ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပိုမိုယိုယွင်းလာ

  ဇွန် ၃၀- ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ် (မြောက်ပိုင်း) က မြို့ သုံးမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် ဒေသခံတွေအနေနဲ့ အခက်တွေ့နေရပြီး ပိုမိုယိုယွင်းလာတယ်လို့ ပြောဆိုကြပါတယ်။ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) အနေနဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့တို့မှာ ကျန်းမာရေးစောင့်ရှောင့်မှုတွေ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခြင်း၊ အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကန့်သတ်ချက် များစွာ ရှိနေခြင်းတို့ကြောင့် ရပ်တန့်လိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အခုလို MSF ရဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်ဆိုင်းသွားခြင်းနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရှိ ဒေသခံတယောက်က “ကျန်းမာရေး စောင့်ရှောက်မှုက ဒီလို ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ပိုပြီး…

Read More

တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပြန်လည်ထုတ်လုပ်မယ်လို့ ရုရှားသမ္မတ ပူတင်ပြော

  မော်စကို၊ ဇွန်-၃၀-၂၀၂၄ မျိုးဆက်(VOM) ရုရှားအနေနဲ့ တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ထုတ်လုပ်တာကို ပြန်လည်စတင်ဖို့လိုအပ်ပြီး ဘယ်နေရာမှာ ဖြန့်ကြက်ချထားမယ်ဆိုတာ စဉ်းစားဖို့လိုပြီလို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီအဆိုပြုချက်ဟာ စစ်ရေးလေ့ကျင့်ဖို့အတွက် ဒိန်းမတ်အပါအဝင် အခြားနိုင်ငံတွေကို တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ယူဆောင်လာတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို တန်ပြန်အရေးယူဖို့ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ သမ္မတပူတင်ကပြောပါတယ်။ ဒါဟာ ယူကရိန်းကို စစ်ရေးထောက်ပံ့မှုတွေပေးနေတဲ့ အနောက်အုပ်စုနိုင်ငံတွေကို ဖိအားပေးထိန်းချုပ်ဖို့ ဒါကိုခုတုံးလုပ်တာဖြစ်တယ်လို့ စစ်ပွဲလေ့လာရေးအင်စတီကျုက သုံးသပ်ပြောဆိုပါတယ်။ တာလတ်ပစ်နျူကလီးယားထိန်းချုပ်ရေး စာချုပ်အရ အမေရိကန်နဲ့ ရုရှားတို့ဟာ အကွာအဝေး ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ အတွင်းပစ်ခတ်နိုင်တဲ့ မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေကို ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် ထုတ်လုပ်ခြင်း သို့မဟုတ် စမ်းသပ်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ ဒီသဘောတူညီချက်ကတော့ နှစ်နိုင်ငံအကြား ၂၀၁၉ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ ရုရှားကတော့…

Read More

This Day in History

  Voice of Myanmar အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံနှုတ်ဆက်ရန်အတွက် ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်တွင် တောင်ကိုရီးယားနယ်စပ်မှတဆင့် မြောက်ကိုရီးယားဘက်ခြမ်းသို့ ဝင်ရောက်ခဲ့ပြီး ၎င်းသည် မြောက်ကိုရီးယားပိုင်နက်နယ်မြေသို့ ရောက်ရှိခဲ့သည့် ပထမဆုံးသော အမေရိကန်သမ္မတဖြစ်သည်။ #Voiceofmyanmar #VOM #ThisDayInHistory #June30

Read More

ရန်ကုန်က မြို့နယ်တချို့ ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်

  ဇွန် ၂၉ – ၂၀၂၄ SN (VOM) လက်ရှိမှာ ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ကတော့ တနိုင်ငံလုံး ဓာတ်အားစနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွားခဲ့တာကြောင့် ဓာတ်အား ပြတ်တောက်မှုတွေ ရှိနိုင်တယ်လို့ မနေ့ ဇွန် ၂၈ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့၊ ၇ နာရီ ၅၄ မိနစ်အချိန်ခန့်မှာ နိုင်ငံတော် ဓာတ်အားစနစ်အတွင်း 230kV မန်စံ – ရွှေစာရံလိုင်း အမြဲတမ်းအပြစ် (Permanent. fault) ဖြစ်ခဲ့တာကြောင့် တနိုင်ငံလုံး ဓာတ်အားစနစ်ချို့ယွင်းမှု ဖြစ်နေတာလို့ YESC က ထုတ်ပြန်ထားပြီး ဖြစ်ခဲ့တဲ့…

Read More

ကျောက်မဲမှာ လက်နက်ကြီးကျလို့ မိသားစုတစုက ငါးယောက်သေပြီး လေးယောက်ဒဏ်ရာရ

  ဇွန် ၂၉၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ၁ ကွက်၊ အုတ်ကျင်းရပ်မှာ ဇွန်လ ၂၈ ရက်နေ့ လက်နက်ကြီးကျလို့ မိသားစုလိုက် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အိမ်နားလေးက အသိတွေပါ။ အိမ်ရှေ့မှာ မိသားစုနဲ့ အမျိုးတွေ စကားထိုင်ပြောနေကြတုန်း လက်နက်ကြီး ကျလာတာပါ။ ယူကြုံး မရဖြစ်ရပါတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကလေးလေးတွေပါ ပါနေပြီး အသက်ရှင်နေသေးတဲ့ သူတွေကိုတော့ တတ်နိုင်သလောက် ချိတ်ဆက်ပြီး ဆေးကုရမယ့် နေရာပို့ခဲ့ ကြောင်း ကူညီပေးခဲ့သူ တယောက်က ပြောပါတယ်။ အမျိုးသား တယောက် နဲ့ အမျိုးသမီး လေးယောက်သေဆုံးပြီး တခြား လေးယောက်ခန့်လည်း ထိခိုက် ဒဏ်ရာရခဲ့တဲ့အပြင် ကျောက်မဲမြို့ ၈ ကွက်၊…

Read More

အာဖဂန်အရေး ကုလဆွေးနွေးပွဲ တာလီဘန်အဖွဲ့ ပထမဆုံးအကြိမ် တက်ရောက်မယ်လို့ အတည်ပြု

  ကဘူးလ်၊ ဇွန်-၂၉-၂၀၂၄ မျိုးဆက်(VOM) အာဖဂန်နစ္စတန်အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဦးဆောင်တဲ့ ဆွေးနွေးပွဲကို တာလီဘန်အဖွဲ့က ပထမဆုံးအကြိမ် တက်ရောက်မယ်လို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောဆိုပါတယ်။ ဒီဆွေးနွေးပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ မနက်ဖြန်စတင်ကျင်းပမှာဖြစ်ပြီး အာဖဂန်အရေးနဲ့ သုံးကြိမ်မြာက်နိုင်ငံတကာဆွေးနွေးပွဲဖြစ်ပါတယ်။ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် ရို့မေရီဒီကာလိုက သဘာပတိအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး အာဖဂန်နစ္စတန်ပြသနာများကို အမေရိကန်၊ ဂျပန်၊ ဥရောပနိုင်ငံတွေနဲ့အတူ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ နှစ်ရက်ကြာကျင်းပမယ့် အဲဒီဆွေးနွေးပွဲကို တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်အပါအဝင် ထိပ်တန်း တာဝန်ရှိသူတွေ တက်ရောက်မယ်လို့ တာလီဘန်အဖွဲ့ကပြောပါတယ်။ အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေကို မူလတန်းကျောင်းသာ တက်ရောက်ခွင့်ပေးခြင်းအပါအဝင် လူ့အခွင့်အရေးအခြေအနေတွေ ဆက်လက်ဆိုးရွားနေတဲ့အပေါ် နိုင်ငံတကာက ဝေဖန်ပြစ်တင်မှုများလည်း ပြင်းပြင်းထန်ထန်ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် အခုဆွေးနွေးပွဲမှတော့ အာဖဂန်အမျိုးသမီးများအရေး ပါဝင်နိုင်ဖွယ်မရှိကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။ အာဖဂန်မှာ တာလီဘန်တို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို အပြင်းထန်ဆုံးခံရတ့ အမျိုးသမီးအခွင့်အရေးတွေနဲ့ပတ်သက်ပြီး အခုဆွေးနွေးပွဲမှာ ဖယ်ထုတ်ခံရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။ Ref:…

Read More

ဟဇ်ဘိုလာနဲ့တင်းမာနေတဲ့ လက်ဘနွန်နယ်စပ်ကို အစ္စရေးတပ်တွေ နောက်ထပ်စေလွှတ်ပြီ

  တဲလ်အဗစ်၊ ဇွန်-၂၉-၂၀၂၄ မျိုးဆက်(VOM) ဟဇ်ဘိုလာအဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ပြီး တင်းမာမှုတွေမြင့်တက်နေတဲ့ လက်လနွန်နယ်စပ်ကို နောက်ထပ် အစ္စရေးတပ်ဖွဲ့တွေ ထပ်မံစေလွှတ်ထားကြောင်း အစ္စရေးအခြေစိုက် သတင်းဌာနတွေကဆိုပါတယ်။ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတို့အပေါ် စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာတို့ရဲ့ အဆောက်အအုံတခုကို ပြီးခဲ့တဲ့နေ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောဆိုပါတယ်။ ဂါဇာစစ်ပွဲအပါအဝင် အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ လက်ဘနွန်နယ်စပ်ကို အစ္စရေးတပ်တွေ ထပ်မံစေလွှတ်ဖြန့်ကြက်နေတာဖြစ်ပါတယ်။ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတို့ဟာ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တို့ကို ထောက်ခံကြောင်းပြတဲ့အနေနဲ့ အစ္စရေးနယ်စပ်မှာ တိုက်ခို်ကမှုတွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ အစ္စရေးစစ်တပ်ဟာ ဟဇ်ဘိုလာတို့အပေါ် စစ်ဆင်ရေးလုပ်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရကလည်း ပေးပို့မှုရပ်ဆိုင်းထားတဲ့ ဗုံးတွေကို အစ္စရေးအတွက် ပြန်လည်ပေးပို့နိုင်တယ်လို့ အမေရိကန်သတင်းဌာနတွေက ဆိုပါတယ်။ တိုက်ပွဲများပြင်းထန်လာနိုင်တဲ့ ဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားဖို့ လက်နက်များလိုအပ်ကြောင်း အစ္စရေးတာဝန်ရှိသူတွေကလည်း…

Read More

တောင်ကိုရီးယား ရုပ်ရှင်နဲ့တေးဂီတတွေ ကြည့်ရှုမျှဝေခဲ့သူတယောက်ကို မြောက်ကိုရီးယား ကွပ်မျက်

  ဆိုးလ်၊ ဇွန်-၂၉-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားမှာ တောင်ကိုရီးယားရုပ်ရှင်နဲ့ တေးဂီတတွေမျှဝေသူတယောက်ကို အာဏာပိုင်တွေက လူသိရှင်ကြား ကွပ်မျက်လိုက်တယ်လို့ မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေကို ကိုးကားပြီး တောင်ကိုရီးယားအစိုးရရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားကနေ ဘက်ပြောင်းခိုလှုံလာသူ ၆၀၀ ကျော်ဆီကရတဲ့ သက်သေခံချက်တွေကို အခြေခံပြီး မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ အခုလိုဖော်ပြထားတာဖြစ်ပါတယ်။ ထွက်ပြေးလာသူတယောက်ရဲ့အဆိုအရ ၂၀၂၂ ခုနှစ်အတွင်းမှာ မြောက်ကိုရီးယားနိုင်ငံ အနောက်ပိုင်း တောင်ဟွမ်ဟေးပြည်နယ်မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ်လူတယောက်ကို ကွပ်မျက်ခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုပြစ်ဒဏ်ပေးမှုဟာ ပြီးခဲ့တဲ့လေးနှစ်က ချမှတ်ခဲ့တဲ့ ဖောက်ပြန်တဲ့အတွေးအခေါ်နဲ့ ယဉ်ကျေးမှုကို အမြစ်ပြတ်ချေမှုန်းဖိုရည်ရွယ်ထားတဲ့ ဥပေဒအပေါ် အခြေခံလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အသတ်ခံရသူဟာ တောင်ကိုရီးယားသီချင်း အပုဒ် ၇၀ နဲ့ရုပ်ရှင်ဇာတ်ကား သုံးကားကိုကြည့်ရှုခဲ့ပြီး အခြားသူတွေကို မျှဝေခဲ့ကြောင်း ကွပ်မျက်ရာမှာပါဝင်တဲ့…

Read More

This Day in History

  Voice of Myanmar ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်ဗုံးကြဲလေယာဉ်များသည် မြောက်ဗီယက်နမ်၏ လူဦးရေအများဆုံးဖြစ်သော ဟနွိုင်းနှင့် ဟိုင်ဖန်မြို့မှာကို ၁၉၆၆ ခုနှစ် ဇွန် ၂၉ ရကွင် လေကြောင်းမှ ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayinHistory #June29

Read More

DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်း အလုပ်နဲ့ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခံရ

  ဇွန် ၂၉ – ၂၀၂၄ SN (VOM) ရခိုင်ပြည်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို နစက က အလုပ်နဲ့ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်တယ်လို့ အဲဒီသတင်းဌာနက မနေ့ ဇွန် ၂၈ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှ ရဲအုပ် ဗိုလ်ဗိုလ်ကျော်က တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းက တရားစွဲဆိုထားတာဖြစ်ပြီး အခု ၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်မှာတော့ စစ်တွေမြို့နယ်တရားရုံးကနေ အမိန့် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ…

Read More