This Day In History

Voice of Myanmar ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးခံယူချက် ပြင်းထန်သူအဖြစ် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသူ ဆွီဒင်ဝန်ကြီးချုပ် အိုလော့ဖ်ဖန်းသည် ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၇ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မူဆယ်ကနေ တရုတ်ဘက်ဝင်မယ့် မြန်မာလုပ်သားတွေ များလွန်းတာကြောင့် တုံကင်ရပြီးလည်း ၁၅ ရက် ဝန်းကျင်အထိ စောင့်ဆိုင်းရ

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် နယ်စပ်ကနေ တရုတ်ဘက် ဝင်မယ့်မြန်မာ လုပ်သားတွေ လတ်တလော များလွန်းတာကြောင့် တခါသုံးကဒ် တုံကင် ရပြီးသားသူတွေတောင် ၁၅ ရက်ဝန်းကျင်အထိ စောင့်ဆိုင်းလာရတယ်လို့ တုံကင် ရပြီး စောင့်ဆိုင်းနေတဲ့ မြန်မာ လုပ်သားတွေဆီက သိရပါတယ်။ ” မ‌နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တုံကင်ရပြီ။ နောက်လ မတ်လ ၁၁ ရက်နေ့မှ ဝင်ရမှာတဲ့။ ဒီလောက် အကြာကြီး ဟိုတယ်၊ တည်းခိုခန်းတွေမှာ နေဖို့လည်း မဖြစ်နိုင်ဘူး” လို့ တုံကင် ရထားတဲ့ အမျိုးသမီး တ‌ေယာက်က ပြောပါတယ်။ လက်ရှိမှာတော့ တရုတ်ဘက် ဝင်ရမယ့် အလှည့်ကို စောင့်ဆိုင်းဖို့ မူဆယ်မှာ နေထိုင်သူတွေရဲ့ နေအိမ်‌ေတွ၊ အခန်းတွေမှာ လက်ခံပေးချင်တဲ့…

Read More

ငယ်ငယ်က မီးရထား

    ဆူးငှက်     ကျွန်တော်ငယ်ငယ်က မီးရထားစက်ခေါင်းတွေကို တော်တော် သဘောကျပါတယ်။ ပြောမယ့်သာ ပြောတာတကယ်တမ်း ကျွန်တော် မွေးဖွားကြီးပြင်းတဲ့ နေရာနဲ့ ဝန်းကျင်က မီးရထားနဲ့ ဘာမှ ပတ်သက် ဆက်စပ်ခြင်း မရှိပါဘူး။ကျွန်တော် မွေးတာက မန္တလေးဈေးချိုတော် အနောက်ဘက် အိမ်တော်ရာ ဘုရား တောင်ဘက်မုခ်က ဆင်းရဲသား ရပ်ကွက်လေးမှာပါ။ ကျွန်တော့် အသိုင်းအဝန်းထဲမှာလည်း မီးရထားဝန်ထမ်း၊ မီးရထားနဲ့ ပတ်သက်တာ တစ်ယောက်မှ မရှိပါဘူး။ မီးရထားနဲ့ခရီးသွားတာကလည်း တစ်နှစ်မှ တစ်ခေါက်တောင် အနိုင်နိုင်ပါ။ ဒါကလည်း မိဘတွေ ဇာတိဖြစ်တဲ့ ဘုတလင်ဘက်ကို နွေအခါမှာ ပြန်ဖြစ်တာပါ။   ဟုတ်ပါတယ်။ တစ်နှစ်မှ တစ်ခါ ဆိုသလို မီးရထားစီးဖြစ်တဲ့ အချိန်မှာပဲ မီးရထားစက်ခေါင်းတွေကို စိတ်ဝင်စား သွားတာပါပဲ။ ကျွန်တော့်ဖခင် ဟာခရီးထွက်ရင် အလွန်ဝီရိယ ကောင်းလှပါ တယ်။…

Read More

ချောက်မြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး လင်မယား အပစ်ခံရလို့ အုပ်ချုပ်ရေးမှူး သေဆုံး

ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP (VOM) မကွေးတိုင်း ၊ ချောက်မြို့ ၊ အမှတ် ၁၄ ရပ်ကွက် ၊ ရတနာ (၂) စားသောက်ဆိုင်ထဲမှာ မနေ့ ဖေဖော်ဝါရီ ၂၆ ရက် ၊ ည ၈ နာရီဝန်းကျင်က ရပ်ကွက်အုပ်ချုပ်ရေးမှူး လင်မယား နှစ်ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ချောက်မြို့နေ ဒေသခံတယောက်က “” မနေ့ညက ၈ နာရီဝန်းကျင်မှာ အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဝင်း ၄၂ နှစ်ဆိုသူက သူ့မိန်းမ မသားသားနဲ့အတူ ရတနာ ၂ စားသောက်ဆိုင်ထဲမှာ ထိုင်နေတဲ့အချိန် ၊ အနော်ရထာ တံတားချဉ်းကပ်လမ်းအတိုင်း ဆိုင်ကယ်စီးလာတဲ့ အမည်မသိ (စုံစမ်းဆဲ)…

Read More

ဒိုက်ဦးက ပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ် ကလေးငယ်ကို ဒီမနက်ပိုင်းမှာ သေဆုံးလျက် ပြန်တွေ့

  ဖေဖော်ဝါရီ ၂၇ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအနောက်ပိုင်းက သုံးရက်ကြာ ပျောက်ဆုံးနေတဲ့ သုံးနှစ်နဲ့ နှစ်လအရွယ် ကလေးငယ် မောင်ဇွဲမာန်သစ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ မနက် ၈ နာရီဝန်းကျင်မှာ အိမ်နဲ့ မနီးမဝေးဆီက ချောင်းရိုးတခုမှာ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။ ကလေးငယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်က နေအိမ်ခြံဝင်းအတွင်း ရှိနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ပြန်တွေ့တာတော့ ရှမ်းစုကနေ လယ်နှစ်ကွက်ကျော်ပေါ့။ သူတို့အိမ်နဲ့ နည်းနည်းတော့လှမ်းတယ်။ အဲ့ဘက်မှာဆိုရင် ရန်ကုန်-မန္တလေး ကားလမ်းမကြီးရှိတယ်။ လမ်းမအဟောင်းပါ။ အဲ့ဒီ့ ကားလမ်းကို ကျော်သွားရင် အဲ့မှာ အရင်တုန်းက လွမ်းစေတီ ဆိုတာရှိတယ်။ အောင်ဆန်းသူရိယလှသောင်း…

Read More

ရွှေဘိုမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွား

  ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီရက်ပိုင်းအတွင်း ရွှေဘိုနယ်မှာ သတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်ပြီး ဒေသခံ ပရဟိတသမားတယောက်က ” ဒီရက်ပိုင်းအတွင်း ရွှေဘိုနယ်မှာ သတ်ဖြတ်ခံရတာတွေ အရင်ကထက်စာရင် ပိုပြီးတော့ အဖြစ်များလာတယ် ၊ ဖေဖော်ဝါရီ ၁၈ ရက်က ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ မစိုးရိမ် ( အနောက်)ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဥူးဝိလာသ သက်တော် ၅၅ နှစ် ၊ ဝါတော် ၃၁ ဝါ ဆိုတဲ့ ဘုန်းကြီးတပါးနဲ့ အသတ်ခံရတယ်။ ဘုန်းကြီးရဲ့…

Read More

ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ်တွေသေဆုံးမှု လူ၂၃ ယောက်ကို ဥဇဘတ်ကစ္စတန် တရားရုံး ထောင်ချ

တက်ရှ်ကန့်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၄ မျိုးဆက်(VOM) ဥဇဘတ်ကစ္စတန်နိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ် ၆၈ ယောက် သေဆုံးမှုနဲ့ ပတ်သက်၍ လူ ၂၃ ယောက်ကို တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ တရားခံတွေဟာ အခွန်ရှောင်မှု၊ ဆေးဝါးအတုထုတ်လုပ်ရောင်းချမှု ၊ အလွဲသုံးစားပြုမှု ၊ လာဘ်ပေးလာဘ်ယူအပါအဝင် စွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်းတရားရုံးကဆုံးဖြတ်ခဲ့ကာ ထောင်ဒဏ် နှစ်နှစ်ကနေ နှစ် ၂၀ ထိချမှတ်ခံခဲ့ရပါတယ်။ ချောင်းဆိုးပျောက်ဆေးရည်တွေက ိုအိန္ဒိယနိုင်ငံမာရီယွန်ကုမ္ပဏီက ထုတ်လုပ်ပြီး ဥဇဘတ်ကစ္စတန် ကွာရာမက်စ် ဆေးကုမ္ပဏီက တင်သွင်းဖြန့်ဖြူးခဲ့တာဖြစ်ကာ ဒီကုမ္ပဏီရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ ဘေးအန္တရာယ်ဖြစ်စေတဲ့ အန္တရာယ်ရှိ ဆေးဝါးတွေကို တင်သွင်းခဲ့ပြုခဲ့တဲ့ ဥဇဘတ်ကစ္စတန် ထိပ်တန်းတာဝန်ရှိသူတွေကိုလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ဥဇဘတ်ကစ္စတန်မှာ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ်တွေသေဆုံးမှုပြီးနောက် အိန္ဒိယနိုင်ငံမာရီယွန်ကုမ္ပဏီထုတ် ချောင်းဆိုးပျောက်ဆေးရည် နှစ်မျိုးကိုစံချိန်မမှီကြောင်းပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။ Ref:BBC…

Read More

ချင်း ၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ် အစပ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာလို့ လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာ

ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ် အစပ်တွေမှာ ဒီရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုခက်ခဲလာနေပြီး ကားသမားတွေဟာ ရှေ့ဆက်မသွားရဲလို့ လမ်းပိုင်းတချို့မှာ ယာယီတိုက်ပွဲခိုလှုံနေရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကားသမားတယောက်က ” ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်မှာ လေးငါးနေရာလောက် လမ်းပိုင်းဖြတ်တောက်ထားတယ် ၊ နောက်ပြီး မန္တလေး – ဗန်းမော် ကားလမ်း သပိတ်ကျင်းနယ် တကောင်းကနေ မဘိမ်းမြို့နယ် ငါးအိုးဘက်အထိ လမ်းပိုင်းပိတ်ထားတယ် ၊ အဲ့ဒီ အပြင် ထီးချိုင့် – အင်းတော်လမ်းပိုင်းလည်း ပိတ်ထားတယ်၊ အင်းတော် – မိုးညှင်း လမ်းပိုင်းက မော်လူးမြို့နယ်ခွဲက ပိတ်ထားတယ် ၊ ဒါ့အပြင် ကျောက်တန်း –…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၆၀ ကျပ် ဝယ်ဈေး – ၃၆၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၀၄ ကျပ် ဝယ်ဈေး – ၃၈၂၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၅၂ ကျပ် ဝယ်ဈေး – ၉၉.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၁ ကျပ် ဝယ်ဈေး – ၇၆၁ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၀ ကျပ် ဝယ်ဈေး – ၄၉၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More