ဒီဇင်ဘာ ၂၆-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်လမ်းအနီး Sunday KTVနဲ့ စားသောက်ဆိုင်ကို ကိုဗစ်စည်းကမ်းချက် ဖောက်ဖျက်ပြီး ဖွင့်လှစ်ခဲ့တာကြောင့် ဒီကနေ့မနက် ၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သထုံမြို့မရဲစခန်းကနေ သိရပါတယ်။ ” လက်တစ်လောမှာ မန်နေဂျာ၊ ဝိတ်တာ၊ ကောင်မလေးတွေနဲ့ လာရောက်စားသောက်သီဆိုသူတွေကို ဖမ်းဆီးထားတယ်။ သူတို့အားလုံးကို ဘေးစီမံအက်နဲ့အမှုဖွင့်မှာ၊ ညွန်ကြားချက်စောင့်နေပါတယ်”လို့ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ပြောပါတယ်။ အဲ့ဒီ KTV နဲ့စားသောက်ဆိုင်ဟာ Covid-19 ကာလ ညွှန်ကြားချက်တွေကို လိုက်နာမှုမပြုဘဲ ဆိုင်ဖွင့်လှစ်ထားတယ်ဆိုတဲ့ သတင်းအရ တာဝန်ရှိသူတွေဝင်ရောက် စစ်ဆေးခဲ့ရာ အသက် ၅၂နှစ်အရွယ် မန်နေဂျာ တစ်ဦး ၊ အသက် ၂၇နှစ်အရွယ် ဝိတ်တာခေါင်းဆောင်တစ်ဦး ၊ အသက် ၂၇နှစ်အရွယ် ဝိတ်တာတစ်ဦး၊ အမျိုးသမီး ၈ ဦး၊ လာရောက်သီ ဆိုသူ…
Read Moreကျိုက်ထိုက ဟိုတယ်နဲ့တည်းခိုခန်းတွေ ပြန်ဖွင့်ခွင့် စာထွက်ပေမယ့် ကျိုက်ထီးရိုးပြန်မဖွင့်နိုင်သေး
ဒီဇင်ဘာ ၂၆-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ဟိုတယ်၊မိုတယ်နဲ့တည်းခိုခန်းတွေကို ပြန်ဖွင့်ခွင့်စာထွက်ပေမယ့်လည်း အထင် ကရဖြစ်တယ့် ကျိုက်ထီးရိုးစေတီကိုတော့ ပြန်မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။ ကျိုက်ထိုမြို့နယ် ဟိုတယ်နဲ့ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းနုဆိုသူရဲ့ လက်မှတ်နဲ့ Covid-19 ရောဂါကြောင့် အခုနှစ်ဩဂုတ်လ ၉ ရက်က ပိတ်ထားရတဲ့ ဟိုတယ်၊ မိုတယ်၊ Inn နဲ့ တည်းခိုခန်းတွေကို၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာပြန်လည်ပြီး ဧည့်သည်လက်ခံခွင့်ပေးသွားမယ်လို့ ရေးသားထားပေမယ့် ကျိုက် ထီးရိုးစေတီကိုေတာ့ ပြန်မဖွင့်နိုင်ဘူးလို့ တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။ ” ပြန်ဖွင့်ခွင့်ပေးမယ်ဆိုတာ အတည်ပြုချက် မရှိပါဘူး။ ကောလဟတွေထုတ်နေကြပုံရပါတယ်။ ကျိုက်ထီရိုးပြန်ဖွင့်မယ်ဆိုတာလည်း မဟုတ်ပါဘူး”လို့ မွန်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။ လက်တစ်လော ကျိုက်ထိုမြို့နယ်အတွင်း ဟိုတယ်၊ မိုတယ်တွေ ပြန်ဖွင့်ခွင့်ပေးထားတယ်ဆိုတဲ့ အမိန့်ညွန်ကြားချက် တစ်စုံတစ်ရာမှ ရောက်ရှိခြင်းမရှိသေးသလို ခရစ္စမတ်ကာလ ကျိုက်ထီရိုးတောင်တက်…
Read Moreကိုဗစ်ကာလ ထောက်ပံ့ကြေးနဲ့ပတ်သက်ပြီး တိုင်ကြားစာ ၂ သိန်းကျော်ရှိ
ဒီဇင်ဘာ ၂၆-၂၀၂၀ သိင်္ဂီထွန်း (VOM) ကိုဗစ်ကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ထောက်ပံ့ငွေ ပေးအပ်တာနဲ့ပတ်သက်ပြီး တိုင်ကြားမှုအနေနဲ့ နိုဝင်ဘာလ ၁၆ ရက်ကနေ ဒီဇင်ဘာလ ၁၇ ရက်အထိကို တိုင်ကြားစာ ၂ သိန်းကျော်ရှိခဲ့တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကနေ သိရပါတယ်။ အလုပ်အကိုင် အဆင်မပြေမှုနဲ့ ထောက်ပံ့မှုစာရင်းမှာ မပါဝင်ခြင်းကြောင့် ထောက်ပံ့ကြေးရယူလိုတဲ့အတွက် တိုင်ကြားတဲ့ကိစ္စဟာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ထောက်ပံ့ကြေး အပြည့်အဝမရရှိလို့ တိုင်ကြားခြင်း ၊ထောက်ပံ့မှုတွေ ပွင့်လင်းမြင်သာမှုမရှိလို့ တိုင်ကြားခြင်း၊ အရင်ကထောက်ပံ့မှုမှာပါဝင်ပြီး အခုထောက်ပံ့မှုမှာ ပါဝင်မှုမရှိလို့ တိုင်ကြားခြင်းအပါအဝင် တင်ပြတဲ့ အိမ်ထောင်စုအတိုင်း မဟုတ်ဘဲ ချန်လှပ်ထားမှုကြောင့် တိုင်ကြားတာတွေဖြစ်တယ်လို့ သိရပါတယ်။ “သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေ၊ရပ်မိ/ ရပ်ဖတွေနဲ့ ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေပါဝင်တဲ့ စိစစ်ရေးအဖွဲ့တွေက တိုင်ကြားစာတွေကို စိစစ်တဲ့အခါမှာ မှန်ကန်တဲ့တိုင်ကြားစာပေါင်း က (၁၇၆၅၁၀) စောင်ရှိပြီး မှန်ကန်မှုမရှိတဲ့…
Read Moreဗြိတိန်က ကူးစက်မြန်ဗိုင်းရပ်စ် စင်ကာပူ၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ ကူးစက်ပျံ့နှံ့နေ
စင်ကာပူ၊ ဒီဇင်ဘာ-၂၆-၂၀၂၀ မျိုးဆက် (VOM) ဗြိတိန်မှာဖြစ်ပွားနေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ စင်ကာပူ၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့မှာပါ ကူးစက်မှုတွေဖြစ်ပေါ်နေပါတယ်။ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် ပထမဆုံးကူးစက်ခံရသူ တစ်ဦးကို စင်ကာပူနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်ခံရသူဟာ ၁၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံမှာသြဂုတ်လကတည်းက ပညာသင်ကြားနေကာ ဒီဇင်ဘာ ၆ ရက်မှာ စင်ကာပူနိုင်ငံကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဗြိတိန်က ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူကို ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ ဗြိတိန်မှဝင်ရောက်လာသူတွေကို ဒီဇင်ဘာ ၂၅ ရက်စပြီး နယ်စပ်ထိန်းချုပ်မှုတွေ မတိုးမြှင့်မီ ဒီဇင်ဘာ ၁၈ ရက်မှ ၂၁ ရက်အတွင်းဝင်ရောက်လာသူ ၅ ဦးထဲက အသက် ၆၀ ကျော်အမျိုးသားတစ်ဦးမှာ ဗိုင်းရပ်စ်သစ်ကူးစက်ခံနေရတာကို တွေ့ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီး နိုရီဟီဆာတာမူရာက ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာလည်း ကူးစက်မြန်ဗိုင်းရပ်စ်မျိုးစိတ်သစ်ကူးစက်ခံရသူ တစ်ဦးကို…
Read Moreအမ်းမှာ စိတ်ဝေဒနာသည် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
ဒီဇင်ဘာ ၂၆-၂၀၂၀ ထက်အောင်စိုင်း(VOM) ကျောက်ဖြူခရိုင်၊ အမ်းမြို့မှာ အသက် (၁၆) နှစ်အရွယ် စိတ်ရောဂါဝေဒနာခံစားနေရတဲ့ အမျိုးသမီးငယ်တစ်ဦး အဓ္ဓမပြုကျင့်ခံရတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အမျိုးသမီးငယ်ရဲ့အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ သဇင်ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့က အထက်တန်းရှေ့နေ ဦးကျော်ဆန်းနိုင်က ” ကျနော်သိရတာကတော့ အဲ့ဒီ မိန်းကလေးက အသိမိတ်ဆွေတစ်ယောက်အိမ်မှာ ဗီဒီယို သွားကြည့်တယ်။ အဲ့ဒီက အပြန်လမ်းမှာ အရက်မူးနေတဲ့ လူနှစ်ယောက်က ပါးစပ်ပိတ်ပြီး ဖမ်းခေါ်သွားတယ်လို့ သိရတယ်။ အဲ့ဒီ တရားခံ (၂) ယောက်မှာတော့ တစ်ယောက်ဖမ်းမိထားပါတယ်။ ကျန်တဲ့ တစ်ယောက်က ထွက်ပြေးလွှတ်မြောက်နေတယ်” လို့ ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့ တရားခံတွေဟာ အမ်းမြို့ရဲ့ တစ်ဖက်ကမ်း ကမ်ဒိတ်ကျေးရွာက အသက် (၂၂) နှစ်အရွယ် မိုးထက်ယံဆီ (ခ) သက်ပြင်းနဲ့ အသက် (၂၅) နှစ်အရွယ် မောင်သောင်းဖေ တို့ဖြစ်ပြီး…
Read Moreလုံခြုံရေးယာဉ်တန်းတွေကို မိုင်းထောင်တိုက်ခိုက်ဖို့ AAကို သတင်းပေးခဲ့သူ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ
ဒီဇင်ဘာ ၂၆ -၂၀၂၀ ကိုတိုးကြီး(VOM) ရခိုင်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ တပ်မတော်စစ်ကြောင်းတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မြေပြင်အခြေအနေတွေကို အွန်လိုင်းကနေတဆင့် AAကိုဆက်သွယ်ပြီး သတင်းပေးခဲ့တဲ့ လူငယ်တစ်ယောက်ကို ကျောက်ဖြူတရားရုံးက ထောင်ဒဏ် ၅ နှစ်ကျခံစေဖို့ အမိန့်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” စစ်တောကျေးရွာက မောင်တင်ချမ်း အသက် (၁၉) နှစ်ဆိုသူဖြစ်တယ် ၊ သူက ရခိုင်သားချေ လူမှုကွန်ယက် Face Bookစာမျက်နှာကို အသုံးပြုပြီး တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားတာတွေ AA သိအောင် ဖော်ပြခဲ့တယ်လို့ စွပ်စွဲပြီး မနှစ် ၂၀၁၉ ဇူလိုင် ၂၉ ရက်မှာ သူ့ကို ဖမ်းဆီးတယ်၊ သြဂုတ် ၂၂ ရက်မှာ တရားရုံးတင်ပို့တယ် ၊ တရားရုံးမှာ ၁ နှစ်နဲ့ ၅ လ ကြားနာစစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်က ထောင်ဒဏ်…
Read Moreကျေးရွာ ၃၄ ရွာ မီးလင်းရေး ဓာတ်အားလိုင်းစိုက်ထူမှု ဒေသခံအချို့ သဘောမတူ
ဒီဇင်ဘာ၂၅-၂၀၂၀ ဂျန်ကိုးလ်-VOM မကွေးတိုင်း၊ ချောက်မြို့နယ်၊ သန်းပင်(တောင်ရွာ-မြောက်ရွာ)ကျေးရွာနေလူထုက ကျေးရွာပေါင်း ၃၄ ရွာ မီးလင်းရေးအတွက် ယာခင်းထဲက ၁၁ကေဗီဓာတ်အားလိုင်း တိုင်စိုက်ထူမှုကို လက်မခံလို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းလုံခြုံရေးယူပေးပြီး စိုက်ထူထားရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ”ဒေသဖွံံ့ဖြိုးရေး လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းပြီးစီးအောင် သက်ဆိုင်ရာကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်ပြီး ကြီးကြပ်ပေးရတာပေါ့၊ NEPလိုင်းဆွဲတာ တိုင်တွေစိုက်ထူတာ ကြိုးသွယ်တာတွေနဲ့ပတ်သက်ပြီးတောင်သူတွေက လုပ်ငန်းသဘာဝ နားမလည်တော့ ကန့်ကွက်တဲ့အနေအထားတွေရှိခဲ့တယ်”လို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ကပြောပါတယ်။ သန်းပင်တောင် ကျေးရွာနေ ယာခင်းပိုင်ရှင်အမျိုးသမီးတချို့က လျှပ်စစ်အန္တရယ်ကျရောက်မှာကြောင့် ယာခင်းထဲ လျှပ်စစ်မီးဖြတ်တာ မလိုလားဘဲ လျော်ကြေးငွေတောင်းဆိုခဲ့ကြတာကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်း၊ ဦးစိုးဝင်းတို့နဲ့တာဝန်ရှိသူတို့က ကျေးလက်မီးလင်းရေးလုပ်ငန်းစဉ်ကို ရှင်းလင်းပြခဲ့တယ်လို့လည်း သိရပါတယ်။ ”သူတို့ရွာတွေလည်း နစ်နာမှုမရှိအောင်နိုင်ငံတော်ကနေပေးနိုင်တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေထဲကနေ ပံ့ပိုးခဲ့တာတွေရှိပါတယ်၊ ဘယ်လိုမှ နည်းမျိုးစုံနဲ့ဆောင်ရွက်လို့ မရတဲ့အခါကျတော့ မကွေးတိုင်းဒေသကြီးအစိုးရဆုံးဖြတ်ချက်နဲ့ လျှပ်စစ်မီးလင်းရေးဆောင်ရွက်ဖို့ရာအတွက် တာဝန်ရှိသူတွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့ရတယ်”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းကပြောပါတယ်။…
Read Moreကိုဗစ်လှိုင်းဒဏ် ကျားကန်ခုခံနေတဲ့ အလုပ်သမားဆေးရုံ
မန္တလေး၊ ဒီဇင်ဘာ- ၂၅- ၂၀၂၀ ညီသစ်(VOM) ဒက်တောလို ပိုးသတ်ဆေးနံ့ရတဲ့ ဆေးရုံထဲကိုဝင်လိုက်တာနဲ့ ပိုးကာဝတ်စုံ ပီပီအီးတွေဝတ်ထားတဲ့ ဆေးရုံဝန်ထမ်းလို့ ယူဆရတဲ့ အပြာနုရောင်ဝတ်ရုံနဲ့လူတွေ ဆေးရုံငယ်လေးထဲမှာ မပြေးယုံတမယ် လွန်းထိုး လှုပ်ရှားနေကြတာကို မြင်ရပါတယ်။ ဒီဆေးရုံရဲ့ နေရာကတော့ ရွှေမန်းတောင်ခြေ၊ နန်းမြို့ကျုံးရဲ့ အရှေ့မြောက်ထောင့်၊ ကျောက်တော်ကြီးတို့ စန္ဒာမုနိဘုရားတို့ သုဓမ္မာဇရပ်တန်းအနီး ၆၆ လမ်း ၊ ၁၂×၁၃ လမ်းကြားမှာရှိတဲ့ အလုပ်သမားဆေးရုံပါ။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးကို တရှိန်ထိုး ထိုးဖောက်နယ်ချဲ့ခဲ့ပြီး မြန်မာနိုင်ငံအတွင်းကိုလည်း ၂၀၁၉ မတ်လကုန်ပိုင်းလောက်က စတင်ပြီး ကျူးကျော်ဝင်ရောက်ခဲ့တာဆိုရင် ၈ လကျော် ကြာမြင့်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ တစ်သိန်း၂သောင်းဝန်းကျင် မန္တလေးတိုင်းမှာ တစ်သောင်း ၂ထောင်ရှိနေတာမို့ မြန်မာတနိုင်ငံလုံးရဲ့ ဆယ်ပုံတပုံရှိနေတာပါ။ မန္တလေးမြို့မှာဆိုရင်လည်း အားကစားကွင်း၊ စာသင်ကျောင်း၊ တက္ကသိုလ်နယ်မြေအတွင်းက…
Read Moreကုလားတန်ဘက်စုံစီမံကိန်း နှောင့်နှေးမှု လုံခြုံရေးခြိမ်းခြောက်မှုတွေကြောင့်လို့ အိန္ဒိယပြော
ဒေလီ၊ ဒီဇင်ဘာ၂၅-၂၀၂၀ မျိုးဆက် (VOM) မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ကိုလ်ကတ္တားနဲ့ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် အရှေ့မြောက် ဆက်သွယ်ရေးလမ်းကြောင်း တိုးမြှင့်မှု အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းနှောင့်နှေးရတာဟာ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေနဲ့ လက်လှမ်းမမှီဖြစ်မှုတွေကြောင့်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိန္ဒိယနဲ့မြန်မာနိုင်ငံတို့အကြား ဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်ကောင်းမွန်လာစေဖို့ မျှော်လင့်ထားတဲ့ ကုလားတန်စီမံကိန်းဟာ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး တရုတ်ကကျောထောက်နောက်ခံပြုထားတဲ့ ရခိုင့်တပ်မတော် (အေအေ)ရဲ့ ခြိမ်းခြောက်မှုအောက် ရောက်နေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း နယ်စပ်မှာ စခန်းတွေတည်ဆောက်နေတဲ့ အေအေအပါအဝင် သူပုန်အဖွဲ့တွေကို ဘယ်လိုထောက်ပံ့နေလဲဆိုတာကို မကြာသေးမီက ထောက်လှမ်းရေး အစီရင်ခံစာတွေကို ကိုးကားပြီး India Today TV အစောပိုင်းက ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေနဲ့ အစောပိုင်းလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMTT) နှေးကွေးနေတာနဲ့ပတ်သက်ပြီး ကျေနပ်အားရမှုမရှိဘူးလို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပါလီမန် အမြဲတမ်းကော်မတီက ထုတ်ဖော်ပြောဆိုပါတယ်။…
Read Moreကိုဗစ်စစ်ဆေးရေးဂိတ် တာဝန်ကျသူတွေကို ဆဲဆိုထိုးကြိတ်သူတွေအား ရာဇသတ်ကြီးပုဒ်မအပြင် သဘာဝဘေးဥပဒေနဲ့ပါအရေးယူမယ်
ဒီဇင်ဘာ၂၅-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အမြန်လမ်းထိပ် Covid-19စစ်ဆေးရေးဂိတ်မှာ မနေ့ ဒီဇင်ဘာ၂၄ ရက်ည ၉ နာရီခန့်က တာဝန်ကျပရဟိတအဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရန်ပြုခဲ့ကြသူတွေအား ရာဇသတ်ကြီးဥပဒေပုဒ်တွေသာမက သဘာဝဘေးစီမံအက်ဥပဒေနဲ့အရေးယူ ဆောင်ရွက်သွားမယ်လို့ တောင်ငူမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က ပြောပါတယ်။ ” လက်တလော ထိုးကြိတ်ရိုက်နှက်တဲ့ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်။ သဘာဝဘေးစီမံအက်နဲ့ အမှုဖွင့်ဖို့လည်း ဝန်ကြီးချုပ်ဆီ တင်ပြထားတယ်။ ကျလာတာနဲ့အမှုဖွင့်မယ်”လို့ ဦးထွန်းထွန်းဝင်းကပြောပါတယ်။ အခင်းဖြစ်ညပိုင်းက အမြန်လမ်းထိပ် Covid-19 စစ်ဆေးရေးဂိတ်မှာ ညဂျူတီတာဝန်ကျတဲ့ ပရဟိတအဖွဲ့တစ်ခုမှ အမျိုးသားတစ်ဦးနဲ့ကျန်တဲ့အမျိုးသားတစ်ဦးတို့ တာဝန်ထမ်းဆောင်နေချိန် အမြန်လမ်းပေါ်က ဆင်းလာတဲ့ Mark II အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ် မောင်းနင်သူ အောင်ကိုလတ်(ခ)မင်စာနဲ့ စကားပြောဆိုမှု အဆင်မပြေဖြစ်ပြီး ပြန်လှည့်ထွက်သွားတာဖြစ်ပါတယ်။ ပြန်ထွက်သွားပြီး သိပ်မကြာခင် အခြားအမျိုးသား နှစ်ဦးနဲ့ပြန်ရောက် လာပြီး ဝိုင်းဝန်းဆဲဆို ထိုးကြိတ်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ပရဟိတအဖွဲ့ခေါင်ဆောင်…
Read More