ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဧပြီလမှာ ရာထူးကနေ ဆင်းပေးမယ်လို့ ဆီနီဂေါသမ္မတ ကြေညာ

  ဒက်ကာ၊ ဖေဖော်ဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) ဆီနီဂေါသမ္မတ မက်ကီဆေးလ်ဟာ ရာထူးသက်တမ်းကုန်ဆုံးမယ့် ဧပြီ ၂ ရက်နေ့မှာ ရာထူးကနေ ဆင်းပေးမယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ယခုလအတွင်းမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလထိ ရွှေ့ဆိုင်းလိုက်တဲ့အပေါ် နိုင်ငံတဝန်းမှာ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားနေပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်အချိန်ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်မှာကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်သွားမယ်လို့ သမ္မတ မက်ကီဆေးလ်က ပြောပါတယ်။ ဒါပေမယ့် မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ရည်ရွယ်ထားတဲ့ ဆွေးနွေးပွဲတွေမှာပါဝင်ဖို့ အတိုက်အခံတွေကတော့ ငြင်းဆိုထားပါတယ်။ ရွေးကောက်ပွဲရွှေ့ဆိုင်းမှုနဲ့ပတ်သက်ပြီး သမ္မတမက်ကီဆေးလ်က နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့ သမ္မတရဲ့ဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆီနီဂေါဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ပြီးခဲ့တဲ့သီတင်းပတ်မှာ အမိန့်ချခဲ့ပါတယ်။ Ref:BBC Photo:AFP

Read More

This Day in History

Voice of Myanmar အမေရိကန်သည် ပါရှန်ပင်လယ်ကွေ့စစ်ပွဲတွင် ကူဝိတ်ကို သိမ်းပိုက်ထားသော အီရတ်တပ်များအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် တလအကြာ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် မြေပြင်ထိုးစစ် စတင်ခဲ့သည်။

Read More

ကလေးမြို့နယ် တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ် ၊ ထိခိုက်သေဆုံးသူ များပြား

ဖေဖော်ဝါရီ ၊ ၂၄ ၊ ၂၀၂၄ SP (VOM) ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ်ရဲ့ တောင်ပိုင်း ၊ ဂန့်ဂေါမြို့နယ် ကြားမှာရှိတဲ့ မှန်တောကျေးရွာနားက တိုက်ပွဲတွေကြောင့် နှစ်ဘက်ထိခိုက်သေဆုံးသူတွေ များနေတယ်လို့ ဒေသခံ တိုက်ပွဲရှောင်သူတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ တိုက်ပွဲရှောင် တယောက်က ” ဖေဖော်ဝါရီ ၂၀ ရက် နောက်ပိုင်းကစလို့ ဒီကနေ့အထိ ကလေးနယ် တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် မှန်တော ၊ ဆည်တော ၊ ရှားဘို ၊ တင်သား ၊ ဒိုနွယ် ၊ ရှားတော ၊ မြောက်စည်း ၊ အရှေ့စည်းက ဒေသခံ နှစ်ထောင်ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်…

Read More

ဓားတန်းဦးသန့်နှင့် ဦးခင်ဇော် (ဆရာK)

  ဆူးငှက်   အနုပညာရှင်   “ကျွန်တော်ပြောနေတဲ့ ခံစားချက် ဆည်းပူးနေတယ်ဆိုတာပင်၊ စင်စစ် တော့ ဝေဒနာနုပဿနာ စိတ်္တာနုပဿနာ သဘောသတိပဋ္ဌန်သဘောပဲဖြစ်ပါတယ်။ မိမိတို့ ဘယ်လိုအာရုံတွေနှင့်တွေ့တဲ့အခါ ဘယ်လိုစိတ်ပေါ်တယ်၊ ဘယ်လိုစိတ်တွေ ကြောင့်ဒုက္ခ၊ သုခ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာစတဲ့ ဝေဒနာတွေပေါ် တယ်ဆိုတာ ပွားများနေတာပဲ ဖြစ်ပါတယ်။ အဲဒီလို ပန်းချီတို့၊ ပန်းပုတို့၊ ဂီတတို့၊ သီချင်းတို့၊ ကဗျာ၊ ဓာတ်ပုံ စသည်တို့ကို အရသာခံတတ်ရင် ပညာရှင်တစ်ဦးဖြစ်ပါပြီ။ ဒါပေမယ့်သုခုမပညာရှင်က အရသာခံရုံ တင်မဟုတ်ပါဘူး။ မိမိတု့ိစားရတဲ့ အရသာ ကိုပဲ ပန်းချီ၊ ပန်းပု၊ ဂီတ၊ လင်္ကာ၊ ဓာတ်ပုံ၊ သီချင်းစသည့် မိမိတို့အစွမ်းပညာနှင့် သူတစ်ပါးတို့ကို အရသာခံနိုင်အောင် တစ်ဆင့် ဖောက်သည်ချတတ်ရပါသေးတယ်”   (အနုပညာရသ- ဓားတန်းဦးသန့်)     လွန်ခဲ့တဲ့ ၄၈နှစ်ကာလ….၊…

Read More

ဟိန္ဒူဘုရားတွေရဲ့ အမည်နာမနဲ့ ပူးကပ်သယောင် လုပ်တဲ့အပေါ် ဟိန္ဒူလူငယ်တွေ ဝေဖန်

  ဖေဖော်ဝါရီ ၂၃ – ၂၀၂၄ SN (VOM) ဟိန္ဒူဘာသာမှာ “သိုက်” ဆိုတဲ့ အယူအဆ မရှိတဲ့အတွက် ဟိန္ဒူဘုရားတွေရဲ့ အမည်နာမနဲ့ ပူးသယောင်၊ ကပ်သယောင် ပြုလုပ်သူတွေဟာ လူလိမ်စစ်စစ်တွေသာဖြစ်တယ်လို့ ဟိန္ဒူလူငယ်တွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အနုပညာရှင်အသိုင်းအဝိုင်းမှ အမျိုးသမီးတယောက်ဟာ သိုက်ချော့တယ်လို့ ဆိုပြီး ဟိန္ဒူရိုးရာ အမျိုးသမီးအဝတ်အစားတွေကို ဝတ်ဆင်ကာ ပူးကပ်နေတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး အဲ့ဒီ့နောက် ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့ကလည်း အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ “ထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ တချို့ ဓာတ်၊ နတ်၊ သိုက်လောက က လူတွေက ဟိန္ဒူဘာသာရဲ့ မွန်မြတ်လှတဲ့ဘုရားရှင်တွေကို မသင့်တော်တဲ့လုပ်ရပ်တွေနဲ့ ရောယှက်နေကြတာကိုတွေ့ရလို့ပါ။ ဒီလို ရောယှက်မှုတွေက အလွန်အင်မတန် သရုပ်ပျက်သလို သာသနာ့ပုံရိပ်ကိုလည်း ညှိုးနွမ်းစေလို့ပါ။ အဓိကကတော့ မအေမီဈာန်ရဲ့…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၃၈၀၀၀ ကျပ် ဝယ်ဈေး ၃၈၉၈၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၃၈၀၀၀ ကျပ် ဝယ်ဈေး ၃၆၉၈၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

နဂါးနဲ့ ဆင်တူတဲ့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၀ က ကျောက်ဖြစ်ရုပ်ကြွင်းကို သိပ္ပံပညာရှင်တွေ ထုတ်ဖော်ပြသ

  ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၄ မျိုးဆက်(VOM) သိပ္ပံပညာရှင်တွေဟာ ထရိုင်ရာစစ်ခေတ်က ၁၆ ပေအရှည်ရှိ နဂါးလို့ ယူဆရတဲ့ ရေနေတွားသွားသတ္တဝါ တကောင်ရဲ့ အကောင်းအတိုင်းရှိနေသေးတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့တဲ့ သတ္တဝါဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၀ ကဖြစ်ပြီး လည်ပင်းအလွန်ရှည်လျားတာကြောင့် နဂါးတကောင်လို အသွင်မျိုးဖြစ်ကာ တရုတ်နိုင်ငံတောင်ပိုင်းရှိ ထုံးကျောက်လှိုဏ်ဂူတွေထဲက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီမျိုးစိတ်ဟာ ၂၀၀၃ ခုနှစ်မှာ စတင်ဖော်ထုတ် တွေ့ရှိခဲ့တဲ့ ဒိုင်နိုဆယ်ဖယ်လိုဆောရပ်စ် မူလမျိုးစိတ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပြီး သမိုင်းမတင်ခင်ခေတ်က ထူးဆန်းတဲ့သတ္တဝါတကောင်ရဲ့ ခန္ဓာဗေဒဖွဲ့စည်းမှုကို အပြည့်အစုံဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “ ဒါဟာ သိပ္ပံပညာရှင်တွေအတွက် ပထမဆုံးအကြိမ်တွေ့ရှိတာဖြစ်ပြီး ဒါဟာ အရမ်းထူးဆန်းတဲ့ သတ္တဝါတကောင်ဖြစ်တယ်” လို့ ကျောက်ဖြစ်ရုပ်ကြွင်းကို လေ့လာနေတဲ့ နိုင်ငံတကာအဖွဲ့မှာပါဝင်သူ စကော့တလန် အမျိုးသားပြတိုက်က ဒေါက်တာ နစ်ခ်ဖရာဆာက ပြောပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းမှာ ခြေလက်တွေပါဝင်ပြီး လည်ပင်းဟာ…

Read More

အငြင်းပွားမှုတွေကြောင့် ကမ္ဘာ့အသက်အကြီးဆုံးခွေးရဲ့ ဆုတံဆိပ်ကို ဂင်းနစ်စံချိန်အဖွဲ့ ပြန်ရုပ်သိမ်း

  ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၃-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် သတ်မှတ်ခံထားရတဲ့ ခွေးလေး ဘော်ဘီနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကြောင့် အသက်အကြီးဆုံးအဖြစ် သတ်မှတ်ချက်ကို ရုပ်သိမ်းဖယ်ရှားခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က သေဆုံးခဲ့တဲ့ ခွေးလေးဘော်ဘီဟာ ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် အခိုင်အမာပြောဆိုထားတဲ့ အတိုင်း အသက်အရွယ်အကြီးဆုံးဖြစ်ကြောင်း လုံလောက်တဲ့ သက်သေမရှိဘူးလို့ ဂင်းနစ်စံချိန်အဖွဲ့က ထုတ်ပြန်ပါတယ်။ ဘော်ဘီရဲ့ အသက်အရွယ်ဟာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ချီးမြှင့်ခဲ့တဲ့ မှတ်တမ်းဝင်ဆုကို ပေးအပ်ဖို့ လုံလောက်သော အထောက်အထားမရှိကြောင်း တိုင်ကြားကန့်ကွက်မှုတွေရှိခဲ့တယ်လို့ ဂင်းနစ်စံချိန်အဖွဲ့က ပြောပါတယ်။ လက်ရှိမှာ ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် ဘယ်ခွေးက စံချိန်သစ်တင်နိုင်မယ်ဆိုတာကို မဆုံးဖြတ်ရေးသေးကြောင်း ဂင်းနစ်စံချိန်အဖွဲ့က ပြောပါတယ်။ ဘော်ဘီဟာ ပေါ်တူဂီမှဖြစ်ပြီး အဲဒီခွေးမျိုးစိတ်ဟာ ပုံမှန်အားဖြင့် အသက် ၁၂ နှစ်ကနေ ၁၄ နှစ်ထိသာ အသက်ရှည်ကြပါတယ်။ အသက်အကြီးဆုံးအဖြစ် ဆုပေးအပ်ချိန်မှာ ဘော်ဘီဟာ အသက် ၃၀ ရှိတယ်လို့ ဆိုပါတယ်။…

Read More

ပုဇွန်တောင်မှာ ရထားနှစ်စင်းတိုက်မှုဖြစ်ပွားပြီး ခုံးကျော်တံတားတစင်း ကျိုးကျ ပျက်စီး

  ဖေဖော်ဝါရီ ၂၃ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်၊ မနက် ၄ နာရီခွဲဝန်းကျင်က ရထားနှစ်စင်းတိုက်မိမှု ဖြစ်ပွားခဲ့ပြီး ခုံးကျော်တံတားတစင်း ကျိုးကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရေကျော်ဝတ်ကျောင်းလမ်းနဲ့ ဘင်္ဂါလီစု ကူးတဲ့ ရထားလမ်း ခုံးကျော်တံတားအနီးမှာ ရထားနှစ်စင်း တိုက်မိခဲ့တာဖြစ်ပြီး အဲ့ဒီ့ဖြစ်စဉ်ကြောင့် ခုံးကျော်တံတား ထက်ပိုင်းကျိုးသွားခဲ့တယ်လို့ သိရပါတယ်။ “လူထိခိုက်တာတော့ မတွေ့ရဘူး။ တံတား ကျိုးသွားတာတော့အမှန်ပဲ။ တံတားကျိုးသွားတော့ လူတွေ ရုံးတက်ရုံးဆင်း ဒုက္ခရောက်ကြပြီပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။ အခုလို ရထားနှစ်စင်း တိုက်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ VOM အနေနဲ့ မီးရထား တာဝန်ရှိသူတယောက်ကို ဖုန်းဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါဖြစ်ပါတယ်။ Photo Crd:…

Read More