ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ကလေး တက္ကသိုလ်က ဆရာ ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ ဖမ်းခံရ၊ တချို့ ပြန်လွတ်

ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်မှာရှိတဲ့ ကလေးမြို့ ၊ ကလေး တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ၊ ဆရာမ ပညာရေးဝန်ထမ်းတွေကို မနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၇ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ကျောင်းသားမိဘတယောက်က ” မနေ့ မနက်ပိုင်းက ကလေး တက္ကသိုလ်ရဲ့ တောင်ဘက်ခြမ်းကနေ PDF တွေ ကျောင်းထဲကိုဝင်ရောက်လာတယ် ၊ အဲ့ဒီနောက် ရူပဗေဒနဲ့ သတ္တဗေဒ စာသင်ဆောင်တွေကို ဝင်ရောက်လာတယ် ၊ နောက်ပြီး ဇလပ်နီ အဆောင်ဘက်က ကျောင်းသားတွေနဲ့…

Read More

နေတိုးအဖွဲ့ထဲ ဆွီဒင်နိုင်ငံ ဝင်ရောက်ခွင့်ရပြီ

ဘူဒါပက်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၄ မျိုးဆက်(VOM) နေတိုးအဖွဲ့ထဲကို ဆွီဒင်နိုင်ငံ ဝင်ရောက်ရေးနဲ့ပတ်သက်ပြီး ဟန်ဂေရီပါလီမန်က မဲခွဲဆုံးဖြတ်ပြီး ခွင့်ပြုလိုက်တာကြောင့် ဆွီဒင်အနေနဲ့ မဟာမိတ်အဖွဲ့ထဲကို ဝင်ရောက်ဖို့ နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်နိုင်ပြီဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက အပြည့်အ၀ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်ဟာ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ရေးနဲ့ကို ၂၀၂၂ ခုနှစ်မှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ အသစ်ဝင်ရောက်မယ့် အဖွဲ့ဝင်နိုင်ငံသစ်ကို နေတိုးအဖွဲ့ဝင်တိုင်းက ထောက်ခံရမှာဖြစ်ပြီး ဆွီဒင်ဟာ ဟန်ဂေရီကို ရန်လိုတယ်ဆိုကာ ကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ လျှောက်ထားမှုဟာ ဆွီဒင်အနေနဲ့ နှစ်ပေါင်း ၂၀၀ ကျော် ကြားနေဝါဒကျင့်သုံးမှုကို စွန့်လွှတ်လိုက်တဲ့ သမိုင်းဝင်နေ့ဖြစ်ပြီး ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ် ခရစ်တာဆန်က ပြောပါတယ်။ လက်ရှိဟန်ဂေရီ၏ ခွင့်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် မဟာမိတ်အဖွဲ့ ပိုမိုအားကောင်းခိုင်ခံ့ပြီး ဘေးကင်းလုံခြုံစေကြောင်း နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က ပြောပါတယ်။ Ref:BBC Photo:Reuters

Read More

This Day in History

  Voice of Myanmar အမေရိကန် သမ္မတစ်ယောက်အနေဖြင့် သမ္မတတာဝန်ထမ်းဆောင်ခွင့်ကို သက်တမ်းနှစ်ကြိမ်သာ ကန့်သတ်လိုက်သည့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၂ ခုမြောက် ပြင်ဆင်ချက်ကို ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် အတည်ပြုခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #February27

Read More

ဒီရက်ပိုင်းအတွင်း စာမေးပွဲဖြေဆိုတဲ့ကျောင်းတွေမှာ လုံခြုံရေးယူပေးနေတဲ့သူတွေ ပစ်သတ်ခံရလို့ သေဆုံးတာတွေရှိလာ

ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း ဖြေဆိုနေတဲ့ စာမေးပွဲကို လုံခြုံရေးယူပေးနေတဲ့ အစောင့်အရှောက်တချို့ ပစ်သတ်ခံရတာကြောင့် သေဆုံးသူတွေရှိနေတယ်လို့ ကျောင်းသားမိဘ အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတယောက်က ” ဒီကနေ့ ( ဖေဖော်ဝါရီ ၂၆ ရက်) မနက် ၁၀ နာရီဝန်းကျင်က မန္တလေးတိုင်း ၊ စဥ့်ကူးမြို့နယ် ၊ မန္တလေး ၊ မိုးကုတ်ကားလမ်းမှာရှိတဲ့ ကျည်တောက်ပေါက်ရွာက ကျည်တောက်ပေါက် အထက ကျောင်းရှေ့မှာ စာမေးပွဲ လုံခြုံရေး အစောင့်အရှောက် လုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် နှစ်ယောက် ပစ်သတ်ခံရတယ် ၊ အဲ့ဒီ ပစ်သတ်မှုကြောင့် ရွာလူကြီး ဦးမောင်မောင် ၅၉ နှစ်နဲ့ ဦးအောင်ဆန်းဦး ၅၄…

Read More

MNDAA ထိန်းချုပ်ရာကြူကုတ် (ပန်ဆိုင်း) ဈေးနဲ့ လောက်ကိုင် ဈေးတွေ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တရုတ်ယွမ်ငွေ ၁၂ သန်း ဝန်းကျင် ဆုံးရှုံး

  ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄ Shy V(VOM) ၁၀၂၇ စစ်ဆင်ရေး ကာလမှာ MNDAA က သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) ဈေးနဲ့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်ဈေးတွေမှာ အခု ဖေဖော်ဝါရီလ တလတည်းအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တရုတ်ယွမ်ငွေ ၁၂ သန်း ဝန်းကျင် ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ကိုးကန့် သတင်းမီဒီယာရဲ့ သတင်းထုတ်ပြန်ချက် အချက်အလက်တွေ အရ သိရပါတယ်။ လောက်ကိုင်ဈေး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်က ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့ ဈေး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် တရုတ်ယွမ်ငွေ ၁၀ သန်း…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၆ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အိန္ဒိယမှာ မောင်းသူမပါတဲ့ ကုန်ရထားတစင်း မိုင် ၄၀ ကျော်ခရီးနှင်ခဲ့မှု စုံစမ်းစစ်ဆေးနေ

  ဒေလီ၊ ဖေဖော်ဝါရီ-၂၆-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ကုန်တင်ရထားတစင်းဟာ မောင်းသူမပါဘဲ ၄၃ မိုင်ကျော် ခရီးနှင်ခုတ်မောင်းခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ မီးရထားဌာနက အမိန့်ပေးလိုက်ပါတယ်။ ရထားဟာ ဂျမူးနဲ့ ကက်ရှ်မီးယားကနေ ပန်ဂျပ်ပြည်နယ် ဟိုရှီယာပါ ခရိုင်ထိ မောင်းသူမပါဘဲ ခုတ်မောင်းခဲ့တာဖြစ်ပြီး ရထားဘူတာတွေကို အရှိန်ပြင်းပြင်းနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၂၅ ရက် ကဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောက်တွေတင်လာတဲ့ တွဲပေါင်း ၅၃ တွဲပါ ရထားဟာ ကတ်ဝါဘူတာမှာ ရထားမောင်းသူအပြောင်းအလဲအတွက် ရထားမောင်းသူနဲ့ လက်ထောက်ဖြစ်သူတို့ ဆင်းသွားချိန်မှာ ရထားလမ်း လျှောစောက်ကနေ စတင်ရွေ့လျားခဲ့တာဖြစ်ပါတယ်။ ရထားထွက်ခွာပြီးနောက်မှာ ရထားဟာ တနာရီကို ကီလိုမီတာ ၁၀၀ နီးပါးနှုန်းနဲ့ ခုတ်မောင်းခဲ့ပြီး လမ်းကြောင်းပေါ်ရှိ လမ်းကူးနေရာတွေနဲ့ ဘူတာရုံငါးခုကို အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ရပါတယ်။ ရထားကို ရပ်တန့်နိုင်ဖို့ ရထားလမ်းပေါ်မှာ သစ်တုံးတွေချထားခဲ့ရပြီး နောက်ဆုံးတွင် ရထားကို…

Read More

ကချင်ပြည်နယ် စီခမ်းကြီး တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်နီးပါး စစ်ရှောင်နေရ

  ဖေဖော်ဝါရီ ၂၆ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်နီးပါး စစ်ရှောင်နေရတယ်လို့ သုညသုခ ပရဟိတ လူငယ်အသင်းမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က စီခံကြီးကျေးရွာအနီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ KPDF ပူးပေါင်းအဖွဲ့နဲ့ နစကတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံ လူဦးရေ စုစုပေါင်း ၁၇၄၁ ယောက်ဝန်းကျင် စစ်ရှောင်နေကြရပြီး အရေးပေါ် အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ “အဓိက ကတော့ စားစရာတွေ လိုအပ်နေတာပါ။ အခုက ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေရပြီဆိုတော့ နေရေးထိုင်ရေး ဆိုတာထက် သူတို့ရဲ့ စားသောက်ရေးအတွက် အဓိက လိုနေတာပေါ့။ စားစရာနဲ့ပတ်သက်လို့ ဘယ်ရာမဆို လိုအပ်နေတာပါ။ တနေရာနဲ့ တနေရာတော့ လိုအပ်မှုအတိုင်းအတာတော့ မတူပါဘူး။…

Read More