားပြီး မျိုးဆက်အပြောင်းအရွှေ့တခုဖြစ်လာလိမ့်မယ်လို့ သူက အလေးပေးပြောဆိုပါတယ်။စင်ကာပူနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရဲ့ရှေ့ခရီးအတွက် စည်းလုံးညီညွှတ်ကြဖို့ သူက တိုက်တွန်းပြောဆိုပါတယ်။ စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ် လီကွမ်းယုရဲ့ သားဖြစ်သူ ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းကတော့ အစိုးရအဖွဲ့မှာ ထိပ်တန်း ဝန်ကြီးတပါးအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ဝန်ကြီၤးချုပ်သစ်ဟာ ဗျူရိုကရက်ဟောင်းပြီး အသက် ၅၁ နှစ်ရှိပြီဖြစ်ကာ လူလတ်တန်းစားမိသားစုမှာ ကြီးပြင်းလာသူဖြစ်ပါတယ်။ သူဟာ ကိုဗစ်ကပ်ရောဂါကာလမှ ကိုဗစ်တိုက်ဖျက်ရေး ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ဒုတိယဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။နိုင်ငံတွင်းမှာ သက်ကြီးရွယ်အိုဦးရေမြင့်မားလာပြီး မွေးဖွားနှုန်းကျဆင်းလာခြင်း၊ တရုတ်-အမေရိကန် တင်းမာမှုတွေပြင်းထန်နေချိန်မှာ စင်ကာပူရင်ဆိုင်နေရတဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁၆ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၄၀၃၀ ကျပ်ဝယ်ဈေး – ၃၉၉၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၀၀၀ ကျပ်ဝယ်ဈေး – ၂၉၂၅ ကျပ်-ယူရိုရောင်းဈေး – ၄၃၈၅ ကျပ်ဝယ်ဈေး – ၄၂၅၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၁.၀၉ ကျပ်ဝယ်ဈေး – ၁၀၈.၈၇ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၆၀ ကျပ်ဝယ်ဈေး – ၈၃၄ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၅၈ ကျပ်ဝယ်ဈေး – ၅၄၄ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၁၂ ကျပ်ဝယ်ဈေး – ၂၅.၃၄ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၂၉ ကျပ်ဝယ်ဈေး – ၄၆.၈၄ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၈ ကျပ်ဝယ်ဈေး – ၂.၈၉ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၉၉၅ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၁၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၈၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၉၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၇၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

စလိုဗက်ကီးယားဝန်ကြီးချုပ် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရလို့ အရေးပေါ်ကုသနေရ

ဘရာတစ်လာဗာ၊ မေ-၁၆-၂၀၂၄ မျိုးဆက်(VOM) ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ မြို့တော် ဘရာတစ်လာဗာရဲ့ အရှေ့မြောက်ဘက်ရှိ မြို့ငယ်တခုမှာ သေနတ်ပစ်ခံရပြီးနောက် ဆေးရုံတင်ထားရပြီး အရေးပေါ်ကုသနေရပါတယ်။ ဝန်ကြီးချုပ်ဟာ အစိုးရအစည်းအဝေးကျင်းပမယ့် ယဉ်ကျေးမှုစင်တာရှေ့မှာ လူတွေကို လက်ပြနှုတ်ဆက်နေစဉ်မှာ ဒေသစံတော်ချိန် မေ ၁၅ ရက် နေ့လယ် ၂ နာရီ မိနစ် ၃၀ ဝန်းကျင်က လုပ်ကြံပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ ဝန်ကြီးချုပ်ကို အခင်းဖြစ်ရာ ဟန်းလိုဗာအရှေ့ဘက်က အခြားဆေးရုံကို ရဟတ်ယာဉ်နဲ့ မပို့မီ အနီးနားက ဆေးရုံတရုံမှ ဦးစွာကုသမှုပေးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဝန်ကြီးချုပ်ဟာ အစာအိမ်ကို သေနတ်မှန်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ဝန်ကြီးချုပ်ဟာ ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူနေခဲ့ရတာ သုံးနာရီကျော်ကြာမြင့်နေပြီး အခြေအနေ စိုးရိမ်ရကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ကာလီနက်စ်က ပြောပါတယ်။ ဒါဟာ ဒီမိုကရေစီကို တို်ကခိုက်ခြင်းဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ရှုံ့ချပြောဆိုပါတယ်။ အခင်းဖြစ်ရာနေရာမှာ လူတယောက်ကို…

Read More

This Day in History

Voice of Myanmarတောင်ကိုရီးယားတွင် ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးသည် ၁၉၆၁ ခုနှစ် မေ ၁၆ ရက်တွင် စစ်အာဏာသိမ်းခဲ့ပြီး အမျိုးသားလွှတ်တော်ကို ဖျက်သိမ်း၊ အစိုးရယန္တရားများကို လွှဲပြောင်းယူကာ နိုင်ငံရေးလှုပ်ရှားမှုများကို တင်းကြပ်စွာ တားမြစ်ခဲ့သည်။

Read More

သံတွဲမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် နှစ်ရက်အတွင်း အရပ်သား ၁၁ ယောက်သေဆုံး

မေ ၁၅ -၂၀၂၄GG(VOM)ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အေအေနဲ့ နစကတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားတွေ သေဆုံးမှု ၁၁ ယောက်အထိရှိနေတယ်လို့ သိရပါတယ်။မနေ့ကမေလ ၁၄ ရက်နေ့မှာ လင်းသီရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပြီး ကိုးယောက်သေဆုံးခဲ့သလို ရွှေလှေရွာမှာလည်းလက်နက်ကြီးထိမှန်ပြီးတယောက်သေဆုံးကာ မေလ ၁၃ ရက်မှာလည်း အောက်နတ်မှော်ရွာမှာ လက်နက်ကြီးထိမှန်ပြီး တယောက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။” လင်းသီရွာမှာ မနေ့ကတိုက်ပွဲမရှိဘဲ လက်နက်ကြီးကျတယ် လူ၇ယောက်ပွဲချင်းပြီးသေတယ်၊အိမ်နှစ်လုံးပျက်စီးတယ်၊သံတွဲဆေးရုံကိုခေါ်လာတယ် လမ်းမှာနှစ်ယောက်ထပ်သေတယ်၊စုစုပေါင်းကိုးယောက်ပေါ့။နောက်ပြီးတနေ့ကလည်းအောက်နက်မှော်ရွာထဲကိုလက်နက်ကြီးကျည်ကျတယ် လက်နက်ကြီးထိသူတွေကိုဆေးရုံခေါ်လာတယ်၊ဒီမနက်မှာတယောက်ဆုံးတယ်၊ နှစ်ရက်အတွင်းမှာ ၁၀ယောက်ဆုံးသွားတယ် ” လို့ သံတွဲမြို့ခံတယောက်ကပြောပြပါတယ်။လင်းသီရွာကသေဆုံးသူတွေကတော့ ဦးညီလေး (၄၇နှစ်)၊ မငယ်လေး (၂၅) နှစ်၊ အပုလေး (၂၁) နှစ်၊ ဦးမောင်လေး (၂၆) နှစ်၊ မမေပု (၂၇) နှစ်၊ ဦးမောင်တင်ညွန့် (၄၇) နှစ်နဲ့ ဒေါ်မမေလီရန် (၇၅) နှစ်၊ ဒေါ်သန်းသန်း (၆၃) နှစ်၊ ဒေါ်မညံ့…

Read More

ကျိုင်းတုံမြို့က နှင်းဆီ ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု နာရီပိုင်းအတွင်း ဓားပြသုံးယောက် ဖမ်းမိ

မေ ၊ ၁၅ ၊ ၂၀၂၄SP (VOM)ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံခရိုင် ၊ ကျိုင်းတုံမြို့လယ် ၊ အမှတ် ၂ ရပ်ကွက် ၊ လွိုင်မွေလမ်း ၊ ပါလျံတံတားနားက နှင်းဆီ အမည်ရှိ ရွှေရတနာရောင်းဝယ်ရေးဆိုင်ကို မေ ၁၄ ရက် မနေ့က ညနေပိုင်း၅ နာရီဝန်းကျင်လောက်မှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်မျိုးစုံ သိန်းပေါင်း ငါးရာဖိုးလောက်ပါသွားတယ်လို့ ကျိုင်းတုံမြို့နယ် ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျိုင်းတုံခရိုင်လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ညနေ ၅ နာရီဝန်းကျင် ဆိုင်ပိတ်နေချိန်မှာ အမည်မသိ (စုံစမ်းဆဲ)လူသုံးယောက်က ကလစ်ဆိုင်ကယ်တစီး လူသုံးယောက်နဲ့ အဲ့ဒီ နှင်းဆီ ရွှေဆိုင်ကိုရောက်လာတယ် ၊ အဲ့ဒီ လူသုံးယောက်မှာ သေနတ်နဲ့ တူတွေ ပုဆိန်တွေပါလာတယ် ၊ ဆိုင်ထဲရောက်တော့ သေနတ်…

Read More