“အချစ်ခံကြည့်”သီချင်း သရုပ်ဆောင်ဗညားဘုန်းပြည့်အပါအဝင် နှစ်ယောက်ဖမ်းခံရပြီး တေးရေး မင်းစည်သူ တိမ်းရှောင်နေရ

မေ ၁၅ – ၂၀၂၄GG(VOM)ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ လူသိများပြီးအောင်မြင်လာတဲ့ ရုပ်ရှင်သရုပ်ဆောင် ဗညားဘုန်းပြည့်ကို “အချစ်ခံကြည့် ” MTV မှာ လိင်အသားပေးသရုပ်ထားတယ်ဆိုပြီး ပုဇွန်တောင်ရဲစခန်းက ဖမ်းဆီး အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။အလားတူ အဲဒီသီချင်းမှာ ဇာတ်ညွှန်းရေးသားခဲ့တဲ့ ရွှေဆုကိုပါ ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။ အချစ်ခံကြည့် သီချင်းမှာ တေးဆို-သရုပ်ဆောင်-ရိုက်ကူးထုတ်လုပ်သူက ဖူးပွင့်သခင်ဖြစ်ပြီး အတူပါဝင်သရုပ်ဆောင်ခဲ့သူက ဗညားဘုန်းပြည့်၊ဇာတ်ညွှန်းရေးသူက ရွှေဆု ၊တေးရေးမှာ မင်းစည်သူတို့ ဖြစ်ပါတယ်။အချစ်ခံကြည့် ” သီချင်းကို သရုပ်ဆောင်ဖူးပွင့်သခင်ကသီဆိုပြီး၊ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် ရိုက်ကူး ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် ဖမ်းခံရတာမျိုးမရှိသေးပါဘူး။အဲ့ဒီအတွက် တေးရေးမင်းစည်သူက“ခေါ်တာက ဗညားဘုန်းပြည်နဲ့ဖူးပွင့်သခင်ဆိုပြီး နှစ်ယောက် အရင်ကျလာတယ် ၊ကျလာပြီးမှ ဒီအမှုဖြစ်လာတယ်၊ဖြစ်လာတော့ ဖူးပွင့်သခင်ကကိုယ်တိုင်ကရှောင်နေပြီးသူ တယောက်ထဲအတွက်ပဲဖြေရှင်းနေတယ်၊ဗညားအတွက်လည်းမဖြေရှင်းဘူး၊ကျနော်တို့အတွက်လည်းမဖြေရှင်းပေးဘူး၊ပြီးတော့ဇာတ်ညွှန်းရေးတဲ့ ရွှေဆု ဘာမှမဆိုင်ဘဲ အဖမ်းခံရတယ်၊ဒီအမှုတခုလုံးတာဝန်ယူပေးဖို့ဖူးပွင့်သခင်ကိုပြောချင်ပါတယ်ဘာလို့ဆိုဒီသီချင်းတခုအဓိကဖူးပွင့်သခင်ပါ၊ဘယ်လိုပဲဖြစ်ဖြစ်အခုထပ်ပါတယ်။ ဒါရိုက်တာရော၊တေးရေးရောအကုန်ထပ်ပါလာတယ်၊ဒီသီချင်းက ညီမကိုယ်တိုင်ထုတ်လုပ်ထားတာ ၊နောက်ပြီး ဇာတ်ညွှန်းကို ကျနော်ရယ် ရွှေဆုရယ် ဖူးပွင့်သခင်ရယ် ခေါင်းသုံးခေါင်းနဲ့ရေးခဲ့တယ်။ ရိုက်ပြီးထွက်လာတော့အကုန်လုံးရေးထားတဲ့ ဇာတ်ညွှန်းနဲ့မတူဘူး ကွဲပြားနေတယ် ၊ဇာတ်ညွှန်းနဲ့MTV ကလည်းမတူဘူးဆိုတာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁၅ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၄၀၃၀ ကျပ်ဝယ်ဈေး – ၃၉၉၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၉၈၅ ကျပ်ဝယ်ဈေး – ၂၉၁၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၆၅ ကျပ်ဝယ်ဈေး – ၄၂၃၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၀.၂၆ ကျပ်ဝယ်ဈေး – ၁၀၈.၀၅ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၅၆ ကျပ်ဝယ်ဈေး – ၈၃၀ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၅၇ ကျပ်ဝယ်ဈေး – ၅၄၃ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၇၇ ကျပ်ဝယ်ဈေး – ၂၅.၀၀ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၂၈ ကျပ်ဝယ်ဈေး – ၄၆.၃၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၅ ကျပ်ဝယ်ဈေး – ၂.၈၇ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၉၉၅ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၁၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၅၇ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၉၂၀၀၀၀ ကျပ်ဝယ်ဈေး ၄၈၈၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၇၂၀၀၀၀ ကျပ်ဝယ်ဈေး ၄၆၈၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တက်ကြွလှုပ်ရှားသူအမျိုးသမီး အစာအငတ်ခံဆန္ဒပြရင်း သေဆုံး

ဘန်ကောက်၊ မေ-၁၅-၂၀၂၄မျိုးဆက်(VOM)ထိုင်းဘုရင်စနစ်ကို စော်ကားတယ်လို့ စွပ်စွဲခံထားရတဲ့ တက်ကြွလှုပ်ရှားသူ အမျိုးသမီးဟာ လအတန်ကြာ အစာအငတ်ခံဆန္ဒပြပြီးနောက် သေဆုံးသွားပါတယ်။နီတာပွန်ဘန်ဆာနီဆန်ခွန်ဟာ ရုတ်တရက် နှလုံးရပ်တန့်ပြီးနောက် သေဆုံးသွားတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုတဲ့ လူငယ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် သူမဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။သူ့ဟာ ဘုရင်စနစ်ကိုစော်ကားမှုနှစ်ခုအပါအဝင် သီးခြားစွဲချက်ခုနှစ်ခုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ အစာအငတ်ခံဆန္ဒပြခဲ့ပြီး ဖေဖော်ဝါရီနှောင်းပိုင်းမှာ တကြိမ်သာ ရေသောက်ခဲ့ပြီး ဧပြီလမှ အစားအချို့ကို လက်ခံခဲ့ပါတယ်။ဆာနီဆန်ခွန်ဟာ ထိုင်းတော်ဝင်မိသားစုကို ဝေဖန်ပြောဆိုမှုတွေကို အရေးယူတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တော်ဝင်မိသားစု စော်ကားမှုဥပဒေအပါအဝင် ထိုင်းနိုင်ငံရဲ့တရားစီရင်ရေးစနစ်ကို ပြောင်းလဲဖို့ တောင်းဆိုခဲ့ပါတယ်။ထိုင်းနိုင်ငံဟာ တော်ဝင်မိသားစုနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ဥပဒေတွေရှိနေပါတယ်။ လူ့အခွင့်အရေး ရှေ့နေတွေရဲ့အဆိုအရ ၂၀၂၀ ခုနှစ်ကစပြီး တော်ဝင်ဥပဒေနဲ့ စွဲချက်တင်ခံရသူပေါင်း ၂၆၀ ကျော်ရှိနေပြီး ယခုနှစ်အစောပိုင်းကလည်း အမျိုးသားတယောက်ကို…

Read More

This Day In History

Voice of Myanmarဗြိတိန်သည် ၎င်း၏ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံးကို ခရစ်စမတ်ကွန်းဧရိယာတွင် ၁၉၅၇ ခုနှစ် မေ ၁၅ ရက်၌ စမ်းသပ်ခဲ့ပြီးနောက် နိုင်ငံကြီးများအကြား နျူကလီးယားနှင့် ဖျက်အားပြင်းလက်နက်များ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခဲ့သည်။

Read More

ဘီးလင်းနယ်မှာ စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင် နှစ်ယောက် ပစ်သတ်ခံရ

မေ ၊ ၁၅ ၊ ၂၀၂၄ TT (VOM) မွန်ပြည်နယ် ၊ ဘီးလင်မြို့နယ်မှာ မေ ၁၄ ရက် မနေ့နေ့လယ်ပိုင်းက စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင် နှစ်ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်မှာ ယွန်းဒလင်းကုန်းကျေးရွာမှာရှိတဲ့ အောင်ပြည့်စုံ စက်သုံးဆီဆိုင် ပိုင်ရှင် ဦးနိုင်ဆိုသူ ပစ်သတ်ခံရတယ် ၊ လာသတ်သွားတဲ့သူက MASK တပ်ထားတဲ့ လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့ လာပြီး ပစ်သတ်သွားတာ ဖြစ်တယ် ၊ အဲ့ဒီ ဦးနိုင်ဆိုသူ ပစ်သတ်ခံရတဲ့ တချိန်တည်းမှာပဲ ဇုတ်သုတ်ကျေးရွာနဲ့ ဇုတ်ကလိကျေးရွာကြားမှာရှိတဲ့ စက်သုံးဆီဆိုင် ပိုင်ရှင် နောက်တယောက် ပစ်သတ်ခံရတယ် ၊ သေဆုံးသူက ဆီးဆိုင်ပိုင်ရှင် ဦးမွန်ကြီးဆိုသူဖြစ်တယ် ”…

Read More

ယောဒေသမှာ တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ် ၊ ထိခိုက်သေဆုံးသူများပြား

မေ ၊ ၁၅ ၊ ၂၀၂၄ SP (VOM) မကွေးတိုင်း မြောက်ပိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ ယောဒေသမှာ ပြီးခဲ့တဲ့ မေ ၁၁ ရက်က တကြိမ်နဲ့ မနေ့ မေ ၁၄ ရက်က နောက်တကြိမ် လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ်ပိုင်းမှာ ဆောမြို့နယ် ၊ တောမကျေးရွာနားကို လေကြောင်းတိုက်ခိုက်ခံရတယ် ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် လူ ခုနှစ်ယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရတယ် ၊ သေဆုံးသူတွေထဲမှာ ကလေး / လူကြီးပါဝင်ပြီး နေအိမ် အဆောက်ဦး ဆယ်လုံးနီးပါးပျက်စီးတယ် ၊ အိမ်သုံးလုံးက မီးလောင်တယ် ၊ နောက်ပြီး နွားတကောင်နဲ့ မြင်းတကောင်းလည်း သေတယ် ”…

Read More

ရေစကြိုနယ်မှာ ပြည်သူ့စစ် စခန်းတွေ တိုက်ခံရလို့ ဘုန်းကြီးတပါးပျံတော်မူပြီး လူလေးယောက် သေဆုံး

မေ ၊ ၁၅ ၊ ၂၀၂၄ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ သာစည်ကျေးရွာ အုပ်စု ၊ မြေဖြူကျေးရွာမှာ မေ ၁၄ ရက် မနေ့က ညနေပိုင်းမှာ ရွာအပြင် နွားထွက်ကျောင်းတဲ့ ရွားသားသုံးယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက လက်မြှောက်ခိုင်းပြီး ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မြေဖြူကျေးရွာမှာနေတဲ့ ကိုကျော်ဆန်းလွင် အပါအဝင် လူသုံးယောက် ပစ်သတ်ခံရတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် မနေ့ညနေပိုင်းက ရေစကြိုမြို့နယ် ၊ မြေဖြူရွာ အခင်းဖြစ်ပွားတဲ့အချိန်နဲ့ တပြိုင်တည်းမှာ ဂွေးချို ပြည်သူ့စစ် စခန်း ၊ ဆင်မရဲ ပြည့်စစ် စခန်း ၊ ဆင်ချောင်း…

Read More

ရှင်ဘုရင်လည်း အကြွေးနဲ့

    ဆူးငှက်   မန္တလေးမြို့လယ်မှာ ကျုံးမြို့ရိုးကြီးရှိနေတာကိုက မင်းတုန်းမင်းကြီးကို ကျေးဇူးတင်စရာကောင်းလှသည်။ အခုပဲကြည့် မိုးကုန်လု၍ နှင်းတွေပါးပါးကျလာကာ ဆောင်းရနံ့လေးရလာသည်နှင့်ပင် မနက်စောစောကျုံးနဘေးမှာ လမ်းလျှောက်ကြ၊ ဖွဖွလေးပြေးကြ၊ သွက်သွက်လေး ခုန်ကြ၊ ကျော့ကျော့ကလေး အေရိုးဗစ်ကစားကြနှင့် ဖွေးဖွေးလှုပ် ခဲ့ပြီ။ ကျုံးရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုနုကို အားပါးတရ ရှူသွင်း…..။   ကျွန်တော်က ကျုံးနဘေးမှာ “ဖွေးဖွေးလှုပ်” ဟုသုံးနှုန်းလိုက်တော့ မန္တလေးသားတွေကတော့ ယဲ့ယဲ့ကလေး ပြုံးမိကြမှာပေါ့။ ဟုတ်တော့လည်းဟုတ်သည်။ အားကစားဝတ်စုံရောင်စုံနှင့် မနက်စောစော ကစားခုန်စား လုပ်နေနိုင် သူတွေက“ဖွေးဖွေးလှုပ်”သူတွေမို့ဖြစ်သည်။ မန္တလေးသူမန္တလေးသား ညိုပြာညက်၊ ညိုမောင်းမောင်းတွေက ပါသည်ဆိုရုံ အနည်းအပါး။       ““……မတ်ရပ်တံခါး၊ ပြူတင်းလေသာတံခါး စသော နံရံများတွင် ရွှေကျင်ခတ်ထည်၊ ပန်းအပြောက်တို့ဖြင့် ပြီးသော ဘဲခတ္တီပါ အထည်များကို။ ရွက်ကာမုတ်လှဇရွဲကြာပျံ၊ နံရံအကာမှစ၍ ကြက်မွှမ်းလုပ်ဆောင်စေ…

Read More

မွန်ပြည်နယ် ကျုံအိတ်တံတား ရှောင်ကွင်းတောလမ်းမှာပါ တိုက်ပွဲဖြစ်လို့ ကားတွေပိတ်မိပြီး တံတားပြူပြင်မှုလည်း ရပ်ထားရ

မေ ၁၄ – ၂၀၂၄ GG (VOM) မွန်ပြည်နယ်၊ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တံတားကိုရှောင်ကွင်းသွားလာနေတဲ့ တောလမ်းမှ ကားလေးတွေသွားလာနေကြရာ ဒီနေ့မေ ၁၄ ရက်မှာ တောလမ်းမှာပါတိုက်ပွဲဖြစ်ပွားလာလို့ ကားတွေသွားလာမရဘဲ ပိတ်မိနေတယ်လို့သိရပါတယ်။ ကျုံအိတ်တံတားပျက်ကို ရှောင်ကွင်းပြီး ဒုံဝန်းရွာနဲ့ ဒေါက်ရပ်ရွာ ချင်းဆက် တောလမ်းကနေ သွားလာရတာဖြစ်ကြောင်း၊ အရင်ရက်ကလည်း တောလမ်းမှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲကာ ရွာသားအချို့သေဆုံးမှုတွေအထိရှိခဲ့တယ်လို့သိရပါတယ်။ ” မနေ့က အထိ တောလမ်းမှာ လက်နက်ကြီးကျပေါက်ကွဲတာတွေရှိတယ်၊သေဆုံးသူတွေရှိသလို နေအိမ်တွေမီးလောင်တာရှိနေတယ်၊အသေးစိတ်ကတော့သေချာမသိရသေးဘူး၊ မလိုအပ်ရင်တောလမ်းကမသွားတာကောင်းတယ်။ဘယ်အချိန်ဘာထဖြစ်မယ်ဆိုတာမပြောနိုင်ဘူး။ခုဒီနေ့လည်း ပစ်ခတ်သံတွေကြားရတော့ ကားတွေကမသွားရဲဘူးပိတ်မိနေကြတာပေါ့။ အသံရပ်ရင်သွားကြပေါ့ ၊လမ်းကလည်းတောလမ်း မိုးရွာရင်မပြေဘူး ” လို့ ဘီးလင်းဒေသခံတယောက်ကပြောပါတယ်။ အဆိုပါ ကျေးရွာ ချင်းဆက်တောလမ်းကနေ ကားသေးတွေ အပြင်ကားကြီးတွေပါသွားလာနေကြရပြီး လမ်းကျဉ်းလို့ကားတွေ ကားတွေသွားလာရခက်ခဲသလို တိုက်ပွဲကြောင့်လည်း ကားတွေဟာ တောလမ်းမှာအချိန်၆ နာရီလောက်အထိကြာအောင်ပင် စောင့်ဆိုင်းသွားလာနေကြရပါတယ်။ ဒါကြောင့်…

Read More