ဒီဇင်ဘာ ၂၅-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုကို ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ရန်ကုန်ကနေ လာရောက်တဲ့အဖွဲ့ ပါဝင်တာကြောင့် ကျေးရွာက ကွာရန်တင်း ၇ ရက် ဝင်ခိုင်းပေမယ့် လိုက်နာခြင်းမရှိခဲ့လို့ကျေးရွာက ကိုဗစ်စစ်ဆေးရေးဂိတ်အားလုံးကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ “ခုဟာက ရန်ကုန်ကနေလာတယ်။ ကျန်းမာရေး ထောက်ခံစာလည်းပါတယ်။ RTD နဲ့ စစ်ဆေးထားတာလည်း ပါပါတယ်။ ဒါပေမဲ့ ကျေးရွာနေပြည်သူတွေ စိတ်လုံခြုံမှုရအောင်လို့ သူတို့ကို ကွာရန်တင်း ဝင်ခိုင်းတာ ဖြစ်တယ်။ ငရုတ်ကောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကလည်း ရွာမှာ ကွာရန်တင်းဝင်ပေးဖို့ မှာလိုက်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါကို သူတို့က မလိုက်နာဘဲ သူတို့ဆိုဒ်ထဲမှာ ကွာရန်တင်းနေမယ်လို့ ပြောပါတယ်။ ရွာသားတွေကလည်း ကြောက်နေကြပါတယ်။ သူတို့ဆိုဒ်ထဲက ဈေးဝယ်တာကလည်း ရွာထဲမှာပဲဖြစ်ပါတယ်။ အရင်တစ်ခေါက်ကလည်း အခုလိုပဲ ဆိုဒ်ထဲနေမယ်ပြောတယ်။ ပြီးတော့ ရွာထဲလျှောက်သွားနေတာတွေ့ရတယ်လို့ ရွာသားတွေကပြောပါတယ်။ ရွာသူရွာသားတွေ…
Read Moreသက်တမ်းရင့် ထင်းရှုးပင် သောင်းနဲ့ချီဆုံးရှုံးမယ့် အိမ်ယာစီမံကိန်းကို ဒေသခံတွေက ကန့်ကွက်
ဒီဇင်ဘာ ၂၅-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့နယ်နိမိတ်အတွင်းမှာ ဆောင်ရွက်နေတဲ့ “ပန်းချယ်ရီအိမ်ယာစီမံကိန်း”ဟာ သက်တမ်းရင့်ထင်းရှုးပင် သောင်းနဲ့ချီ ပျက်စီးပျောက်ကွယ်မယ့် စီမံကိန်းဖြစ်တာကြောင့် တောင်ကြီးမြို့ဒေသခံတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း စာတင်ထားတယ်လို့ သိရပါတယ်။ “တောင်ကြီးမြို့က မြေအောက်ရေကို အဓိကထားပြီး သုံးစွဲနေရတဲ့အတွက် တောင်ကြီးမြို့အတွက် မြေအောက်ရေရရှိနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ တောင်ကြီးမြို့မှာက ထင်ရှုးတောတွေကလည်း တစ်စတစ်စ အိမ်ယာတွေ ဆောက်လုပ်တာနဲ့ ဌာနဆိုင်ရာတွေကို နေရာပေးရတာနဲ့ပတ်သက်ပြီးတော့ သစ်တောမြေတွေ စွန့်လွှတ်ရတာတွေများလာတာနဲ့အမျှ ထင်းရှုးတောတွေ ဆုံးရှုံးလာပါပြီ၊ အခု စီမံကိန်းလုပ်နေတဲ့နေရာကလည်း တောင်ကြီးမြို့တွင်း မြေအောက်ရေ အဓိကရရှိနေတဲ့ နေရာ (၃) နေရာအနက် တစ်နေရာဖြစ်တဲ့ တောင်ဘက်ဆုံးမှာရှိတဲ့ ၂ မိုင် သစ်တောကွင်းနေရာ ဖြစ်နေပါတယ်။ စီမံကိန်းအနေအထားအရ သူတို့က ထင်းရှုးတောတွေကို ခုတ်ထွင်ရှင်းလင်းပြီးတော့မှ အိမ်ယာအဆောက်အဦးတွေ ဆောက်မယ်ဆိုလို့ရှိရင် တောင်ကြီးမြို့ဟာ ဒီထက်ထိ ရေအခက်အခဲတွေ ကြုံလာရမှာပါ၊ စီမံကိန်းဧရိယာက ပထမတစ်ကြိမ်…
Read MoreMusic Zone မြေနေရာကို ၂၀၂၁ခုနှစ်မှာ အစိုးရပိုင်မြေအဖြစ် ပြန်သိမ်းမယ်
ဒီဇင်ဘာ ၂၄-၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ Music Zone မြေနေရာကို အစိုးရပိုင်မြေနေရာအဖြစ်နဲ့လာမယ့် ၂၀၂၁ခုနှစ်မှာ ပြန်လည်သိမ်းယူမယ်လို့သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက VOMကိုပြောပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က ပြန်လည်ကျင်းပတဲ့ ပြည်သူလွှတ်တော်မှာ Music Zone ကိစ္စဟာ တရားဥပဒေနဲ့အတူ ညီညွှတ်မူမရှိသလို လုပ်ထုံးလုပ်နည်းနဲ့လည်း ညီညွှတ်မူမရှိတာကို သိရပါတယ်။ ထိုမြေကို စပြီးငှားချိန်က ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကို အသုံးပြုဖို့ငှားရမ်ထားပေမယ့် လက်ရှိမှာက အဲ့ဒီအသင်းကမရှိတော့ဘဲ ပါတီဖြစ်သွားခဲ့တယ်။ ဒါကြောင့် အရင်ကငှားချိန်က ပြည်သူ့လုပ်ငန်း ပရဟိတလုပ်ငန်းတွေလုပ်ဖို့ ငှားရမ်းခဲ့ပေမယ့် စီးပွားရေးသမားတွေကို တဆင့်ပြီးတဆင့် ငှားရမ်းတာရောင်းချခဲ့တာတွေကြောင့် စည်းကမ်းနဲ့မညီညွှတ်တဲ့အတွက် ဒီမြေကို အစိုးရပိုင်အဖြစ်နဲ့ပြန်လည်ရယူဖို့အစီအစဉ်ရှိ၊မရှိကို မေးမြန်းခဲ့ပါတယ်၊ ကျွန်တော်ကိုပြန်ဖြေတာက မြေအသုံးပြုခွင့်ကို ရပ်ဆဲပြီး အစိုးရမြေအဖြစ်ပြန်လည်သတ်မှတ်ကာ မြေစီမံခန့်ခွဲမူလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြန်လည်ဖြေပါတယ် “လို့ ဦးရွှေလှဝင်းက VOMကိုပြောပါတယ်။ ကိုဗစ် ဒုတိယလှိုင်းမှာ Music…
Read Moreဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိန်း ၂၀၀ လှူဒါန်း
ဒီဇင်ဘာ ၂၄ . ၂၀၂၀ ယဉ်ပပထွန်း ( VOM) ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် အလယ်ဘလောက်မှာရှိတဲ့ သျှရီ သျှရီ စန္ဒီဘုရားကျောင်းကို ဒီကနေ့ ညနေ ၃ နာရီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာရောက်ပြီး ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်အတွက် ငွေကျပ်သိန်း ၂၀၀ လှူဒါန်းမူပြုလုပ်ခဲ့ပါတယ် ။ ” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တပ်မတော်အရာရှိတွေက ဟိန္ဒိူဘာသာရေးဗဟိုအဖွဲ့ချုပ်ကို အလှူငွေတွေနဲ့အတူ ကိုဗစ်ကာကွယ်တဲ့ပစ္စည်တွေလာရောက်လှူဒါန်းတာပါ ။ ငွေကတော့ ဒီနှစ်မှာ သိန်း ၂၀၀ လှူတာပါ။ မနှစ်က စက်တင်ဘာ ၁၇ ရက်ကလည်း အလှူငွေ ၇၇ သိန်းနဲ့အစားအသောက်တွေလှူပါတယ်။ လှူဒါန်းထားတဲ့အလှူငွေတွေကိုလည်း ကျနော်တို့က ဟိန္ဒိူဘာသာရေးအဖွဲ့အစည်းတွေ ဘုရားကျောင်းတွေကိုပြန်ပြီးတော့ လှူဒါန်းပေးပါတယ်။ အခုလည်း ဆက်လက်ပြီး လှူဒါန်းသွားမှာပါ ။ ၂၀၂၀ မှာ အားလုံးအခက်အခဲဖြစ်နေတဲ့အချိန် လာလှူရတာဝမ်းသာပါတယ်တဲ့၊ ဘာသာတွေအားလုံးကိုလှူတာပါလို့တော့ ပြောခဲ့ပါတယ်”လို့မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ-၃…
Read Moreတောင်ကြီးမြို့က စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးကို ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်ထား
တောင်ကြီး၊ ဒီဇင်ဘာ- ၂၄- ၂၀၂၀ နေနန်းနွယ်(VOM) ကိုဗစ်ရောဂါကြောင့် ၈ လခန့်ပိတ်ထားရတဲ့ တောင်ကြီးမြို့ကစူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးကို တစ်နေ့ နှစ်ချိန် တစ်သုတ်ကို အယောက် ၃၀ တစ်လှည့်စီ ဝင်ရောက်ဖူးမျှော်နိုင်ဖို့ စီစဉ်ထားတယ်လို့ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးညိုလုံးက ပြောပါတယ်။ ဘုရားပြန်လည်ဖူးမျှော်ခွင့်ပြုရင် ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ အညီဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာနဲ့ ဘုရားဝင်းတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ အခြေအနေနဲ့ပတ်သတ်ပြီး စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးညိုလုံးကို VOM သတင်းထောက် နေနန်းနွယ်က မေးမြန်းထားပါတယ်။ #VOM #voiceofmyanmar #TaungGyi #စူဠာမုနိလောကချမ်းသာ ဓါတ်ပုံ တောင်ကြီးသားများဆုံဆည်းရာ
Read Moreအနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင်
အနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင် နေပြည်တော်၊ ဒီဇင်ဘာ- ၂၄- ၂၀၂၀ ဦးထွန်း(VOM) တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း ကို ကန့်ကွက်လွှာတင်ဖို့ မြန်မာစီးပွားရေးဘဏ်ကို ငွေ ၅ သိန်းပေးဆောင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့မှာ ကန့်လွှာတင်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြောပါတယ်။ “ကျွန်တော်က သူရတဲ့မဲရလာဒ်ကို ကန့်ကွက်တာကြောင့် သူရတဲ့မဲတွေသည်ခိုင်လုံမဲအစစ်အမှန်မဟုတ်ကြောင်း သက်သေအထောက်အထားတွေနဲ့ကန့်ကွက်လွှာတင်မှာပါ။ မေးမြန်းစုံစမ်းမှုအရ ကန့်ကွက်လွှာတင်ဖို့အတွက်ငွေ ၅ သိန်းလာသွင်းသူ ၁၃၀ ကျော်ပြီဖြစ်ကြောင်းသိခဲ့ရပါတယ်၊ ဒီတစ်ခေါက်ရွေးကောက်ပွဲမှာကန့်ကွက်လွှာတင်မယ့်သူများမယ်ထင်ပါတယ်၊ ကျွန်တော်လေ့လာမိသလောက်ကတော USDP ကလည်း ၅၀ ကျော်လောက်ကန့်ကွက်လွှာတင်မယ်လို့သိရပါတယ်” လို့ ဦးမော်ထွန်းအောင် က ပြောပါတယ်။ တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း က မဲအရေအတွက်…
Read Moreဘုန်းကြီးမောင်းလာတဲ့ကားထဲက နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦး ဖမ်းမိ
ဒီဇင်ဘာ ၂၄-၂၀၂၀ သိင်္ဂီထွန်း (VOM) ပြည်မြို့မှာ ဘုန်းကြီးတစ်ပါးမောင်းနှင်လာတဲ့ ကားထဲကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိထားတဲ့ နိုင်ငံသားမဲ့အထောက်အထားသူ ၁၃ ဦးထဲမှာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အဲ့ဒီ ၁၃ ဦးကို သယ်ဆောင်လာတဲ့ ယာဉ်မောင်းဖြစ်သူ ဘုန်းကြီးကတော့ ထွက်ပြေးသွားတဲ့အတွက် လက်ရှိအချိန်မှာ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။ “ဆွေးနွေးဘုရားလမ်းထောင့်မှာတွေ့တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သတင်းပို့တယ်၊ ကျနော်တို့သွားကြည့်တော့ ယာဉ်မောင်းလာတာက ဘုန်းကြီး၊ ဘုန်းကြီးကတော့ ထွက်ပြေးသွားတယ်။ နောက်မှာအားလုံးက ၁၃ ဦး၊ အမျိုးသမီးက ၁၂ ဦး အမျိုးသားက ၁ ဦး၊ မေးတော့လည်း ဗမာလို ဘာညာပြန်မပြောဘူး။ လောလောဆယ်အကြမ်းဖျင်း ဒီလောက်ပဲသိရသေးတယ်”လို့ ပြည်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းကပြောပါတယ်။ လက်ရှိမှာတော့…
Read Moreအီသီယိုပီးယားမှာ လက်နက်ကိုင်တွေက လူ ၁၀၀ ကျော်ကို သတ်ဖြတ်
အာဒစ်အာဘာဘာ၊ ဒီဇင်ဘာ-၂၄-၂၀၂၀ မျိုးဆက် (VOM) အီသီယိုးပီးယားနိုင်ငံ အနောက်ပိုင်းရှိ ကျေးရွာတစ်ရွာမှာ အမည်မသိလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးသွားတယ်လို့ အီသီယိုပီးယား လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် လူ ၃၀ ကျော်ကိုဆေးရုံတင်ပို့ထားပြီး သူတို့ထဲကအချို့ဟာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ အခြေအနေရှိတယ်လို့ ဒေသခံဆေးခန်းမှ သူနာပြုတစ်ဦးကပြောပါတယ်။ သေဆုံးသူအချို့ဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး အချို့ကတော့ ဓါးထိုးခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။ ဘန်နစ်ရှင်ဂူ-ဂူမုဇ်ဒေသမှာ ဒီဇင်ဘာ ၂၃ ရက်ကဖြစ်ပွားတဲ့ တိုက်ခိုက်မှုဟာ အဲ့ဒီဒေသကို ဝန်ကြီးချုပ် အာဘီယာအာမက် သွားရောက်ပြီးနောက်တစ်ရက်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုဟာ တိုင်းရင်းသားမျိုးနွယ်စုတွေနေထိုင်ကြတဲ့ ဘီကိုဂျီကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ အီသီယိုပီးယား လူ့အခွင့်အရေး ကော်မရှင်ကပြောပါတယ်။ တိုက်ခိုက်မှုအတွင်း လက်နက်ကိုင်တွေဟာ လူ ၁၀၀ ကျော်ကို မီးရှို့တာတွေ၊ သေနတ်နဲ့ပစ်ပြီး သတ်ခဲ့တာလို့ ကော်မရှင်ကဆိုပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကိုဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် ပြည်နယ်အစိုးရ…
Read Moreမြေကမ္ဘာသာယာမှ လူတွေကျန်းမာမယ်
ဆွေလင်းထွန်း(VOM) ၂၀၁၉ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ၁၉ ရောဂါဟာ ကမ္ဘာအနှံ့ကိုကူးစက်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကပ်ရောဂါဖြစ်လာပြီလို့ မတ်လထဲမှာ ကြေညာခဲ့ရပါတယ်။ ကိုဗစ်ရောဂါမဖြစ်ခင်ကတည်းက ကမ္ဘာကြီးဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကြောင့် နာမကျန်းဖြစ်နေရတဲ့ထဲ တခါသုံး နှာခေါင်းစည်းတွေ၊ လက်အိတ်တွေနဲ့ ပိုးကာဝတ်စုံ စတဲ့ စွန့်ပစ်ပစ္စည်းတွေက ဘူးလေးရာဖရုံဆင့်ဆိုသလိုဖြစ်လို့ ကမ္ဘာမြေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနေပါတယ်။ အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်အဖွဲ့ဖြစ်တဲ့ Ocean Conservancy အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ်ကသုတေသနတွေအရ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ တနှစ်ကိုပလတ်စတစ်စွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်း တသန်းခန့် ပင်လယ်တွေထဲကို တရားမဝင် စွန့်ပစ်နေတယ်လို့ သိရပါတယ်။ အဲဒီ ပမာဏဟာ ပင်လယ်ထဲကို နှစ်စဉ်ရောက်ရှိနေတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေရဲ့၆၀ရာခိုင်နှုန်းခန့် ဖြစ်ပါတယ်။ ကိုဗစ် ၁၉…
Read Moreမြစ်ကြီးနားမြို့ USDP ရုံးရှေ့မှာ UEC ကို ဆန္ဒပြ
ဒီဇင်ဘာ ၂၄-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့မှာ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် မနက် ၉ နာရီက ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ကန့်ကွက်ဆန္ဒပြရာမှာပါတဲ့ ဦးဇော်ဝမ်းက ” ကျနော်တို့ကတော့ ရှင်းရှင်းပြောရရင် ရွေးကောက်ပွဲကော်မရှင် မသမာမှုတွေလုပ်တဲ့အခါကျတော့ မဲစာရင်းတွေမရလို့ မဲစာရင်းတွေတိတိကျကျရဖို့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ အထောက်အထား အစုံရှိပါတယ်”လို့ ပြောပါတယ်။ ဒီကနေ့ ဆန္ဒပြသူတွေဟာ USDPပါတီကို ဝန်းရံသူတွေဖြစ်ပြီး လူဦးရေး စုစုပေါင်း ၂၀ ကျော်ပါဝင်ခဲ့တာဖြစ်တယ်လို့ မြစ်ကြီးနားခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဟောင်းဂျုန်းရဲ့ပြောပြချက်အရ သိရပါတယ်။ ” ရွေးကောက်ပွဲမတိုင်ခင်က ပါတီတွေက တွေ့ဆုံဖို့တောင်းဆိုတာကို လစ်လှူရှုခဲ့တာ ၊ ရက်ပေါင်း ၉၀ ၊ ၆၀ လျှော့ချပြီး မဲပေးခွင့်ပြုတာတွေ မေးခွန်းထုတ်စရာတွေဖြစ်တာပေါ့၊ ကိုဗစ်ဖြစ်လာတော့ မလိုလားအပ်တာတွေ…
Read More