မတ် ၂-၂၀၂၁ Voice Of Myanmar CDM ပြုလုပ်နေတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဝန်ထမ်း ၁၂ဦးကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီဝန်ထမ်းတွေဟာ န.စ.အ ကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် CDM ပြုလုပ်ခဲ့တာလို့သိရပြီး သူတို့မဲပေးရွေးချယ်ထားတဲ့ အစိုးရလက်အောက်မှာသာ အလုပ်လုပ်လိုကြောင်း VOM ကို ပြောခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ပြည်ထောင်စုအစိုးရအဖွဲ့ရုံး #ဝန်ထမ်းအဖြစ်ကနေထုတ်ပယ်
Read Moreကောလင်းမြို့က မြန်မာ့မီးရထား အထွေထွေသပိတ်စစ်ကြောင်း
မတ် ၂-၂၀၂၁ စိုင်းလူမင်း (MRN) ကောလင်းမြို့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဒီနေ့ မတ်လ၂ရက်နေ့ မနက်ပိုင်းမှာ မြန်မာ့မီးရထား အထွေထွေသပိတ်စစ်ကြောင်း စတင်ချီတက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #ကောလင်းမြို့ #အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု
Read Moreနေပြည်တော်က ဒုရဲအုပ်တဦးအပါအဝင် ရဲလေးဦး CDM ပြုလုပ်
မတ် ၁-၂၀၂၁ Voice Of Myanmar အမှတ်(၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(နေပြည်တော်)က ဒုရဲအုပ်တဦးအပါအဝင် ရဲတပ်သားလေးဦးဟာ စစ်အာဏာရှင်လက်အောက်မျာ တာဝန်မထမ်းဆောင်လိုတာကြောင့်ဆိုပြီး ရဲတပ်ဖွဲ့က နုတ်ထွက်ခွင့်ပြုဖို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒုရဲအုပ်မျိုးမင်းသူ၊ ရဲတပ်သားခွန်ချစ်မောင်၊ ရဲတပ်သားမျိုးလှိုင်ဝင်းနဲ့ ရဲတပ်သားအောင်နိုင်တို့ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ လေးဦးဟာ စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့်သာဖြစ်ပြီး တပ်ဖွဲ့အပေါ် သစ္စာဖောက်တာမဟုတ်သလို လက်နက်ခဲယမ်းနဲ့ ဆက်သွယ်ရေးစက်တွေလည်း ယူဆောင်မသွားဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပေးပို့တဲ့ နုတ်ထွက်စာမှာ ရေးထားတာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့မှာ န.စ.အကောင်စီက အာဏာရယူပြီးနောက်ပိုင်း ဌာနဆိုင်ရာက ဝန်ထမ်းအချို့ဟာ ရုံးမတက်ဘဲ CDM ပြုလုပ်နေကြသလို အခုနောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ဝင်တွေပါ CDM မှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ မန္တလေးတိုင်း အမရပူရရဲစခန်းနဲ့ မန္တလေးအောင်မြေသာစံမြို့နယ် အမှတ်(၅)ရဲစခန်းက စခန်းမှူးနဲ့ တပ်သားအချို့ ရဲတပ်ဖွဲ့ကနေ နုတ်ထွက်ခဲ့ပါသေးတယ်။…
Read Moreတက္ကသိုလ်ဆရာ/ဆရာမအသင်း ဦးဆောင်သူ ဒေါက်တာအာကာမိုးသူကို အရပ်ဝတ်သုံးဦးက သေနတ်နဲ့ထောက်ဖမ်းသွားပြီ
ရန်ကုန် -မတ် ၂ -၂၀၂၁ မင်းဝဿန်(VOM) တက္ကသိုလ်ဆရာ/ဆရာမအသင်း(UTA) ဦးဆောင်သူ ဒေါက်တာအာကာမိုးသူဟာ ၂.၃.၂၀၂၁ အင်္ဂါနေ့ တက္ကသိုလ်ပေါင်းစုံဆရာဆရာမများနဲ့ဝန်ထမ်းတွေ သပိတ်ဆင်နွှဲဖို့အတွက် ပါရမီလမ်း MICT ပေါက်ဝတွင် မနက် ၈း၀၀ နာရီ စုရပ်အဖြစ် သတ်မှတ်ပြီး စောင့်ဆိုင်းစုဝေးနေစဉ်အချိန် ၈း၁၅ ခန့်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒေါက်တာအာကာမိုးသူကို အရပ်ဝတ်သုံးဦးက သေနတ်နဲ့ထောက်ဖမ်းသွားပြီလို့ ကိုယ်တိုင်မြင်လိုက်ရတဲ့ ပြည်သူ့ပါတီက ကိုလဝန်းမောင် က “လူစုပြီးစောင့်နေတုန်းအချိန်မှာ ဆရာအာကာမိုးသူကို အရပ်ဝတ်နဲ့ လူသုံးဦးကဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒီ သုံးယောက်ထဲက နှစ်ယောက်က ဆရာ့ကိုတွန်းထိုးဆွဲတင်သွားခဲ့ပြီး ကျန်တစ်ယောက်က ဘေးကရောက်လာတဲ့ လူစုကိုသေနတ်နဲ့ချိန်တာတွေလုပ်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေဘက်က ဆွဲမထားနိုင်ခဲ့ပါဘူး။ ဘယ်အဖွဲ့အစည်းက ဘယ်ခေါ်ဆောင်သွားတယ်ဆိုတာ မသိရပါဘူး”လို့ ပြောပြပါတယ်။ စစ်တပ်က အာဏာသိမ်းဖြစ်စဉ် တစ်လတာ ကာလအတွင်းမှာ နေ့စဉ်ဖမ်းဆီးခံရသူတွေများပြားခဲ့သလို ပစ်ခတ်ဖြိုးခွဲမှုကြောင့် သေဆုံးမှုဟာလည်း ၃၀ ကျော်အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ #voiceofmyanmar #VOM…
Read Moreနိုင်ငံအနှံ့မှာ ဆန္ဒပြပွဲတွေကို ဖြိုခွဲမှုတွေရှိနေပေမယ့် မတ္တရာမှာ အင်အားအလုံးအရင်းနဲ့ ဆန္ဒဆက်ပြ
မတ် ၂-၂၀၂၁ #VoiceOfMyanmar #VOM #ဆန္ဒပြ #မတ္တရာ
Read Moreဆန္ဒပြရာမှာ ဖမ်းဆီးခံထားရသူအချို့ကို လွှတ်ပေးပြီး ကျန်သူတွေကို ၅၀၅(က)နဲ့ အမှုဖွင့်
မတ် ၂-၂၀၂၁ ယဉ်ပပထွန်း(VOM) ဆန္ဒပြရာမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူအချို့ကို ဒီနေ့ မတ်လ ၂ရက်နေ့ မနက် ၈နာရီ မိနစ် ၃၀ မှာ ရန်ကုန် အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ၁၀ ဦး၊ တာမွေမြို့နယ် ၄၁ ဦး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၂ ယောက်၊ မြောက်ဒဂုံမြို့နယ် ၇၁ ဦး၊ သာကေတမြို့နယ် ၂၀၇ဦး၊ တောင်ဥက္ကလာပမြို့နယ် ၄ဦး၊ ဗိုလ်တထောင်မြို့နယ် ၁၉ ဦး၊ မြောက်ဥက္ကလာပမြို့နယ် ၄ဦး၊ မရမ်းကုန်းမြို့နယ် ၁ ဦး၊ လှည်တန်း ၈၁ ဦး၊ စမ်းချောင်းမြို့နယ် ၁၈ ဦး၊ လှိုင်မြို့နယ်၃၄ ဦး၊ ကျောက်တံတားမြို့နယ် ၂၇ ဦး၊ ဗဟန်းမြို့နယ် ၃ ဦး၊ ကြည့်မြင့်တိုင်မြို့နယ် ၈ ဦး…
Read Moreတက္ကသိုလ်ဆရာ/ဆရာမအသင်း ဦးဆောင်သူ ဒေါက်တာအာကာမိုးသူကို အရပ်ဝတ်သုံးဦးက သေနတ်နဲ့ထောက်ဖမ်းသွားပြီ
ရန်ကုန် -မတ် ၂ -၂၀၂၁ မင်းဝဿန်(VOM) တက္ကသိုလ်ဆရာ/ဆရာမအသင်း(UTA) ဦးဆောင်သူ ဒေါက်တာအာကာမိုးသူဟာ ၂.၃.၂၀၂၁ အင်္ဂါနေ့ တက္ကသိုလ်ပေါင်းစုံဆရာဆရာမများနဲ့ဝန်ထမ်းတွေ သပိတ်ဆင်နွှဲဖို့အတွက် ပါရမီလမ်း MICT ပေါက်ဝတွင် မနက် ၈း၀၀ နာရီ စုရပ်အဖြစ် သတ်မှတ်ပြီး စောင့်ဆိုင်းစုဝေးနေစဉ်အချိန် ၈း၁၅ ခန့်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒေါက်တာအာကာမိုးသူကို အရပ်ဝတ်သုံးဦးက သေနတ်နဲ့ထောက်ဖမ်းသွားပြီလို့ ကိုယ်တိုင်မြင်လိုက်ရတဲ့ ပြည်သူ့ပါတီက ကိုလဝန်းမောင် က ခုလိုပြောပြပါတယ်။ “လူစုပြီးစောင့်နေတုန်းအချိန်မှာ ဆရာအာကာမိုးသူကို အရပ်ဝတ်နဲ့ လူသုံးဦးကဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဒီ သုံးယောက်ထဲက နှစ်ယောက်က ဆရာ့ကိုတွန်းထိုးဆွဲတင်သွားခဲ့ပြီး ကျန်တစ်ယောက်က ဘေးကရောက်လာတဲ့ လူစုကိုသေနတ်နဲ့ချိန်တာတွေလုပ်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေဘက်က ဆွဲမထားနိုင်ခဲ့ပါဘူး။ ဘယ်အဖွဲ့အစည်းက ဘယ်ခေါ်ဆောင်သွားတယ်ဆိုတာ မသိရပါဘူး။” စစ်တပ်က အာဏာသိမ်းဖြစ်စဉ် တစ်လတာ ကာလအတွင်းမှာ နေ့စဉ်ဖမ်းဆီးခံရသူတွေများပြားခဲ့သလို ပစ်ခတ်ဖြိုးခွဲမှုကြောင့် သေဆုံးမှုဟာလည်း ၃၀ ကျော်အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ #voiceofmyanmar #VOM…
Read Moreဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို ပြန်လွှတ်ပေးဖို့ ညှိနိူင်းထား
မတ် ၁-၂၀၂၁ ယဉ်ပပထွန်း(VOM) မနေ့ ဖေဖော်ဝါရီ ၂၈ရက်နေ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းခံခဲ့ရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ၊ အခြေခံပညာဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ညှိနိူင်းထားတယ်လို့ ညှိနှိုင်းရာမှာပါတဲ့ ဆရာတဦးဆီကနေ သိရပါတယ်။ နိုင်ငံတကာဆက်ဆံရေးပညာဌာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကထိက ကိုလှိုင်တင့်က “အရှေ့ပိုင်းတက္ကသိုလ်က ကလေးတွေက ပိုများတယ်။ စာရင်းကောက်တာကတော့ လူဦးရေ ၄၀၊ နိုင်ငံခြားဘာသာတက္ကသိုလ်ရန်ကုန်က ၁ ဦး၊ အခြေခံပညာကဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေက ၁၁ ဦးတို့ကို ပြန်လွှတ်ပေးဖို့ မနက်ပိုင်းက အင်းစိန်ထောင်သက်ဆိုင်ရာတွေနဲ့ညှိနိူင်းထားပါတယ်။ နည်းမျိုးစုံနဲ့ညှိနိူင်းတဲ့ အခါမှာ ဒီညနေမှာ ပြန်လွှတ်ပေးမယ်လို့တော့ ပြောပါတယ်” လို့ VOM ကို ပြောပါတယ်။ ညှိနိူင်းရာမှာ ပါမာက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူး တချို့နဲ့ ဆရာများသမဂ္ဂတို့က အင်းစိန်ထောင်အာဏာပိုင်တွေနဲ့ ညှိနိူင်းခဲ့တာ ဖြစ်ပါတယ်။…
Read Moreလားရှိုး ကချင်ခရစ်ယာန်ဘုရားကျောင်းကို ရဲအင်အား အလုံးအရင်းနဲ့ သေနတ်ဖောက် ဝင်စီး
မတ် ၁-၂၀၂၁ Shayi Violin(VOM) လားရှိုးမြို့ ကချင်ခရစ်ယာန်ဘုရားကျောင်းကို ဒီနေ့ မတ်လ ၁ရက်နေ့ နေ့လယ်ပိုင်းက ရဲအင်အား အလုံးအရင်းနဲ့ဝင်စီးပြီး အသင်းထောက်ဆရာတွေ၊ သင်းအုပ်ဆရာတွေနဲ့ လူငယ်တွေ စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီမှာ ဆန္ဒပြလူစုထဲကို အသွင်ယူထားတဲ့ ရဲတပ်ကြပ်ကြီးကို ဆန္ဒပြလူငယ်တွေကဖမ်းဆီးပြီး အဲ့ဒီ ကချင်နှစ်ခြင်းအသင်းတော်ထဲ ခေါ်ဆောင်သွားတာကို မကျေနပ်လို့ ဘုရားကျောင်းကို ဝင်စီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘုရားကျောင်းတံခါးတွေကို ရိုက်ချိုးပြီး မျက်ရည်ယိုဗုံးတွေ ပစ်ထည့်ကာ သေနတ်တွေ ဖောက်ပြီး ဝင်စီးခဲ့တာဖြစ်တယ်လို့ အဲ့ဒီဘုရားကျောင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေ ဖမ်းဆီးထားတဲ့ ရဲတပ်ကြပ်ကြီးကို ပြန်လည်ခေါ်ဆောင်သွားတဲ့အပြင် သင်းအုပ်ဆရာတွေနဲ့ ကျမ်းစာသင်လူငယ်တွေကိုပါ ဆန္ဒပြသူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #လားရှိုးမြို့ #ကချင်ခရစ်ယာန်ဘုရားကျောင်း…
Read Moreပဲခူးမြို့ ဆန္ဒပြမှုမှာ ပစ်ခတ်ဖြိုခွင်းလို့ လူ နှစ်ဦးသေဆုံး၊ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
မတ် ၁ -၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးမြို့နယ်၊ ဘူတာကုန်းကျော်တံတားနဲ့ မြစ်ကူးတံတားအနီး ဆန္ဒဖော်ထုတ်သူတွေကို ဖေဖော်ဝါရီ၂၈ ရက် မနက်ပိုင်းက ပစ်ခတ်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ရာ အမျိုးသားနှစ်ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြို့ခံတွေကနေ စုံစမ်းသိရှိရပါတယ်။ ” သုံးဦးသေဆုံးတယ်လို့ သတင်းတွေဖြစ်နေပေမယ့် အမှန်တကယ်က နှစ်ဦးသာ သေဆုံးပါတယ်။ ထိခိုက် ဒဏ်ရာရသူ ဆယ်ဦးလောက်ရှိပေမယ့် စိုးရိမ်ရတဲ့လူ မရှိဘူး”လို့ ပဲခူးမြို့ခံ ဦးသန်းဝင်းနိုင်ကပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေပစ်ခတ်ခဲ့လို့ သေဆုံးသူနှစ်ဦးဟာ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ ဒိုဘီ ၁ လမ်းနေ ကြည်လှိုင်မင်း (ခေါ်) ဂေါင်းကြီး(၁၈ နှစ်)နဲ့ ဇိုင်းမြောက်ရပ်ကွက်နေ စည်သူစိုး (ခေါ်)ကိုစိုး (၁၇ နှစ်)တို့ဖြစ်ပြီး ဦးခေါင်းနေရာနဲ့လည်ပင်းနေရာတွေကို ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့တွေကနေ သိရပါတယ်။ သေနတ်ထိမှန်လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့သလို အမျိုးသားတစ်ဦးလည်း စိုးရိမ်ဖွယ်အခြေအနေရှိနေတယ်လို့ ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံမှ မှုခင်းဆရာဝန်တစ်ဦးရဲ့ပြောပြတဲ့အကြောင်း ပဲခူးမြို့ခံ…
Read More