Voice of Myanamr အသက် ၄၃ နှစ်အရွယ် ဒီမိုကရက်တစ်နိုင်ငံရေးသမား ဂျွန်အက်ဖ်ကနေဒီသည် ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် အမေရိကန်၏ ၃၅ ဦးမြောက်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး နိုင်ငံသမိုင်းတွင် အသက်အငယ်ဆုံး သမ္မတဖြစ်သည်။
Read Moreထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဗီဇာကြေးကို ဘတ်ငွေ ၁၉၀၀ ပြောင်းလဲ ကောက်ခံမယ်
နိုဝင်ဘာ ၈ – ၂၀၂၃ SN (VOM) ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဗီဇာကြေးကို ဘတ်ငွေ ၂၄၀၀ ကနေ ၅၀၀ လျှော့ချကာ ဘတ် ၁၉၀၀ သာ ပြောင်းလဲ ကောက်ခံတော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။ အခုလိုလုပ်ဆောင်တာဟာ ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်သမားစနစ်ကို အားပေးတာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်တွေအတွက် ရွှေ့ပြောင်းအလုပ်သမား ခန့်ထားရေးကို အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တာလည်းဖြစ်ကာ ဒီအစီအစဉ်ကို လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ “အခုက ဘတ်အသစ် ထပ်ဖွင့်တာပေါ့။ အရင် လူဟောင်းတွေ work permit သက်တမ်းတိုးတာ နှစ်နှစ်မပေးတော့ဘူး၊ တနှစ်ပဲပေးတယ်။ ပြီးတော့ သက်တမ်းတိုးခကိုလည်း ၅၀၀ ထပ်လျှော့ပေးလိုက်တာပေါ့။ MoU စာအုပ်တွေလည်း ပြန်လုပ်ပေးနေပြီ။ အသစ်ပြန်မလုပ်ချင်ရင် ဘတ်အသစ်ရိုက်လို့ရတယ်။…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၈ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၇၀ ကျပ် ဝယ်ဈေး – ၃၂၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၉၀ ကျပ် ဝယ်ဈေး – ၂၃၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၂၈ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၇၄ ကျပ် ဝယ်ဈေး – ၉၀.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၀ ကျပ် ဝယ်ဈေး – ၆၉၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၂ ကျပ် ဝယ်ဈေး – ၄၄၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေးအဖွင့် (နိုဝင်ဘာ- ၈ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၆၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမင်္ဂလာဆောင် အစဉ်အလာ
ဆူးငှက် သီတင်းကျွတ်ပြီ။ သီတင်းကျွတ်တာနှင့် အလုံးအရင်းနဲ့ဝင်လာမှာတွေက မင်္ဂလာဆောင်ဖိတ်စာတွေပါ။ တစ်ခါတစ်ခါ ပြန်စဉ်းစားကြည့်မိတယ်။ ကိုယ်ငယ်ငယ်… ကိုယ့်မိဘများဆီ အခုလိုဝါလကင်းလွတ် သီတင်းကျွတ်ရင် အခုလောက် မင်္ဂလာဆောင်ဖိတ်စာ လာဖွယ်မရှိခဲ့ဘူးဆိုတာပါ။ အဲဒီကာလ ကိုယ့်မိဘကများ လူမှုရေးနည်းပါးခဲ့လို့လား။ ဒီလိုလည်းမဟုတ်သေးပါဘူး။ ကိုယ့်ထက်တောင်ပေါင်းသင်းဆက်ဆံရေးကျယ်ပြန့်တယ်ပြောရမလားပဲ။ ဘာလို့လဲ ဆိုတော့ အဖေရောအမေရာက ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ။ အမေကဆိုရင် ဥယျာဉ်တန်း၊ ဒီဘိုးလမ်း၊ မလွန်၊ ရသာတန်း၊ မျက်ပါးရပ်၊ ဗောဒီကုန်းအထိ သူ့ဖောက်သည်တွေ…။ မနက်တစ်ဈေး၊ ညနေတစ်ဈေး ဈေးဗန်းခေါင်းရွက်ပြီး တစ်အိမ်ဝင်၊ တစ်အိမ်ထွက် ဈေးရောင်းတာ…။ သူ့ဖောက်သည်နဲ့သူက အလုပ်သဘော အရောင်းအဝယ်သဘော ဆက်ဆံရေးတင်မဟုတ်ဘူး။ ထမင်းစားချိန်တန်ရင် ရောက်တဲ့အိမ်က ခူးခပ်ကျွေးတာ…။ ဆိုးတိုင်ပင် ကောင်းတိုင်ပင်နေကြတာ…။ အဖေက မြောက်ပြင်တစ်ခို ၁၅ လမ်း၊ ၁၄ လမ်းအထိ သူ့ဖောက်သည်တွေ…။ အဖေနဲ့…
Read Moreငြိမ်းချမ်းရေးနိုဘယ်ဆုရ အီရန်အမျိုးသမီး အကျဉ်းထောင်မှာ အစာအငတ်ခံဆန္ဒပြမှု စတင်
တီဟီရန်၊ နိုဝင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) အကျဉ်းချခံထားရတဲ့ အီရန်လူ့အခွင့်အရေးလှုပ်ရှားသူ နာဂျက်စ် မိုဟာမာဒီဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခံရပြီးနောက် တလအကြာမှာ အစာအငတ်ခံဆန္ဒပြမှု စတင်နေပြီဖြစ်ကြောင်း သူမရဲ့ မိသားစုကပြောပါတယ်။ အသက် ၅၁ နှစ်အရွယ် မိုဟာမာဒီဟာ သူနဲ့အခြားအကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှု အီရန်အာဏာပိုင်တွေက ပိတ်ပင်ထားတာနဲ့ မဖြစ်မနေ ခေါင်းစည်းပုဝါဝတ်ဆင်ရမယ့် ဥပဒေကို ဆန့်ကျင်မှုအဖြစ် အစာအငတ်ခံဆန္ဒပြနေတာဖြစ်ပါတယ်။ မိုဟာမာဒီဟာ နှလုံးနဲ့အဆုတ်အခြေအနေတွေအတွက် ဆေးဝါးကုသမှုခံယူဖို့ လိုအပ်နေပေမယ့် အစိုးရရှေ့နေတွေက သူ့ကိုဆေးရုံတက်ကုသခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။ သူမဟာ အကျဉ်းထောင်အတွင်းမှာ ဆံပင်ကို ဖုံးအုပ်ဖို့အတွက် ခေါင်းစည်းပုဝါဝတ်ဆငဖို့ ငြင်းဆန်ခဲ့တာကြောင့် သူ့ကို ဆေးဝါးကုသခွင့် ပိတ်ပင်ထားတာဖြစ်ကြောင်း သူ့ရဲ့မိသားစုက လွန်ခဲ့သည့်သီတင်းပတ်က ပြောပါတယ်။ အမျိုးသမီးအကျဉ်းသားတွေ ဆေးရုံတက်ဖို့အတွက် ဟီဂျပ်ဝတ်ဆင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ လူမဆန်သလို လက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ မစ္စမိုဟာမာဒီရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း နော်ေ၀ နိုဘယ်ဆုကော်မတီဥက္ကဌက ထုတ်ဖော်ပြောဆိုပါတယ်။ Ref:BBC…
Read Moreတောင်ကိုရီးယားနိုင်ငံတဝန်းမှာ ကြမ်းပိုးကူးစက်ပျံ့နှံ့မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရ
ဆိုးလ်၊ နိုဝင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံတဝန်းမှာ ကြမ်းပိုးတွေ ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ ကြမ်းပိုး ကူးစက်ပျံ့နှံ့မှုတွေဟာ မြို့တော်ဆိုးလ်၊ ဘူဆန်၊ အင်ချွန်းနဲ့ အခြားမြို့တွေမှာ နိုဝင်ဘာ ၅ ရက်ထိ နေရာ ၁၇ နေရာထက်မနည်းမှာ ဖြစ်ပွားနေကြောင်း တောင်ကိုရီးယားအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ နိုင်ငံအနောက်တောင်ပိုင်း ဒေဂူမြို့ရှိ တက္ကသိုလ်တစ်ခုမှာလည်း စက်တင်ဘာအစောပိုင်းကစပြီး ကြမ်းပိုးတွေ ကူးစက်ပျံ့နှံ့လာမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ တောင်ကိုရီးယားပြည်သူအချို့ကတော့ ကြမ်းပိုးရန်ကြောက်လို့ ရုပ်ရှင်ရုံတွေနဲ့ အများသူငှာနေရာတွေကို ရှောင်ရှားလာကြပါတယ်။ အခုလိုမဖြစ်ပွားမီ ၁၉၆၀ ခုနှစ်တွေအတွင်း တနိုင်ငံလုံး ကြမ်းပိုးသုတ်သင်ရှင်းလင်းမှုအပြီး တောင်ကိုရီးယားမှာ ကြမ်းပိုးတွေကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီလို့ ယူဆခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်၍ အာဏာပိုင်တွေဟာ ကြမ်းပိုးတုံ့ပြန်ရေးအဖွဲ့ဖွဲ့စည်းပြီး ဝမ်သန်း ၅၀၀ ရန်ပုံတွေနဲ့အတူ နှိမ်နှင်းဖို့ လုပ်ဆောင်နေကြပါတယ်။ တောင်ကိုရီးယားမတိုင်ခင်က…
Read Moreါဇာကမ်းမြှောင်ဒေသကို အစ္စရေးစစ်တပ်က တောင်နဲ့မြောက်ပိုင်းခြားပြီး ဂါဇာမြို့ကို ဝိုင်းထား၊ ဓါးစာခံတွေ မလွတ်မချင်း အပစ်မရပ်ဘူးလို့ နေတန်ယာဟုပြော
ဂါဇာစီးတီး၊ နိုဝင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြှောင်ဒေသကို တောင်နဲ့မြောက်ပိုင်းခြားလိုက်ပြီး ဂါဇာမြို့ကို ဝိုင်းထားလိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဂါဇာရှိ ဟားမတ်စ်တွေရဲ့ ပစ်မှတ် ၄၅၀ ကျော်ကို အစ္စရေးစစ်တပ်က ညပိုင်းမှာ စစ်ဆင်ရေးပြုလုပ်တိုက်ခိုက်ခဲ့ပြီး ဥမင်လှိုဏ်ခေါင်းတွေ၊ ကင်းစခန်းတွေအပါအဝင် ဟားမတ်စ်တို့ရဲ့ အမာခံနယ်မြေတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုတွေကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပယ်ချထားပြီး အစ္စရေးဓါးစာခံတွေ ပြန်မလွတ်မချင်း အပစ်အခတ်ရပ်စဲဖို့ အကြောင်းမရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးနဲ့တိုက်ပွဲတွေအတွင်း မြေအောက်ဥမင်လိုဏ်ခေါင်းကွန်ရက်တွေကို အားထားဖွယ်ရှိနေပါတယ်။ လက်ရှိချိန်ထိ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ တသောင်းကျော်ထိ မြင့်တက်လာကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ အစ္စရေးမှာတော့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လး ၁၄၀၀ ကျော်သေဆုံးခဲ့ပါတယ်။ Ref:NHK Photo: AP/ Anadolu
Read MoreThis Day in History
Voice of Myanamr အမေရိကန်အာကာသအေဂျင်စီ(နာဆာ) သည် အင်္ဂါဂြိုဟ်ကို ရေရှည်လေ့လာရန် ဒီဇိုင်းထုတ်လွှတ်တင်ထားသည့် Mars Global Surveyor စက်ရုပ်အာကာသယာဉ်နှင့် ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် အဆက်အသွယ်ပြတ်တောက်ခဲ့သည်။
Read Moreကောလင်းကို တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက သိမ်းလိုက်တယ်ဆိုတဲ့နောက် အနီးဝန်းကျင်က မြို့နယ်တွေရဲ့အခြေအနေ
နိုဝင်ဘာ ၊ ၇ ၊ ၂၀၂၃ SP ( VOM) ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကနေ ၆ ရက်အထိ သုံးရက် ၊ သုံးည တိတိအချိန်ကြာ တိုက်ခိုက်မှုတွေပြင်းထန်ပြီးနောက် စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက် ကောလင်းခရိုင်ထဲက မြို့နယ်တွေအပြင် အနီးနားက မြို့နယ်တွေမှာ ဘာတွေဆက်ပြီးဖြစ်နေလဲဆိုတာ သိရဖို့ ဒေသခံတွေဆီကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ ကောလင်းမြို့အခြေအနေ ” ကောလင်းမြို့ဆိုတာ တချိန်က ကသာခရိုင်ထဲက မြို့နယ်တခုဖြစ်တယ် ၊ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ခရိုင်အဆင့်မြို့အဖြစ် စတင်သတ်မှတ်တယ် ၊ ခရိုင်အဆင့် မြို့အဖြစ် အသက်ဝင်တာ NLD အစိုးရလက်ထက်မှာဖြစ်တယ် ၊ နောက်ပြီး…
Read More