မေ ၅-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ပြင်ကို ဦးတည်ပြီး ပဲ့ထိန်းဒုံးပျံတစင်းကို မေ ၄ ရက်မှာ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ပါတယ်။ အဲဒီဒုံးကျည်ကို ပြုံးယမ်းအနီးရှိ ဆူနန်ဒေသ၀န်းကျင်ကနေ မေ ၄ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒုံးကျည်ဟာ အမြင့် ၇၈၀ ကီလိုမီတာကနေ ၄၇၀ ကီလိုမီတာထိ ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ခန့်မှန်ထားပါတယ်။ မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းကလည်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေကို ဆူနန်ဒေသကနေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိစမ်းသပ်မှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က အသေးစိတ်အချက်အလက်တွေကို လေ့လာနေကြပါတယ်။ ဧပြီ ၂၅ ရက်မှာ မြောက်ကိုရီးယားစစ်တပ်တည်ထောင်ခြင်း နှစ် ၉၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲပြုလုပ်ခဲ့ပြီး ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားသစ်ကို မြောက်ကိုရီးယားက ထုတ်ဖော်ပြသခဲ့ပြီး နိုင်ငံရဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို အရှိန်မြှင့်မယ်လို့…
Read Moreမြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်လို့ ထောင်နှစ် ၃၀ ချမှတ်ခံရတဲ့ စင်ကာပူအိမ်ရှင်ရဲ့ အယူခံ ပယ်ချခံရ
စင်ကာပူ၊ မေ-၅-၂၀၂၂ မျိုးဆက်(VOM) စင်ကာပူနိုင်ငံမှာ မြန်မာအိမ်အကူမိန်းကလေးကို နှိပ်စက်သတ်ဖြတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်က ထောင်နှစ် ၃၀ ချမှတ်ခံလိုက်ရတဲ့ စင်ကာပူနိုင်ငံသူ အိမ်ရှင်အမျိုးသမီး ဂိုင်ယာသီရိမူရှူဂါယန်ဟာ အမှုနဲ့ပတ်သက်ပြီး မေ ၄ ရက်မှာ အယူခံ၀င်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ သူမရဲ့အယူခံမှာ တင်သွင်းခဲ့တဲ့ သက်သေအထားအထားသစ်တွေဟာ အမှုနဲ့ သက်ဆိုင်ခြင်းမရှိဘူးဆိုပြီး အယူခံကို တရားရုံးက ပယ်ချခဲ့တာဖြစ်ပြီး အယူခံကို တရားရုံက ကြားနာခြင်းလည်းမရှိဘူးလို့ သိရပါတယ်။ သူမတင်သွင်းခဲ့တဲ့ အယူခံက သက်သေသစ်တွေမှာ သေဆုံးသူမြန်မာအိမ်အကူမိန်းကလေးရဲ့ ဆွေမျိုးတွေက အမှုနဲ့ပတ်သက်ပြီး ခွင့်လွှတ်ကြောင်း WhatApp ကတဆင့်ပြောဆိုထားတဲ့ မှတ်တမ်းတွေအပြင် သူမနဲ့ပတ်သက်ပြီး စိတ်ရောဂါဆရာ၀န်တယောက်ရဲ့ အစီရင်ခံစာလည်းပါ၀င်ပါတယ်။ မြန်မာအိမ်အကူမိန်းကလေးဟာ ၁၄ လတာကာလအတွင်း အိမ်ရှင်ဖြစ်သူရဲ့ အကြိမ်ကြိမ်နှိပ်စက်မှုတွေကို ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်မှာ သေဆုံးခဲ့တာဖြစ်ပြီး ဒီအမှုဟာ အဆိုးရွားဆုံး လူသတ်မှုတွေထဲက တခုဖြစ်တယ်လို့…
Read Moreယူကရိန်းအပေါ် အလုံးစုံစစ်ကြေညာမယ့်အစီအစဉ် ရုရှားငြင်းဆို
မော်စကို၊ မေ-၅-၂၀၂၂ မျိုးဆက်(VOM) လာမယ့်ရက်အနည်းငယ်အတွင်း ယူကရိန်းအပေါ် အလုံးစုံစစ်ကြေညာမယ်လို့သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ရုရှားဘက်က ငြင်းဆိုလိုက်ပါတယ်။ ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး အထူးစစ်ဆင်ရေးအဖြစ်သာ ရည်ညွှန်းပြောဆိုထားပြီး စစ်ပွဲအဖြစ်ကိုမူ ငြင်းဆိုထားပါတယ်။ ဒါပေမယ့် ရုရှားသမ္မတပူတင်ဟာ ယူကရိန်းအပေါ် စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်မှုအတွက် ကြေညာဖို့ မေ ၉ ရက်ကို အောင်ပွဲနေ့အဖြစ် အသုံးပြုလာနိုင်တယ်လို့ အနောက်နိုင်ငံတာ၀န်ရှိသူတွေက ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့်လည်း ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်ကတော့ ဒါတွေဟာ ကောလဟာလသတင်းတွေဖြစ်ပြီး မမှန်ကန်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းသမ္မတဇီလန်စကီးအပေါ် ပိုမိုဖိအားပေးပြီး ယူကရိန်းကို လက်နက်ထောက်ပံ့တာတွေကို အနောက်နိုင်ငံတွေက ရပ်ဆိုင်းခြင်းအားဖြင့် စစ်ပွဲအဆုံးသတ်ရေး ကူညီနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar #VOM #မော်စကို
Read Moreမုံးပေါ်မှာ နစကတပ်နဲ့ MNDAA တိုက်ပွဲ ဖြစ်
မေ-၅-၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ မုံးပေါ် ၊ မိုင်ဖန်ရွာနား နစကတပ်နဲ့ ကိုးကန့် MNDAA တို့ မေလ ၄ရက်နေ့ည ၉ နာရီဝန်းကျင်ခန့်က နာရီဝက်ခန့်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “လက်နက်ကြီးရော လက်နက်သေးရောပါတယ်။ တော်တော်ပြင်းတယ်။ ဗုံးခိုကျင်းလည်း မိုးရွာတော့ မခိုင်တော့လို့ အုတ်နံရံနားပဲ ပုန်းနေရတယ်” လို့ ဒေသ ခံ ၁ ဦး က ပြောပါတယ်။ မိုင်ဖန်ရွာနဲ့ ကပ်လျက် ရှိတဲ့ စစ်တပ်ကို ကိုးကန့် MNDAA က လာရောက် ပစ်ခတ်ရာမှ တိုက်ပွဲ ပြင်းထန်လာတယ်လို့ အမည် မဖော်လိုသူ ၁ ဦးက ပြောပါတယ်။ ထိခိုက်မှု၊ ပျက်စီးမှု…
Read Moreရွှေပြည်သာမှာ တစ်သောင်းတန်အတုတွေနဲ့ Wave Money အကောင့်ထဲ ငွေလာဖြည့်သူကို ဖမ်းမိ
မေ ၆-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက Wave Money ဆိုင်တစ်ဆိုင်ကို တစ်သောင်းတန် ငွေစက္ကူအတုတွေနဲ့ ငွေလာဖြည့်သူတစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ရွှေပြည်သာမြို့နယ် ရပ်ကွက်တစ်ခုက Wave Money ဆိုင်ကို ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ကိုနိူင်ထက်ဦး ဆိုသူက သူရဲ့Wave Money အကောင့်ကို ငွေကျပ်တစ်သောင်းတန်အတု အရွက် ၃၀ နဲ့ငွေလာဖြည့်စဉ် ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။ “သူလာဖြည့်တဲ့ပိုက်ဆံက အတုတွေဖြစ်နေတယ်၊ ကွင်းဆက်ကို စုံစမ်းလိုက်တော့ အမျိုးသမီးတစ်ဦးဆီက ဝယ်တယ်လို့ ထွက်ထားတယ်၊ အခုကွင်းဆက်တွေလိုက်နေတယ်”လို့ သူကပြောပါတယ်။ ကိုနိူင်ထွက်ဦးရဲ့ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းပေါ်က အမျိုးသမီးတစ်ဦးဆီကနေ ငွေစက္ကူအစစ် တစ်သိန်းပေးပြီး ငွေစက္ကူအတု သုံးသိန်းဝယ်ခဲ့တယ်လို့ သိရတာကြောင့် ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ မနေ့ မေလ ၅ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်…
Read Moreမောင်တောမှာ (၆)ကြိမ်မြောက် မြိုအမျိုးသားနေ့ ကျင်းပ
မေ ၆-၂၀၂၂ SW(VOM) (၆)ကြိမ်မြောက် မြိုအမျိုးသားနေ့ကို မောင်တောမြို့၊ သုံးမိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ မြိုအမျိုးသားနေ့ ကျင်းပရတာဟာ ရိုးရာဓလေ့၊ စာပေ၊ ယဥ်ကျေးမှု တို့ကို ဖော်ထုတ်လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ မြိုစာပေနဲ့ ယဥ်ကျေးမှာအသင်း ဥက္ကဋ္ဌ ဦးဇနီဖြူက ” မြိုအမျိုးသားနေ့ကတော့ နှစ်စဥ်နှစ်တိုင်းကျင်းပလာတာ အခုဆိုရင် ၆ ကြိမ်မြောက် ဖြစ်သွားပါပြီ။ တခြားမျိုးနွယ်စုတွေမှာလည်း အမျိုးသားနေ့ဆိုတာရှိတဲ့အတွက် ကျနော်တို့လည်း ကျင်းပရတာဖြစ်ပါတယ် ” လို့ ပြောပါတယ်။ မြိုလူမျိုးတွေဟာ ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်နဲ့ ကျောက်တော်မြို့နယ်တွေမှာ အများဆုံးနေထိုင်ကြပြီး မြန်မာနိုင်ငံအတွင်း တချို့ဒေသတွေမှာလည်းနေထိုင်ကြကာ လူဦးရေ သောင်းဂဏန်းရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မောင်တော #မြို့အမျိုးသားနေ့
Read Moreကျောက်ဆည်မြို့နယ်က NLDပါတီဝင်(၂)ဦး အသတ်ခံရ
မေ ၆-၂၀၂၂ KK(VOM) ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်-ပလိပ်လမ်းဟောင်းမှာ မနေ့ မေလ ၅ရက်ညပိုင်းက NLD ပါတီဝင်နှစ်ဦးကို အမည်မသိအဖွဲ့က သတ်ဖြတ်ပြီး လာရောက်လွှင့်ပစ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အသတ်ခံရသူနှစ်ဦးကတော့ ကျောက်ဆည်မြို့နယ်၊ကြက်မင်းတွန်ရပ်ကွက်က NLD ပါတီဝင် ဦးတင်သိန်းနဲ့တံတားလယ်ရပ်ကွက်က NLDပါတီဝင်ဦးညိုထွန်းဇော်တို့ဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “သူတို့ကို မနေ့ကညနေပိုင်းက အမည်မသိအဖွဲ့တွေက ဖမ်းသွားပြီး ညပိုင်းမှာ သတ်ပြီးလာပစ်သွားတာ၊ သွေးသောက်အဖွဲ့ဆိုပြီး လည်ဆွဲတွေဆွဲပေးထားတယ် “လို့ ပြောပါတယ်။ သေဆုံးသူ(၂)ဦးကတော့ NLDပါတီဝင်တွေဖြစ်သလို လ္ဘက်ရည်ဆိုင်ပိုင်ရှင်(၂)ဦးလည်းဖြစ်တယ်လို့ အဆိုပါရပ်ကွက်နေသူတွေဆီက သိရပါတယ်။ အဲ့ဒီလို သွေးသောက်လည်ဆွဲတွေဆွဲပေးပြီး လူသတ်မှုဖြစ်စဉ်တွေဟာ ဧပြီလကစတင်ခဲ့ပြီး အခုဆိုရင် ခြောက်ဦးခန့်ရှိပြီလို့လည်း မြို့ခံတွေဆီက သိရပါတယ်။ ကျောက်ဆည်မြို့နယ်က NLDပါတီဝင်နှစ်ဦးအသတ်ခံရတဲ့ဖြစ်စဉ်အပေါ်“ကျောက်ဆည် NLD အစွန်းရောက် PDF ထောက်ပို့ ညိုထွန်းအောင်နဲ့တင်သိန်းတို့ကို သွေးကောက်လည်ဆွဲချီးမြှင့်”လို့ သွေးသောက်အဖွဲ့ရဲ့တယ်လီဂရန် လူမူကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ…
Read Moreဖားကန့်မှာ ကုမ္မဏီလုပ်ကွက်ဟောင်း မြေစာပုံပြိုကျလို့ လူ ၂ ဦးသေဆုံး
မေ ၊ ၆-၂၀၂၂ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ နမ့်မှော်ကျေးရွာနားက ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်ဟောင်းတခုမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က မြေစာပုံပြိုကျခဲ့တဲ့အတွက် လူ ၂ ဦး သေဆုံးခဲ့တဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ် ။ ” ဒိမနက်ဖြစ်တာက နမ့်မှော်ရွာနားက ရတနာစန်းရွှင် ကုမ္မဏီလုပ်ကွက်ဟောင်း မြေစာပုံပြိုကျတာပါ ၊ ရေမဆေး ကျောက်ရှာတဲ့ လူ ၂ ယောက် မြေစာပိပြီး သေဆုံးတယ်”လို့ သွားရောက်ကူညီပေးခဲ့တဲ့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ရုပ်အလောင်းတွေကို ရှာဖွေကယ်ဆယ်ပြီးနောက်ပိုင်း ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မနေ့ မေ ၅ ရက် မနက်ပိုင်း ၆ နာရီဝန်းကျင်ကလည်း အဲ့ဒီ နမ့်မှော်ရွာနားက ဂျိတ်ပါဝါ ကုမ္မဏီ…
Read Moreကိုဗစ်-၁၉ ကြောင့် ကမ္ဘာတ၀န်းလူသေဆုံးမှု တရား၀င်စာရင်းထက် သုံးဆပိုများကြောင်း WHO ခန့်မှန်း
ဂျီနီဗာ၊ မေ-၆-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘတ၀န်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူ ၁၅ သန်းနီးပါးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပြီး ဒါဟာနှစ်နှစ်တာကာလအတွင်း တရား၀င်ကိန်းဂဏန်းတွေထက် သုံးဆပိုများနေပါတယ်။ နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအရေအတွက် မှတ်တမ်းတင်မှုမှာ နည်းပါးနေပြီး စုစုပေါင်း သေဆုံးသူ ၅ ဒသမ ၄ သန်းသာရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၄ ဒသမ ၇ သန်းရှိပြီး တရား၀င်ကိန်းဂဏန်းထက် ၁၀ ဆပိုမိုများပြားကာ ကမ္ဘာတ၀န်းသေဆုံးမှုရဲ့သုံးပုံတစ်ပုံနီးပါးရှိတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ အိန္ဒိယအစိုးရကတော့ အဲဒီခန့်မှန်းချက်နဲ့ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပြီး သေဆုံးမှုတွက်ချက်တဲ့ နည်းစနစ်အပေါ် စိုးရိမ်မှုရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နိုင်ငံတွေမှာ ကိုဗစ်ကြောင့် သေဆုံးမှုပမာဏနဲ့ပတ်သက်ပြီး အခြားလေ့လာမှုတွေမှာလည်း အလားတူ ကောက်ချက်ချခဲ့ကြပါတယ်။ ကပ်ရောဂါမတိုင်မီ သက်ဆိုင်ရာနိုင်ငံတွေမှာ ပုံမှန်သေဆုံးမှုထက် ဘယ်လောက်ပိုမိုသေဆုံးတယ်ဆိုတဲ့ အချက်အလက်တွေကို အခြေခံပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွက်ချက်ခန့်မှန်းခဲ့တာဖြစ်ပါတယ်။…
Read Moreမုံရွာမှာ ကိုယ်ခန္ဓာ အပိုင်းပိုင်းပြတ်နေတဲ့ အလောင်း ၁ လောင်းတွေ့
မေ ၊ ၆-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုကျေးရွာဇရပ်မှာ ဒီကနေ့ မနက်ပိုင်းက ကိုယ်ခန္ဓာ အပိုင်းပိုင်းဖြတ်တောက်ပြီး အိတ်နဲ့ထည့်ပစ်ထားတဲ့ အလောင်း ၁ လောင်းကို လူမှုကူညီရေးအဖွဲ့တွေက ကောက်ယူပြီး မုံရွာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။ ” သွေးစွန်းပေနေတဲ့ စူပါအိတ်တွေကို တွေ့ရတဲ့သူက လူမှုကူညီရေးအဖွဲ့တွေဆီ အကြောင်းကြားတယ် ၊ သွားကြည့်တဲ့အခါ လူကိုသတ်ပြီး အပိုင်းပိုင်းဖြတ်တောက်ထည့်ထားတယ် ၊ အဲ့ဒါကြောင့် ဆေးရုံကိုပို့ပေးလိုက်တာ”လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ ရုပ်အလောင်းနဲ့ပတ်သက်ပြီး မုံရွာဆေးရုံကြီး တာဝန်ရှိသူတဦးက ” ရုပ်အလောင်းက အသက် ၃၅ ဝန်းကျင်အရွယ် အမျိုးသားဖြစ်တယ် ၊ ဒူးအောက်ပိုင်း ၊ တံတောင်ဆစ်အောက်ပိုင်း ၊ ဦးခေါင်းပိုင်း စတဲ့နေရာတွေ ဖြတ်တောက်ထားတယ် ၊ ပိုင်ရှင်အခုထိ မပေါ်သေးဘူး ၊…
Read More