ယနေ့ ရွှေဈေး (မေ – ၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၈၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၂၅၀၀၀ ကျပ် ဝယ်ဈေး ၄၆၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၂၅၀၀၀ ကျပ် ဝယ်ဈေး ၄၄၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အီကွေဒေါမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် ပြည်နယ်ငါးခုမှာ အရေးပေါ်အခြေအနေ ကြေညာ

ကီတို၊ မေ-၁-၂၀၂၄မျိုးဆက်(VOM)အီကွေဒေါနိုင်ငံမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် ကမ်းရိုးတန်းပြည်နယ်ငါးခုမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ဒါဟာ နိုင်ငံတွင်းမှာ ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေယိုယွင်းမှုတွေကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှ ရာထူးတာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ နိုဘိုအာရဲ့ ဒုတိယမြောက်အရေးပေါ်အခြေအနေ ကြေညာချက်လည်းဖြစ်ပါတယ်။အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ပြည်နယ်တွေကတော့ El Oro ၊Guayas ၊Los Rios ၊ Manabi နဲ့ Santa Elenaတို့ဖြစ်ပြီး လက်ရှိမှာ ရက်ပေါင်း ၆၀ သတ်မှတ်ထားပါတယ်။လက်နက်ကိုင်အကြမ်းဖက်မှုတွေအပေါ် နည်းဗျူဟာမြာက် စစ်ဆင်ရေးတွေလုပ်ဖို့ လိုအပ်လာတာကြောင့် ပြည်နယ်တွေအတွင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုဖြန့်ကြက်ချထားသွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ဇန်နဝါရီလအတွင်းက ရုပ်မြင်သံကြားဌာနတခုကို ဒရာမာဆန်ဆန် တိုက်ခိုက်မှုနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခံခဲ့ရတာတွေနဲ့ပတ်သက်ပြီး အီကွေဒေါအစိုးရက မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေကို အပြစ်တင်ထားပါတယ်။Ref:ReutersPhoto:Reuters

Read More

တရုတ်စစ်တပ်ရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘော ပထမဆုံး ရေချစမ်းသပ်မှု ပြုလုပ်

ပေကျင်း၊ မေ-၁-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘောကို ပင်လယ်ပြင်မှ ပထမဆုံးစမ်းသပ်မှုကို ဒီနေ မေ ၁ ရက်မှာ စတင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ လေယာဉ်တင်သင်္ဘောသစ် ဖူကျန်ဟာ ဒီနေ့မနက်ပိုင်းမှာ ရှန်ဟိုင်းရှိ သင်္ဘောကျင်းကနေ ထွက်ခွာသွားပြီလို့ို စီစီတီဗီသတင်းဌာနက ဆိုပါတယ်။ ဒါဟာ အမေရိကန်ရဲ့ သတိထားစောင့်ကြည့်မှုတိုးမြင့်စေပြီး ထိုင်ဝမ်အစိုးရအနေနဲ့ ဖိအားဖြစ်စေမယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ လေယာဉ်တင်သင်္ဘော ဖူကျန်ကို ၂၀၂၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး အခြားလေယာဉ်တင်သင်္ဘောနှစ်စင်းထက် အရွယ်အစားကြီးမားပြီး လေယာဉ်ပိုမိုတင်ဆောင်နိုင်ဖွယ်ရှိပါတယ်။ လေယာဉ်တင်သင်္ဘောမှာ လျှပ်စစ်သံလိုက်စွမ်းအင်သုံး ကိရိယာတွေတပ်ဆင်ထားပြီး ဒါတွေဟာသင်္ဘောပေါ်ကနေ လေယာဉ်တွေပျံတက်မှုကို အရှိန်မြှင့်ပေးနိုင်ပါတယ်။ သင်္ဘောကို အရှေ့တရုတ်ပင်လယ်ကို တာဝန်ယူတဲ့ တရုတ်ရေတပ်ရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်မှာ ချထားမယ်လို့ ယူဆရပြီး စမ်းသပ်မှုဟာ သင်္ဘောကို တပ်တော်ဝင် တာဝန်ထမ်းဆောင်ဖို့ နောက်ဆုံးစမ်းသပ်မှုလည်းဖြစ်ပါတယ်။ သမ္မတ ရှီကျင်းပင်လက်ထက်မှာ တရုတ်နိုင်ငံဟာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၇၀ ကျပ်ဝယ်ဈေး – ၃၉၁၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၈၀ ကျပ်ဝယ်ဈေး – ၂၈၃၀ ကျပ်-ယူရိုရောင်းဈေး – ၄၂၈၇ ကျပ်ဝယ်ဈေး – ၄၁၈၈ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၆.၉၅ ကျပ်ဝယ်ဈေး – ၁၀၄.၇၁ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၃ ကျပ်ဝယ်ဈေး – ၈၇၃ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၃၈ ကျပ်ဝယ်ဈေး – ၅၂၈ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၂၂ ကျပ်ဝယ်ဈေး – ၂၄.၇၀ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၀၅ ကျပ်ဝယ်ဈေး – ၄၇.၀၂ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၇ ကျပ်ဝယ်ဈေး – ၂.၈၁ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၆၁ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၈၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြန်မာဘက်ကို တင်ပို့တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရဲကဖမ်း

မေ ၊ ၁ ၊၂၀၂၄SP (VOM)အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့ကနေ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ဆာငါအိုရွာ (Sangau khua) ဘက်ကို သယ်ဆောင်လာတဲ့ ဖောက်ခွဲရေးသုံး ခဲယမ်းပစ္စည်းတွေကို မနေ့ ဧပြီ ၃၀ က ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ဖမ်းဆီးရမိတဲ့ပစ္စည်းတွေကတော့ Geletin အချောင်း ရှစ်ထောင်နဲ့ ၊ Detonator အချောင်း တထောင့်ငါးရာ ဖြစ်ပြီး မြန်မာဘက်ကို တရားမဝင် တင်ပို့တာကြောင့် အခုလို ကားသမားဖြစ်သူကို Hnahthial ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် ဖောက်ခွဲရေး ပစ္စည်းတွေကို ကားနဲ့ သယ်ဆောင်လာသူဟာ ဘယ်နိုင်ငံသားဆိုတာ အဲ့ဒီထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။” ပြီးခဲ့တဲ့ မတ် ၂၄ ရက်က အိန္ဒိယ –…

Read More

အစ္စရေးရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် ဟားမတ်စ်တို့ ပယ်ချဖွယ်ရှိ

ဂါဇာစီးတီး၊ မေ-၁-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ဟားမတ်စ်တို့က လက်မခံဘဲ ပယ်ချဖွယ်ရှိနေပါတယ်။အစ္စရေးနဲ့ဟားမတ်စ်တို့အကြား ဆက်လက်ဖြစ်ပွားနေတိုက် တိုက်ပွဲတွေအဆုံးသတ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေးတို့အတွက် ဆွေးနွေးပွဲတွေကို အီဂျစ်နဲ့ ကာတာ ဗြိတိန် အပါအဝင် အမေရိကန်တို့က ကြားဝင်ဖျန်ဖြေလျက်ရှိပါတယ်။အစ္စရေးအဆိုပြုချက်မှာ ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေ လွတ်မြောက်ရေးအတွက် ပါလက်စတိုင်းအကျဉ်းသားထောင်ပေါင်းများစွာ လွှတ်ပေးရေးတို့ပါဝင်ကြောင်း ဗြိတိန်နို်ငငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ဒါက ထူးခြားရက်ရောတဲ့ အစ္စရေးရဲ့ ကမ်းလှမ်းမှုဖြစ်ပြီး သဘောတူညီချက်ရယူဖို့ ဟားမတ်စ်အဖွဲ့ကို ဗြိတိန်နဲ့ အမေရိကန်တို့က တိုက်တွန်းနေပါတယ်။ ဒါက ဓါးစာခံတွေလွတ်မြောက်ရေးနဲ့အတူ တိုက်ပွဲတွေအဆုံးသတ်ရေး အစ္စရေးဘက်က ပထမဆုံးအကြိမ်ကမ်းလှမ်းမှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။“ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုရပ်လိုက်တာက စေတနာ မပါဘူး။ တိုက်ခိုက်တယ်ဆိုကတည်းက ရာဇဝတ်မှုပါ။ တိုက်ခိုက်တာရပ်လိုက်တာက ရာဇဝတ်မှုကို အဆုံးသတ်လိုက်တာမုတ်ဘူး။ အစ္စရေးက ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို မလိုချင်သေးဘူး” လို့…

Read More

This Day in History

Voice of Myanamarဥရောပသမဂ္ဂသည် ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မော်လ်တာ၊ ပိုလန်၊ စလိုဗက်ကီးယားနှင့် စလိုဗေးနီးယားတို့ကို အဖွဲ့ဝင်နိုင်ငံသစ်များအဖြစ် ဝင်ခွင့်ပြုရန် ၂၀၀၄ ခုနှစ် မေ ၁ ရက်တွင် သဘောတူခဲ့သည်။

Read More

စစ်ကိုင်းတိုင်းက တိုက်ပွဲရှောင်တွေ သောက်သုံးရေ အတွက် အခက်ကြုံနေရ

မေ ၊ ၁ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်းမှာ ယာယီတိုက်ပွဲရှောင် သုံးသောင်းကျော်ရှိတဲ့အနက် ၊ အဲ့ဒီထဲက နှစ်သောင်းကျော်ဟာ သောက်သုံးရေ ရှားပါးပြတ်လတ်မှုဒဏ်ကို နေ့စဥ် ကြုံတွေ့နေရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” သောက်သုံးရေ အခက်ကြုံနေရတဲ့ ဒေသတွေက ပုလဲ ၊ ကနီ ၊ တန့်ဆည် ၊ ကောလင်း ၊ ဝက်လက်၊ အရာတော် စတဲ့ မြို့နယ်တွေမှာ ဖြစ်တယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ မတ် ၂ ရက်စလို့ ဆယ်ရက်ကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်က ဒေသခံ ရှစ်ထောင်ကျော်ဟာ မုံရွာ ယာကြီး ကလေးဝ ကားလမ်းနားက အင်တိုင်းတောတိုက်မှာ ယာယီတိုက်ပွဲရှောင် ခိုလှုံနေရတာဖြစ်တယ်လို့ သိရပါတယ်။တိုက်ပွဲရှောင် ဒေသခံတယောက်က” တိုက်ပွဲရှောင်တဲ့အခါ…

Read More

စစ်ကိုင်းတိုင်း PDF တွေဖမ်းထားတဲ့ ဒီပဲယင်း လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်အောင် ပြန်လွတ်

  မေ ၊ ၁ ၊ ၂၀၂၄ SP ( VOM) ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၈ ရက်က စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီးကျေးရွာနားမှာ PDF အဖွဲ့တွေ ဖမ်းဆီးလိုက်တဲ့ ဒီပဲယင်းမြို့နယ် (NLD)အမတ်ဟောင်း ဦးဝင်းမြင့်အောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က ပြန်လည်လွတ်မြောက်လာတယ်လို့ စစ်ကိုင်းတိုင်းမှာရှိတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင်မြို့နယ်ခွဲမှာ နေထိုင်တဲ့ နိုင်ငံရေးသမားတယောက်က ” ဦးဝင်းမြင့်အောင် ဖြစ်စဥ်က ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၈ ရက်မှာ သူ့ရဲ့ညီဖြစ်သူကို ထောင်ဝင်စာတွေ့ဖို့ ရွှေဘိုထောင်ကိုသွားရင်း ဒီပဲယင်းမြို့နယ်ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ ကျော်လောက်ဝေးတဲ့ မုံရွာ ၊ အရာတော်…

Read More