မုံရွာ ဖေဖေါ်ဝါရီ ၄-၂၀၁၉ ဗျဂ္ဃ (VOM) ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့အဖွဲ့က လာရောက်လေ့လာခဲ့ကြပါတယ်။ လွှတ်တော်ကို လာရောက်လေ့လာကြတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌနဲ့အဖွဲ့ကို စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဌ ဦးသန်း၊ ဒုတိယဥက္ကဌ ဦးဘိုးသန်းညွန့်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လွှတ်တော်အကြီးအမှုးတို့က ကြိုဆိုခဲ့ကြပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို အခုလို တခြားနိုင်ငံက လွှတ်တော်ဥက္ကဌ လာရောက်လည်ပတ်တာက ပထမဆုံးအကြိမ်လို့လည်း သိရပါတယ်။ လေ့လာရေး အလည်အပတ်ရောက်ရှိလာတဲ့ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌ Mr. Yumnam Khemchan က အမှာစကား ပြောကြားခဲ့ပါသေးတယ်။ “ပါလီမန်ဒီမိုကရေစီဆိုတာ ပြည်သူ့ရဲ့၊ ပြည်သူက၊ ပြည်သူ့အတွက်ဆိုတာပဲဖြစ်တယ်။ အားလုံးသိတဲ့အတိုင်း ပါလီမန်ဒီမိုကရေစီမှာ ရွေးကောက်ပွဲကနေ မဲအများဆုံးရတဲ့ပါတီက အစိုးရဖြစ်လာပြီးတော့ မဲဒုတိယအများဆုံးရတဲ့ပါတီက အတိုက်အခံပါတီဖြစ်လာတယ်။ ပြီးတော့…
Read Moreကျောက်ဆည်က နာမည်ကြီး လက်ပန်ရွာမှာ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်းဆေးဝါးများ ထမ်မံ ဖမ်းဆီးရမိ
ကျောက်ဆည် ဖေဖော်ဝါရီ ၄-၂၀၁၉ မောင်တာရာ(VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ၊ လက်ပန်ရွာမှာ ကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရပါတယ်။ မန္တလေး မူးယစ်တပ်ဖွဲ့စု (၁၇)မှ ရဲအုပ်ရွှေထန်း ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်များပါဝင်က ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က သက်သေများနဲ့ အတူ ကျောက်ဆည်မြို့နယ် လက်ပန်ကျေးရွာနေ ငရွှင်(ခ)ဇော်ခန့်နေအိမ်ကို မူးယစ်ဆေးဝါးနေအိမ်ရှာဖွေခွင့် ဝရမ်းအမှတ် (၇/၂၀၁၉) နဲ့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ အဲလို ဝင်ရောက်ရှာဖွေရာ ငရွှင်(ခ)ဇော်ခန့်ကို နေအိမ်မှာ အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းဝင်ပေါက် မြေကြီးပေါ်ရှိ နွားစာကောက်ရိုးများထည့်ထားတဲ့ ဆာလာအိတ်အတွင်းက 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား တစ်ထုပ်လျှင် ၂၀၀ ပြားစီပါ(၅၄)ထုပ် ၊(၁၀၀) ပြားပါ တစ်ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား…
Read Moreမှုခင်းဂျာနယ် သတင်းထောက်မောင်းလာတဲ့ ကားပေါ်က ဘင်္ဂလီ၁၀ဦး မင်းတုန်းမြို့နယ်မှာဖမ်းဆီးရမိ
မင်းတုန်း ဖေဖေါ်ဝါရီ ၄-၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်မုံရွာ လမ်းမကြီးအထောက်အထားမဲ့ ဘင်္ဂလီ၁၀ဦးကို ဖေဖေါ်ဝါရီ ၄ရက် မနက် ၄နာရီခွဲခန့်က မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးလိုက်ပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီ ၄ ရက် မနက်၁း၄၅မိနစ်ခန့်မှာ မှုခင်းဂျာနယ် သတင်းထောက် ခင်မောင်ထွန်းမောင်းနှင်လာတဲ့ ပရိုဘောက်ယာဉ်အမှတ် DD1584ကို ရပ်တန်စစ်ဆေးနေစဉ် ယာဉ်မောင်း မောင်ညို (ခေါ် )ရဲထွန်းလွင်မောင်းနှင်သောအဖြူရောင်မှန်လုံHijet 1Q 8551က စစ်ဆေးရေးဂိတ်ကို အတင်းကျော်တက် မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။ ထွက်ပြေးလို့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးတဲ့အခါ မိုင်တိုင်အမှတ်၂၀၆/၅နှင့်၂၀၆/၆ကြားမှာ ကားပေါ်ပါလာသူများကိုချထားခဲ့ပြီး အလွတ်ထွက်ပြေးစဉ် မဲဇလီရဲကင်းစခန်းမှ ပူးပေါင်းလိုက်လံဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ရဲမှတ်တမ်းများအရသိရပါတယ် “မင်းလှနယ်ဘက်ကတဆင့် အထောက်အထားမဲ့ဘင်္ဂလီတွေ ဝင်ရောက်နိုင်လို့ပိတ်ဆို့နေစဉ်မှာ အစစ်ဆေးမခံဘဲမောင်းပြေးတာကနေ လိုက်လံဖမ်းဆီးတော့ ကျီးကန်ကျေးရွာနဲ့မဲဇလီကျေးရွာကြားတောထဲမှာ ၁၀ဦးကိုဖမ်းမိပါတယ် ။ ယာဉ်၂စီးနဲ့ ယာဉ်မောင်း၂ဦးအပါ စုစုပေါင်း၁၂ဦးဖြစ်တယ် ခရိုင်ရဲမှူး…
Read Moreဘီစီ ၃၀၅ ၀န်းကျင်အချိန်က ရှေးဟောင်းမံမီ ရုပ်အလောင်း ၅၀ အီဂျစ်မှာ တွေ့ရှိ
ကိုင်ရို၊ ဖေဖော်ဝါရီ ၃-၂၀၁၉ မျိုးဆက် (VOM) အီဂျစ်နိုင်ငံမှာ ဘီစီ ၃၀၅ ၀န်းကျင်နှစ်များအတွင်းက ရှေးဟောင်း မံမီရုပ်အလောင်း ၅၀ ကို အီဂျစ်ရှေးဟောင်း သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့တယ်လို့ အီဂျစ်ရှေးဟောင်း ပစ္စည်းထိန်းသိမ်းရေးဌာနက ကြေညာလိုက်ပါတယ်။ ကလေးရုပ်အလောင်း ၁၂ ခုအပါအ၀င် ယင်းရုပ်အလောင်း ၅၀ ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရဲ့ တောင်ဘက် မင်ဟာဒေသ တူနာအယ်ဂီကဲ မှာရှိတဲ့ မြေအောက် အနက်ပေ ၃၀ မှာရှိတဲ့ သင်္ချိုင်းလေးခုအတွင်းကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အချို့ရုပ်အလောင်းတွေကို ပိတ်စတွေနဲ့ ရစ်ပတ်ထားပြီး ကျန်ရုပ်အလောင်းတွေကိုတော့ ကျောက်ဂူ သို့မဟုတ် ကျောက်တလားတွေအတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တွေ့ရှိခဲ့ရတဲ့ ရှေးဟောင်းမံမီရုပ်အလောင်းတွေဟာ မည်သူမည်ဝါဆိုတာကို မသိရသေးပေမယ့် ယင်းခေတ်ကာလက အရေးကြီး ရာထူး ရယူထားသူတွဖြစ်နိုင်တယ်လို့ ယူဆကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလို ရှေးဟောင်းမံမီရုပ်အလောင်းတွေ့ရှိခဲ့တာဟာ ၂၀၁၉ ခုနှစ်အတွင်း…
Read Moreစီးပွားရေးလုပ်ငန်းတွေကိုအပေါင်မဲ့ချေးငွေ ပေးအပ်နိုင်မယ့် ငွေကြေးသဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး
ရန်ကုန်၊ဖေဖော်ဝါရီ ၂-၂၀၁၉ TGH(VOM) ပြည်သူ ၅၀၀၀ ကျော်ကို အပေါင်ပစ္စည်းမဲ့ချေးငွေ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် မြန်မာကျပ်ငွေ ၂.၂ ဘီလီယံရှိ Semi Collateralized ငွေကြေးသဘောတူညီမှုစာချုပ်ကို မဟာဘောဂ ငွေကြေးလုပ်ငန်း နဲ့ ရိုးမဘဏ်တို့သဘောတူညီ ရေးထိုးခဲ့တယ်လို့ ရိုးမဘဏ်ကနေသိရပါတယ်။ ဒီ ငွေကြေးသဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့တာဟာ ဈေးကွက်အတွင်းမှာ တောင်းဆိုမှုအများဆုံးဖြစ်တဲ့ တစ်ဦးချင်းချေးငွေနှင့် လုပ်ငန်းချဲ့ထွင်မယ့် စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်သော အပေါင်မဲ့ချေးငွေကို ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ “ မြန်မာနိုင်ငံမှာရှိတဲ့ သူတိုင်းအတွက် အရေးပါတဲ့ ငွေကြေးကူညီထောက်ပံ့မှု နဲ့ ချေးငွေရယူမှုအတွက် ကူညီတာဖြစ်တယ်၊ ရိုးမဘဏ်ရဲ့ငွေကြေးကူညီထောက်ပံ့ပေးတဲ့ ဝန်ဆောင်မှု စတင်ခဲ့တဲ့ အချိန်ကနေ ယခုအချိန်အထိ မြန်မာကျပ်ငွေ ၇၅.၇ ဘီလီယံ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ် ” ဟု ရိုးမဘဏ်ရဲ့ CEO ဖြစ်သူ Mr. Hal Bosher က ပြောပါတယ်။ ရိုးမဘဏ်အနေနဲ့ အသေးစားငွေချေးလုပ်ငန်း အဖွဲ့အစည်း၊ ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှု…
Read Moreခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကို အချိန်မပေးဖြစ်ဘူးဆိုတဲ့ ပိုင်ဖြိုးသု
ရန်ကုန် ဖေဖော်ဝါရီ ၃-၂၀၁၉ သင်းသဒ္ဒါ(VOM) ဇာတ်ကားတွေကို အဆက်မပြတ်ရိုက်ကူးနေရတဲ့ အကယ်ဒမီ ပိုင်ဖြိုးသုကတော့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကို အချိန်မပေးဖြစ်ကြောင်း ”သုက ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေတော့ ကိုယ့်ဟာကို အိမ်ထောင်ကျတယ်ဆိုတာ မေ့နေတယ်၊ အိမ်ထောင်ကျတာ သု တစ်လပေါ့၊ သုသုက wedding ပြီးကတည်းက အလုပ်တွေလုပ်နေတယ်၊ အမှန်အတိုင်း ပြောရရင် ကိုဏကြီးကို အချိန်မပေးဖြစ်ဘူး၊ အလုပ်တွေ ရှုပ်နေတာပါ”လို့ပြောပါတယ်။ ဒါရိုက်တာ ဏကြီး နဲ့ အကယ်ဒမီ ပိုင်ဖြိုးသုကတော့ ၂၀၁၈ခုနှစ် ဇွန် ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ စေ့စပ်ခဲ့ကြပြီး ဇန်နဝါရီ ၁ရက်နေ့ ညနေ ၆ နာရီမှာက ရန်ကုန်မြို့ အင်ယားလိတ်ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ Central Base Production နဲ့အတူ ဒါရိုက်တာ…
Read Moreနေပြည်တော်တိုင်းမ်သတင်းထောက် အမည်ခံပြီး အကြမ်းဖက်ငွေတောင်းသူ၁၀ဦိးနဲ့ ငွေတောင်းခံရသူများ အပြန်အလှန် အမှုဖွင့်
ပန်းတောင်း၊ ဖေဖေါ်ဝါရီ ၃-၂၀၁၉ ဂျန်ကိုးလ်(VOM) ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ချေထောက်ကျေးရွာအုပ်စုနယ်မြေဖြစ်တဲ့ကျောက်ဖူး၊သူရဲတန်းသစ်တောကြိုးဝိုင်းနယ်မြေအတွင်းမှာ နေပြည်တော်တိုင်းမှုခင်းနှင့်သတင်းစုံသတင်းဌာန သတင်းထောက်ဆိုသူများက အကြမ်းဖက်ခြိမ်းခြောက်ငွေတောင်းတယ်လို့ဆိုပြီး အမှုဖွင့်လိုက်ပါတယ်။ လူအုပ်စုနဲ့ ဝိုင်းဝန်းရိုက်နှက်ပြီး ဥသျှစ်ပင်နယ်မြေရဲစခန်းကို ဖေဖေါ်ဝါရီ၁နေ့မနက်၂နာရီ၁၅အချိန်က ငွေတောင်းခံရသူ ဦးစောနိုင်ကနေ အမှုဖွင့်လိုက်တယ်လို့ ဥသျှစ်ပင်နယ်မြေရဲစခန်းကသိရပါတယ်၊ သမ္မတရဲ့တိုက်ရိုက်အမိန့်ဆိုကာ မီးသွေးဖိုတွေ၊ မျောတိုင်တွေကို ဓာတ်ပုံရိုက် မှတ်တမ်းယူစာရင်းကောက်ပြီး ငွေတောင်းတဲ့ သတင်းထောက်ဆိုသူ၁၀ဦးကို ဒေသခံလူ၅၀ခန့်က ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးကြိုးတုတ်ပြီး ရဲစခန်းကို အပ်နှံခဲ့တာလို့ မျက်မြင်သက်သေတွေကပြောပါတယ်။ “တဲမှာညအိပ်တယ် ည၁၂နာရီလောက်ကြတော့ အစည်းဝေးလုပ်မလို့ တဲပေါ်ကဆင်းပေးပါဆိုလို့ ဗိုက်ကြီးသည်ပါဆင်းပေးရတယ်၊ ဟိုဘက်တဲတိုက်မှာလဲဓာတ်ဘူးတွေ၊ပန်းကန်တွေ ရိုက်ခွဲတယ်၊ မျောတိုင်တွေ့လို့ငွေ၃သိန်းတောင်းတာကို ၆သောင်းပေးလိုက်ရတယ်”လို့ ညောင်ခြေထောက်ရွာကဒေါ်စန်းဌေးကပြောပါတယ် တရားဝင်မီးသွေးလုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်ဦး ကလည်း”ဒီကောင်တွေကငွေတောင်းတာသေချာပါတယ် ပထမတခါငွေ၁၀သိန်းပေးလိုက်ရတယ်၊ အဲဒါကိုရဲကစစ်နေတုန်းမို့လူအမည်မပြောလိုဘူး၊နေပြည်တော်ကလာတာသမ္မတတိုက်ရိုက်အမိန့်လို့ပြောပြီး ဓား၊သံတုတ်၊ဓါးကောက် စတဲ့လက်နက်တွေကိုင်ထားကြတယ်လို့” ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သတင်းထောက်ဆိုသူ မျိုးဝေဦးပါ၁၀ဦးကလည်း အမည်မသိလူ၅၀ခန့်ကိုနာကျင်စေတဲ့အတွက် ပြန်လည်အမှု့ဖွင့်ထားတယ်လို့ ရဲစခန်းက သိရပါတယ်။ “နေပြည်တော်တိုင်းသတင်းထောက်အဖွဲကသူတို့ကိုရိုက်နှက်သူတွေကို ပြန်လည်တိုင်တန်းလို့ ၃၂၅/၃၂၃/၄၂၇/၅၀၆/၁၁၄နဲ့အမှု့ဖွင့်ထားပေးပြီး…
Read Moreအစ္စရေးနိုင်ငံအထိ ပစ်ခတ်နိုင်တဲ့ ခရုဇ်ဒုံးပျံကို အီရန်ကအောင်မြင်စွာ စမ်းသပ်နိုင်ပြီဟုဆို
တီဟီရန်၊ ဖေဖော်ဝါရီ ၃-၂၁၀၉ မျိုးဆက် (VOM) အစ္စရေးနိုင်ငံအထိ ပစ်လွှတ်နိုင်ပြီး မိုင် ၈၀၀ ကျော်အထိ ခရီးရောက်နိုင်တဲ့ ခရုဇ်ဒုံးပျံကို အီရန်တော်လှန်ရေး နှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အီရန်ကပြောပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ ကန့်ကွက်မှုတွေနဲ့ ဥရောပနိုင်ငံတွေရဲ့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုမှုတွေကို မထီမဲ့မြင်ပြုပြီး အထူးသဖြင့် တိုက်ချင်းပစ် ဒုံးပျံတွေကို စမ်းသပ်မှုတွေကို ချဲ့ထွင်လုပ်ဆောင် နေတာဖြစ်ပါတယ်။ဒါပေမယ့် ၎င်းရဲ့ ဒုံးပျံအစီအစဉ်တွေဟာ နိုင်ငံကာကွယ်ရေးအတွက်သာဖြစ်တယ်လို့ အီရန်က ဆိုပါတယ်။ အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးပျံအစီအစဉ်ကို ထိန်းချုပ်ဖို့အတွက် ဥရောပနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေဟာ လက်ရှိကန့်သတ်ထားတာထက်ကျော်လွန်ပြီး လက်နက်တွေကို ချဲ့ထွင်လုပ်ဆောင်ဖို့ လှုံ့ဆော်သလိုဖြစ်လာနိုင်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် ထိပ်တန်းတပ်မှူးတစ်ဦးက ပြောပါတယ်။ အဆိုပါ ဒုံးပျံကို မိုင်၈၄၀ အထိ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီး ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့တယ်လို့ အီရန် ကာကွယ်ရေးဝန်ကြီးက…
Read Moreအမှတ်ကောင်းဖို့ထက် မိမိဝါသနာပါရာကို ကျွမ်းကျင်ဖို့လိုပြီး ဝါသနာပါရာနဲ့ အသက်မွေး ဝမ်းကျောင်းအလုပ်တို့ထပ်တူညီဖို့လိုအပ်
ရန်ကုန်၊ဖေဖော်ဝါရီ ၂-၂၀၁၉ TGH(VOM) ပညာရေးကဏ္ဍနဲ့ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်တိုးတက်နိုင်မှာဖြစ်လို့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ အမှတ်ကောင်းဖို့ထက် မိမိဝါသနာပါရာကို ကျွမ်းကျင်ဖို့လိုကြောင်း၊ ဝါသနာပါရာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တို့ တူညီစေချင်ကြောင်း၊ Mismatch ဖြစ်တာမျိုးမဖြစ်သင့်တော့ကြောင်း ယနေ့ UMFCCI မှာပြုလုပ်ခဲ့တဲ့ ပညာရေးနဲ့စီးပွားရေးကဏ္ဍ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး တွေ့ဆုံအစည်းဝေးပွဲမှာ ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီကဏ္ဍနှစ်ခုကို ထိထိမိမိပူးပေါင်းချိတ်ဆက်နိုင်မှသာ တိုင်းပြည်အတွက် ကျွမ်းကျင်ပြီး အရည်အသွေးပြည့်မှီတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းကို ပညာရေးဝန်ကြီးဌာပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “အခြေခံပညာရေးကောင်းမှ၊ မူလတန်းပညာရေးကောင်းမှ၊ အရည်အသွေးမြင့်မားလာမှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ အရည်အသွေးရှိတဲ့ အခြေခံမူလတန်းပညာရေး၊ အဆင့်မြင့်ပညာရေး၊ နည်းပညာသက်မွေးပညာနဲ့ လေ့ကျင့်ရေး၊ ကျောင်းပြင်ပပညာရေး၊တသက်တာပညာရေးသင်ကြားလေ့ကျင့်ပေးမှုတွေကြောင့် အရည်အသွေး ပြည့်မှီတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ထွန်းလာနိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကလည်း “စီးပွားရေးကဏ္ဍမှာ အရည်အချင်းပြည့်မှီတဲ့ Vocational Training တွေ လိုအပ်ပြီး ကျွမ်းကျင် လုပ်သားတွေမွေးထုတ်ပေးဖို့ကြိုးစားနေပါတယ်။…
Read MoreYBS မဟုတ်သော ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသီးသန့် ပြေးဆွဲမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၃-၂၀၁၉ TGH(VOM) ရန်ကုန်မြို့ကို ပတ်ပြီးပြေးဆွဲမယ့် မြို့ပတ်ခရီးစဉ်သီးသန့်ယာဉ်လိုင်းကို ယခုလအတွင်းမှာ စတင် ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကပြောပါတယ်။ လက်ရှိ မြို့ပတ်ရထားနည်းတူ ရန်ကုန်မြို့တစ်ပတ်လုံးပြေးဆွဲမှာဖြစ်ပြီး ခရီးစဉ်အစအဆုံး အတွက်လူတစ်ယောက်ကို တစ်ထောင်ကျပ် ၊ ခရီးစဉ်လမ်းတစ်ဝက်ကိုတော့ ၅၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ” မြို့ထဲကိုပတ်မယ်၊ မြို့အပြင်ကနေပတ်မယ်၊ လမ်းကတစ်လမ်းထဲကပတ်မှာမဟုတ်ဘူး၊ လမ်းအများ ကြီးပတ်မှာဖြစ်တယ်၊ ဘယ်လမ်းကြောင်းတွေဖြစ်မယ်ဆိုတာကိုတော့ နောက်မှ တရားဝင်ကြေငြာပေး မှာဖြစ်တယ်၊ ဒီလထဲမှာ စပြီးပြေးဆွဲဖို့တော့ များတယ်၊ ကုမ္ပဏီဘက်ကလည်း စာတင်ထားတယ်၊ ဆရာ တို့ဘက်ကလည်း အမြန်ဆုံးပြေးဆွဲနိုင်အောင် လုပ်ဆောင်နေတယ်”လို့ ရန်ကုန်ုတိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောပါတယ်။ အဆိုပါ မြို့ပတ်ကားခရီးစဉ်လမ်းကြောင်းဟာ အောင်မင်္ဂလာအဝေးပြေးကားဝန်းကနေ စတင်ထွက်ခွာပြီး မြို့တွင်း၊ မြို့ပြင် ပတ်ပြေးဆွဲသွားမှာဖြစ်ပြီး၊ လိုက်ပါစီးနင်းမယ့် ခရီးသွားတွေအနေနဲ့…
Read More




