ဖေဖော်ဝါရီ ၊ ၂၆ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင် ၊ ကသာမြို့ ၊ ကားကွင်းအနီးက ပေါမမြိုင် ဘုန်းကျောင်းဝန်းထဲကို မနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက ဒရုန်းဗုံးတလုံး ကျရောက်ပေါက်ကွဲတာကြောင့် အဲ့ဒီကျောင်းမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီးတပါး ထိခိုက်ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပေါမမြိုင် ဆရာတော်တပါး က ” ဒရုန်းဗုံးကျတဲ့အချိန် ဘုန်းကြီး ဥူးစံသာဝရ သက်တော် ၇၁ နှစ် ၊ ဝါတော်က ၁၀ ဝါ က လမ်းလျှောက်နေတုန်း သူ့နားကို ဗုံးက မိုးပေါ်ကကျလာပြီး ပေါက်ကွဲတယ် ၊ အဲ့ဒါကြောင့် ဘုန်းကြီး ဥူးစံသာဝရက နေရာမှာတင် ပျံတော်မူခဲ့တယ် ၊…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၆ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၃၀ ကျပ် ဝယ်ဈေး – ၃၅၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၇၀ ကျပ် ဝယ်ဈေး – ၂၆၂၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၄ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၂ ကျပ် ဝယ်ဈေး – ၇၅၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအမေရိကန်ရှိ အစ္စရေးသံရုံးရှေ့မှာ ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြမှု ဖြစ်ပွား
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးရှေ့မှာ အမျိုးသားတယောက် ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မီးရှို့ဆန္ဒပြသူဟာ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လက်ရှိမှာ ဆေးရုံပို့ထားရပါတယ်။ ဒီကိစ္စအပေါ် အမေရိကန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်အတွင်း သံရုံဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မီးရှို့ဆန္ဒပြသူဟာ သံရုံးဝန်ထမ်းတွေနဲ့ သိကျွမ်းသူမဟုတ်ဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အမေရိကန်ရှိ အစ္စရေးသံရုံးရှေ့မှာ အခုလိုမီးရှို့ဆန္ဒပြမှုဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးရှေ့မှာ လူတယောက် မီးရှို့ဆန္ဒပြခဲ့ပါသေးတယ်။ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေအပေါ် ကန့်ကွက်ပြီး ပါလက်စတိုင်းတို့ကို ထောက်ခံတဲ့အနေနဲ့ အမေရိကန်၊ ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ Ref:BBC Photo:Getty Images
Read MoreThis Day in History
Voice of Myanmar ဗြိတိန်သည် ပထမဆုံးသော ကိုယ်ပိုင်အဏုမြူဗုံးကို တီထွင်စမ်းသပ်ခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီက ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည်။
Read Moreစိမ်းစိမ်းစိုစို အာဟာရလေးတွေ
ဆူးငှက် ”ရိုးတစ်လျှောက် … ဖြိုးမောက်ပါတဲ့ လယ်ပဒူ အရွက်ချွန်း ကန်စွန်းပုစွန်စာနှင့် လွန်တရာ ကညို့ပေါတယ်၊ တောဖြစ်လို့ထူ…” ငယ်ငယ်က ကျက်မှတ်ခဲ့ဖူးသော ကဗျားလေးတစ်ပုဒ်ကို သတိရနေမိသည်။ အခုလို မိုးလေးကျလာတော့ ပတ်ကြားအက်နေသော လယ်မြေတွေက ဖန့်ဖန့်စွတ်စိုသွားသည်။ ငိုက်ကာညှိုးနေသော အပင်လေးတွေလည်း ခေါင်းမတ်လာကြ၏။ ဖုန်မှုန့်အညစ်အကြေး ဝတ်ရုံတွေ ဖို့ရိုးဖားယား ဆင်ယင်ထားသည့် သစ်ပင်သစ်ရွက်တို့ စိမ်းရွှင်လန်းဆတ်သွားသည်။ ခြံနံဘေးရေအိုင်စပ်က ကန်စွန်းရွက်နွယ်ကလေး လူးလွန့်လာ၏။ စည်းရိုးပေါ်က ခွေးတောက်ညွန့်ကလည်း ဆန့်လာ၏။ ရေနီမြောင်း အရှေ့ဘက် ရန်ကင်းတောင်သွား ကားလမ်းနဘေး ကျွန်းပင်တောလေး အောက်က မနက်ဈေးကလေးမှာဟင်းသီးဟင်းရွက်တွေ စိမ်းစိုနုသစ်နေသည်။ ခြံထွက်သီးနှံတွေချည်းမို့ လတ်ဆတလှချည့်..။ တကယ်တော့ မြန်မာ့မြေမှာအသီးအနှံပေါသည်။ မြေဆီကလည်း နဂိုကတည်းက ပေါကြွယ်လှတာမို့ သဘာဝအလျောက်ပင်ဖြစ်ထွန်းကြီးထွားလွယ်သည်။ကိုယ့်မှာ ရှိသည့် တန်ဖိုးကို သတိမမူနိုင်ဘဲ ရေချိုခမ်း၊ မြေဆီခမ်းနေကြသည့်…
Read Moreဖားကန့်နယ်မှာ စျေးဝယ်ထွက်လာတဲ့ ရဲသုံးယောက် ပစ်သတ်ခံရ
ဖေဖော်ဝါရီ ၊ ၂၅ ၊ ၂၀၂၄ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဆိုင်တောင်စျေးကို စျေးဝယ်ထွက်တဲ့ ရဲသုံးယောက်ဟာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ပစ်သတ်ခံရလို့ တယောက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ တယောက်က ” ဖားကန့်မှာ လေးငါးရက်ရှိပြီ မိုးဆက်တိုက်ရွာနေတာ ၊ ဒီမနက်က မိုးဆဲတုန်းအချိန်လေး ရဲတွေစျေးဝယ်ထွက်ကြတယ် ၊ အဲ့ဒီ အချိန် လမ်းမှာ ပစ်သတ်ခံရတာ ၊ အရာရှိတယောက်က နေရာတင် သေဆုံးပြီး ၊ သူနဲ့အတူပါလာတဲ့ ရဲတယောက်က အဖမ်းခံလိုက်ရတယ် ၊တယောက်ပျောက်နေတယ်။ ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာ အခုထိ မသိရသေးဘူး ” လို့ ပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့နဲ့…
Read Moreယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၅ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreပင်လည်ဘူးမြို့မှာ ထိတွေ့တိုက်ပွဲတွေဖြစ်လို့ ထိခိုက်သေဆုံးသူတွေ များပြား
ဖေဖော်ဝါရီ ၊ ၂၅ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက်ကစလို့ နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ KIA – PDF အဖွဲ့တွေကြား ၂ ရက်တာ ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ထိခိုက်သေဆုံးသူတွေ များပြားလာတယ်လို့ ပင်လည်ဘူး ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပင်လည်ဘူး ဒေသခံတယောက်က ” ပင်လည်ဘူး မြို့တည်ဆောက်ထားပုံက အင်္ဂလိပ်အက္ခရာ ဝိုင် ပုံ သဏ္ဍန်ဖြစ်တယ် ၊ ကောလင်း ပင်လည်ဘူး ဖောင်းပြင် လမ်းနဲ့ ပင်လည်ဘူး ဗန်းမောက်လမ်းဆိုပြီ လမ်းဆုံမှာ ပင်လည်ဘူးမြို့ရှိတာဖြစ်တယ် ၊ အဲ့ဒီ ကားလမ်းတွေအားလုံးမှာ ဒေသတွင်း လက်နက်ကိုင် KIAနဲ့ PDF တွေက ထိန်းချုပ်ထားတယ်…
Read Moreထားဝယ်အရှေ့တော တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရ
ဖေဖော်ဝါရီ ၂၅ – ၂၀၂၄ SN (VOM) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲ့ဒီ့ ဒေသခံတွေဆီက သိရပါတယ်။ ထားဝယ်အရှေ့တောဒေသမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၊ တနင်္သာရီတိုင်းအတွင်းက PDF ပူးပေါင်းတပ်တွေနဲ့ နစကတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ပခပ်၊ ရမ္မဇူ၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုန်း၊ သရက်ငုတ်၊ ဝကုန်း၊ ဘဝပင်၊ ကျောက်မဲတောင်၊ ဟိန္ဒား၊ မေတ္တာ စတဲ့ ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ပြေးတာကတော့ ဘေးလွတ်ရာ တခြားရွာတွေကို…
Read More