ဒီဇင်ဘာ ၂၉ -၂၀၂၀ ကိုတိုးကြီး (VOM) ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ကိုင်းတာအုပ်စု ၊ ကျီးတောကျေးရွာဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဟာ ရေတွင်းထဲပြုတ်ကျပြီး ပျံလွန်တော်မူနေတာကို မနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေ ၆ နာရီကျော်က တွေ့ရတယ်လို့ ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ” ရေတွင်းကျပြီး ပျံလွန်တော်မူနေတာ ၂ ရက်ရှိပြီလို့ ခန့်မှန်းရတယ်၊ ဘာကြောင့်လဲဆိုတော့ ၂၇ ရက် မနက်က ဆွမ်းပို့လာသူတွေက ဘုန်းကြီးမတွေ့လို့ ဖုန်းဆက်တယ်၊ ဆက်လို့မရဘူးလို့ သိရတယ်။ အဲ့ဒါကြောင့် ဆွမ်းပို့သူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားထားတယ်၊ မနေ့က ညနေပိုင်းအထိ ဘုန်းကြီးမတွေ့လို့ လိုက်ရှာကြရာက ရေတွင်းထဲ ပြုတ်ကျ ပျံလွန်တော်မူနေတာကို တွေ့ရတယ်”လို့ ကျီးတောကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သက်တော် ၃၉ နှစ် အရွယ် ကျောင်းထိုင်ဆရာတော်ဟာ…
Read Moreသစ်သားနဲ့ပြုလုပ်တဲ့ ကမ္ဘာ့ပထမဆုံးဂြိုဟ်တု ဂျပန်နိုင်ငံတီထွင်နေ
တိုကျို၊ ဒီဇင်ဘာ၂၉-၂၀၂၀ မျိုးဆက်(VOM) ဂျပန်ကုမ္ပဏီတစ်ခုနဲ့ ကျိုတိုတက္ကသိုလ်တို့ဟာ ၂၀၂၃ ခုနှစ်မှာ သစ်သားနဲ့ပြုလုပ်တဲ့ ကမ္ဘာ့ပထမဆုံး ဂြိုဟ်တုကိုဖန်တီးဖို့ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။ ဆူမစ်တိုမိုသစ်ကုမ္ပဏီဟာ သစ်ပင်တွေကြီးထွားလာမှုနဲ့ အာကာသအတွင်း သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေ အသုံးပြုနိုင်ဖို့ သုတေသနလုပ်ငန်းကို စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျိုတိုတက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဲဒီကုမ္ပဏီဟာ ကမ္ဘာကြီးရဲ့ ပြင်ပမှာ သစ်အမျိုးအစား အမျိုးမျိုးနဲ့အတူ စမ်းသပ်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်းကို နိုင်ငံစုံကနေ ဂြိုဟ်တုများစွာ လွှတ်တင်နေကြတာကြောင့် အာကာသအမှိုက်တွေဟာ လက်ရှိမှာတော့ ပြဿနာတစ်ရပ်အဖြစ် ကြီးထွားလာနေပြီဖြစ်ပါတယ်။ သစ်သားနဲ့ပြုလုပ်မယ့် ဂြိုဟ်တုဟာ ကမ္ဘာမြေပေါ်ကို ပြန်ကျလာရင်လည်း လေထုထဲမှာ အခြားအရာလိုမျိုး အန္တရာယ်မဖြစ်စေဘဲ မီးလောင်ကျွမ်းသွားတာ ဒါမှမဟုတ် အပိုင်းအစတွေအဖြစ် ပြန့်ကျဲသွားမှာဖြစ်ပါတယ်။ Ref : BBC Photo: SUMITOMO FORESTRY #voiceofmyanmar #VOM #တိုကျို
Read Moreနိုင်ငံသားအထောက် အထားမဲ့သူတွေကို သယ်လာတဲ့ ပုသိမ်ကဘုန်းကြီးထွက်ပြေးတာ ဖမ်းမမိသေး
ပုသိမ်-ဒီဇင်ဘာ-၂၉-၂၀၂၀ ကိုအောင်(ပုသိမ်) ဒီဇင်ဘာ၂၄ရက်နေ့က နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ယောက်ကို သယ်လာတဲ့ ပုသိမ် သာသနာ့ဓမ္မဂုဏ်ရည် တံဆိပ်နဲ့ ကားတစ်စီးဟာ ပြည်မြို့အရောက်မှာ ဘီးပေါက်သွားကာမှ ကားထဲမှာ နိုင်ငံသားအထောက်အထားမပြနိုင်သူ ၁၃ယောက်ကိုတွေ့ခဲ့ချိန်မှာ ယာဉ်မောင်းနဲ့ဘုန်းကြီးဟာ ကားကိုထားပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီ ၁၃ ယောက်ကို ပို့ဆောင်ပေးခဲ့တဲ့သူဟာ ပုသိမ်မြို့ အမှတ်၁၄ရပ်ကွက်က သာသနာ့ဓမ္မာ့ဂုဏ်ရည်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်နဲ့ သူ့ရဲ့ယာဉ်မောင်း ဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင် က “အမှတ်၁၄ ပန်းဆက် ရပ်ကွက်ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဦးဣိန္ဒကနဲ့ ယဥ်မောင်းက ဂိုလေး(ခ)ခင်မောင်လင်းတို့လို့ အတည်ပြုလို့ရပါတယ်။ တရားခံတွေကတော့ ထွက်ပြေးနေပါတယ်”လို့ ပြောပါတယ်။ ပုသိမ်သာသနာ့ ဓမ္မဂုဏ်ရည်ကျောင်းက ကျောင်းထိုင်ဘုန်းကြီးကို ပြည်မြို့မှာအမှုဖွင့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။ “ဘုန်းကြီးကတော့ပုသိမ်က သူတို့ကိုပြည်မှာပဲ ပုဒ်မ ၃၆၇နဲ့အမှုဖွင့်ထားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။ အထောက်အထားမဲ့သူတွေကို ခိုးသွင်းမှုနဲ့ ပတ်သတ်ပြီး ပဲခူးတိုင်း ပြည်မြို့မရဲစခန်းက…
Read Moreကမ္ဘာ့အပူဆုံးနှစ်ဖြစ်ပြီး ရာသီဥတုပြောင်းလဲတာကြောင့် စားနပ်ရိက္ခာနဲ့ ရေရှားမှုတွေ ဖြစ်လာမယ်
ဒီဇင်ဘာ ၂၉-၂၀၂၀ ယဉ်ပပထွန်း (VOM) ၂၀၂၀ ခုနှစ်ဟာ ကမ္ဘာ့အပူဆုံး ဒုတိယနှစ်ဖြစ်တဲ့အတွက် ရာသီဥတု ပြောင်းလဲလာတာကြောင့် စားနပ်ရိက္ခာရှားပါးမှု ၊ ရေရှားပါးမှုတွေနဲ့ ကျန်းမာရေးဆိုင်ရာရောဂါတွေ ထူပြောလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောပါတယ်။ ပြီးခဲ့တဲ့၂၀၁၆ခုနှစ်က ကမ္ဘာ့ပထမဆုံး အပူဆုံးနှစ်ဖြစ်ခဲ့ပြီး အခု၂၀၂၀ က ဒုတိယ ကမ္ဘာ့အပူဆုံးနှစ် ဖြစ်တာကိုလည်း သိရပါတယ်။ “ ၂၀၁၆ မှာ ရာသီဥတုလျော့ချဖို့အတွက်ကို နိုင်ငံတွေ သဘောတူခဲ့တယ် ။ အခုလက်ရှိအခြေအနေထိတော့ အကောင်အထည်မဖော်နိုင်ခဲ့သေးဘူး ။ မဖော်နိုင်သေးတဲ့ ကြားထဲ ရာသီဥတုပြောင်းလဲမှုတွေက ဆက်ပြီးတော့ ပြောင်းလဲမယ့်အနေအထားမျိုးရှိတယ် ။ ဒီနှစ်ဆိုရင်လည်း လာနီညာ နှစ်တစ်နှစ်ဖြစ်ပေမယ့်လည်း ကမ္ဘာ့အပူချိန်က ဒုတိယအပူဆုံး နှစ်အနေနဲ့ ရှိနေခဲ့တယ်၊ ရာသီဥတုပြောင်းလဲဖို့က ကမ္ဘာနိုင်ငံမှာရှိတဲ့ လူတိုင်အားလုံးပူးပေါင်းပါဝင်ဖို့လိုပါတယ် ။ တနိုင်ငံထဲက ရာသီဥတုပြောင်းလဲ ဖို့လုပ်နေလို့မရဘူး၊ ကမ္ဘာနိုင်ငံတွေအကုန်လုံးက ပူးပေါင်းဆောင်ရွက်မှသာ…
Read Moreနိုင်ငံတော်ထောက်ပံ့ငွေ သိန်း ၃၀ မပေးဘဲ ချန်ထားတဲ့ အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ဒေသခံတွေကတိုင်ကြား
ဒီဇင်ဘာ ၂၉-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ်ရှိ ဗျိုက်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ အခြေခံလူတန်းစားတွေကိုပေးတဲ့ နိုင်ငံတော်ထောက်ပံ့ငွေထဲက ကျပ်သိန်း ၃၀ ကိုချန်ထားလို့ဒေသခံတွေက ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တိုင်ကြားခဲ့ပါတယ်။ “ဗျိုက်ကြီးကျေးရွာအုပ်စုမှာ ကိုဗစ်ထောက်ပံ့ကြေးငွေနဲ့ပတ်သက်ပြီးအိမ်ထောင်စု ၃၂၈ အိမ်အတွက် ငွေကျပ် ၆၅ သိန်း ၆ သောင်းကို အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း လက်မှတ်နဲ့ ထုတ်ယူခဲ့ပြီး ရပ်ကျေးမှာကျတော့ နေအိမ် ၂၇၈ အိမ်ကို တစ်အိမ် ၂ သောင်းနှုန်းနဲ့ ငွေကျပ် ၅၅ သိန်း ၆ သောင်းပဲ ဝေတယ်၊ အဲ့ဒီတော့ တစ်ကြိမ်ဝေရင် ဆယ်သိန်းလောက် ငွေကွာနေတယ်၊ ၃ ကြိမ်ဝေတော့ ငွေသိန်း ၃၀ ကွာနေတဲ့အတွက် ခိုင်မာတဲ့သက်သေခံအထောက်အထားတွေနဲ့ ကျောင်းကုန်းမြို့နယ် ထွေအုပ်ကို တိုင်ခဲ့တာပါ၊ ဒါပေမယ့် အရေးယူမှုမရှိတဲ့အတွက် ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးကို ထပ်ဆင့်တိုင်ကြားခြင်း ဖြစ်ပါတယ်”လို့ တိုင်ကြားခဲ့သူ…
Read Moreတောင်ကြီးမြို့မဈေးကြီးကို ဒီဇင်ဘာ(၃၀)ရက်နေ့မှာ ပြန်ဖွင့်မယ်
ဒီဇင်ဘာ ၂၉-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့ရှိ မြို့မဈေးကြီးကို မနက်ဖြန် ဒီဇင်ဘာ (၃၀)ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။ “ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ဈေးသူဈေးသားတွေကို လိုက်နာရောင်းချစေမှာပါ။ တောင်ကြီးမြို့တော်စည်ပင်ဘက်ကလည်း အဲ့ဒီလိုသတ်မှတ်ချက်တွေနဲ့အညီ လိုက်လံစစ်ဆေးသွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့အခန်းကဏ္ဍကိုတော့ မြို့နယ်ကိုဗစ်ကော်မတီနဲ့စေတနာ့ဝန်ထမ်းအဖွဲ့တွေ ပေါင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ဆောင်ရွက်သွားမှာပါ”လို့ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ကျပြောပါတယ်။ တောင်ကြီးမြို့မဈေး အပိုင်း (၄) K ရုံမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာတစ်ဦး စတင်တွေ့ရှိခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်းမှစပြီး မြို့မဈေးကြီးကို ပိတ်ထားခဲ့တာဟာ တစ်လပြည့်တော့မှာ ဖြစ်ပါတယ်။ အခု ဈေးကြီးကို ပြန်ဖွင့်ရာမှာလည်း သတ်မှတ်စည်းကမ်းတွေအတိုင်း တစ်ခန်းခြားစနစ်နဲ့ ရောင်းချခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ မြို့မဈေးကြီးအတွင်းမှာတော့ ဈေးရုံပေါင်း ၁၉ ရုံ နဲ့ ဆိုင်ခန်းပေါင်း ၁,၈၆၈ ခန်းရှိတယ်လို့ သိရပါတယ်။ အလားတူ နိုဝင်ဘာ ၂၉…
Read More၃ လောင်းပြိုင်လူသတ်မှုက ပြစ်မှုကျုးလွန်သူကို အစ်ကိုဖြစ်သူကိုယ်တိုင် ရဲလက်အပ်
ဒီဇင်ဘာ ၂၉-၂၀၂၀ ကိုတိုးကြီး (VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သဲကောဆည်ဖျား၊ ဘိုင်ပင်စခန်းတောတိုက်မှာ မနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းက ၃ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပဲခူးတိုင်း ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။ ” သေဆုံးသူ ၃ ယောက်က ဦးမြင့်ကြိုင် ၊ ဦးတင့်လှိုင် ၊ ဦးစိုးမြင့် ဖြစ်တယ်၊ ပြတ်ရှ ထိုးသွင်း ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိပြီးဖြစ်တယ်”လို့ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့ရုံးက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ သေဆုံးသူ ၃ ယောက်ဟာ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာက ၂ ယောက်ဖြစ်ပြီး ကျန် ၁ ယောက်ကတော့ မင်းစုကျေးရွာက ဖြစ်ပါတယ်။ သူတို့ ၃ ယောက်ဟာ မီးသွေးဖုတ်တဲ့လုပ်ငန်းကို လုပ်ကိုင်သူတွေဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။…
Read Moreဖမ်းဝရမ်းထုတ်ခံရတဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ ဘာလို့ ခုမှ ထွက်အဖမ်းခံကြသလဲ
မန္တလေး-ဒီဇင်ဘာ-၂၈-၂၀၂၀ နေလင်း(VOM) အမျိုးသားရေးလှုပ်ရှားမှုအဖြစ်လုပ်ဆောင်တဲ့ ၂၀၁၉ တုန်းက မြို့တော်ခန်းမရှေ့မှာလုပ်တဲ့ ဟောပြောပွဲနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ကိုမုန်းအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင်လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ ပုဒ်မ ၁၂၄(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဘူးလက်လှဆွေလို့ လူသိများတဲ့ အမျိုးသားလွှတ်တော်အမတ်ဟောင်း၊ တပ်မတော်အရာရှိဟောင်း ဦးလှဆွေဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။ ဒီလိုအလားတူပဲ အမျိုးသားရေးဆရာတော်လို့အများသိကြတဲ့ ဦးဝီရသူဟာလည်း ဘူးလက်လှဆွေလို အလားတူပုဒ်မတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရရာက နိုဝင်ဘာ ၂ရက်နေ့က သွားရောက်အဖမ်းခံခဲ့ပါတယ်။ တခြားအမျိုးသားရေးလှုပ်ရှားသူတွေဖြစ်တဲ့ ဟိဏ်းဝေယံက အောက်တိုဘာ ၃၁ မှာ အဖမ်းခံခဲ့သလို မြတ်ဘုန်းမိုရ်နဲ့ တင်လင်းထိုက်ဟာလည်း ဒီဇင်ဘာ ၁၁ရက်နေ့က သွားရောက်အဖမ်းခံခဲ့ပါတယ်။ သူတို့ကတော့ နိုင်ငံတော် အစိုးရ၊ ငြိမ်ဝပ်ရေးကိုထိခိုက်တဲ့ ပြစ်မှုကို ကျူးလွန်ချင်လာအောင် ကြောက်ခြင်း ၊ ထိတ်လန့်ခြင်း တခုခုအကြံနဲ့ပြုမူမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ အမျိုးသားရေးဆရာတော်…
Read Moreတပ်မတော်ကထုတ်ပြန်တဲ့ တနိုင်းမြို့က မဲစာရင်းတွေကိစ္စ မဲမသမာမှုဖြစ်နိုင်စရာမရှိ
ဒီဇင်ဘာ ၂၈-၂၀၂၀ ရန်အောင်ထွန်း(VOM) တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်ထဲမှာပါတဲ့ တနိုင်းမြို့က မဲစာရင်းနဲ့ပတ်သက်ပြီး မဲမသမာမှုဖြစ်နိုင်စရာမရှိဘူးလို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးဟာ ဒီဇင်ဘာ ၂၃ ရက်က မဲစာရင်းကွာဟချက်တွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ်တွေနဲ့ပတ်သက်ပြီး ရရှိထားတဲ့ မဲစာရင်း(ပုံစံ-၁) ဆိုပြီး ထုတ်ပြန်လိုက်တဲ့ ဇယားမှာ ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ်အတွက် UEC ရဲ့ မဲရလဒ်ထုတ်ပြန်ချက်ပါ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းမှာ ၃၄၃၄၉ ဦးဖြစ်ပြီး စီစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်း (ပုံစံ-၁)မှာ ၃၄၃၄၆ ဦး ဆိုတဲ့ အချက်ကို ဦးထွန်းအောင်ခိုင်ကပြောတာဖြစ်ပါတယ်။ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က “ အခု ငါတို့ ပြန်စစ်နေတယ်၊ ငါတို့ မဲစာရင်းကတော့ သူတို့ပြောသလို ၃ ယောက်မကွာဘူး၊ ဘာကြောင့်သူတို့…
Read Moreပြည်ခိုင်ဖြိုးပါတီအနေနဲ့ အမှုပေါင်း ၂၀၀ နီးပါးလောက် UEC မှာ တင်ထားပြီ
နေပြည်တော်-ဒီဇင်ဘာ ၂၈-၂၀၂၀ ကိုထွန်း(VOM) ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီး ကန့်ကွက်လွှာတင်တာမှာ အမှု ၂၀၀နီးပါးရှိတဲ့အကြောင်းနဲ့ ကန့်ကွက်တဲ့ထဲမှာ NLD ပါတီကိုယ်စားလှယ်လောင်းအများစုဖြစ်တယ်လို့ ဒီဇင်ဘာ ၂၈ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို ကန့်ကွက်လွာတင်ပြီး ပြန်အထွက်မှာ ဒေါ်ယဉ်မင်းမြင့်ဆွေက သတင်းထောက်တွေကိုပြောပါတယ်။ “ ဘယ်မဲဆန္ဒနယ်မြေတွေလဲဆိုတော့ ပြည်ထောင်စုနယ်မြေပါမယ်၊ ရန်ကုန်တိုင်းအတွင်းမှာလည်း ရှိမယ်၊ မန္တလေးတိုင်းဒေသကြီး ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြစ်တဲ့အတွက် နေရာတိုင်းမှာ တချို့ အချက်အလက်မရတဲ့နေရာတွေမှာတော့ ကန်ကွက်လွှာမတင်ဘူးပေါ့နော် အချက်အလက်ခိုင်မာတဲ့မြို့နယ်တွေတော့ကျမတို့တင်ပါတယ်၊ အချက်အလက်တွေကတော့ကိုယ်စားလှယ်လောင်းတွေတရားမဲ့ပြုကျင့်မှုအချက်အလက်တွေနဲ့ငြိတာတွေပေါ့နော်၊ ဒါကြောင့်ကန့်ကွက်လွှာတင်တိုင်း တရားမဲ့ပြုကျင့်မှု အချက်အလက်တွေထဲက တစ်ချက်ချက်နဲ့ ငြိစွန်းလို့ ကန့်ကွက်လွှာတင်ခြင်းဖြစ်ပါတယ်” လို့ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။ ကန့်ကွက်လွှာတင်တဲ့အထဲမှာ NLD ဘက်ကထင်ရှားသူ ဘယ်သူတွေများပါသလဲဆိုတာကို မေးကြည့်တော့ “အတိအကျပြောဖို့ခက်ပါတယ်၊ ကျမကအမှု ၂၁ မှုစီစဉ်ရတာဆိုတော့ ကျမတာဝန်ယူရတဲ့ ၂၁ ဦးထဲမှာ သာစည်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး(၁)တို့ပါတယ်။…
Read More