ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ထားဝယ် နည်းပညာတက္ကသိုလ်က ပညာရေး ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF တွေ ဖမ်းဆီး စစ်ဆေးနေ

  ဖေဖော်ဝါရီ ၊ ၂၈ ၊ ၂၀၂၄ SP (VOM) တနင်္သါရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့မှာရှိတဲ့ ထားဝယ် နည်းပညာတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထားဝယ် ပညာရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ထားဝယ် နည်းပညာတက္ကသိုလ်ဆိုတာ မြို့နဲ့ ၇ မိုင်လောက်ဝေးတယ် ၊ ဒီမနက်ပိုင်းက အဲ့ဒီ နည်းပညာတက္ကသိုလ်ထဲကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေဝင်ရောက်လာပြီး ပါမောက္ခချုပ် အပါအဝင် ဆရာ ဆရာမ သုံးယောက်ထက်မနည်းကို ဖမ်းဆီးစစ်ဆေးနေတယ်” လို့ ပြောပါတယ်။ ထားဝယ်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ထားဝယ် နည်းပညာ တက္ကသိုလ်မှာ ထိတွေ့မှုရှိတယ်လို့…

Read More

လားရှိုးမှာ လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စာရင်းကောက်ယူနေ

  ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ပြီးခဲ့တဲ့ တပတ်ခန့်ကစ လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စာရင်းကောက် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုး မှာ ဝစ်သောက်ကားတွေ စာရင်း လိုက်ပေး ခိုင်းနေတာ တပတ်ရှိပြီ။ ဘာအတွက်လဲမသိဘူး။ လို့ လားရှိုးဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ကားလေးသမား တယောက်ကတော့ ဝာဘက်က အဖွဲ့တွေ လားရှိုးမှာ မကြာခဏ ဗုံး လာခွဲတာမျိုး ရှိခဲ့လို့ လုံခြုံရေးအရ လိုက်ကောက်တယ်လို့ ယူဆကြောင်း ပြောပါတယ်။ ” ဝစ်သောက်ကား စာရင်းတွေ ကောက်တာ ဟုတ်တယ်။ အိမ်တွေမှာ လိုက်ကောက်တယ်။ ကျွန်မတို့က ပေးထားပြီ စာရင်း။ လိုင်စင်ရှိတဲ့ ကားတွေက မလိုဘူး။ ဆိုင်ကယ်လည်း စာရင်း လိုက်ကောက်တယ်။…

Read More

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ၁၀ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မယ်

  ဆိုးလ်၊ ဖေဖော်ဝါရီ-၂၈-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ဟာ နှစ်နိုင်ငံ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမယ့် မတ်လ ၄ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။ Freedom Shield လို့အမည်ပေးထားတဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်မှာ အရေးပေါ်အခြေအနေတွေကို အသွင်တူလေ့ကျင့်တာတွေပါဝင်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေအပေါ် ကာကွယ်ရေးအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ်လ ၄ ရက်ကနေ ၁၄ ရက်ထိ ၁၀ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ကြည်း၊ ရေ၊ လေ စစ်ရေးလေ့ကျင့်မှု ၄၈ ခုပါဝင်တယ်လို့ ဆိုပါတယ်။ စစ်ရေးလေ့ကျင့်မှုကြောင့် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောဆိုထားပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလိုစစ်ရေးလေ့ကျင့်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားအတွက် အဓိက…

Read More

မင်းပြားက အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို AA သိမ်း

ဖေဖော်ဝါရီ ၂၈ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ နစကရဲ့ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းလိုက်တယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ မင်းပြားမြို့နယ်၊ ကမ်းနီနဲ့ မေလွန်းကျေးရွာအနီး တည်ရှိတဲ့ အဲ့ဒီ့ သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ မနက် ၁၀ နာရီ ၄၅ မိနစ်မှစတင်ကာ AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေ ၇ နာရီဝန်းကျင်မှာတော့ သိမ်းခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ဒီသင်တန်းကျောင်းကို နစက က ဆယ်ရက်အကြာမှာ လက်လွှတ်လိုက်ရတာပေါ့။ ဒါ မင်းပြားမှာ AA…

Read More

မာလီမှာ ဘတ်စ်ကားတစင်း တံတားပေါ်က ပြုတ်ကျတိမ်းမှောက်လို့ ၃၁ ယောက်သေဆုံး

  ဘာမာကို၊ ဖေဖော်ဝါရီ-၂၈-၂၀၂၄ မျိုးဆက်(VOM) မာလီနိုင်ငံမှာ ဘတ်စ်ကားတစင်း တံတားပေါ်ကနေ ပြုတ်ကျတိမ်းမှောက်မှုကြောင့် လူ ၃၁ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။ ဘတ်စ်ကားဟာ မာလီရှိ ကန်နီဘာမြို့ကနေ အိမ်နီးချင်း ဘာကီနာဖာဆိုကို ပြေးဆွဲနေချိန်မှာ မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး အချို့ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမတော်တဆမှုဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းဟာ ဘတ်စ်ကားကို ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့ဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ မာလီနိုင်ငံမှာ လမ်းနဲ့ ယာဉ်အခြေအနေတွေ ညံ့ဖျင်းမှု၊ တန်ပိုတင်ဆောင်ခြင်းများကြောင့် လူအများအပြားသေဆုံးစေတဲ့ လမ်းမတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ ယခုလအစောပိုင်းကလည်း မြို့တော်ဘာမာကို ကိုသွားရောက်မယ့် ဘတ်စ်ကားတစင်းနဲ့ ထရပ်ကားတစင်းတို့ တိုက်မိပြီးနောက် လူ ၁၅ ယောက်သေဆုံးပြီး ၄၆ ယောက်ဒဏ်ရာရရှိခဲ့ကြောင်း…

Read More

ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်က မိုးကောင်းတံတား မိုင်းခွဲခံရလို့ ကားတွေ သွားလာမရဖြစ်နေ

  ဖေဖော်ဝါရီ ၊ ၂၈ ၊ ၂၀၂၄ SP (VOM) ဒီမနက် ဖေဖော်ဝါရီ ၂၈ ရက် အစောပိုင်း ၃ နာရီဝန်းကျင်က မွန်ပြည်နယ် ၊ သထုံမြို့နယ် ၊ မိုးကောင်းကျေးရွာနားက ရန်ကုန် – မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၃၅ နဲ့ ၁၃၆ ကြားမှာရှိတဲ့ မိုးကောင်းတံတားဟာ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ကားတွေသွားလာလို့ မရတော့ဘူးလို့ ကားသမားတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မိုးကောင်းရွာခံတယောက်က ” ဒီမနက်ပိုင်းက မိုးကောင်း တံတား ဖောက်ခွဲခံရတယ် ၊ အဲ့ဒီ မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားနားက နေအိမ် နှစ်လုံပျက်စီးသွားတယ် ၊ အရပ်သားတယောက်ဖြစ်တဲ့ ကိုဝေဖြိုးအောင် ဆိုသူလည်း မိုင်းစထိမှန် ဒဏ်ရာရတယ် ၊ တံတားကတော့ လုံးဝပျက်စီးသွားတယ် ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၃၀ ကျပ် ဝယ်ဈေး – ၃၅၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၅၀ ကျပ် ဝယ်ဈေး – ၂၆၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၅ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၇ ကျပ် ဝယ်ဈေး – ၇၅၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၈ ကျပ် ဝယ်ဈေး – ၄၈၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အေအိုင်နည်းပညာနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်နဲ့ ဇူကာဘတ်တို့ တိုကျိုမှာ တွေ့ဆုံဆွေးနွေး

တိုကျို၊ ဖေဖော်ဝါရီ-၂၈-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နည်းပညာ သန်းကြွယ်သူဌေးဖြစ်သူ မက်ဇူကာဘက်ဟာ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနဲ့ တိုကျိုမှာတွေ့ဆုံပြီး ဉာဏ်ရည်တုနည်းပညာ(အေအိုင်)နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ပိုင်ဆိုင်တဲ့ မက်တာကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဇူကာဘတ်ဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့ကြပြီး ဉာဏ်ရည်တုနည်းပညာ၏ ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဇူကာဘတ်ဟာ ဂျပန်နိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ သူဟာ ဂျပန်ဝန်ကြီးချုပ်နဲ့အတူ ဉာဏ်ရည်တုနည်းပညာရဲ့ အနာဂတ်အကြောင်းတွေကို ကောင်းမွန်စွာ ဆွေးနွေးခဲ့ပြီး ဂျပန်မှာလုပ်ဆောင်နေတဲ့ နည်းပညာကဏ္ဍတွေဟာ စိတ်ဝင်စားစရာကောင်းတယ်လို့ ဇူကာဘတ်က သတင်းထောက်တွေကိုပြောပါတယ်။ မျိုးဆက်သစ် ဉာဏ်ရည်တုနည်းပညာဟာ စျေးကွက်အတွင်း ပြိုင်ဆိုင်မှုပြင်းထန်လာနေချိန်မှာ ဇူကာဘတ်ရဲ့ မက်တာကုမ္ပဏီဟာ သူ့ရဲ့ ဆိုရှယ်ပလက်ဖောင်းတွေမှာ ဒီနည်းပညာ အဆင့်မြှင့်တင် ထည့်သွင်းတာတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း ဒီလိုအခြေအနေမှာ လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေကို အကာအကွယ်ပေးဖို့ နည်းပညာကုမ္ပဏီကြီးများကို တိုက်တွန်းတောင်းဆိုမှုတွေလည်း…

Read More