ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေကစာသင်ကျောင်းတွေမှာ တရုတ်မုန့် တချို့ ရောင်းခွင့် တားမြစ်

စက်တင်ဘာ ၄၊ ၂၀၂၆ Shy V (VOM) ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေက စာသင်ကျောင်းတွေမှာ တရုတ်မုန့် တချို့ ရောင်းခွင့် တားမြစ်ထားကြောင်း ဒေသခံတွေရဲ့ ပြောပြချက်နဲ့ MNDAA ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။ “ကျောင်းဈေးတွေမှာ တရုတ်မုန့် တချို့ မရောင်းခိုင်းတော့တာ ဟုတ်တယ်။ MNDAA ထိန်းချုပ်နယ်မြေက ကျောင်းတွေ အားလုံးလို့ ပြောတယ်” လို့ သိန္နီမှာ ကျောင်းဈေးကို မုန့်ပို့ နေတဲ့ ဈေးသည် တယောက်က ပြောပါတယ်။ တားမြစ်မုန့်တွေကို ရောင်းချရင် ဘယ်နေ့ကစ အရေးယူမယ်၊ ဆိုင်တွေကို စစ်ဆေးမယ်ဆိုတာတော့ မသိဘူးလို့ သူက ပြောပါတယ်။ “ကလေးတွေကို တရုတ်မုန့် မစားစေချင်ဘူး။ ကလေးတွေကလည်း ကျောင်းမှာ ရောင်းနေတော့ ဝယ်စားကြတာ။ မစားစေချင်တဲ့ အစပ်ပြားတို့ ဘာတို့ပဲ ပို ဝယ်စားနေကြတာ” လို့…

Read More

စက်တင်ဘာ ပထမ ၁၀ ရက်ပတ်အတွင်း မြစ်ရေတွေ မြင့်တက်လာနိုင်

စက်တင်ဘာ ၄ – ၂၀၂၆ SN (VOM) အခု စက်တင်ဘာလ ပထမ ၁၀ ရက်ပတ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ မြစ်ရေတွေအားလုံး လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) မှာ မိုးအနည်းငယ် များခဲ့တာကြောင့် မြစ်သာ‌မြစ်အတွင်း မိုးရေတွေဝင်လာပြီး စိုးရိမ်ရေမှတ်ကိုကျော်ကာ ချင်းပြည်နယ်ထဲ စီးဆင်းနေတဲ့အတွက် လက်ရှိ အဲဒီဒေသအတွင်း ရေလျှံမှုတွေ ဖြစ်နေတယ်လို့ မိုး/ဇလ ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “ဒီရေတွေက ချင်းတွင်းမြစ်ထဲကို ဝင်လာတာဖြစ်လို့ လက်ရှိ ချင်းတွင်းမြစ်ထဲမှာလည်း ရေတက်နေတယ်။ ဒါကြောင့် မုံရွာမှာလည်း စိုးရိမ်ရေမှတ်ကို ကျော်နေတယ်။ ကလေးဝနဲ့ မင်းကင်းမြို့နယ်တွေဘက်မှာလည်း စိုးရိမ်ရေမှတ် ရောက်နိုင်တဲ့အနေအထား ရှိတယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ စက်တင်ဘာ…

Read More

ကားတင်သွင်းခွင့်ပါမစ်ပိတ်တယ်ဆိုတဲ့ကိစ္စ တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးလို့ ရောင်းမှားဝယ်မှား မဖြစ်ဖို့ ဂရုစိုက်ဖို့လိုအပ်

စက်တင်ဘာ ၄ ၊ ၂၀၂၆ CC (VOM) ကားတင်သွင်းခွင့်ကျပြီးသား ပါမစ်အားလုံးကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ Foreign Exchange Supervisory Committee ( FESC )က ပိတ်လိုက်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေဘက်က တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ FESC ဟာ ကားတင်သွင်းခွင့်ချပေးတဲ့ ကော်မတီမဟုတ်ဘဲ ပြည်ပကနေတင်သွင်းခွင့်ရတဲ့ ကားအပါအဝင် ကုန်စည်တွေအတွက် နိုင်ငံခြားငွေ စိစစ်ထုတ်ရောင်းချပေးတဲ့ အဖွဲ့သာဖြစ်တယ်လို့ ဆိုပါတယ်။ ” နိုင်ငံခြားငွေကြီးကြပ်ရေး ကော်မတီက ပိတ်လိုက်တယ်ဆိုတာ တရားဝင်စာတွေ့တာလည်းမရှိ တရားဝင်ကြေငြာတာ မတွေ့ရတော့ ရေးတဲ့သူက စျေးတက်ချင်သူက တက်ချင်သလို ကျချင်သူက ကျချင်သလို ရေးကြတယ်လို့မြင်တယ်။ ကော်မတီက တင်သွင်းခွင့်ပေးတဲ့ဌာနမဟုတ်ဘူး။ တင်သွင်းခွင့်ပေးတာက စီးပွားကူးသန်းကပေးတာ။ တင်သွင်းခွင့်ပေးထားတဲ့ အမယ်တွေအတွက် နိုင်ငံခြားငွေရောင်းပေးဖို့ကိုပဲ ကော်မတီက စိစစ်ပြီး ခွင့်ပြုတာ ။ တင်သွင်းခွင့်ပြုတယ် မပြုတဲ့အဖွဲ့မဟုတ်ဘူး။အဲဒီတော့ လိုင်းပေါ်ရေးနေတာ…

Read More

အင်းလေး ဖောင်တော်ဦးဘုရားပွဲတော် အောက်တိုဘာ ၁၂ ရက်နေ့ စတင်မယ်

စက်တင်ဘာ ၅ – ၂၀၂၆ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို လာမယ့် အောက်တိုဘာလ ၁၂ ရက်မှ ၂၉ ရက်အထိ အစဉ်အလာမပျက် ကျင်းပသွားမယ်လို့ ဘုရားဂေါပကအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။ ဘုရားပွဲတော်ကို ၁၈ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ရှေးအစဉ်အလာအတိုင်း ၂၁ ဌာနကို မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်တွေ ဒေသစာရီ ကြွချီအပူဇော်ခံမယ်လို့ သိရပါတယ်။ အခုနှစ် ဘုရားပွဲကို ပိုပြီး စနစ်တကျ ဖြစ်အောင် စီစဉ်‌နေပြီး ဘုရားပွဲ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့လည်း ဒေသဆိုင်ရာ ဆရာတော်ကြီးတွေရဲ့ ဩဝါဒနဲ့အညီ၊ ရဲတပ်ဖွဲ့၊ မီးသတ်ဌာနတို့နဲ့ နှစ်စဉ် ပုံမှန် လုံခြုံရေးယူနေကျအတိုင်း ဆောင်ရွက်သွားမယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “ကျွန်တော်တို့ ဒေသက အေးချမ်းပါတယ်။ ပဋိပက္ခ ပြဿနာတွေ…

Read More

နေပြည်တော်က သဘာဝရေကန်ထဲ အမျိုးသမီးနှစ်ယောက်ရေနစ်သေဆုံး

စက်တင်ဘာ ၅ ၊ ၂၀၂၆ CC (VOM) နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ထဲက သပြေချောင်းကျေးရွာအုပ်စု ၊ဂွေးခါးတောင်‌အနီးရှိ သဘာဝရေကန်မှာ ရေဆင်းကူးတဲ့ အမျိုးသမီးနှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ စက်တင်ဘာ ၄ ရက်နေ့ ၊ ညနေ ၃ နာရီကျော်လောက်မှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးသုံးယောက်တို့ဟာ ရေဆင်းကူးရာကနေ နှစ်ယောက်ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ” သူငယ်ချင်းတွေရေဆင်းကူးတာကို နှစ်ယောက်က နစ်ပြီး သေဆုံးတာလို့ သိရတယ်။ အလောင်းတွေကို ညနေ ၅ နာရီထိုးပြီးမှရှာတွေ့တာပါ ။ အသက်တွေက ငယ်ပါသေးတယ် ။ ရေနစ်သေဆုံးခဲ့သူတွေမှာ ခြုံကြီးကျေးရွာက မအိမွန်သော် ၊ မြဝတီရပ်ကွက်က မရွှန်းလဲ့ဝတ်ရည် ဆိုသူတို့ဖြစ်ပြီး လက်ရှိမှာတပ်ကုန်းမြို့နယ်(ကုတင် ၁၀၀)ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ဩဂုတ် ၂၈ ရက်ကလည်း ပျဥ်းမနားမြို့နယ် ၊ပေါင်းလောင်းမြစ်အောက်ပိုင်း စည်ပင်ကြီးကျေးရွာ ​ရေချိုးဆိပ်မှာ…

Read More

သူတို့အိမ် အခန်း (၂၁၁)

  ဆူးငှက်   ကျွန်တော် သူ့နံမည်ကို သိသည် ———————————- သစ်ဆိုင်က ပြောလိုက်သော မန်နေဂျာ၏ နံမည်ကို ကြားလိုက်ကတည်းက သိသလိုလို ဖြစ်နေသည်။ စဉ်းစားလိုက်တော့လည်း သတိရလာ၏ ကျွန်တော် ဖိနပ်ကုန်ထုတ် သ/မတွင် အမှုထမ်းစဉ်က ဖိနပ်လုပ်သားများ၏ အလုပ်သမား အစည်းအရုံး အမှတ် ၄၆တွင် အမှုဆောင် ကော်မီတီဝင်အဖြစ် တာဝန်ယူရဖူးသည်။ ထိုစဉ်က မြို့နယ် ပါတီယူနစ် က လူကြီးအချို့နှင့်လည်း ဆက်စပ် ခင်မင်ရသည်။ ယခု နံမည်ကို ထိုစဉ်ကတည်းက ကြားဖူးခဲ့သည်။ အရင်းအနှီး အသိအကျွမ်းကြီးတော့ မဟုတ်။ ယူနစ် ကော်မီတီဝင်ထဲက ရင်းနှီးတာဆိုလို့ ရွှေလောင်းထဲက ကျောင်းဆရာကြီး တစ်ဦးရှိသည်။ ကျောက်ဆည်က တစ်ယောက်ရှိသည်။ ဒီလောက်ပါပဲ။ သစ်ဆိုင်ကပြောသည့် နံမည်ကို သတိထားမိတာက ထိုသူသည် ယူနစ်ကော်မီတီဝင်အဖြစ်သာမက သမိုင်းသုတေသီတစ်ဦး အနေနှင့်လည်း ဆရာ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)…

Read More

ပဲခူးမြို့ ရေစတက်တဲ့နေ့မှာပဲ အမျိုးသားတယောက်ရေနစ်သေဆုံး

စက်တင်ဘာ ၃ ၊ ၂၀၂၆ GG (VOM) ပဲခူးမြို့မှာ ရေကြီးရေလျှံမှု စဖြစ်တဲ့ နေ့မှာပဲ အမျိုးသား တယောက် ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့က စက်တင်ဘာ ၂ ရက်နေ့မှာ မြစ်ရေအတက်မြန်ပြီး မဇင်းရပ်ကွက်အပါအဝင် အနိမ့်ပိုင်း ရပ်ကွက်တွေထဲ ရေကြီးခဲ့ပြီး မဇင်း ၁ လမ်းမှာနေထိုင်တဲ့ အမျိုးသားဟာ နေအိမ်ခြံဝန်းထဲမှာပဲ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ” မဇင်း ၁ လမ်းက အသက် ၄၉ နှစ်အရွယ်အမျိုးသားပါ ။ ရေကြီးတော့ သူကလှေနဲ့ ခြံထဲက ရေတိုင်ကီကို ရေသွားခပ်တာမှာ ပြုတ်ကျပြီး ရေနစ်သေဆုံးတာလို့ သိရတယ်။ ရေက မနေ့က အတက်တအားမြန်တာ ။ ဒီနေ့လည်း နည်းနည်းထပ်တိုးတယ်။ ” လို့ ရေဘေးကူညီနေသူ ဒေသခံက ပြောပါတယ် ။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနာရဲ့…

Read More

တရုတ်နယ်စပ် ရင်ကျန်းဘက်မှာ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ခပ်စိပ်စိပ် ဖမ်းဆီးပြီး မြန်မာဘက် ပြန်ပို့​နေ

စက်တင်ဘာ ၃၊ ၂၀၂၆ Shy V (VOM) မြန်မာ – တရုတ် နယ်စပ်၊ ရင်ကျန်းဘက်မှာလတ်တလော ထောက်အထားမဲ့ မြန်မာ လုပ်သားတွေကို ခပ်စိပ်စိပ် ဖမ်းဆီးပြီး မြန်မာဘက် မူဆယ်ကို ပြန်ပို့တာတွေ ရှိလာတယ်လို့ မြန်မာလုပ်သားတွေဆီက သိရပါတယ်။ “ကျမတို့ ဝင်လာတာတောင် မကြာသေးဘူး။ ရင်ကျန်းမှာ အဖမ်းခံရလို့ ပြန်ပို့ ခံရတယ်။ ခု မူဆယ် ရောက်နေတယ်။ မနေ့ရဲ့ ရှေ့ညက ပြန်ပို့ခံရတာ။ ကျမတို့က ခိုးပေါက်ကနေ ဝင်လာတော့ အထောက်အထား မရှိလို့ ဖမ်းတာ။ ပိုက်ဆံတွေလည်း အများကြီး ကုန်နေပြီ။ အလုပ်လည်း ကောင်းကောင်း လုပ် မရတော့ဘူး။” လို့ မြန်မာ လုပ်သား မိန်းကလေး တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းတုန်းကလည်း ရွှေလီမှာ အခန်းထဲထိ လာဖမ်းရောက် ဖမ်းဆီးခံရပြီး…

Read More

မန်ယူ ဂန္ထဝင်ကစားသမား လေးယောက် ရန်ကုန်လာမယ်

စက်တင်ဘာ ၃ – ၂၀၂၆ SS (VOM) မန်ချက်စတာ ယူနိုက်တက်အသင်းက ဂန္ထဝင် ကစားသမား လေးယောက်ဖြစ်တဲ့ ရွိုင်ယန်ဂစ်၊ ပတ်ထရစ်အီဗရာ၊ ဒီမီတာဘာဘာတော့ဗ်နဲ့ အန်ဒါဆန်တို့ လာမယ့် အောက်တိုဘာလကုန်မှာ ရန်ကုန်မြို့ကို လာမယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။ “Legendary Players in Yangon” လို့ နာမည်ပေးထားတဲ့ Meet and Greet အစီအစဉ်ကို The Garden Agency က စီစဉ်တာဖြစ်ပြီး အောက်တိုဘာလ ၃၀၊ ၃၁ နဲ့ နိုဝင်ဘာလ ၁ ရက်နေ့တွေမှာ ပွဲတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပွဲအခမ်းအနားတွေကို အောက်တိုဘာလ ၃၀ ရက်နဲ့ ၃၁ ရက်နေ့တို့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel The Grand Ballroom…

Read More

လိမ်ပြီးအလှူခံစားတဲ့ အဖွဲ့ကို ဖမ်းပြီး သုံးရက်အကြာမှာ ထောင်သုံးလနဲ့ငွေဒဏ်ချမှတ်

စက်တင်ဘာ ၃ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ရွာစဥ်လှည့်ပြီး အလှူခံစားသောက်တဲ့ လူလိမ်အဖွဲ့ကို ဖမ်းဆီးပြီး သုံးရက်အကြာ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ်သုံးလနဲ့ ဒဏ်ငွေ ငါးသောင်းစီ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီ အလှူခံစားတဲ့ အဖွဲ့မှာ လူရှစ်ယောက်ရှိပြီး ကျူးလွန်သူ အားလုံးကို အုတ်တွင်းမြို့နယ်တရားရုံးက ထောင်ဒဏ်နဲ့ငွေဒဏ် ကျခံဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ” အလှူခံလိမ်ဂိုဏ်းအဖွဲ့ရှစ်ယောက် ထောင်(၃)လကျပါပြီ။ အခုနောက်ပိုင်း မိသမျှကို သာသနာညှိုးနွမ်းစေမှု ၂၉၅(က) ပုဒ်မနဲ့ အမှူဖွင့်မယ်။ထောင်ဒဏ် (၂) နှစ်ရှိတယ် ။အခုနောက်ထပ် လူလိမ်တဖွဲ့လဲ စုံစမ်းနေပါတယ် ။ အိမ်ပါငှားနေတာကို ဧည့်စာရင်းထုတ်ပေးတဲ့ အုပ်ကြီးတွေကိုပါ ထွေအုပ်ကို တိုင်မယ်။ ” လို့ အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့ရဲ့ တာဝန်ရှိသူ ဆရာတော် ဦးတေဇသီရိက…

Read More