စက်တင်ဘာ – ၅ -၂၀၂၆ VOM ကချင်ပြည်နယ် မိုးညှင်းနဲ့ ဗန်းမော်ဒေသမှာအခြေစိုက်တဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ဗန်းမော်ဒေသ အေးချမ်းဖို့ KIA နောက်ဆုတ်ပေးပြီးနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့နဲ့ အစိုးရကလည်း တည်ငြိမ်အေးချမ်းရေးနဲ့ ပြန်လည်တည်ဆောက်ရေး အားစိုက်ပေးဖို့ ရှမ်းနီပါတီမေတ္တာရပ်ခံလိုက်ပါတယ်။ လတ်တလောဖြစ်နေတဲ့ ဗန်းမော်ဒေသကတိုက်ပွဲတွေနဲ့ ဗန်းမော်နဲ့ရွှေကူကြား အစိုရသင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ အခြေအနေတွေကို သိနိုင်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်းဌေးအောင်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်
Read Moreမရမ်းကုန်းမြို့နယ်က တရားမဝင် ဘေးတွဲဆိုင်ကယ်တွေကြောင့် အနှေးယာဉ်လုပ်သားတွေ အခက်တွေ့နေ
စက်တင်ဘာ ၅ – ၂၀၂၆ SN (VOM) ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ တရားမဝင် လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်တွေ ပြေးဆွဲနေတာကြောင့်လအနှေးယာဉ်လုပ်သားတွေ စားဝတ်နေရေးနဲ့ ခရီးသည်ရရှိမှု အပိုင်းမှာ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အနှေးယာဉ်လုပ်သားတွေက ပြောပါတယ်။ လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်တွေနဲ့ မော်တာဘီးတပ် ဆိုက္ကားတွေဟာ မရမ်းကုန်းမြို့နယ်အတွင်း အမှတ် (၁၊ ၂၊ ၃) ရပ်ကွက်တွေမှာ ဂိတ်တိုပြေးဆွဲခြင်း၊ ရပ်ကွက်အတွင်း လှည့်လည်ကာ အိမ်တိုင်ရာရောက် ခရီးသည် ခေါ်ယူနေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိ ရပ်ကွက်တွေအတွင်း လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ် အစီးရေ ၆၀၀ ကျော်၊ ၇၀၀ နီးပါး ရှိနေပြီး တချို့သော ရပ်ကွက်တာဝန်ရှိ လူကြီးတွေက လစဥ်ကြေး ကောက်ယူကာ ပြေးဆွဲခိုင်းနေတာလို့ အနှေးယာဉ်လုပ်သား တယောက်က ပြောပါတယ်။ “လစဥ်ကြေးက ဘေးတွဲသမား တယောက်ကို…
Read Moreဆယ်တန်းအောင်လက်မှတ်ထုတ်ဖို့ အွန်လိုင်းကနေ ရက်ချိန်းယူရာမှာ ဝက်ဆိုဘ်က Error တက်လို့ အဆင်မပြေဖြစ်နေ
စက်တင်ဘာ ၅ ၊ ၂၀၂၆ GG (VOM) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် ထုတ်ယူဖို့အတွက် အွန်လိုင်းကနေအချက်အလက်ဖြည့် ဖောင်တင်ပြီး ရက်ချိန်းယူရာမှာ ဝက်ဆိုက်ဘ်က Error တက်နေတာကြောင့် အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ အောင်လက်မှတ်ထုတ်ယူဖို့ လိုအပ်တဲ့အချက်အလက်တွေနဲ့တကွ ဖြည့်ပြီး ရက်ချိန်းယူတဲ့အခါ အွန်လိုင်းကနေငွေပေးချေလို့မရတာ ၊ ငွေပေးချရပါက QR ကုတ်မရတာ ၊ ငွေမပေးချေရသေးပဲ အောင်မြင်ကြောင်းပြတာ ၊ ငွေကိုနှစ်ကြိမ်ဖြတ်သွားတာ ၊ QR ကုတ်ကျတော့လည်း Date နဲ့ နာမည်မပါတာ စတဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတာပါ။ ” kpay ထဲကနေ ပိုက်ဆံလည်းဖြတ်တယ် ။ နေပြည်တော်လျှောက်တာကိုလည်း ရန်ကုန်ရုံး ခွဲဆိုပြီး ပေါ်တယ်။ booking number ကျလာတဲ့အချိန်မှာလည်း လျှောက်ထားသူနာမည်တို့ ရက်ချိန်းတွေလည်းမပါဘူးဗျ။ booking number ကို ပြန်စစ်တဲ့နေရာမှာ ထည့်ကြည့်တော့လည်း အချက်အလက်မတွေ့ရှိပါပဲပြတယ် ။…
Read Moreအမြတ်များများပေးမယ်ဆိုတဲ့ နောက်ကွယ်က ထောင်ချောက် ( Ponzi Scheme)
မန္တလာ ဆရာမျိုး “ငွေတစ်သိန်းထည့်ရင် တစ်လကို နှစ်သောင်းအမြတ်ရမယ်” “ဘာမှလုပ်စရာမလိုဘူး၊ ငွေထည့်ထားရုံပဲ” “ဘဏ်တိုးထက် အများကြီးကောင်းတယ်၊ အရင်းလည်း အာမခံတယ်” “အခုဝင်မှ ဒီအမြတ်နှုန်းရမယ်၊ နောက်ကျရင် မရတော့ဘူး” ဒီလိုစကားမျိုးတွေကို လူမှုကွန်ရက်ပေါ်မှာဖြစ်စေ၊ မိတ်ဆွေအသိအကျွမ်းတွေကြားမှာဖြစ်စေ ကြားဖူးကြပါလိမ့်မယ်။ အချို့က Online Investment၊ Trading၊ Crypto၊ ရွှေရင်းနှီးမြှုပ်နှံမှု၊ အိမ်ခြံမြေ၊ စီးပွားရေးလုပ်ငန်း စသည့်နာမည်မျိုးစုံသုံးပြီး လူတွေကို ငွေထည့်ခိုင်းတတ်ကြပါတယ်။ ဒါပေမယ့် တကယ်အမြတ်ထွက်နေတဲ့ စီးပွားရေးလုပ်ငန်းမရှိဘဲ နောက်မှဝင်လာသူတွေရဲ့ ငွေကို အရင်ဝင်ထားသူတွေအတွက် “အမြတ်” အဖြစ် ပြန်ပေးနေတယ်ဆိုရင် ဒါဟာ Ponzi Scheme လို့ခေါ်တဲ့ ငွေကြေးလိမ်လည်မှုပုံစံတစ်မျိုး ဖြစ်နိုင်ပါတယ်။ Ponzi Scheme ရဲ့ အဓိကလှည့်ကွက်က ရိုးရိုးလေးပါ။ ဥပမာ မောင်အောင်က ငွေ ၁၀ သိန်းထည့်တယ်ဆိုပါစို့။ လစဉ် ၁၀ ရာခိုင်နှုန်းအမြတ်ပေးမယ်လို့…
Read Moreသူတို့အိမ် အခန်း (၂၁၂)
အိမ်ကလေးအကြောင်း ဟပ်(ပ)တိုင်း —————————————– ကျွန်တော်က နေစရာ အိမ်ကလေးတစ်လုံးကို မြေပိုင်လေး တစ်ကွက်ပေါ် ပိုင်ဆိုင်နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားရပုံကို အတ္တကြီးစွာ အားမနာပါးမနာ ဆက်တိုက်ရေးသားဖြစ်နေတော့ ထိုစဉ်ကာလ အကြောင်းအရာအချို့ကို သိသိနှင့် ချန်ထားခဲ့ရသည်။ တကယ်တော့ ထိုအကြောင်းအရာများက အမှတ်တရရှိလှသည့် အတွေ့အကြုံများဖြစ်ပါ၏။ အခု သရက်ကုန်းလယ်ကွင်းထဲက လယ်တောအိမ်လေးမှာ မိခင်ကြီး အပါအဝင် မိသားစုအားလုံး ပြောင်းရွှေ့ပြီး နေထိုင်နေပြီမို့ အသားမကျသေးသော်လည်း အမောပြေ အပန်းပြေ နားနားနေနေရှိစဉ် တောဘဲသံ တောကြက်သံ ချိုးကူသံ ကျွဲခလောက်သံ နွားခြူသံ နွာပေါက်လေး၏ ဘူးဘူးဘဲဘဲသံ အရှေ့နား ကြက်ခြံက ကတော်ကတော်ကြက်အစာတောင်းသံများတွင် နွားချေးရနံ့သင်း ကွင်းဖြတ်လေညင်းခံရင်း အိမ်ရှာ မြေရှာစဉ်ကာလက မှတ်မှတ်ရရ ကိစ္စအချို့ကို ပြောပြပါဦးမည်။ မပြောမဖြစ်…
Read Moreသင်္ဘောသား လူသစ်တွေကို PS နဲ့ ပြည်ပအလည်ပတ်ထွက်ခွင့်ပိတ်
စက်တင်ဘာ ၄ ၊ ၂၀၂၆ GG (VOM) အမျိုးသားလူသစ် သင်္ဘောသားနဲ့ အမျိုးသမီးသင်္ဘောသားတွေကို အခုလစက်တင်ဘာ ၁၅ ရက်ကစပြီး သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) နဲ့ ပြည်ပနိုင်ငံတွေကို အလည်အပတ်ထွက်ခွာခွင့်ပိတ်လိုက်ပြီလို့ သင်္ဘောသားဌာနခွဲ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။ ဒါကြောင့် အမျိုးသားလူသစ် သင်္ဘောသားနဲ့ အမျိုးသမီးသင်္ဘောသားတွေအနေနဲ့ ပြည်ပထွက်ခွာမယ်ဆိုပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှာ PS ကနေ PV အမျိုးအစားကို ပြောင်းလဲ ထွက်ခွာရမယ်လို့ သိရပါတယ်။ ပုံမှန်ဆိုရင် PS ကိုင်ထားတဲ့ သင်္ဘောသား လူသစ် ၊ လူဟောင်းအားလုံးဟာ ပြည်ပကို ခရီးထွက်ပါက ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Department of Marine Administration ( DMA) ခွင့်ပြုချက်နဲ့ သွားခွင့်ရရှိခဲ့ပါတယ်။ အခုကတော့ PS ကိုင်ထားတဲ့ သင်္ဘောသား လူသစ်တွေအနေနဲ့ ပြည်ပထွက်မယ်ဆိုရင် PS မှ…
Read Moreသီပေါမှာ အစိုးရဘက်က ပြန်ဖွင့်မယ့် စာသင်ကျောင်းအချို့ကို MNDAA တပ်ဖွဲ့ က ခွင့်မပြုတော့လို့ ပြန်ပိတ်လိုက်ရ
စက်တင်ဘာ ၄၊ ၂၀၂၆။ NN(VOM) သီပေါမြို့နယ် အတွင်းမှာ အစိုးရဘက်က ပြန်ဖွင့်မယ့် စာသင်ကျောင်း ၁၇ ကျောင်းထဲက အချို့ကျောင်းတွေကို MNDAA တပ်ဖွဲ့က ခွင့်မပြုတော့လို့ ပြန်ပိတ်လိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ သီပေါမြို့နယ် အတွင်းက စာသင်ကျောင်း ၁၇ ကျောင်းကို လုံခြုံရေးအရဆိုပြီး ဩဂုတ်လ ၃ ရက်နေ့မှာ အစိုးရဘက်က ပိတ်လိုက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပညာရေးဌာန တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပြန်ညှိနှိုင်းပြီးနောက် အခုလ ဆန်းပိုင်းမှာ ပြန်ဖွင့်ဖို့ ပြင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် စာသင်ကျောင်း အချို့ကို MNDAA တပ်ဖွဲ့ကပဲ ပြန်ဖွင့်တော့မယ် ဆိုပြီး CDM ကျောင်းဆရာမတွေကို နေရာချထားပေးလာတာကြောင့် စာသင်ကျောင်းတွေ ပြန်ပိတ်လိုက်ရတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ပြောရရင် သူဖွင့်မယ် ငါဖွင့်မယ်နဲ့ အားပြိုင်နေတာပေါ့။ အစကတည်းက ဖွင့်ထားတဲ့ ကျောင်းတွေကို ပိတ်လိုက်တော့…
Read Moreသူငယ်ချင်းရဲ့ မိခင်ကိုသတ် ပစ္စည်းတွေလုယူသွားတဲ့ စလော့ဂိမ်းရဲ့ သားကောင်ကို ဖမ်းမိ
စက်တင်ဘာ ၄ – ၂၀၂၆ SS (VOM) အွန်လိုင်းစလော့နဲ့ လောင်းကစားဂိမ်းတွေကြောင့် ငွေကြေးဆုံးရှုံးတာ၊ အကြွေးပတ်လည် ဝိုင်းလာတာတွေ ဖြစ်လာပြီး စိတ်ဖိစီးမှုများကာ ရာဇဝတ်မှု ကျူးလွန်တာ(ဒါမှမဟုတ်) ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းလိုမျိုး လူမှုရေးဆိုးကျိုးတွေ အခုနောက်ပိုင်းမှာ ပိုပြီး အဖြစ်များလာနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်ကလည်း ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်းနဲ့ ဓမ္မပါလလမ်းထောင့်ရှိ တိုက်အမှတ် (၄၅)၊ ပထမထပ်မှာ တဦးတည်းနေထိုင်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတယောက် အသတ်ခံရမှု ဖြစ်ခဲ့ပါတယ်။ အွန်လိုင်းစလော့ဂိမ်း ဆော့ရာကနေ ငွေကြေးတွေ အမြောက်အမြား ဆုံးရှုံးပြီး ငွေလိုနေတဲ့ ဉာဏ်စိုး ဆိုသူဟာ သူငယ်ချင်းဖြစ်သူရဲ့ မိခင်ကို ဓားနဲ့ထိုးသတ်ကာ ရွှေထည်ပစ္စည်းတွေကို လုယက်သွားခဲ့တယ်လို့ သိရပါတယ်။ “ကျုးလွန်သူက ကျွဲဂိမ်းရှုံးနေတာလို့…
Read Moreဗန်းမော်ကို အစိုးရစစ်သင်္ဘောတွေရောက်ပြီးနောက် တိုက်ပွဲပြင်းထန်နေ
စက်တင်ဘာ ၄ ၊ ၂၀၂၆ Shy + GG (VOM) ဗန်းမော်မြို့ကို အစိုးရတပ်ရဲ့ စစ်ကူလာတဲ့ စစ်သင်္ဘောတွေဆိုက်ရောက်လာပြီးနောက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက် အစောပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ကြောင်း ၊ အစိုးရ တပ်ဖွဲ့ရဲ့ စစ်သင်္ဘောတွေကတော့ မနေ့က စက်တင်ဘာလ ၃ ရက်နေ့မှာ ဗန်းမော်ကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ “ဒီမနက် မိုးမလင်းခင် ကတည်းက ဗန်းမော်မှာ တိုက်ပွဲ ပြန်ပြင်းထန်နေပြီ။ သေင်္ဘာတွေ ကမ်းကပ်ထားတဲ့ နားတွေရောပဲ။ အရင်နှစ်ကတည်းက ရှိထားတဲ့ စစ်သည်တွေရော ထွက်လာတယ်။ နေရာအနှံ့က အင်အားပေါင်းပြီး တိုက်နေတာလို့ သိရတယ်။ စစ်တပ်ဘက်က အင်အား ၆၀၀ လောက် ဝင်လာနိုင်တယ်လို့လည်း သိရတယ်”လို့ ဒေသခံအမျိုးသားက ပြောပါတယ်…
Read Moreထိုင်းနယ်စပ်ကနေ ဖမ်းမိတဲ့ သန်းနဲ့ချီတဲ့ မူးယစ်ဆေးပြားတွေ “ဝ” တပ်ဖွဲ့က အစိုးရကို လွှဲပြောင်း
ဩဂုတ်၄၊ ၂၀၂၆ NN(VOM) ရှမ်းပြည်အရှေ့ပိုင်း “ဝ” တပ်ဖွဲ့ ထိန်းချုပ်တဲ့ ပုံပါကျင်ဒေသနဲ့ ထိုင်းနယ်စပ်မှာ ပြီးခဲ့ဩဂုတ်လအတွင်း မူးယစ်မှောင်ခိုဂိုဏ်းတွေထံကနေ သိမ်းဆည်းရမိတဲ့ သန်းနဲ့ချီတဲ့ မူးယစ်ဆေးတွေကို “ဝ” တပ်ဖွဲ့က အစိုးရတာဝန်ရှိသူတွေထံကို ဒီနေ့ လွှဲပြောင်း ပေးလိုက်တယ်လို့ သိရပါတယ်။ ပြန်လွှဲပေးတဲ့ မူးယစ်ဆေးတွေဟာ ယာဘလို့ ခေါ်တဲ့ စိတ်ကြွဆေးတွေ ဖြစ် တယ်လို့ “ဝ” တပ်ဖွဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ “မူးယစ်ဆေးပြားတွေပါပဲ။ အရေအတွက်က ၂.၈ သန်းလောက် ရှိပါတယ်” လို့ “ဝ” တပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးက မြန်မာကျပ်ငွေ ၁.၃၉ ဘီလီယံလောက် ရှိတယ်လို့ “ဝ” တပ်ဖွဲ့ဘက်က ဆိုပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့က ပုံပါကျင်မြို့ BP-(1) စခန်းနဲ့ မာစံဖော…
Read More




