ပေကျင်း ၊ ဇူလိုင်-၃-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ မိုးသက်မုန်တိုင်းတွေတိုက်ခတ်ပြီး ယန်ဇီမြစ်နဲ့ အခြားမြစ်တွေ ရေကြီးလျှံလာတာကြောင့် လူနှစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာ မကြာသေးမီကာလတွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း ၊ အပူလှိုင်းဖြတ်ခြင်းစတဲ့ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အန်ဟူပြည်နယ်မှာ လူကိုးသိန်းကိုးသောင်းကျော်ထိခိုက်ခဲ့ပြီး နှစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နေ့ ညနေထိ အန်ဟူဒေသရှိ ခရိုင် ၃၆ ခရိုင်မှာ မိုးသက်မုန်တိုင်းတွေ ကျရောက်ခဲ့ပြီး နိုင်ငံရဲ့အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်ဇီမြစ်ဟာ သတိပေးစိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး ဆက်လက်မြင့်တက်နေတယ်လို့ ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ပါတယ်။ ဒါအပြင် မိုးဆက်လက်ရွာသွန်းမှုတွေကြောင့် ပြည်နယ်အတွင်းရှိ အခြားသောမြစ်နဲ့ ရေကန်ခြောက်ခုဟာလည်း သတိပေးချက်အဆင့်ထက် ကျော်လွန်နေကြောင်း သတိပေးထားသည်။ အန်ဟူရှိ ယန်ဇီမြစ်တလျှောက် ရေကာတာတွေနဲ့ တမံတွေကို စောင့်ကြည့်ဖို့…
Read Moreပူတင်နဲ့ ရှီကျင်းပင် ကာဇက်စတန်မှာ တွေ့ဆုံဆွေးနွေးမယ်
မော်စကို ၊ ဇူလိုင်-၃-၂၀၂၄ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ကာဇက်စတန်မှာ ဒီနေ့တွေ့ဆုံမှာဖြစ်ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ပါတယ်။ကာဇက်စတန်မှာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတနှစ်ယောက် တွေ့ဆုံမှာဖြစ်ပါတယ်။ ယူကရိန်းအရေးကြောင့် အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေနဲ့ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရုရှားဟာ တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ရည်ရွယ်နေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။ သမ္မတနှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ နှစ်နိုင်ငံစီးပွားရေးနဲ့ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာဖို့ သဘောတူခဲ့တဲ့ မေလထိပ်သီးဆွေးနွေးပွဲအပြီးမှာ ခုတကြိမ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ သမ္မတပူတင်ဟာ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး အရေးပေါ်အခြေအနေမှာ နှစ်နိုင်ငံအကြား စစ်ရေးကူညီပေးတာအပါအဝင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး တရုတ်နဲ့ရုရှားအကြားမှာလည်း ဆက်ဆံရေးဘယ်လို နီးကပ်လာမလဲဆိုတာကို အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။ လက်ရှိကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းအဝေးမှာတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်နဲ့ ဥရောပဦးဆောင်တဲ့ မူဘောင်ကိုဆန့်ကျင်တဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးဖွယ်ရှိနေပါတယ်။ Ref:NHK Photo:AP #Voiceofmyanmar #VOM…
Read Moreထိုင်ဝမ် ငါးဖမ်းသင်္ဘောတစင်းကို တရုတ်ကမ်းခြေစောင့်တပ် ဖမ်းဆီး
တိုင်ပေ၊ ဇူလိုင်-၃-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းကမ်းလွန်မှာ ထိုင်ဝမ်ငါးဖမ်းသင်္ဘောတစင်းကို တရုတ်ကမ်းခြေစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်ဝမ်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ငါးဖမ်းသင်္ဘောကို ထိုင်ဝမ်ကထိန်းချုပ်ထားတဲ့ ကင်မင်ကျွန်းအနီးမှာ တရုတ်ကမ်းခြေစောင့်တပ်က စစ်ဆေးခဲ့ပြီး သင်္ဘောပေါ်မှာတော့ အမှုထမ်းခြောက်ယောက်ပါတယ်လို့ဆိုပါတယ်။ ဖမ်းဆီးသွားတဲ့ ငါးဖမ်းသင်္ဘောအမှုထမ်းတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ထိုင်ဝမ်ရေလက်ကြား တင်းမာမှုတွေ လျော့ပေါးရေးအတွက် တရုတ်ကို ထိုင်ဝမ်တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။ ဇူလိုင် ၂ ရက်ညပိုင်းက ဖူကျန်ပြည်နယ်ကမ်းလွန်မှာ တရုတ်ကမ်းခြေစောင့်သင်္ဘောနှစ်စင်းက ရေကြောင်းဆိုင်ရာ စစ်ဆေးမှုတွေအတွက် အဆိုပါငါးဖမ်းသင်္ဘောကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ထိုင်ဝမ်တာဝန်ရှိသူတွေက ပြောပါတယ်။ ငါးဖမ်းသင်္ဘောကို ကယ်တင်ဖို့ ထိုင်ဝမ်ကင်းလှည့်သင်္ဘောနှစ်စင်း စေလွှတ်ခဲ့ပေမယ့်လည်း တရုတ်ကမ်းခြေစောင့်တပ်က တားဆီးခဲ့ပြီး ငါးဖမ်းသင်္ဘောကို ဖူကျန်ဆိပ်ကမ်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အားသုံးမယ်လို့ ပြောဆိုထားပြီး လက်ရှိမှာလည်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေ…
Read Moreအိန္ဒိယမြောက်ပိုင်းမှာ ဘာသာရေးအခမ်းအနားတခုမှာ လူအုပ်ပြိုကျလို့ ၁၁၆ ယောက်သေဆုံး
ဒေလီ၊ ဇူလိုင်-၃-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ပြုလုပ်တဲ့ ဘာသာရေးအခမ်းအနားတခုမှာ လူအုပ်ပြိုကျမှုကြောင့် လူ ၁၁၆ ယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ ဥတာပရာဒေ့ရှ်ပြည်နယ် ဟာသရာ့စ်ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံးသူတွေကို ဆက်လက်စိစစ်နေဆဲဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ရှင်းလင်းစွာမသိရသေးပေမယ့် ထွက်ပေါက်ဟာကျဉ်းမြောင်းလွန်းပြီး လူတွေအပြင်ထွက်ချိန်မှာ ပြင်းထန်တဲ့ ဖုန်မှုန့်တွေကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူအများအပြားကို တက်နင်းမိခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ “တရားပွဲပြီးတော့ လူတွေအားလုံးအပြင်ထွက်ချိန်မှာ အခုလိုဖြစ်တာပါ။ တချို့က မြောင်းတွေထဲကျတယ်။ သူ့အပေါ်မှာ နောက်တယောက်ထပ်ကျတယ်။ သေဆုံးသူတွေထဲမှာ ကလေးသုံးယောက်ပါတယ်” လို့ မျက်မြင်သက်သေတယောက်ကပြောပါတယ်။ လက်ရှိမှာတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာမှုအားနည်းတာကြောင့် ဘာသာရေးပွဲတော်တွေမှာ လူသေဆုံးမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၃ ခုနှစ်တို့မှာလည်း ဘာသာရေးပွဲတော်ကျင်းပစဉ်အတွင်း…
Read MoreThis Day in History
Voice of Myanmar အီဂျစ်သမ္မတ မိုဟာမက်မော်စီသည် ၎င်း၏အုပ်ချုပ်မှုကိုဆန့်ကျင်သည့် ဆန္ဒပွဲများ အကြီးအကျယ်ဖြစ်ပွားပြီးနောက် ၂၀၁၃ ခုနှစ် ဇူလိုင် ၃ ရက်တွင် စစ်တပ်က ၎င်းအားရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသည်။ #Voiceofmyanmar #VOM #ThisDayInHistory #July3
Read Moreတိုက်ပွဲတွေကြောင့် နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့နယ်က စာသင်ကျောင်းအားလုံး ပိတ်ထားရ
ဇူလိုင် ၂၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းတွေ အကုန်လုံး ပိတ်ထားရပြီး တိုက်ပွဲ ဖြစ်ပွားတာမရှိပေမယ့် စစ်ရေးတင်းမာလာနိုင်တဲ့ နေရာဒေသတွေမှာလည်း ကျောင်းဖွင့်ပေမယ့် ကလေးတွေကို မလွှတ် ရဲကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေက ကျောင်းတွေ အားလုံးက မဖွင့်ဘူး။ ဖွင့်လည်း ဘယ်မိဘမှ မလွတ်ရဲဘူးလေ။ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်ထဲက ကျောင်းတွေ အကုန် ပိတ်ပြီ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လက်ရှိတော့ နောင်ချိုနဲ့ ကျောက်မဲ မှာ တိုက်ပွဲ ပြင်းထန်နေပြီး သီပေါမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပေမယ့် စစ်ရေး တင်းမာနေတာကြောင့် ဘုန်းကြီးစာသင်ကျောင်းက ကိုရင်တွေ၊…
Read Moreမြစ်ကြီးနားမှာ မြစ်ရေ စိုးရိမ်မှတ်ထက် ငါးပေကျော်လွန်နေပြီး စက်သုံးဆီ ဝယ်မရတာကြောင့် ကယ်ဆယ်ရေး ခက်ခဲ
ဇူလိုင် ၁၊ ၂၀၂၄ မြစ်ကြီးနားမှာ ရေတွေ စိုးရိမ်မှတ်ထက် ကျော်လွန်ဆက် တက်နေပြီး စက်သုံးဆီ ဝယ်မရတာကြောင့် ကယ်ဆယ်ရေး ခက်ခဲနေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “စက်သုံးဆီတွေ ဝယ်ရခက်နေတာ။ မနေ့ညနေကလည်း ကျွန်မလည်း ဆိုင်ကယ် ဆီ ထပ်မဖြည့်ထား မိလို့ ခက်နေပြီ။ ကျွန်မရဲ့ ဆိုင်ဘက်လည်း ရေလျှံနေပြီ။ ပစ္စည်း သွားသယ်ရမှာ။ ဆီဆိုင်တွေလည်း ရေတက်လာတော့ ပိတ်တဲ့ ဆိုင်တွေ ပိတ်ကုန်ပြီ။ ဆီဝယ်ရခက်နေတာ။ စက်သုံးဆီ ဝယ်မရလို့ ကယ်ဆယ်ရေးလုပ်နေသူတွေ အခက်အခဲ ဖြစ်နေကြတယ်။” လို့ စီတာပူ မှာ ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။ ဧရာဝတီ မြစ်ဘေး တလျှောက်နဲ့ မြစ်ကြီးနား မြေနိမ့်ပိုင်း ရပ်ကွက်တွေ အားလုံးမှာ ရေတွေ ဝင်ကုန်ပြီ လို့ သူက ပြောပါတယ်။ “ကျွန်မ အသိတွေတောင်…
Read Moreမင်းတပ်မှာ စစ်ရေးတင်းမာနေလို့ မြို့ခံ ၈၀ ရာခိုင်နှုန်း မြို့ကိုစွန့်ခွာ
ဇူလိုင် ၁ – ၂၀၂၄ SN (VOM) မင်းတပ်မှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် မြို့ခံ ၈၀ ရာခိုင်နှုန်းလောက် မြို့ကိုစွန့်ခွာပြီး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေး ကူညီသူတွေက ပြောပါတယ်။ မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်အင်အားစုတွေက သိမ်းပိုက်လိုက်ပြီးနောက် ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးတဲ့ နစကတပ်စခန်းတွေကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာ မြို့ခံအများစု နေရပ်စွန့်ခွာနေကြတာဖြစ်ပါတယ်။ ချင်းညီနောင် မဟာမိတ်အနေနဲ့ ဇွန်လ ၁၇ ရက်က မတူပီမြို့ရှိ နစက ခြေမြန်တပ်ရင်း (ခမရ – ၃၀၄) ကို သိမ်းပိုက်ခဲ့ပြီး ဇွန် ၂၉ ရက်နေ့မှာတော့ ချင်းပြည် (တောင်ပိုင်း) မှာ အကြီးဆုံးဖြစ်တဲ့ စစ်ဗျူဟာနဲ့ ခြေလျင်တပ်ရင်း (ခလရ – ၁၄၀) တပ်ရင်းတို့ကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာကြောင့်…
Read Moreသတ်မှတ်စျေးနဲ့ရောင်းချတဲ့ ဆန်တွေထဲ အရည်အသွေးညံဆန်တွေ ရောနှောရောင်းချမှုရှိနေ
ဇူလိုင်-၁ – ၂၀၂၄ GG (VOM) သတ်မှတ်ရည်ညွှန်ဈေးနူန်းနဲ့ရောင်းချပေးတဲ့ ဆန်တွေထဲမှာ ဆန်ဆိုင်နဲ့ဆန်ပွဲရုံအချို့က ထမင်းအဖြစ် ချက်ပြုတ်စားဖို့အတွက် အဆင့်မမှီတဲ့ အရည်အသွေးမကောင်းတဲ့ဆန်တွေကိုပါရောနှောရောင်းချပေး နေတယ်လို့ ဝယ်ယူစားသုံးသူတွေဆီကသိရပါတယ်။ ” ဆန်တပြည်ဝယ်တာ ၃၀၀၀ နဲ့ရောင်းတဲ့ဆန်ကဘာဆန်မှန်းကိုမသိဘူး။ ထုတ်ပြီးသားပေးတာ။ ဆန်တပြည်၃၀၀၀ ဆိုပြီးဆိုင်းဘုတ်တပ်ပြီးသာရောင်းတာ အလှူလုပ်သလိုလိုနဲ့ ပြည်သူကိုဂျင်းထည့်နေတာ။ဝယ်လာတဲ့ဆန်တပြည်ကို ပထမသုံးလုံးချက်တယ်။လွှင့်ပစ်ရတယ်။နောက်သုံးလုံးထပ်ချက်တော့လည်း ပျော့စိစိကြီး ။ ဆန်အရောင်ကလည်း မီးခိုးရောင်ကြီး ” လို့ ပဲခူးအနောက်ခြမ်း စားသုံးသူ တယောက်က ပြောပြပါတယ်။ ဆန်ရည်ညွှန်းဈေးနဲ့ ရောင်းချပေးတဲ့ဆန်တွေထဲမှာ အရည်အသွေးမကောင်းတဲ့ ဆန်တွေအပြင် အဝါဖောက်ဆန်တွေကိုပါရောနှောရောင်းချပေးနေကြတာဖြစ်တယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။ သတ်မှတ် ဆန်ရည်ညွှန်းဈေးဧည့်မထ ဆန်တပြည် ၃၀၀၀ ၊ ပေါ်ဆန်းတပြည် ၅၀၀၀ နဲ့ရောင်းချပေးနေတဲ့ ဆန်စက်၊ဆန်ပွဲရုံ၊ဆန်ဆိုင်အများစုက ဆန်သီးသန့်ထားကာ ထုတ္ပိုးထားတာကို ရောင်းချပေးတာဖြစ်ပြီး ဆန်ကြမ်းအုပ်စုဝင်ဆန်တိုင်း၊ရွှေဘိုပေါ်ဆန်းအားလုံးကို ရောင်းချပေးတာမဟုတ်ဘူးလို့လည်းသိရပါတယ်။ ” အခု ကုမ္ပဏီ တံဆိပ်နဲ့ရွှေဘိုပေါ်ဆန်းထူးရှယ်တွေက…
Read Moreမိုးကုတ်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးတက်လာပြီး ကုန်စည်တွေပါ ပြတ်လပ်လာ
ဇူလိုင် ၁၊ ၂၀၂၄ Shy V(VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးတက်လာပြီး ကုန်စည်တွေပါ ပြတ်လပ်လာနေတယ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မိုးကုတ်မှာ ကြက်ဥ တလုံး ၁၀၀၀ ထိ ဈေးတက်လာတယ်။ စက်သုံးဆီတွေလည်း ပြတ်လပ်တာတွေ ရှိတယ်ရှင့်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ခရမ်းသီး တလုံး ၂၀၀၀ ကျပ်၊ ခရမ်းချဥ်သီး တပိသဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥ တလုံး ၁၀၀၀ ကျပ်၊ ချဥ်စပ်ေခါက်ဆွဲ တထုပ် ၁၀၀၀ ကျပ် အဲဒီလိုတွေရောင်း နေပြီလို့ သူက ပြောပါတယ်။ တိုက်က်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားပြီး ကုန်စည် ပြတ်တောက်မှုတွေ ဖြစ်လာသလို ဖုန်းလိုင်းတွေပါ ပြတ်တောက်ကုန်တယ်လို့ ဆိုပါတယ်။ ဒါအပြင်…
Read More