လမ်း​ပေါ်သွား စုံ/မ စနစ် ဖျက်သိမ်း၊ ဆီဖြည့်တင်းမှုအတွက် QR Quota စုံ/မ စနစ် ဆက်ကျင့်သုံးမယ်

စက်တင်ဘာ ၉ – ၂၀၂၆ SS (VOM) မော်တော်ယာဉ်တွေ စုံ/မ စနစ်နဲ့ မောင်းနှင်သုံးစွဲခြင်းကို စက်တင်ဘာ ၉ ရက်မှ စတင်ကာ ပယ်ဖျက်လိုက်ပြီဖြစ်ပြီး စင်သုံးဆီ ဖြည့်တင်းခြင်းအတွက် QR Quota စုံ/မ စနစ်ကို ဆက်လက် ကျင့်သုံးမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။ မော်တော်ယာဉ် မောင်းနှင်မှုကို စုံ/မ စနစ်နဲ့ ကျင့်သုံးခဲ့တဲ့အတွက် စွမ်းအင် ချွေတာနိုင်ပေမယ့် ပြည်သူတွေ သွားရေးလာရေး အခက်အခဲဖြစ်နေတာကိုလည်း နားလည်ပြီး ပြည်သူတွေ ပူးပေါင်း ပါဝင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ သူက ပြောပါတယ်။ “လက်ရှိမှာတော့ နိုင်ငံ့စွမ်းအင်နဲ့ ပတ်သက်ပြီး အခြေအနေတွေ တည်ငြိမ်စ ပြုလာပြီမို့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပြီး လက်ရှိအသုံးပြုနေတဲ့ မော်တော်ယာဉ်များ စုံရက်၊ မရက် ခွဲခြား မောင်းနှင်ရတဲ့စနစ်ကို…

Read More

ဗိုလ်တထောင်မှာ အိမ်ရှင်ကိုသတ်သွားတဲ့ အိမ်အကူသားအမိကို ဖမ်းမိ

စက်တင်ဘာ ၉ ၊ ၂၀၂၆ GG (VOM) ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၊ ၄၁ လမ်းက အိမ်ရှင်ကိုသတ်သွားတဲ့ တရားခံတွေဟာ အိမ်အကူသားအမိဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ အိမ်ရှင်ဖြစ်တဲ့ အသက်ကြီးပိုင်း အမျိုးသမီးတဦးတည်း အိမ်မှာရှိနေချိန် အိမ်အကူအသားအမိက အိမ်ရှင်ကို သတ်ပြီး ရွှေနဲ့ငွေတွေယူကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိ စုံစမ်းစစ်ဆေးခဲ့ရာ ထွက်ပြေးသွားတဲ့ အိမ်အကူနဲ့ သမီးဖြစ်သူကို ဧရာဝတီတိုင်းမှာ မနေ့ကညနေပိုင်းက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ” သူတို့က မနေ့က ရန်ကုန်ကနေ ဧရာဝတီဘက်ကို ပြန်သွားတာ။ မနေ့က ညနေပဲ ကားဂိတ်မှာပဲဖမ်းလိုက်တယ်သိရတယ်။ ဒီကအိမ်ရှင်ကို ခေါင်းအုံးနဲ့ဖိ သတ်ပြီး ပြေးတာ ငွေတွေကိုယူသွားတယ်သိရတယ် ။ ” လို့ လုံခြုံရေးတပ်ဖွဲ့နီးစပ်သူက ပြောပါတယ်။ အိမ်အကူက အိမ်ရှင်ကိုသတ်ဖြတ်တဲ့…

Read More

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်လို့ တယောက်သေ ၊တယောက်ဒဏ်ရာရ

စက်တင်ဘာ ၉ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တယောက်သေကာ တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ ၊ ညပိုင်း ၇ နာရီကျော်လောက်မှာ တက္ကသိုလ်ကျောင်းဝန်းထဲက ရွှေကျွန်းသာအမျိုးသားအဆောင်ရဲ့ တတိယထပ်မှာ ကျောင်းသားနှစ်ယောက်က အရက်သောက်စားပြီး ဆူညံနေတဲ့အတွက် ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်တာကြောင့် ဆူညံခြင်းမလုပ်ဖို့ ကျောင်းသားတယောက်က သွားရောက်ပြော​ရာကနေ အချင်းချင်း ရန်ဖြစ်ပြီး လူသေစေ တဲ့အထိ ဓားထိုးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ ” အရက်သောက်ဆူနေလို့ အောက်ထပ်က ကျောင်းသားက သွားတားတာကို အရက်သောက်နေတဲ့ ကျောင်းသားနှစ်ယောက်က လက်သီးနဲ့ဝိုင်းထိုးကြတာလို့သိရတယ်။ အဲဒီမှာ အထိုးခံရတဲ့ကျောင်းသားက ဝရံတာမှာတွေ့တဲ့ ဓားနဲ့ထိုးလိုက်တာ ။တယောက်ကသေတယ်။ တယောက်က ဒဏ်ရာရတယ် သိရတယ်။ ကျန်တာတော့ မသိသေးဘူး။ ဒီကိစ္စမျိုးတွေဆိုရင်…

Read More

ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ၊ စာရေးဆရာ၊ ဥပဒေပညာရှင် ဦးအောင်စိုးဦးရဲ့ ဈာပန စက်တင်ဘာ ၁၀ ရက်နေ့ ပြုလုပ်မယ်

စက်တင်ဘာ ၉ – ၂၀၂၆ SN (VOM) ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ၊ စာရေးဆရာ၊ နိုတြီပဗ္ဗလစ် တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်စိုး (အောင်စိုးဦး၊ ကိုအလင်္ကာ) ရဲ့ ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်နေ့၊ မနက် ၁၀ နာရီမှာ ရေဝေးသုသာန်မှာ ပြုလုပ်မယ်လို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။ သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ညွန်းအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ၊ နော်ရင်မွှေးဇာတ်ကား ဖန်တီးသူ ဆရာဦးအောင်စိုးဦးဟာ မနေ့ စက်တင်ဘာ ၈ ရက်၊ ည ၇ နာရီ ၂၃ မိနစ်က နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီလို့ သိရပါတယ်။ ဆရာကြီး ကွယ်လွန်တာနဲ့ပတ်သက်လို့ သရုပ်ဆောင် ဝေဋ္ဌုကျော်က “ဆရာ ဘဝတပါးကို ကူးပြောင်းသွားကြောင်း သိရတဲ့အတွက် ကျန်ရစ်သူ မိသားစုနဲ့ အတူ…

Read More

နေပြည်တော်မှာ ဒုဗိုလ်မှူးကြီးစီးလာတဲ့ဆိုင်ကယ်ကို ဗိုလ်ကြီးကားက ဝင်တိုက်မိပြီး ဒုဗိုလ်မှူးကြီးသေဆုံး ၊ဒုအရာခံဗိုလ် ဒဏ်ရာရ

စက်တင်ဘာ ၉ ၊ ၂၀၂၆ CC (VOM) နေပြည်တော် ၊ပျဥ်းမနားမြို့နယ်ထဲမှာ ဒုဗိုလ်မှူးကြီး နဲ့ အရာခံဗိုလ်တို့ စီးလာတဲ့ဆိုင်ကယ်ကို ပြည်ထဲရေး ဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်ကြီးက ဝင်တိုက်မိပြီး ဒုဗိုလ်မှူးကြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က စက်တင်ဘာ ၈ ရက်နေ့ ည ၁၁ နာရီလောက်မှာ ပျဥ်းမနားမြို့နယ် ၊ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၁)ရပ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ် မှာ ဗိုလ်ကြီးဝင်းနိုင်ထွန်းမောင်းလာတဲ့ကားက ဒုဗိုလ်မှူးနဲ့ အရာခံဗိုလ်တို့စီးလာတဲ့ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်တိုက်မိခဲ့တာ လို့သိရပါတယ်။ အဲဒီယာဥ်တိုက်မှုကြောင့် ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်း (ထဆရ- ၁ တပ်ရင်းမှူး၊ ဆအတ-၃၊ အင်းတကော်သို့တပ်ပြောင်းသူ)က ဆေးရုံမှာ သေဆုံးခဲ့ပြီး ထဆရ(၁)မှဒုအရာခံဗိုလ် ပြည့်ငြိမ်းက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ” ယာဥ်တိုက်မှု ဖြစ်စဥ်ကမှန်ပါတယ်။ ည ၁၁ နာရီလောက်ပါ…

Read More

သူတို့အိမ် အခန်း (၂၁၆)

    ဆူးငှက်     ခြွေနိုင်မှ ရံသတဲ့ —————– သရက်ကုန်း လယ်တော အိမ်ကလေးရောက်တော့ အမေပျော်နေပါသည်။ မနက်လင်း မျက်နှာသစ် စားသောက်ပြီးတာနှင့် သီချင်းလေး တအေးအေးနှင့် အိမ်ရှေ့ထွက်ထိုင်နေတော့သည်။ အသက်ကလည်း ၉၀ကျော်စ ပြုပေမယ့် အမေ့မှာ ဘာရောဂါမှ ကြီးကြီးမားမား မရှိ။ မှတ်ဉာဏ်ကအစ ကောင်းနေသည်။ တကယ်တော့ အမေသည် တောမှာမွေးပြီး အလုပ်ကြမ်းမျိုးစုံ လုပ်ကိုင်ခဲ့ရသလို အိမ်ထောင်ကျ၍ မန္တလေးရောက်လာတော့လည်း အချိန်၁၀နီးပါး ဆီဗျပ်ကို ခေါင်းပေါ်ရွက်ကာ ၄ပြင်၄ရပ် အရပ်တကာ ခြေကျင်သွားလာ နေရတာ အသက် ၆၀ကျော်အထိမို့ ကျန်းမာရေး ကောင်းနေပုံရသည်။     တစ်ခုပါပဲ၊ အခုသရက်ကုန်းအိမ်ရောက်တော့ အရင်က ဒေါင်းရိုးစိုင်ပြွန်ရိပ်သာ ဝင်းထဲနေစဉ်ကလို၊ ဟေမာဇလရပ် အောင်ရတနာတိုက်မှာ နေစဉ်ကလို သမီးတွေမြေးတွေ ဆွေတွေမျိုးတွေ သိုင်းသိုင်းဝန်းဝန်း မရှိလု့ိ တောင်တွေး…

Read More

သိန္နီမြို့နယ်မှာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ

စက်တင်ဘာ ၈၊ ၂၀၂၆ Shy V + NN (VOM) ကိုးကန့် MNDAA ထိန်းချုပ်ရာ သိန္နီမြို့နယ် မန်မိုင်ရွာအနီးမှာ ဒီနေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက် အစောပိုင်းက ယမ်းသိုလှောင်ရုံ ပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လေယာဥ် မဟုတ်ပါဘူး။ ခြံထဲက ယမ်းအိတ်တွေ မတော်တဆ ပေါက်ကွဲတာပါ။ သိန္နီ မန့်မိုင် အထက်ကုန်း ရာဘာခြံဘက်နား။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရွာ‌တွေဘက်အထိတုန်ခါပြီး နေအိမ်မျက်နှာကျက်တွေပါ ပြုတ်ကျတာတွေရှိတယ်လို့ သူက ပြောပါတယ်။ “မနက် ၅ နာရီခွဲ ၆ နာရီ ဝန်းကျင်လောက် အသံ အကျယ်ကြီးကြားတယ်။ ထိသူ အများကြီးပဲ။ သေသူလည်းများတယ်။ ဘယ်လောက် ဆိုတာ အတိအကျ…

Read More

နေပြည်တော်က ကားသမားကို သတ်ပြီး ကားလုယက်ကာ အလောင်းကို အမြန်လမ်းမှာစွန့်ပစ်တဲ့ တရားခံကို ညတွင်းချင်းဖမ်းမိ

စက်တင်ဘာ ၇ ၊ ၂၀၂၆ GG (VOM) နေပြည်တော်က ကားအငှားဝန်ဆောင်မှုလုပ်ကိုင်သူအမျိုးသားကို သတ်ပြီး ကားကိုလုယက်ကာ အလောင်းကို အမြန်လမ်းမှာစွန့်ပစ်မှု မနေ့က စက်တင်ဘာ ၆ ရက်နေ့ ဖြစ်ပွားခဲ့ပြီး တရားခံကို ညတွင်းချင်းဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံရသူဟာ ဇဗ္ဗူသီရိမြို့နယ် ၊ သုခတော်ဝင်အိမ်ရာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကို ဖြစ်ပြီး အလောင်းကို မနေ့ကညနေ ၅ နာရီခွဲလောက်က အမြန်လမ်း ၂၇၉ မိုင် ၁ ဖာလုံမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ” သေနတ်နဲ့ပစ်သတ်သွားတာ။ တရားခံကို ညကဖမ်းမိတယ်။ အသေးစိတ်တော့ နေ့လယ်လောက်မှသိရမယ်။အလောင်းကို နေပြည်တော်ကနေ မန္တလေးဘက်အသွား အမြန်လမ်းဘေးနဲ့ ပေ ၃၀၀ ကျော်လောက်မှာ ပက်လက်အနေနဲ့ တွေ့ရတာ။မျက်လုံးဖူးယောင်နဲ့ ခေါင်းပေါက်ပြဲဒဏ်ရာလည်းတွေ့ရတယ်။” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ် ။…

Read More

PDF နဲ့ လက်နက်ကိုင်အဖွဲ့စုံက ၂၀၃ ယောက် လပခ မှာ အလင်းဝင်

မန္တလေး၊ စက်တင်ဘာ- ၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အသီးသီးက PDF တွေအပြင် လက်နက်ကိုင်အဖွဲ့တွေက အလင်းဝင်လာသူ ၂၀၃ ယာက်ကို ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းက ရန်အောင်မြင်ခန်းမအတွင်းမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက ကြိုဆိုလက်ခံခဲ့ကြပြီး ဆုကြေးငွေအသီးသီးပေးအပ်ကာ အုပ် ထိန်းသူမိတွေဆီ ပြန်လည်အပ်နှံပွဲ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ပြုလုပ်တဲ့အခမ်းအနားဟာ (၅၁)ကြိမ်မြောက်ရှိပြီဖြစ်ကာလက်နက်ပါဝင်သူ (၁၈)ဦး၊ လက်နက်မဲ့(၁၈၅)ဦး၊ စုစုပေါင်း (၂၀၃)ဦးဖြစ်ပြီး လက်နက်အနေနဲ့ လက်နက်ငယ်မျိုးစုံ(၁၀) လက်၊ လက် လုပ်သေနတ်(၁)လက်၊ကျည်အိမ်မျိုးစုံ(၁၉)ခု၊ လက်ပစ်ဗုံး(၂၃) လုံး၊ ၄၀ မမ ဗုံးသီး(၅)လုံး၊အီနာဂါဗုံးသီး(၁) လုံး၊ ကျည်မျိုးစုံ (၄၅၉) တောင့်နှင့် စကားပြောစက်(၁)လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” အလယ်ပိုင်းတိုင်း.စစ်ဌာနချုပ်နယ်မြေအတွင်းမှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုပေးခြင်းနဲ့ အလင်းဝင်အခမ်းအနား ပြုလုပ်ပေးနိုင်မှုအနေနဲ့ ၂၀၂၂ခုနှစ်၊…

Read More

တံတားဦးမြို့နယ်မှာ ပြန်လည်ဖော်ထုတ်တဲ့ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ

မန္တလေး၊ စက်တင်ဘာ- ၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ တံတာဦးမြို့နယ်အတွင်းက ပန်းယျကျေးရွာ မြေတော်ရွာ၊ တဘက်ဆွဲရွာနဲ့ ရွာကုန်းကျေးရွာ တို့ပူးပေါင်းပြီး မဟာရွှေတောင်တော် မြတ်စွာဘုရားပွဲတော်၊ မြန့်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ကို မနေ့ စက်တင်ဘာ ၆ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့မှာတော့ ကျန်ရှိနေသေးတဲ့ အသင်းတွေ ယှဥ်ပြိုင်ခဲ့ပြီး ဆုပေးပွဲ ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ” ဒို့ဘိုးဘွားတို့ရဲ့အမွေ အစဥ်အလာမပျက် ပါဝင်ဆင်နွဲ့ကြစို့ ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး၊ တံတားဦးနဲ့ စဥ့်ကိုင်မြို့က ဒေသခံတွေအတွက် စည်းလုံးမှုနဲ့ ရိုးရာယဥ်ကျေးမှုကို အခြေခံပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ တံတားဦးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတိုက်ကြည် က ပြောပါတယ်။ ဒီပြိုင်ပွဲမှာ မြေတော်ကျေးရွာက လှေနှစ်စင်းနဲ့ ပြိုင်ပွဲဝင် လှေလှော်အသင်း ၈ သင်းက…

Read More