ဇူလိုင် ၁ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ မတ္တရာမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ကျေးရွာနေပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ နစကပိုင် Alpha ဘိလပ်မြေစက်ရုံအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေနဲ့ နစကတပ်တို့ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ “ငါးရက်လောက် ရှိနေပြီ။ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ဘယ်သူမှ မနေရဲကြဘူး။ အကုန် ထွက်ပြေးနေရတယ်” လို့ မတ္တရာမြို့နယ်၊ အောင်သပြေရွာမှ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။ မနေ့ ဇွန် ၃၀ ရက်ကလည်း အောင်သပြေကျေးရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်မှု…
Read Moreယူကရိန်းအရှေ့ပိုင်း ဒွန်နက်ခ်ဒေသတခုလုံးကို ထိန်းချုပ်ဖို့ ရုရှားတပ်တွေ ကြိုးပမ်းနေ
မော်စကို၊ ဇူလိုင်-၁-၂၀၂၄ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်နိုင်ငံအရှေ့ပိုင်းမှာ သူ့ရဲ့ထိုးစစ်ကို အရှိန်မြှင့်တင်နေပြီး ဒွန်နက်ခ်ဒေသရှိ ရွာနှစ်ရွာနဲ့ နယ်မြေအချို့ကို ပြီးခဲ့တဲ့နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားစ်တပ်က ထုတ်ပြန်ပါတယ်။ ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း လူကိုးယောက်သေဆုံးပြီး ၁၆ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း ဒွန်နက်ဒေသအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ရုရှားကတော့ ယူကရိန်းရဲ့ ဒွန်နက်ခ်ဒေသကို အပြည့်အ၀ ထိန်းချုပ်ဖို့ ကြိုးပမ်းနေပြီး ရုရှားတပ်တွေ ပိုမိုအောင်မြင်မှုရမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ရုရှားရဲ့ ထိုးစစ်အရှိန်မြှင့်တင်လာတာနဲ့အမျှ ယူကရိန်းမှာလည်း သေဆုံးဒဏ်ရာရသူ အရေအတွက် ဆက်လက်မြင့်တက်လာပါတယ်။ ဒီထဲမှာတော့ သေဆုံးသွားတဲ့ ကလေးငယ် ၅၅၄ ယောက်ရှိပြီး ၁၄၁၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရရှေ့နေတွေကပြောပါတယ်။ ထိခိုက်သေဆုံးမှုအများဆုံးကတော့ ဒွန်နက်စ်ဒေသနဲ့ ခါကိဗ်ဒေသတို့မှာဖြစ်ပါတယ်။ ယူကရိန်းတောင်ပိုင်း ဇာပိုရစ်ဇီးယားဒေသမှာလည်း ပြီးခဲ့တဲ့စနေနေ့က ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မကြာသေးမီကလည်း ရုရှားဟာ ယူကရိန်းစွမ်းအင်အခြေခံအဆောက်အဦတွေကို…
Read Moreဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ အစ္စရေးတင့်ကားတပ်တွေ ထိုးစစ်အရှိန်မြှင့်
ဂါဇာစီးတီး၊ ဇူလိုင်-၁-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးတပ်တွေဟာ တင့်ကားတွေနဲ့အတူ ဂါဇာမြောက်ပိုင်း ရှီဂျာရီယာအရပ်နဲ့တောင်ပိုင်းရှိ ရာဖာမြို့အလယ်နဲ့ အနောက်ပိုင်းတို့ကို စစ်ဆင်ရေးတွေ ပိုမိုတိုးချဲ့လာပြီး ပါလက်စတိုင်းခြောက်ဦးထက်မနည်း သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ လေးရက်ကစပြီး ရှီဂျာရီယာကို ပြန်လည်ဝင်ရောက်လာတဲ့ အစ္စရေးတင့်ကားတွေရဲ့ပစ်ခတ်ခဲ့ကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ကျည်တွေကျရောက်မှုကြောင့် ပိတ်မိနေသူလည်းရှိတယ်လို့ ဆိုပါတယ်။ အစ္စလာမ္မစ်စစ်သွေးကြွ ဟားမတ်စ်တို့အပေါ်စစ်ပွဲဟာ အနိုင်ကလွဲပြီး ဘာနဲ့မှ အစားမထိုးဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့ကပြုလုပ်တဲ့ အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။ “ဟားမတ်စ်တွေကို ချေမှုန်းပစ်ဖို့၊ ဓါးစာခံတွေအားလုံး လွတ်မြောက်ဖို့၊ ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးကို နောက်တစ်ကြိမ် မခြိမ်းခြောက်နိုင်အောင်နဲ့ ဒေသခံတွေ ဘေးကင်းစွာနဲ့ ပြန်လည်နေထိုင်နိုင်ဖို့ရည်မှန်းချက်တွေ အပြည့်မချင်း တိုက်ပွဲဝင်ဖို့ ကတိပြုတယ်” လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ နေတန်ယာဟုရဲ့ ဒီလိုမှတ်ချက်ပြုပြောဆိုအပြီးမှာတော့ ဟားမတ်စ်တို့ဟာ သူတို့ရဲ့…
Read Moreမြောက်ကိုရီးယား ပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တစင်း ပြုံးယမ်းအနီး ကုန်းတွင်းပိုင်းမှာ ပေါက်ကွဲ
ဆိုးလ်၊ ဇူလိုင်-၁-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ဇူလိုင် ၁ ရက်နေ့က ပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်ခတ်ခဲ့ပြီး တစင်းဟာ ပျံသန်းနေစဉ် ပေါက်ကွဲမှုခဲ့ပြီး ကုန်းတွင်းပိုင်းကို အပျက်အစီးများ ကျရောက်နိုင်ကြောင်း တောင်ကိုရီးယား စစ်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုံးကျည်နှစ်စင်းစလုံးကို အရှေ့မြောက်ဘက်သို့ ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက်ဒုံးကျည်ဟာ မြို့တော်ပြုံးယမ်းနဲ့ နီးစပ်တဲ့ဒေသမှာ ပေါက်ကွဲခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူ လီဆောင်ဂျွန်းကပြောပါတယ်။ မြောက်ကိုရီးယားဟာ ကီလိုမီလိုမီ ၆၀၀ ခရီးရောက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တစင်းနဲ့ ကီလိုမီတာ ၁၂၀ ခရီးရောက်တဲ့ ပဲ့ထိန်းဒုံးကျည်တစင်းတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်ပစ်လွှတ်မှုအကြိုအဆင့်မစပြီး ပျံသန်းမှုကို ခြေရာခံခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြင်းထန်စွာခြိမ်းခြောက်တဲ့ ရန်စမှုဖြစ်ကြောင်း ဂျပန်နဲ့ တောင်ကိုရီးယားအစိုးရတို့က ရှုတ်ချထားပါတယ်။ ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ လက်ရှိပြုလုပ်နေတဲ့ သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို…
Read Moreအမေရိကန်မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းက သမ္မတဂျိုးဘိုင်ဒင် ပြန်လည်ရွေးချယ်မခံသင့်ဘူးလို့ ပြော
ဝါရှင်တန်၊ ဇူလိုင်-၁-၂၀၂၄ မျိုးဆက်(VOM) လာမယ့်နိုဝင်ဘာလမှကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင် စကားစစ်ထိုးပွဲမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်မပြနိုင်တဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ဟာ သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံဖို့ မသင့်ဘူးလို့ အမေရိကန်မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းက ပြောပါတယ်။ ဂျိုးဘိုင်ဒင်ဟာ သမ္မတဟောင်း ထရန့်နဲ့ ပြီးခဲ့တဲ့ ကြသပတေးနေ့မှ ပထမဆုံးအကြိမ် စကားစစ်ထိုးရာမှာ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ စကားစစ်ထိုးပွဲအပြီး စီဘီအက်စ်နဲ့ ယူဂေါ့တို့က ပြုလုပ်တဲ့စစ်တမ်းမှာတော့သမ္မတ ဂျိုးဘိုင်ဒင်ဟာ ပြန်လည်ရွေးချယ်ခံဖို့ မသင့်ဘူးလို့ ဆိုထားပြီး ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းထက် ၉ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ နောက်ဆုံးစစ်တမ်းအရ ဘိုင်ဒင်ဟာ ပြန်လည်ရွေးချယ်ခံဖို့ မသင့်ကြောင်း ဒီမိုကရက်တစ်မဲဆန္ဒရှင် ၄၆ ရာခိုင်နှုန်းကလည်း တုံ့ပြန်ဖြေဆိုထားပါတယ်။ စကားစစ်ထိုးပွဲပြီးနောက် ဘိုင်ဒင်ဟာ သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်သင့်တယ်လို့ နယူးယောက်ခ်တိုင်းမ်သတင်းဌာနကလည်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက စကားစစ်ထိုးပွဲမှာ…
Read MoreThis Day in History
Voice of Myanmar လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံရသူများကို တရားစွဲရန်နှင့် တရားစီရင်မှုပြုရန် ဖွဲ့စည်းထားသော နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ကို ၂၀၀၂ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory
Read Moreသတ်မှတ်စျေးနဲ့ရောင်းချတဲ့ ဆန်တွေထဲ အရည်အသွေးညံဆန်တွေ ရောနှောရောင်းချမှုရှိနေ
ဇူလိုင်-၁ – ၂၀၂၄ GG (VOM) သတ်မှတ်ရည်ညွှန်ဈေးနူန်းနဲ့ရောင်းချပေးတဲ့ ဆန်တွေထဲမှာ ဆန်ဆိုင်နဲ့ဆန်ပွဲရုံအချို့က ထမင်းအဖြစ် ချက်ပြုတ်စားဖို့အတွက် အဆင့်မမှီတဲ့ အရည်အသွေးမကောင်းတဲ့ဆန်တွေကိုပါရောနှောရောင်းချပေး နေတယ်လို့ ဝယ်ယူစားသုံးသူတွေဆီကသိရပါတယ်။ ” ဆန်တပြည်ဝယ်တာ ၃၀၀၀ နဲ့ရောင်းတဲ့ဆန်ကဘာဆန်မှန်းကိုမသိဘူး။ ထုတ်ပြီးသားပေးတာ။ ဆန်တပြည်၃၀၀၀ ဆိုပြီးဆိုင်းဘုတ်တပ်ပြီးသာရောင်းတာ အလှူလုပ်သလိုလိုနဲ့ ပြည်သူကိုဂျင်းထည့်နေတာ။ဝယ်လာတဲ့ဆန်တပြည်ကို ပထမသုံးလုံးချက်တယ်။လွှင့်ပစ်ရတယ်။နောက်သုံးလုံးထပ်ချက်တော့လည်း ပျော့စိစိကြီး ။ ဆန်အရောင်ကလည်း မီးခိုးရောင်ကြီး ” လို့ ပဲခူးအနောက်ခြမ်း စားသုံးသူ တယောက်က ပြောပြပါတယ်။ ဆန်ရည်ညွှန်းဈေးနဲ့ ရောင်းချပေးတဲ့ဆန်တွေထဲမှာ အရည်အသွေးမကောင်းတဲ့ ဆန်တွေအပြင် အဝါဖောက်ဆန်တွေကိုပါရောနှောရောင်းချပေးနေကြတာဖြစ်တယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။ သတ်မှတ် ဆန်ရည်ညွှန်းဈေးဧည့်မထ ဆန်တပြည် ၃၀၀၀ ၊ ပေါ်ဆန်းတပြည် ၅၀၀၀ နဲ့ရောင်းချပေးနေတဲ့ ဆန်စက်၊ဆန်ပွဲရုံ၊ဆန်ဆိုင်အများစုက ဆန်သီးသန့်ထားကာ ထုတ္ပိုးထားတာကို ရောင်းချပေးတာဖြစ်ပြီး ဆန်ကြမ်းအုပ်စုဝင်ဆန်တိုင်း၊ရွှေဘိုပေါ်ဆန်းအားလုံးကို ရောင်းချပေးတာမဟုတ်ဘူးလို့လည်းသိရပါတယ်။ ” အခု ကုမ္ပဏီ တံဆိပ်နဲ့ရွှေဘိုပေါ်ဆန်းထူးရှယ်တွေက…
Read Moreမိုးကုတ်တိုက်ပွဲကြောင့် မန္တလေးဘက်စစ်ရှောင်လာသူထဲက ခြောက်ယောက် လက်နက်ထိမှန်ဒဏ်ရာရ
ဇွန် ၃၀ – ၂၀၂၄ GG (VOM ) မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာပါတိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် စစ်ရှောင်ဖို့ထွက်လာတဲ့ ကားတစီးနဲ့ ဆိုင်ကယ်စီးနင်းသူအချို့ လက်နက်ကျည်ထိမိကာ ခြောက်ယောက် ထိခိုက်ဒဏ်ရာရရှိလို့ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ ” ဒီနေ့ကစစ်ရှောင်ဖို့ဆိုပြီးကားတွေရာနဲ့ချီထွက်ကြတဲ့အထဲမှာ ကားတစီးပစ်ခံရတာပါ၊ ကားတစီးထိတာမှာ အမေဖြစ်သူက ခြေသလုံးထိမှန်ပြီးမစိုးရိမ်ရပေမယ့် ကောင်မလေးက ခါးကိုဖောက်ထွက်လို့စိုးရိမ်ရတယ်ကြားတယ်၊ အခုဇရပ်ကွင်းဆေးရုံမှာကုသမှုခံယူနေတယ်၊အဲ့ဒီကားနောက်မှာပါလာတဲ့ဆိုင်ကယ်လည်းပစ်ခံရပြီးလေယာက်ထိတယ်သိရတယ်၊အခုအခြေအနေက စစ်ရှောင်ကားတွေ ထွက်ခွင့်ရတဲ့ကားရှိသလိုခုထိပိတ်မိနေတဲ့ကားတွေလည်းရှိကြတယ်၊ပြန်လှည့်ရတာတွေလည်းရှိတယ်၊အခြေအနေက မတည်ငြိမ်ဘူး ” လို့ အနောက်ပိုင်းဒေသခံတယောက်ကပြောပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းအပြင်မနေ့ကစပြီး မိုးကုတ်မြို့ အရှေ့ပိုင်းမှာပါ TNLA ၊ PDF ပူးပေါင်းတပ်နဲ့ နစကတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားလာပြီး လေကြောင်းပစ်ခတ်မှု၊ဒရုန်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုတွေ ရှိတာကြောင့် မြို့ခံတွေက ဒီနေ့ ဇွန်လ ၃၀ ရက်မှာ မြို့ကိုစွန့်ပြီး စစ်ရှောင်ဖို့ ကြိုးစားလာကြတာဖြစ်တယ်လို့သိရပါတယ်။ ဒီနေ့မှာမိုးကုတ်မြို့ကနေ စစ်ရှောင်ဖို့အတွက် ထွက်လာတဲ့ ကားအစီးရေရာနဲ့ချီရှိပြီး မနက်အစောပိုင်း ကားအချို့သာ မိုးကုတ်ကနေထွက်ခွင့်ရပြီး ရာနဲ့ချီတဲ့ ကားအစီးရေကတော့ခုချိန်ထိ အနောက်ပိုင်း…
Read Moreမတ္တရာမြို့နယ်မှာ နယ်မြေမအေးချမ်းပေမယ့် တောင်ပြုံးပွဲတော်ကို လုံခြုံရေးအပြည့်နဲ့ ကျင်းပသွားမယ်
မန္တလေး၊ ဇွန်- ၃၀- ၂၀၂၄ SA(VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တကျောမှာ နယ်မြေ အခြေအနေတွေ မတည်ငြိမ်ပေမယ့် တောင်ပြုံးကြီးကျေးရွာက အနော်ရထာမင်းတည်ထားကိုယ်းကွယ်ခဲ့တဲ့ ဆုတောင်းပြည့် ဆုတောင်းရစေတီဘုရားပွဲတော်နဲ့တောင်ပြုံးမင်းနှစ်ပါးပူဇော်ပွဲကို ဝါခေါင်လဆန်း ၈ ရက်နေ့ကစတင်ပြီး လုံခြုံရေးအပြည့်နဲ့ ကျင်းပသွားမယ်လို့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီကနေ သိရပါတယ်။ ” ဆိုင်ခန်းတချို့တောင် နေရာယူထားတာတွေ လုပ်နေကြပါပြီ၊ ကိုဗစ်ကာလတွေမှာလည်း ပွဲတော်ကို အကျဥ်းရုံးပြီး ကျင်ပခဲ့တော့ ၂၀၂၃ ခုနှစ် ပွဲတော်ကို ပြန်လည်ကျင်းပတဲ့နှစ်မှာလည်း လူစည်ကားခဲ့ပါတယ်။ တောင်ပြုံးနယ်မြေတဝိုက်မှာတော့ နယ်မြေအေးချမ်းပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတာတွေက မတ္တရာမြို့နဲ့ မြောက်ဘက်ခြမ်းက ရွာတွေမှာပဲ ဖြစ်နေတာပါ၊ လုံခြုံးရေး အတွင်းစည်း၊ အပြင်စည်း နှစ်ထပ်ချပြီး ပွဲတော်ကို ကျင်းပသွားမှာပါ” လို့ တောင်ပြုံးကြီးကျေးရွာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က VOM ကိုပြောပါတယ်။ တောင်ပြုံးနယ်တဝိုက်မှာရှိတဲ့ ကျေးရွာ ၈ ရွာက…
Read Moreနိုင်ဂျီးရီးယား ဘော်နိုပြည်နယ်မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပွားလို့ ၁၈ ယောက်သေပြီး ၃၀ ကျော်ဒဏ်ရာရ
အဘူဂျာ၊ ဇွန်-၃၀-၂၀၂၄ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘောနိုပြည်နယ်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားမှုကြောင့် လူ ၁၈ ယောက်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ပေါက်ကွဲမှုတွေထဲမှာ မင်္ဂလာဆောင်အခမ်းအနားတခုကို တိုက်ခိုက်တာလည်းပါဝင်ပြီး လူခြောက်ယောက်သေဆုံးခဲ့ပြီး သံသယဖြစ်ဖွယ် ဗုံးခွဲတိုက်ခိုက်မှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ကြောင်း ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ပြည်နယ်တွင်းရှိ ဂဝိုဇာမြို့မှာ မင်္ဂလာဆောင်၊ အသုဘအခမ်းအနားနဲ့ ဆေးရုံတွေကို အသေခံဗုံးခွဲသမားလို့ သံသယရှိသူတွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေး၊ လူကြီးနဲ့ ကိုယ်ဝန်ဆောင်တွေပါ သေဆုံးခဲ့ တယ်လို့ ပြည်နယ်အရေးပေါ် စီခံခန့်ခွဲမှု အေဂျင်စီက ထုတ်ပြန်ပါတယ်။ ဂဝိုဇာမြို့ကို ၂၀၁၄ ခုနှစ်မှာ ဘိုကိုဟာရမ်စစ်သွေးကြွတွေက သိမ်းပိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ နိုင်ဂျီးရီးယားတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်ခဲ့ကာ နောက်ပိုင်းမှာတော့ ဘိုကိုဟာရမ်အဖွဲ့ဟာ မြို့အနီးမှာ တိုက်ခိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့…
Read More