ဧ ပြီ ၂၈၊၂၀၂၅ SP(VOM) စစ်ကိုင်းတိုင်း တမူးခရိုင် တမူးမြို့နယ်မှာ ၂ဘက်လက်နက်ကိုင်တွေက စစ်ရေးပြင်ဆင်ထားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ခံထားရပြီး တမူးဒေသခံ အများစုဟာ စား၀တ်နေရေးတွေ ခက်ခဲလာတယ်လို့ တမူးစော်ဘွားရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ် ။ ” တမူးနယ်စပ်မှာ အဖွဲ့အစည်းစုံတယ် အခုရက်ပိုင်းမှာ ၊တမူးမြို့ကိုဆက်သွယ် သွားလာလို့ရတဲ့ လမ်းကြောင်းအားလုံး ပိတ်ဆို့ခံထားရတယ် တမူးကလေးလမ်းပိုင်းက ၊ခါမ်းပါတ် ကနန် ကမ္မကြီး ၊ထင်းစင်၊၀ိတုတ် ဖိုင်လင်း ၊နမ့်မွန်းတား ခုံမွန်းနွံ ၊ပန်းသာ မန်းမော် ၊ ထန်းတပင် အင်တိုင်း စတဲ့ ၊ကျေးရွာတွေဘက်မှာစစ်ရေးပြင်ဆင်တာတွေ လုပ်လာတယ် နောက်ပြီး တမူးမြို့နယ်ကို တချိန်က ကွင်းလမ်းတွေရှိတယ် အဲ့ဒီ ကွင်းလမ်းတွေ ပိတ်ဆို့ထားတယ် ၊အိန္ဒိယနယ်စပ်မှာရှိတဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ပိတ်ဆို့ထားတယ် အခု ကွင်းလမ်း ၊မရှိတော့ဘူး ၊အဲဒါ့ကြောင့် တမူးနယ်မှာ…
Read Moreတောင်ကြီးမှာ လိုင်စင်မဲ့ကား မှန်သမျှ ဖမ်းဆီးနေ
ဧပြီ ၂၈၊ ၂၀၂၅Shy V (VOM )ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမှာ ဒီရက်ပိုင်း လိုင်စင်မဲ့ ကား မှန်သမျှ ဖမ်းဆီးနေကြောင်း ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ “လိုင်စင်မဲ့ ကားဖမ်းတာ အမှန်ပါ။ ဧပြီ၂၇ ရက်နေ့ လားရှိုးကနေ ကျမ စီးလာတဲ့ အိမ်စီးကား အာရာဖတ်ကား အေးသာယာမှာ ဖမ်းခံရလို့ ကားချိန်းစီးခဲ့ရပါတယ်” လို့ ခရီးသည် တယောက်က ပြောပါတယ်။ လားရှိုး စစ်ရှောင်တွေ နေရပ်ပြန်ဖို့တောင် လိုင်စင်မဲ့ကားတွေ ဖမ်းနေတာကြောင့် မပြန်ရတာ ပိုဆိုးတယ်၊ ခုတလော ခြေအနေ ကြည့်ပြီးသွားသင့်တယ်လို့ သူက ပြောပါတယ်။ “အခုတလော တောင်ကြီးဘက် ကြပ်နေတယ်။ လိုင်စင်မဲ့ ကားတွေဖမ်းတယ်။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ အစိုးရ ဝန်ထမ်းကားတွေ အပါအဝင် လိုင်စင်မဲ့ကား မှန်သမျှအကုန်ဖမ်းပါတယ်လို့ ဆိုပါတယ်။…
Read Moreကာမိုင်း အနီး တိုက်ပွဲ ထပ်မံ ဖြစ်ပွား
ဧပြီ ၂၊၈၊ ၂၀၂၅ Shy V VOM ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့အနီး ဒီနေ့ ဧပြီလ ၂၇ ကက်နေ့ မနက် ၇ နာရီကျော်ခန့်ကစ နစက တပ်ဖွဲ့ နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကားမိုင်း အထွက် မအူပင်နဲ့ နန့်ယား ကြား ကျောက်ထု မှာ တိုက်ပွဲ ပြင်းထန် နေတာ။ အခြေနေမကောင်းတော့ဘူး။ ဖားကန့်လမ်း တိုက်ပွဲပြင်းထန်နေပြီ။ ဒေသခံ ပြည်သူထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရပြီ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ နစက တပ်ဖွဲ့ ဘက်က အင်အား ရာချီနဲ့ စစ်ကြောင်း ထိုးလာတာမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်လာပြီး…
Read Moreနိုင်ငံကူးလက်မှတ် အွန်လိုင်းစနစ်လျှောက်ထားတာ ယာယီရပ်နားထားမှု မေ ၁ ရက်မှာပြန်ဖွင့်မယ်
ဧပြီ၂၈၊၂၀၂၅ Ms (VOM) နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ Online Appointment System နဲ့ ဘွတ် ကင်တင်ဖို့ QR Code ရယူတာကို ငလျင်လှုပ်ခတ်မှုကြောင့် ယာယီရပ်နားထားရာ လာမယ့် မေလ၁ရက်မှာ ပြန်လည်ဖွင့်ပေးတော့မယ်လို့သိရပါတယ်။ ငလျင်ဘေးဒဏ်ကြောင့်ဆက်သွယ်ရေး တာဝါတိုင်တွေ ပျက်ဆီးခဲ့တဲ့ အတွက် Online Appointment Systemနဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ရပ်ထားတာ တစ်လနီးပါးကြာမြင့်ခဲ့ပြီးpassport ရုံးရဲ့ QR တင်တဲ့စနစ်ကို ယာယီရပ်ဆိုင်းခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ရန်ကုန်၊မြစ်ကြီးနားနဲ့ လားရှိးရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တွေ မှာ နိုင်ငံကူး လက်မှတ်ဆောင်ရွက်ဖို Online Appointment Date ရရှိ ထားသူတွေ ဆောလျင်စွာ ဆောင်ရွက် နိုင်ဖို့ Appointment Date တွေ ပြင်ဆင်ထားတဲ့ အတွက် ပြန်လည်စိစစ်ဖိုကိုလည်း အသိပေးထားပါတယ်။ ပြောင်းလဲ ပြင်ဆင်ထားတဲ့ရက်တွေမှာ သက်ဆိုင်ရာရုံးတွေ…
Read Moreလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး ယနေ့အထိပြန်မစနိုင်သေး
ဧပြီ ၂၇ – ၂ဝ၂၅ KKO(VOM) လက်နက်ကိုင်အဖွဲ့အသီးသီးက လမ်းတွေကို ပိတ်ထားလို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ယနေ့အထိပြန်မစနိုင်သေးဘူးလို့ ကလေး – တမူး – မိုးရေးဒေသဘက်တွေမှာနေထိုင်လုပ်ကိုင်ကြတဲ့ နယ်စပ်ကုန်သည်တွေက VOM ကို ပြောပါတယ်။ ဒါအပြင် လက်ရှိအချိန်အထိလည်း အိန္ဒိယ – မြန်မာနိုင်ငံဘက်ကို ဆက်သွယ်ပေးထားတဲ့နယ်စပ်ဂိတ်ကိုလည်း ဒီကနေ့အထိ ပြန်မဖွင့်ပေးသေးတဲ့အတွက် နှစ်နိုင်ငံလုံးမှာရှိတဲ့ ကုန်သည်တွေအတွက် စီးပွားရေးဆိုင်ရာအခက်အခဲများစွာကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ “အဓိကက လမ်းပန်းဆက်သွယ်ရေးကြောင့်ပါပဲ။လမ်းတွေက ဒီနေ့အထိပိတ်နေတယ်။ကလေး-တမူးဘက်တွေက သွားလို့လာလို့ မလွယ်ဘူးပေါ့။လက်နက်ကိုင်အဖွဲ့အသီးသီးက လမ်းတွေကိုဆင့်ကာ ဆင့်ကာ ပိတ်ထားတော့ သွားဖို့က ဘယ်လိုမှမလွယ်ဘူးလေ။ ရတဲ့လမ်းကသွားလည်းပိတ်တာပဲဆိုတော့ဒီဘက်ကနယ်စပ်ဂိတ်တွေပြန်ဖွင့်ရင်တောင် အောက်ပြည်အောက်ပိုင်းတွေကို ကုန်တွေပို့ဖို့ဆိုတာကမလွယ်ဘူးလို့ထင်တယ်။ နယ်စပ်ကုန်သွယ်ရေးတွေမကောင်းတာတော့ အတော်ကြာပြီ၊နိုင်ငံရေးတွေစဖြစ်ထဲကပါပဲ။အခုဆို ၂ဝ၂၁ ထဲကဆို လေးနှစ်ကျော်လောက်ဖြစ်နေပြီ။ ကုန်သည်တွေအကုန်လုံးက ငုတ်တုပ်ပဲ။ အိန္ဒိယဘက်ကလည်း သူတို့ဘက်တွေမှာ အခုကာလအခြေအနေသိပ်မကောင်းတော့ နယ်စပ်ဘက်တွေကအဝင်၊အထွက်တွေတင်းကြပ်ထားတာတွေလည်းရှိပါတယ်။ပြောရရင်အလုပ်တွေမရှိ၊မကောင်းတော့ကြာရင်လည်း…
Read Moreမြန်မာ့သရက်သီးအစိုနဲ့အခြောက် ရုရှားကဝယ်မယ်
ဧပြီ ၂၈၊ ၂၀၂၅ Ms(VOM) မြန်မာနိုင်ငံက ထွက်ရှိတဲ့သရက်သီးခြောက်နဲ့ လတ်ဆက်သရက်သီး(အစို)တွေကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များက ဝယ်ယူလိုကြောင်းစီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကိုဆက်သွယ်ကမ်းလှမ်းထား ကြောင်းသိရပါတယ်။ ရုရှားနိုင်ငံအနေနဲ့ မြန်မာက သရက်သီးတွေကိုပထမဆုံး အနေနဲ့ ကနဦးဝယ်ယူတော့မှာ ဖြစ်ပြီး သရက်သီးရောင်းချသူတွေနဲ့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ဖို့ သက်ဆိုင်ရာ ဌာနကတဆင့် ဆက်သွယ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာ ပြည်တွင်းမှ သရက်သီးတင်ပို့ရောင်းချလိုတဲ့ လုပ်ငန်း/ကုမ္ပဏီတွေအနေနဲ့ ဆက်သွယ်ရမယ့် လိပ်စာအပြည့်အစုံကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနထံ ပေးပိုရမှာ ဖြစ်ပြီး၊ ဆက်သွယ်နိုင်မယ့် ပုဂ္ဂိုလ်၊ အီးမေးလ်၊ ဖုန်းနံပါတ်တို့ကို ဧပြီ ၂၅ ရက်နေ့အရောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံ ပေးပို့ဖို့ အသိပေးထားတာလည်းဖြစ်ပါတယ်။ ” ရုရှားကဝယ်မယ်ဆိုတာ မြန်မာ့သရက်သီးဈေးကွက်နဲ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းကိုလည်းစာပို့ထားတယ်။ သရက်ခြံလုပ်ငန်းရှင်တွေအနေနဲ့ကတော့ အဲ့ဒီ့ကဝယ်တာတော့ဟုတ်ပေမယ့် ဘယ်လိုတင်ပို့ရမယ်ဆိုတာနဲ့ ပို့တဲ့အခါတွက်ခြေကိုက်မှုရှိမရှိ ဆိုတာတွေကိုတော့သေချာသိခြင်ကြတယ်။ သီးနှံတွေကိုပြည်ပပို့တဲ့နေရာမှာ ရာသီဥတု အခြေအနေနဲ့ လမ်းခရီးအခြေအနေ ကြောင့်ကုန်တွေ ပျက်စီးလို့တဖက်ကမယူတော့တာတွေကို အိမ်နီးချင်းဖြစ်တဲ့…
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
ဧပြီ ၂၈ – ၂၀၂၅ SS (VOM) ဒီတပတ်မှာလည်း ကမ္ဘာ့ရွှေဈေး စံချိန်တင် အတက်ကြမ်းမှုနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေ လိုက်ပါ မြင့်တက်ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာဈေးကတော့ အကျဘက်မှာ ဈေးငြိမ်နေပါတယ်။ စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဒီတပတ်မှာ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်လာတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာလည်း ကုန်စည်အများစု ဈေးတက်နေပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း အခုတပတ်ထဲမှာလည်း ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်တင် အတက်ကြမ်းခဲ့တာကို တွေ့ရပါတယ်။ ကမ္ဘာ့ရွှေ မြင့်တက်မှုနဲ့အတူ ပြည်တွင်းက ပြင်ပ ရွှေဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်ခဲ့တာပါ။ တပတ်တာအတွင်း အမြင့်ဆုံး ဈေးတန်းအဖြစ် ဧပြီ ၂၃ ရက်နေ့မှာ ပြည်တွင်း အခေါက်ရွှေဈေးဟာ တကျပ်သား ၇၅ သိန်းခွဲဝန်းကျင်ကို ရောက်ရှိခဲ့ပါတယ်။ ဧပြီ ၂၄ ရက်နေ့မှာတော့ ခုနစ်ဆယ့်လေးသိန်း…
Read Moreမန္တလေး စာဖြေဌာနမှာ နှစ်စဉ်ကျင်းပတဲ့ ဂျပန်ဘာသာ (JLPT)စာမေးပွဲ နေရာပြောင်းပြုလုပ်မယ်
ဧပြီ၂၇၊၂၀၂၅ Ms (VOM) မန္တလေးမြို့မှာလှုပ်ခေတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးရဲ့ ဒဏ်ကြောင့် နှစ်စဉ်တိုင်းကျင်းပနေတဲ့ဂျပန်ဘာသာ (JLPT)စာမေးပွဲစာဖြေဌာနများအဖြစ် အသုံးပြုမယ့်တက္ကသိုလ်နဲ့ ကျောင်းတွေပျက်စီးခဲ့တဲ့အတွက် စာမေးပွဲဖြေဆိုရမယ့် နေရာတွေပြောင်းရွေ့ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့JLPT စာမေးပွဲကျင်းပရေး ကော်မတီ ၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်းက သိရပါတယ်။ ဂျပန်ဘာသာ (JLPT)စာမေးပွဲ ကို ယခင်နှစ်တွေက ရန်ကုန်နဲ့မန္တလေး မြို့ ၂မြို့မှာ စာဖြေဌာနတွေဖွင့်လှစ်ကျင်းပပေးခဲ့ပေမယ့် ယခုနှစ်မှာတော့ ငလျင်ကြောင့် စာဖြေဌာနပြုလုပ်မယ့် အဆောက်အအုံတွေပျက်စီးခဲ့လို့ရန်ကုန်မှာပဲ စာမေးပွဲဆက်လက်ကျင်းပမှာဖြစ်ရာ မန္တလေးစာဖြေဌာနမှာဖြေဆိုရန်စာရင်းပေးထားသူတွေအနေနဲ့ရန်ကုန်စာဖြေဌာနမှာပြောင်းရွှေ့ဖြေဆိုနိုင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။ ” အဆောက်အအုံ အခက်ခဲကြောင့် မန္တလေးမှာမကျင်းပနိုင်တာက အဲ့ဒီမှာဖြေဖို့ကျွန်တော်တို့လိုလျှောက်တဲ့သူတွေအတွက်ပိုခက်ခဲတာပေါ့။အချိန် နှစ်လကျန် ပါသေးတယ်ဗျာ။ မန္တလေးမှာ အခြားနေရာတွေရှိ ပါတယ်။ တစ်နေရာရာ မှာ ပြုလုပ်စေချင်တယ်။ ရန်ကုန်သွားမဖြေနိုင်လို မန္တလေးကို လျှောက်တာ။ ရန်ကုန်အတွက်လမ်းစရိတ်တွေ ထပ်ကုန်ရမယ်ဆိုတော့ စာမေးပွဲကို ဖြေဖို့ကိုလက်လျော့ရတော့မှာပဲဖြစ်နေတယ်လို့” ဂျပန်ဘာသာစာမေးပွဲဖြေဆိုမယ့်သူတယောက်ကပြောပါတယ်။ လာမယ့်ဇူလိုင်လမှာ ကျင်းပဖို့ရှိတဲ့ ဂျပန်ဘာသာစကား စာမေးပွဲLevel…
Read Moreရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်တိမ်းမှောက်မှုဖြစ်၊ ၁၄ ယောက် ဒဏ်ရာ ရ
ဧပြီ ၂၇ – ၂၀၂၅ SN (VOM) ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဒီကနေ့ ဧပြီ ၂၇ ရက်၊ မနက်ပိုင်းက ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ၁၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ နေပြည်တော် – ရန်ကုန်ဘက်ခြမ်း၊ မိုင်တိုင်အမှတ် (၄၁/၄) နဲ့ (၄၁/၃) ကြားမှာ Toyota Townace Light Truck (အဖြူရောင်) ကားတစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်ပေါ်မှာလိုက်ပါလာသူ အမျိုးသား လေးယောက်၊ အမျိုးသမီး ရှစ်ယောက်၊ ကလေး (မိန်းကလေး) နှစ်ယောက်၊ စုစုပေါင်း ၁၄ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းက အပင်ကို ဝင်တိုက်ပြီး…
Read Moreလားရှိုးမှာ နစကဘက်က ဝန်ထမ်း တချို့စတင် ဝင်ရောက်လာ
ဧပြီ ၁၉၊ ၂၀၂၅ Shy V( VOM) ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ ဧပြီလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းကစ နစကဘက်က ဝန်ထမ်း တချို့စတင် ဝင်ရောက်လာနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကား အစီး ၂၀၊ ၃၀ လောက် ဝင်လာတာ တွေ့တယ်။ ရှေ့ပြေးကား ကတော့ စစ်ဝတ်စုံနဲ့။ ကျန်တဲ့ ကားတွေကတော့ အရပ်ကားတွေ။ ဝန်ထမ်းတွေပဲလား၊ စစ်သားတွေပါလား၊ ဘယ်သူတွေလဲ ဆိုတာ မသိပါဘူး” လို့ ဒေသခံ အမျိုးသား တယောက်ကပြောပါတယ်။ မြို့ထဲမှာတော့ ကိုးကန့် MNDAA ရဲတွေနဲ့ စစ်သားတွေ တချို့ သွားလာနေကြတာတွေ့ရတယ်လို့ သူက ပြောပါတယ်။ လဝက အပါအဝင် အရပ်ဘက် ဆိုင်ရာ ရုံးဝန်ထမ်းတွေ အရင်ဝင်ရောက်လာမယ်လို့လည်း ကြားသိထားရတယ်လို့ ဆိုပါတယ်။…
Read More