ဗန်းမော်တိုက်ပွဲ ပြင်းထန်နေပြီး မြို့ထဲ မီးလောင်မှုတွေ ဖြစ်ပွား

ဧပြီ ၃၀၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ် ဗန်းမော်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်လာပြီး မြို့ထဲ မီးလောင်တာတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဗန်းမော်မြို့ထဲဘက်မီးလောင်နေတာ မနေ့ကတည်းက ဒီမနက် မိုးလင်းခါနီး အထိပဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ယမန်နေ့ ဧပြီလ ၂၉ ရက် ညနေ ၃ နာရီ ဝန်းကျင်ခန့်ကစ ဗန်းမော် သီရိရတနာဈေးကြီး ကနေ စလောင်တယ်လို့ ကြားသိရပြီး မီးက မငြိမ်းသေးဘဲ မြို့မရပ်၊ မင်းကုန်းရပ်ကွက် တွေဘက်ပါ ကူးစက် လောင်ကျွမ်းနေတဲ့ အပြင် စိန်သစ္စာဆေးရုံနဲ့ ဒံပေါက်ဆိုင် တွေဘက်လည်း မီးလောင်ကျွမ်းခဲ့တယ် လို့ သိရကြောင်း သူက ပြောပါတယ်။ “လေယာဉ် တွေ ဒရုန်းတွေနဲ့ ဗုံးကျလို့ လောင်တာ လို့ သိရတယ်”…

Read More

တရုတ်အရှေ့မြောက်ပိုင်း စားသောက်ဆိုင်မီးလောင်မှု ၂၂ ယောက်သေဆုံး

ပေကျင်း၊ ဧပြီ-၃၀-၂၀၂၅ ရတီ(VOM) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်ရှိ စားသောက်ဆိုင်တဆိုင် မီးလောင်မှုကြောင့် လူ ၂၂ ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ စားသောက်ဆိုင်ဟာ နှစ်ထပ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းချိန်မှာ လေပြင်းတွေတိုက်ခတ်မှုကြောင့် လျင်မြန်စွာကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်တဲ့ တာဝန်ရှိသူကို ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူဖို့ တရုတ်သမ္မတ ရှီကျင်းပင်က အမိန့်ပေးထားပါတယ်။ မကြာခင်မှာ မေလရုံးပိတ်ရက်ကာလကို ရောက်ရှိတော့မှာကြောင့် အများပြည်သူဘေးကင်းလုံးခြုံရေး အရေးကြီးတယ်လို့ ဆိုပါတယ်။ အဆောက်အအုံနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းလုံခြုံမှု လျော့ရဲမှုတွေကြောင့် တရုတ်နိုင်ငံမှာ လူအသေအပျောက်များတဲ့ မီးလောင်မှုတွေ မကြာသေးမီကာလတွေအတွင်း မြင့်တက်လာပါတယ်။ ယခုလအတွင်း နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ် ဘိုးဘွားရိပ်သာမီးလောင်မှုကြောင့် လူ ၂၀ သေဆုံးခဲ့သည်။ ဇန်နဝါရီလအတွင်းကလည်း ပေကျင်းအနောက်မြောက်ပိုင်း စျေးတခုမီးလောင်မှုကြောင့် လူရှစ်ယောက်သေဆုံးပြီး…

Read More

စမ်းချောင်းမှာ တိုက်ခန်းပေါ်တက်ပစ္စည်းခိုးတဲ့အမျိုးသမီး လေးလွှာကနေခုန်ချရာမှ ပြုတ်ကျသေဆုံး

ဧပြီ – ၃၀ ၊ ၂၀၂၄ GG (VOM) ရန်ကုန်၊စမ်းချောင်းမြို့နယ်၊မုန့်လက်ဆောင်းကုန်းရပ်ကွက် ၊ ပြည်သူ့ကွက်သစ် ၁ လမ်းထိပ်က တိုက်ခန်းပေါ် တက်ပြီး ပစ္စည်းခိုးယူတဲ့အမျိုးသမီး တိုက်ပေါ်ကနေခုန်ချစဥ် ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီ ၃၀ ရက်နေ့မနက် ၄ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ပစ္စည်းခိုးယူတဲ့အမျိုးသမီးကို တိုက်ခန်းနေအိမ်ပိုင်ရှင်ကတွေ့ရှိချိန်မှာ ခိုးယူတဲ့အမျိုးသမီးက ထွက်ပြေးပြီး တိုက်ခန်းလေးလွှာရဲ့ နောက်ဖေးပြတင်းပေါက်ကနေခုန်ချခဲ့တာကြောင့် ပြုတ်ကျသေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။ “ဖြစ်စဥ်က ဖုန်းဝင်ခိုးတယ် ၊လူမိတယ်။အိမ်ရှင်ကမိသွားလို့သူ့ကို ခုန်မချနဲ့ပြောတာကို သူကနောက်ဖေးပြတင်းပေါက်ကနေခုန်ချသွားတာ အဲတာပါပဲ။လေးလွှာကလို့ပြောတယ်။” လို့ မြေပြင်ကူညီရေးသွားရောက်ခဲ့တဲ့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ဝင်ကပြောပါတယ်။ တိုက်ပေါ်ကို တက်ပြီး ဖုန်းနဲ့ပစ္စည်းတွေ ခိုးယူခဲ့တဲ့အမျိုးသမီးက အသက် ၄၀ အရွယ်ဝန်းကျင်လောက်ရှိပြီး ရုပ်အလောင်းကို စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့က ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေး ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာ လစဥ် ပစ္စည်းခိုးယူခြင်းတွေ ၊…

Read More

အလှူပွဲနဲ့ မင်္ဂလာပွဲတွေ ခမ်းခမ်းနားနားကျင်းပခဲ့တဲ့ သာသနာ ၂၅၀၀ ဗိမာန်ကြီး ငလျင်ကြောင့် ဖျက်လိုက်ရ

မန္တလေး၊ ဧပြီ – ၃၀ – ၂၀၂၅ SA(VOM) မန္တလေးမြို့က ရှင်ပြုအလှူပွဲတွေနဲ့ မင်္ဂလာပွဲ အများအပြား ငှားရမ်းပြီး ကျင်းပလေ့ရှိတဲ့ ချမ်းမြသာစည်မြို့နယ်၊ ၈၄ လမ်း ၄၅ လမ်းထောင့် ဘုရားကြီး အနောက် ၄၅တာကွင်း၊ စစ်ကိုင်း – မန္တလေးလမ်းပေါ်ရှိ သာသနာ ၂၅၀၀ အထိန်းအမှတ် ဗိမာန်ကြီးဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့ရပါတယ်။ အဲ့ဒီဗိမာန်ကို သာသနာနှစ် ၂၅၀၀ ပြည့်နှစ် အထိမ်းအမှတ်အဖြစ် ၁၉၅၇ ခုနှစ်မှာ မဟာမုနိဂေါပက အဖွဲ့က ဘုရားကြီးဘဏ္ဍာငွေတွေနဲ့ တည်ဆောက်ခဲ့ကြတာဖြစ်ပြီး သာသနာဘွဲ့နှင်းသဘင်များ၊ ရှင်ပြုနားသ ရဟန်းခံ အလှူများ၊ တရားပွဲများ၊ ဗုဒ္ဓစာပေဆိုင်ရာသင်တန်း​တွေနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေကိုသာ အဓိကထား ကျင်းပခဲ့ရာက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့…

Read More

လာမယ့် (၂၄) နာရီကနေ (၃၆) နာရီအတွင်း အိန္ဒိယက ပါကစ္စတန်ကို တိုက်ခိုက်လာနိုင်

ဒေလီ၊ ဧပြီ-၃၀-၂၀၂၅ မျိုးဆက် (VOM) အိန္ဒိယဟာ လာမယ့် ၂၄ နာရီကနေ ၃၆ နာရီအတွင်း ပါကစ္စတန်ကို စစ်ရေးအရတိုက်ခိုက်ဖို့ရည်ရွယ်နေကြောင်း ယုံကြည်ရတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေရရှိထားတယ်လို့ ပါကစ္စတန် သတင်းအချက်အလက်ဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ခရီးသွား ၂၆ ယောက်သေဆုံးခဲ့တဲ့ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာဖြစ်ပွားခဲ့တဲ့ တို်ကခိုက်မှုနောက်ကွယ်မှာ ပါကစ္စတန်ရှိတယ်လို့ အိန္ဒိယက စွပ်စွဲပြီးနောက် အာတွတ်လာတာရာက အခုလို ပြောဆိုလာတာပါ။ ဒီတိုက်ခို်ကမှုမှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ ပါကစ္စတန်က ငြင်းဆိုထားပါတယ်။ အိန္ဒိယဟာ ပါကစ္စတန်ကို တိုက်ခိုက်ဖို့အတွက် မှားယွင်းတဲ့အကြောင်းပြချက်တရပ်ကို အသုံးပြုဖို့ရည်ရွယ်နေပြီး စစ်ရေးလုပ်ဆောင်မှုအားလုံးကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်က ဆိုပါတယ်။ ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။ ကမ္ဘာ့လှည့်ခရီးသွားတွေလာရောက်လေ့ရှိတဲ့ ပါဟယ်ဂမ်အနီး တိုက်ခိုက်မှုဟာ အငြင်းပွားရာနယ်မြေမှာ ဆယ်စုနှစ်များစွာအတွင်း အသေအပျောက်အများဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။ တိုက်ခို်ကမှုနဲ့ပတ်သက်ပြီး လူပေါင်း ၁၅၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး…

Read More

ဝမ်းနည်း ဝမ်းသာ လားရှိူးပြန်အလာ

Shy V (VOM) ကျမဟာ ကိုယ့်မြို့ကို ချစ်တယ်။ ကိုယ့်မြို့မှာဘဲ ပျော်ပါတယ်။ မလွဲသာလို့ခွဲခွာခဲ့ရပေမယ့် ခုပြန်ခွင့်ရပြီဆိုတော့ ရင်ခုန်စွာနဲ့ ကိုယ့်ဇာတိဆီကိုပြန်ခဲ့ပါပြီ။ နောက်ဆုံး ဆုံးဖြတ်ချက်က ငလျင်ပဲ လှုပ်လှုပ်၊ စစ်ပဲ ဖြစ်ဖြစ် ဘယ်မှ မပြေးတော့ပါဘူး၊ လားရှိုးမှာပဲ နေပါတော့မယ် ဆိုပြီး တောင်ကြီးကနေ လားရှိုးကို ဆိုင်လေးပါ အပြီး ရွှေ့ခဲ့ပါပြီ။ ကားပေါ်မှာ ထိုင်စရာ နေရာတောင် မရှိအောင် တင်လာတဲ့ကား ကားစက်ပူမှာစိုးလို့ ကျောက်တန်းကနေ ကျော်လာတော့ တထောက်နားဖြစ်တယ်။ တခြားလမ်းကြောင်းတွေထက်စာရင် ကျောက်တန်း – လဲချား ဘက် လမ်းက အရမ်းကောင်းတယ်။ လမ်းဖြူး နေတော့ ကားက အရမ်း မောင်းလို့ကောင်းပါတယ်။ တန့်ယန်းလမ်းခွဲမှာ မသွားရသေးဘူး ဆိုလို့ ခဏနားရပြီး စောင့်ရပါတယ်။ ၁၅ မိနစ်လောက်တော့ ကြာသွားခဲ့တယ်။ ရှေ့က ကားတွေက နာရီဝက်လောက်…

Read More

နေပြည်တော်မှာ ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနတွေကို မူလတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေ ပြန်ပြင်ဆင်ရတော့မယ်

ဧပြီ ၃၀ – ၂၀၂၅ SN (VOM) ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ပျက်စီးသွားတဲ့ ရုံးဌာနနဲ့ အဆောက်အအုံတွေကို မူလ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေက ပြန်လည်ပြင်ဆင် တည်ဆောက်ပေးရမယ်လို့ နစက က တရားဝင် အသိပေး ကြေညာလိုက်ပါတယ်။ မနေ့ ဧပြီ ၂၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အဆောက်အအုံများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် ထိခိုက် ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို နည်းလမ်းသုံးမျိုးနဲ့ ပြင်ဆင် ဆောင်ရွက်သွားမှာဖြစ်ပြီး ရုံးဌာန၊ အဆောက်အအုံတွေကို ပြန်လည် ပြင်ဆင်နိုင်ဖို့အတွက် မူလ…

Read More

ဂန့်ဂေါနဲ့ ကလေးနယ်ကြားမှာတိုက်ပွဲတွေ ပြန်ဖြစ်လာ

ဧပြီ ၃၀ ၊၂၀၂၅ SP(VOM) စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းနဲဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲတွေ အခုရက်ပိုင်း အတွင်း ပြန်ဖြစ်လာပြီး ကျေးရွာပေါင်း နှစ်ဆယ်ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကလေးမြို့နယ် မှန်တောရွာခံတွေဆီက သိရပါတယ်။ ” ဒီလ ၂၅ ရက်ကစပြီး ဒီကနေ့အထိ ဂန့်ဂေါနဲ့ ကလေးနယ်ကြားမှာ နစကတပ်တွေ နဲ့ CNA လို့ခေါ်တဲ့ ချင်းလက်နက်ကိုင် အဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ် အဲ့ဒီ တိုက်ပွဲတွေကြောင့် ကြံသာ ၊တင်သား ၊ဟံသာ၀တီ ၊မှန်တော ၊ရှားဖို ၊ကျောက်ဖူး ၊ဒိုးနွယ် ၊ ဆည်တော အရှေ့စည် ၊မြောက်စည်း စတဲ့ ရွာပေါင်း ၂၀ ကျော်မှာ နေထိုင်နေတဲ့ သူတွေဟာ တိုက်ပွဲတွေနဲ့ ကင်းလွတ်တဲ့နေရာဆီ ထွက်ပြေးတိမ်းရှောင် နေရတယ် ၊…

Read More

ငလျင်အခက် ကုန်ဈေးနှုန်း အတက်

SS (VOM) မြန်မာနိုင်ငံမှာ ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အထွေထွေ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီး ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ငလျင်လှုပ်ခတ်မှုကို စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ အဆိုးရွားဆုံး ခံစားခဲ့ရတာပါ။ ငလျင်က နေအိမ်၊ အဆောက်အအုံ၊ လမ်း၊ တံတား အများအပြားကို ဖျက်စီးခဲ့ပြီး လူ့အသက်ပေါင်းများစွာနဲ့ ဘဝပေါင်း များစွာကို ပျက်စီးစေခဲ့တာပါ။ ငလျင်ကြောင့် စိတ်ဒဏ်ရာ ကြီးမားခဲ့တဲ့ လူထုအတွက် နောက်ထပ် ထိုးနှက်လာတဲ့…

Read More

စပိန်နဲ့ ပေါ်တူဂီတဝန်း လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့

မက်ဒရစ်၊ ဧပြီ-၂၉-၂၀၂၅ ရတီ(VOM) စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့မှာ လျှပ်စစ်ဓါတ်အား အကြီးအကျယ်ပြတ်တောက်မှုတွေကြောင့် ခရီးသွားသန်းနဲ့ချီသောင်တင်ခဲ့ကာ ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးတွေ ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး ဒီကနေ့မှာတော့ ဓါတ်အားစနစ် ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေကြောင့် လူအများ ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး ဘဏ်တွေမှာ အပြေးအလွှားငွေုထုတ်ဖို့ ကြိုးစားသူတွေ၊ ဖုန်းလိုင်းအဆက်အသွယ်ရဖို့ လမ်းပေါ်ထွက်လာသူတွေနဲ့ ရထားပြေးဆွဲမှုအားလုံးပါ ရပ်ဆိုင်းခဲ့ရပါတယ်။ သောင်တင်နေတဲ့ ခရီးသည်တွေ အိပ်စက်ဖို့အတွက် မက်ဒရစ်၊ ဘာစီလိုနာ၊ ဘီဘာအို၊ ဗလင်စီယာ၊ ဆီဗီလာနဲ့ အခြားမြို့ကြီးလေးမြို့ရှိ ဘူတာရုံတွေကို ညလုံးပေါက် ဖွင့်လှစ်ပေးခဲ့ရပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာ စပိန်ပြည်မကြီးရဲ့ ၉၀ ရာခိုင်နှုန်းနီးပါး လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိခဲ့တယ်လို့ REE လျှပ်စစ်ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ စပိန်မြို့တော်နဲ့၊ ပေါ်တူဂီမြို့တော်တို့မှာလည်း လျှပ်စစ်မီး ပြန်လည်ရရှိပြီဖြစ်ပါတယ်။ လူဦးရေသန်း ၆၀ ရှိတဲ့ အိုင်ဘာရီယန်ကျွန်းဆွယ်ရဲ့ မဆိုသလောက်နေရာမှာသာ ဓါတ်အားမပြတ်ဘဲ ကျန်နေခဲ့ပါတယ်။ ဒီချို့ယွင်းမှုဟာ ဆိုက်ဘာတိုက်ခိုက်မှုကြောင့်လို့…

Read More