ဧပြီ ၂၉ – ၂၀၂၅ SS (VOM) မြန်မာ – ထိုင်းနယ်စပ်၊ တာချီလိတ်နဲ့ မယ်ဆိုင်ကြားမှာ မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာတဲ့အတွက် ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်၊ မိုးရွာသွန်းမှုအပြီး ရေကြီး၊ ရေလျှံမှုကြောင့် အမှတ် (၁) တံတားအနီးဝန်းကျင်က ရပ်ကွက်နေပြည်သူတွေ အရေးပေါ် ရွှေ့ပြောင်းနေရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တောင်ကျရေကြောင့် မယ်ဆိုင်ချောင်းထဲက ရေတွေ တက်လာတာ။ အခုတောင် လမ်းပေါ်မှာ ကားတွေ မြုပ်တော့မယ်။ အခုတော့ မိုးက တိတ်နေတယ်။ ထပ်ရွာရင်တော့ အခြေအနေ ပိုဆိုးသွားနိုင်တယ်။ ဒါတောင် မိုးတွင်း မရောက်သေးဘူး။ မိုးတွင်း ရောက်ရင်တော့ ဒီ့ထက်ပိုဆိုးမယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိ မယ်ဆိုင်ချောင်းရေ အမှတ်မှာ…
Read Moreမြန်မာနယ်စပ်က ကျားဖြန့်တွေ နှိမ်နင်းရေး ဂျပန်နဲ့ထိုင်း အနီးကပ် ပူးပေါင်းမယ်
ဘန်ကောက်၊ ဧပြီ-၂၉-၂၀၂၅ မျိုးဆက်(VOM) ထိုင်း-မြန်မာနယ်စပ်ရှိ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်နှိမ်နင်းရာမှ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်နဲ့ ထိုင်းတာန်ရှိသူတွေက သဘောတူလိုက်ပါတယ်။ ဂျပန် ရာဇဝတ်မှုဌာနအကြီးအကဲ အီဂူချီအာရီချီကာနဲ့ ထိုင်းရဲချုပ် သက်ချိုင်ပိုင်တာနီလာဘက်တို့ ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကျားဖြန့်လုပ်ငန်းတွေကို နှိမ်းနင်းရေး သဘောတူခဲ့တာပါ။ ဒီလုပ်ငန်းတွေကို ပူးပေါင်းနှိမ်နင်းရမယ့်အချိန်ရောက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေး မူဝါဒတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး ရာဇဝတ်ဂိုဏ်းတွေကို ဖမ်းဆီးရာမှာ အထောက်အကူဖြစ်မယ့် သတင်းအချက်အလက် ဖလှယ်ရေးအပါအဝင် နှစ်နိုင်ငံရဲတပ်ဖွဲ့ချင်း ပိုမိုပူးပေါင်းဖို့ကိုလည်း သဘောတူခဲ့ပါတယ်။ နိုင်ငံဖြတ်ကျော် လိမ်လည်မှုတွေကို ဘယ်လိုတိုက်ဖျက်မလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ မေ ၁ ရက်မှာ ကျင်းပမယ့် နိုင်ငံတကာဆွေးနွေးပွဲကို ဘန်ကောက်မှာကျင်းပမှာဖြစ်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့ သံရုံးတာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးဖို့ရှိနေပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး၊ အင်တာနက်တွေ ရယူလုပ်ဆောင်နေတာကြောင့် မြန်မာနယ်စပ်ဒေသကို…
Read Moreမန္တလေးမြို့မှာ နေ့ခင်းကြောင်တောင် ရွှေဆိုင်ဓားပြတိုက်ခံရပြန် ၂၀၂၁ နောက်ပိုင်း အကြိမ်၂၀ ဝန်းကျင်ရှိလာ
ဧပြီ ၂၉-၂၀၂၅ Voice Of Myanmar မန္တလေး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်က ရွှေဇာမဏီ ရွှေဆိုင်မှာ ဧပြီလ ၂၈ ရက် မနေ့ညနေ ၃ နာရီေကျာ်က ဓါးပြတိုက်မှုဖြစ်ခဲ့ပါတယ်။ ပြောက်ကျားယူနီဖောင်းဝတ်ထားတဲ့ အမျိုးသား ၂ ယောက်နဲ့ အရပ်ဝတ်အမျိုးသား ၃ ယောက် ဝင်လာပြီး ဆိုင်ရှင်ကို သေနတ်နဲ့ချိန်ကာ ကောင်တာအတွင်းရှိ ရွှေ၂၃ကျပ်သားဝန်းကျင်နဲ့ လက်ကိုင်ဖုန်း ၁ လုံးကို ယူသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ လတ်တလော တရားခံမိနိုင်ရေး ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့ ပူးပေါင်းရှာဖွေနေတယ်လို့လည်း ေပြာပါတယ်။ မန္တလေးမြို့မှာ ၂၀၂၁ခုနှစ် နိုင်ငံ ရေးဖြစ်စဉ် တွေ ပြောင်းလဲပြီးနောက်ပိုင်း ရွှေဆိုင် ဓားပြတိုက်ခံရမှု အကြိမ် ၂၀ ဝန်းကျင် ရှိခဲ့တယ်လို့ မန္တလေးမြို့ခံနဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ ဖြစ်စဉ်တွေကတော့ ၂၀၂၁ခုနှစ် အောက်တိုဘာ ၁၇ရက်…
Read Moreယူကရိန်းစစ်ပွဲ သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး ရုရှားသမ္မတပူတင် ကြေညာ
ဝါရှင်တန်၊ ဧပြီ-၂၉-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ သုံးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေးကို ရုရှားသမ္မတပူတင်က ကြေညာလိုက်ပြီး မေ ၈ ရက်က စတင်မယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာတွေကို အခြေခံပြီး အပစ်ရပ်ကြေညာတာဖြစ်ပြီး ယူကရိန်းကလည်း အလားတူလုပ်ဆောင်သင့်တယ်လို့ ရုရှားအနေနဲ့ ယုံကြည်ပြီး အပစ်ရပ်ချိုးဖောက်မယ်ဆိုရင် ရုရှားတပ်တွေက ထိရောက်စွာ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။ ယူကရိန်းအကျပ်အတည်းနဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ အပြုသဘောဆောင်ဆက်ဆံမှုတွေအတွက် ကြိုတင်သတ်မှတ်ချက်မပါဘဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ရုရှားက လမ်းဖွင့်ထားတယ်လို့ ပြောပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ အထိမ်းအမှတ် အောင်ပွဲအခမ်းအနားနဲ့လည်း တိုက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒါလီဆီဘီဟာကတော့ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုလိုက်ပါတယ်။ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ညှိနှိုင်းပေးနေတဲ့ အမေရိကန်က အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို…
Read Moreတက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေရမယ့်ကျောင်းသားတွေကို လေ့ကျင့်ရေးစခန်းသွင်းပြီး သင်ကြားပေးမှာဖြစ်လို့ ကလေးတွေကိုပို့ပေးကြဖို့လို
ဧပြီ ၂၉ – ၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း ၊မန္တလေးတိုင်း၊နေပြည်တော်၊ကချင်ပြည်နယ်တွေမှာ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြရမယ့် ကျောင်းသားကျောင်းသူတွေကို လေ့ကျင့်သင်ကြားရေးစခန်းတွေဖွင့်ပြီး Camp သဘောမျိုးလုပ်ကာ Revision Class တွေနဲ့အနီးကပ်သင်ကြားပြသပေးမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။ ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ လုံခြုံရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊ အုပ်ချုပ်မှုကိစ္စရပ် တွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီးစာမေးပွဲဖြေချိန်မှာ စနစ်တကျဖြစ်စေရေးနဲ့ သမာသမတ်ရှိဖို့အတွက်လည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့လည်း သားသမီးတွေကို လေ့ကျင့်ရေးစခန်းဆီကို စိတ်ချလက်ချနဲ့ ပို့ပေးကြဖို့ လိုတယ်လို့ ပြောပါတယ်။ ” လေ့ကျင့် သင်ကြားရေးစခန်းတွေမှာ တက္ကသိုလ်အသီးသီးက ပါမောက္ခတွေက ဘာသာရပ် တွေကို Short to the point သင်ကြားပို့ချ ပေးမှာဖြစ်ပြီး ကျောင်းမှာရှိတဲ့ ဆရာ ဆရာမတွေကတော့ လေ့ကျင့်သင်ကြားလမ်းညွှန်ပေးမှာဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်…
Read Moreယီမင်ရှိ ထိန်းသိမ်းရေးစခန်းကို အမေရိကန်လေကြောင်းတိုက်ခိုက်မှု အာဖရိကဒုက္ခသည် ၆၈ ယောက်သေဆုံး
ဆာနား၊ ဧပြီ-၂၉-၂၀၂၅ ရတီ(VOM) ဟူသီသူပုန်အဖွဲ့ ထိန်းချုပ်ထားတဲ့ ယီမင်အနောက်ပိုင်းရှိ ထိန်းသိမ်းရေးစခန်းတခုကို အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖရိကရွှေ့ပြောင်းဒုက္ခသည် ၆၈ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။ ဆာဒါပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်း တိုက်ခိုက်ခံရမှုအတွင်း အခြား ၄၇ ယောက်လည်း ဒဏ်ရာရခဲ့ပြီး အများစုက ဒဏ်ရာပြင်းထန်တယ်လို့ ဟူသီအဖွဲ့ပိုင် ရုပ်သံဌာနက ဆိုထားပြီး အဆောက်အအုံတခု အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းအများအပြားကို ဖော်ပြထားပါတယ်။ ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် မနက် ၅ နာရီမှာ တိုက်ခိုက်ခံရချိန် အဲဒီစခန်းမှာ အာဖရိက ရွှေ့ပြောင်းနေထိုင်သူ ၁၁၅ ယောက်ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သုံးရက်က ဆိုမာလီဒုက္ခသည်အုပ်စုတခုကို ရွေ့ပြောင်းပေးလိုက်တာကြောင့် စခန်းမှာ အီသီယိုးပီးယားဒုက္ခသည် အများစုသာ ကျန်ရှိတယ်လို့ ပြောပါတယ်။ ဒါဟာတမင်တကာ ပစ်မှတ်ထားတိုက်ခိုက်မှုအဖြစ် ဟူသီပြည်ထဲရေးဝန်ကြီးဌာနက ရှုတ်ချထားပြီး စစ်ရာဇဝတ်မှုဖြစ်တယ်လို့…
Read Moreသဖန်းဆိပ်ဆည် မှာ ရွှေမျောတိုက်သူတွေကြောင့် ဆည်ရေမရမှာကို တောင်သူတွေ စိုးရိမ်နေကြ
ဧပြီ ၂၉ ၂၀၂၅ SP(VOM) စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ၊ကျွန်းလှမြို့နယ်မှာ တည်ရှိပြီး အထက်မြန်မာပြည်မှာ အကြီးမားဆုံး ဆည်တခုဖြစ်တဲ့ သဖန်းဆိပ်ဆည်ကြီးမှာ လွန်ခဲ့တဲ့ လေးနှစ်ကျော်ကာလကစလို့ ဆည်ဧရိယာအတွင်းနေ့ရော ညပါ ရွှေမျောတွေ တူးဖော်နေတာကြောင့် ဆည်အတွင်း ဆည်ရေ၀င်မှုလမ်းကြောင်းတွေ ထိခိုက်ပျက်ဆီးပြီး လာမယ့် နွေစပါးစိုက်ရာသီနဲ့ မိုးစပါးစိုက်ရာသီတွေမှာ ဆည်ရေ အလုံအလောက် မရတော့မှာကို ဒေသခံ တောင်သူတွေက စိုးရိမ်နေကြပါတယ်။ ဒေသခံ စပါးစိုက်တောင်သူတယောက်ပြောပြတာက ” သဖန်းဆိပ်ဆည်ရေကို အမှီပြုပြီး ကျွန်းလှ ၊တန့်ဆည် ၊ရေဦး ၊ဒီပဲယင်း ၊ခင်ဦး ရွှေဘို ၊၀က်လက်စတဲ့ မြို့နယ် ခုနှစ်မြို့နယ်က စပါးစိုက်တောင်သူတွေက အဲ့ဒီ သဖန်းဆိပ်ဆည်ရေကို အားထားစိုက်ပျိုးရတာဖြစ်တယ် ၊လက်ရှိ ဆည် ရဲ့ အခြေအနေကတော့ ဆည်ထဲကို အရင်နှစ်ကလို ဆည်ရေ၀င်ရောက်မှု သိသိသာသာကျဆင်းသွားတယ် မိုးမလာတော့ရင် ဆည်ရေမရမှာ စိုးရိမ်ရပြီ” ရွှေဘို…
Read Moreရခိုင်စစ်ရှောင်တွေကို ဘင်္ဂလားဒေ့ရှ်မှတဆင့် အကူအညီတွေပေးပို့နိုင်ရေး ကုလတောင်းဆိုချက် မူအားဖြင့် သဘောတူထား
ဒါကာ၊ ဧပြီ-၂၈-၂၀၂၅ မျိုးဆက်(VOM) မြန်မာနိုင်ငံက စစ်ဘေးသင့်သူတွေအတွက် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ လူသားချင်းစာနာထောက်ထားမှု စင်္ကြံထူထောင်ဖို့ ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူလိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ “ ကုလသမဂ္ဂဟာ ရခိုင်ပြည်နယ်ထဲကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးပို့ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီး လူသားချင်းစာနာမှုစင်္ကြံ ဖန်တီးဖို့ဆန္ဒရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ် အသွင်းကူးပြောင်းရေး အစိုးရကလည်း အခြေအနေအရ ဒါကို မူအားဖြင့် သဘောတူတယ် ” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး မိုဟာမက်တူဟစ်ဟူစိန်က ဒါကာမှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတစ်ခုဖြစ်လာမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ အခြေအနေတချို့ရှိနေပြီး ဒီကိစ္စတွေ အဆင်ပြေမယ်ဆိုရင် ကုလမဂ္ဂရဲ့ ဆန္ဒအတိုင်း သေချာပေါက် ကူညီမယ်လို့ သူကဆိုပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးလာသူအများအပြားကို ပြန်ပို့ရမှာတွေကြောင့် ဒါဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကျိုးစီးပွားနဲ့လည်း ဆက်စပ်နေတယ်လို့ နို်ငငံခြားရေး…
Read Moreရှမ်းတောင်ပိုင်း နေရာအချို့မှာ မိုးသက်လေပြင်းနဲ့ မိုးသီးကြွေကျမှုကြောင့် နေအိမ်၊ သီးနှံစိုက်ခင်းတွေ ပျက်စီး
ဧပြီ ၂၈၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်တောင်ပိုင်း တချို့နေရာမှာ ဧပြီလ ၂၇ ရက်နေ့က မိုးကြီး လေပြင်း မိုးသီးကြွေ တာတွေကြောင့် နေအိမ်နဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးမှုတွေရှိကြောင်း ဒေသခံတွေနဲ့ မီးသတ်ဦးစီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ “ကလော မြင်းရွာမှာလည်း မိုးသီးကျတယ်။ ကလောဘက် မိုးသီးကျလို့ အသီးနှံပင်တွေ အကုန်ပျက်ပြီ။ ရင်းနှီး စိုက်ပျိုးထားရတာမို့ နှမျော စရာပါ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း နေရာကွက်ကြား မိုးရွာပြီး လေကြမ်းတဲ့အပြင် တချို့နေရာတွေမှာ မိုးသီးပါ ကြွေကျ သေးတာလို့ ဆိုပါတယ်။ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုံသုံကျေးရွာအုပ်စု၊ ပေါတုတ်ကျေးရွာမှာ ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး…
Read Moreရုရှားကို ကူညီဖို့ တပ်ဖွဲ့ဝင်တွေစေလွှတ်ခဲ့ကြောင်း မြောက်ကိုရီးယား ပထမဆုံးအကြိမ် အတည်ပြု
ပြုံးယမ်း၊ ဧပြီ ၂၈-၂၀၂၅ ရတီ(VOM) ယူကရိန်းကိုတိုက်ခိုက်ဖို့ ရုရှားကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတယ်လို့ မြောက်ကိုရီးယားက ပထမဆုံးအကြိမ် အတည်ပြုပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှား ကာ့စ်နယ်စပ်ဒေသကို လုံး၀လွတ်မြောက်အောင် ကူညီပေးခဲ့တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ကိုးကားပြီး နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း မြောက်ကိုရီးယားစစ်သားတွေရဲ့ သူရဲကောင်းဆန်မှုကို ရုရှားစစ်ဦးစီးချုပ် ဗယ်လရီဂါရာဆင်မော့ဗ်က ချီးကျုးပြီးနောက် ရက်ပိုင်းအကြာမှာ မြောက်ကိုရီးယားရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာဖြစ်ပြီး ဒါဟာ စစ်ပွဲမှာ ပါဝင်ပတ်သက်မှုကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် လူသိရှင်ကြား အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ရုရှားကို စေလွှတ်လိုက်တဲ့ စစ်သား ၁၁၀၀၀ အနက် သုံးလအတွင်း တထောင်ကျော်သေဆုံးခဲ့တယ်လို့ အနောက်တိုင်းထောက်လှမ်းရေးတွေက ဆိုပါတယ်။ ရုရှားဟာ နိုင်ငံအနောက်ပိုင်း ကာ့စ်ဒေသကို အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့ပြီလို့ ရုရှားက အခိုင်အမာဆိုပါတယ်။ အမေရိကန်ကတော့ ယူကရိန်စစ်ပွဲ သက်ဆိုးရှည်နေဖို့…
Read More