နှစ် ၃၀ အတွင်း အကြီးမားဆုံးရေတပ်ဖြန့်ကြက်မှု တရုတ်စစ်တပ် ပြုလုပ်နေ

တိုင်ပေ၊ ဒီဇင်ဘာ-၁၀-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံဟာ နှစ် ၃၀ ကာလအတွင်း ဒေသတွင်းမှာ အကြီးများဆုံးသော ရေတပ်ဖြန့်ကြက်မှုကို လုပ်ဆောင်နေပြီး ဒါဟာ ထိုင်ဝမ်ကို ယခင်ကထက် သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ဂျပန်တောင်ပိုင်း ကျွန်းစုများမှ တောင်တရုတ်ပင်လယ်ထိ လက်ရှိရေတပ်ဖြန့်ကြက်မှုဟာ ၁၉၉၆ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်မီ ထိုင်ဝမ်တဝိုက်မှာပြုလုပ်ခဲ့တဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုများနောက်ပိုင်း အကြီးမားဆုံးလည်းဖြစ်ပါတယ်။တရုတ်စစ်တပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာပေးတာမရှိသေးပါဘူး။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်းတီရဲ့ အမေရိကန်မှာ ရပ်နားမှုအပါအဝင် ပစိဖိတ်ခရီးစဉ်အပေါ် အမျက်ဒေါသထွက်နေပြီး မကြာခင်မှာ စစ်ရေးလေ့ကျင့်ဖွယ် ရှိနေတဲ့ အခြေအနေပါ။တရုတ်စစ်တပ်ဟာ လေတပ်ကို အရန်အဖြစ်ထားရှိပြီး ရေတပ်စစ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်တပ်သင်္ဘောတွေကို ဖြန့်ကြက်နေကာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ပြီးခဲ့တဲ့နေ့က သတိပေးချက်တရပ် ထုတ်ပြန်တပ်လှန့်ထားပါတယ်။ဒေသတွင်းမှာ တရုတ်ရေတပ်နဲ့ ကမ်းခြေစောင့်တပ်က စစ်သင်္ဘော အစင်း ၉၀ ကျော်လောက်ရှိနေပြီး တရုတ်ဟာ…

Read More

ကလေး – ဟားခါးယာဉ်လိုင်း ကားခ သုံးဆနီးပါး မြင့်တက်လာ

ဒီဇင်ဘာ ၁၀ – ၂၀၂၄SS (VOM)ဖလမ်းမြို့တွင်း တိုက်ပွဲကြောင့် ကလေး – ဟားခါးယာဉ်လိုင်း ကားခ သုံးဆနီးပါး မြင့်တက်လာတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုတွေဆီက သိရပါတယ်။တိုက်ပွဲကြောင့် ကလေး – ဟားခါး ယာဉ်လိုင်းတွေကို တလနီးပါးကြာ ရပ်နားခဲ့ရာမှ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ ယာဉ်လိုင်း တလိုင်းတည်းကသာ ရိဒ်လမ်းဘက်မှပတ်ပြီး ပြန်လည် ပြေးဆွဲပေးနေတာဖြစ်တယ်လို့ သိရပါတယ်။“ကားခက အရင်က ဖလမ်းပေါက်တုန်းက တယောက်ကို ကျပ် တသိန်းနှစ်သောင်း။ အခုကတော့ ကျပ် သုံးသိန်းပါ။ ရိဒ်လမ်းက လမ်းလည်းကြမ်းတယ်၊ ဝေးလည်းဝေးတယ်ဆိုတော့ ကားခဈေးတက်သွားတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။လက်ရှိ ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းဟာလည်း တပတ်မှာ နှစ်ကြိမ်လောက်သာ ပြေးဆွဲပေးနေတာဖြစ်သလို လမ်းခရီး အခြေအနေအရ လမ်းမှာ တညအိပ်ပြီး သွားလာနေရတယ်လို့ ကားသမားတယောက်က ပြောပါတယ်။“ဒီခရီးက အရင်က ဖလမ်းကနေသွားရင်…

Read More

လက်နက်သယ်လာတဲ့ ကိုးကန့်တပ်ကား မီးလောင်ပေါက်ကွဲလို့ ငါးယောက်သေ

ZY(VOM)ဒီဇင်ဘာ ၁၀၊ ၂၀၂၄ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံနဲ့ သိန္နီလမ်းပိုင်းမှာ ဒီဇင်ဘာလ ၈ရက်၊ နေ့လည်ပိုင်းအချိန်က လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ ကိုးကန့်တပ်ရဲ့ ကားတစီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ငါးယောက်သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းဌာန “ဝ” လူငယ့်အသံထံကနေ သိရပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်၊ နေ့လည် ၁၂ နာရီ ၂၆ မိနစ်ဝန်းကျင်က ကိုးကန့်တပ်ရဲ့ ကားတစီးဟာ ကွမ်းလုံနဲ့ သိန္နီ လမ်းမပေါ်ရှိ နားတီးဂိတ်မှာ မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကားပေါ်မှာ လူ သုံးယေက်၊ ဂိတ်အနီးရှိ လူနှစ်ယောက် သေဆုံးခဲ့သလို ကားပေါ်ပါ တယောက်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။“သတင်းကတော့ ကြားရတယ်။ ဘာမှထုတ်ပြန်လာတာ မတွေ့ရသေးဘူး။ ငါးယောက်သေတာကတော့ သေချာပါတယ်။ ကျန်တယောက်ကလည်း အသက်အန္တရာယ်စိုးရိမ်ရတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။မီးလောင်ပေါက်ကွဲတဲ့ ဖြစ်စဥ် ဖြစ်ပွားပြီးနောက် ကွမ်းလုံ၊ သိန္နီ…

Read More

နယူးယောက်မြို့လယ်မှာ အာမခံကုမ္ပဏီအကြီးအကဲကို ပစ်သတ်သွားသူ ဖမ်းမိပြီ

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၀-၂၀၂၄မျိုးဆက်(VOM)UnitedHealthcare ကျန်းမာရေးအာမခံကုမ္ပဏီအကြီးအကဲ ဘရိုင်ယန်သော်မဆင်ကို နယူးယောက်မြို့လယ်မှာ သေနတ်နဲ့ ပစ်သတ်သွားတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။နယူးယောက်မြို့ အနောက်ဘက် မိုင် ၂၈၀ အကွာ ပင်ဆယ်ဗေးနီးယားပြည်နယ် ၊ အယ်လ်တိုနာမြို့ရှိ မက်ဒေါ်နယ်ဆိုင်တဆိုင်မှာ လာရောက်စားသုံးသူတယောက်က သေနတ်သမားကို မှတ်မိသတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့က ဖမ်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။လူအိဂျီမန်ဂျိုနီဆိုသူရဲ့ ကျောပိုးအိတ်အတွင်းမှ သရီးဒီပစ္စတိုတစ်လက်၊ အသံတိတ်ကိရိယာနဲ့ ၉ မမကျည်ခြောက်တောင့်ပါတဲ့ ကျည်ကဒ်တခုအပြင် စိတ်အားထက်သန်မှုနဲ့ သူ့အတွေးအမြင်တွေကို ရေးထားတဲ့ စာရွက်စာတမ်းတခုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။နောက်ပိုင်းမှာတော့ ပင်ဆယ်ဗေးနီးယားတရားရုံးက ကနဦးစွဲချက်ငါးခုနဲ့ စွဲချက်တင်ခဲ့ပြီး အာမခံကို ပယ်ချထားပါတယ်။ ဒီဇင်ဘာ ၉ ရက်မတိုင်မီထိ သံသယရှိသူစာရင်းမှာ သူမပါဝင်ခဲ့တာကြောင့် ဖမ်းဆီးမှုအပေါ် အံ့အားသင့်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။UnitedHealthcare ကျန်းမာရေးအာမခံကုမ္ပဏီအကြီးအကဲ ဘရိုင်ယန်သော်မဆင်ဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က နယူးယောက်ရှိ ဟီလ်တန်ဟိုတယ်မှာ…

Read More

လားရှိုးမှာ MNDAA ဘက်က အခွန် စ ကောက် တော့မည်

ဒီဇင်ဘာ ၁၀၊ ၂၀၂၄Shy V ( VOM )ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ MNDAA ဘက်က အခွန် စ ကောက် တော့မှာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။“အခွန်က စကောက်တော့မှာ လို့ကြားတယ်ဗျ။ ဈေးဆိုင်တွေပေါ့။ လိုင်စင်တွေ လုပ်ရမယ် ဆိုတာတော့ မကြားသေးဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။အခွန်ကောက်ခံတာတွေကို အခု ဒီဇင်ဘာလ က စ ကောက်ခံသွားမယ်လို့ သိရပြီး သတ်မှတ် နှုန်းထားတွေကိုတော့ မသိရေသးဘူးလို့ သူက ပြောပါတယ်။“ဟုတ်ကဲ့ အခွန် စကောက်တော့မှာဗျ။ ကုန် ပစ္စည်း အဝင် အထွက် မပိတ်ထားဘူး။ မြို့ပြင်မှာ အခွန်ကောက်တယ်။ မြို့တွင်း ဘာမှ မထူးပါဘူး။ ပုံမှန်ပါပဲဗျ။” လို့ ကိုးကန့် MNDAA နဲ့ နီးစပ်သူ…

Read More

ဗန်းမော် စစ်ရှောင်တွေ များနေချိန် ရွှေကူ – မန္တလေး ကားခ အဆမတန်ယူသော်လည်း ကားနည်းလို့ အခက်အခဲဖြစ်နေ

ဒီဇင်ဘာ ၁၀၊ ၂ဝ၂၄ Shy V (VOM ) ဗန်းမော် စစ်ရှောင်တွေများနေချိန် ရွှေကူ – မန္တလေး ကားခအဆ မတန် ထိုးတက်လာတဲ့ အပြင် ကားနည်းပါးလို့ အခက်အခဲဖြစ်ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကား တစီးလုံး ငှားခက သိန်း ၅၀၊ ၆၀ လောက် တောင်းနေကြတယ်။ အရင်က ဗန်း‌မော် – မန္တလေး မှ တယောက် နှစ်သိန်းခွဲ။ ရွှေကူကဆို စျေးပိုပေါတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လူလောဘ သမားတွေ လူတအားများပြီး ကားနည်းတော့ လုပ်စားကြတာကြောင့် ရွှေကူ – မန်းလေး ကားခက အဆမတန် ခုန်တက်သွားတာလို့ သူက ပြောပါတယ်။ “ကျနော်တို့ ရပ်ကွက်ကနတာ့ အကုန် ပြေးကြတာ။ နောက်ဆုံး…

Read More

နမ့်စန်မြို့မဈေးမှာ ဓားပြတိုက်ဖို့ ကြံစည်နေသူတွေကို ပစ်ခတ်ဖမ်းဆီး

ZY(VOM)ဒီဇင်ဘာ ၉၊ ၂၀၂၄ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ရှိ မြို့မဈေးမှာ ဒီဇင်ဘာလ ၇ရက်၊ မနက်ပိုင်းအချိန်က ဓားပြတိုက်ဖို့ ကြံစည်နေသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ နှစ်ယောက်ဖမ်းမိပြီး တယောက်လွတ်မြောက်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။နမ့်စန်မြို့မဈေးမှာ ဓားပြတိုက်ဖို့ ကြံစည်နေသူ သုံးယောက်ကို ဒေသခံတွေက မသင်္ကာတဲ့အတွက် ရဲတပ်ဖွဲ့ကို ဖုန်းဆက်တိုင်ကြားခဲ့ရာ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။“တဆိုင်ဝင်၊ တဆိုင်ထွက်လုပ်ပြီး သွားနေတော့ မသင်္ကာတာနဲ့ ရဲကို ဖုန်းဆက်တိုင်လိုက်တာပါ။ အဓိကက ရွှေဆိုင်တွေကို ဓားပြတိုက်ဖို့ ကြံစည်ထားတာ ထင်တယ်။ ရွှေဆိုင်တွေကို တဆိုင်ပြီးတဆိုင် လိုက်ဝင်ထွက်ပြီး အခြေအနေကြည့်နေတာ။ ဒါနဲ့ပဲ ရဲကဖမ်းတော့ မဖမ်းမခံဘဲ ထွက်ပြေးတာနဲ့ သေနတ်နဲ့ ပစ်ဖောက်ဖမ်းတော့ တဈေးလုံး လန့်ကုန်ကြတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ ရောက်လာတဲ့အချိန်မှာ အဲဒီအမျိုးသား ယောက်က ထွက်ပြေးဖို့ ကြိုးစားရင်း တဦးက…

Read More

မောင်တော နခခ (၅) ကို AA ထိန်းချုပ်ပြီး နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုကို ပိတ်ပင်

ဒီဇင်ဘာ ၉ – ၂၀၂၄SN (VOM)ရခိုင်ပြည်နယ်၊ မောင်တောမြို့က နောက်ဆုံးလက်ကျန် စခန်းတခုဖြစ်တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ – ၅) ကို ထိန်းချုပ်ပြီး နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုတွေကို ပိတ်ပင်လိုက်တယ်လို့ AA က မနေ့ ဒီဇင်ဘာ ၈ ရက်၊ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာ သတင်းထုတ်ပြန်ထားပါတယ်။AA အနေနဲ့ မောင်တောရှိ နခခ (၅) ကို မနေ့ ဒီဇင်ဘာ ၈ ရက်၊ မနက် ၉ နာရီခွဲဝန်းကျင်မှာ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး နစက ပူးပေါင်းတပ်တွေရဲ့ လမ်းကြောင်းကို ပိတ်ဆို့နိုင်ဖို့ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုတွေကို မနေ့ ဒီဇင်ဘာ ၈ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲ အချိန်မှစပြီး အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်တာ ဖြစ်တယ်လို့…

Read More

စစ်ပွဲအတွင်း ယူကရိန်းစစ်သား လေးသောင်းကျော်သေပြီး သုံးသိန်းခုနှစ်သောင်းကျော် ဒဏ်ရာရခဲ့ကြောင်း ဇီလန်စကီးပြော

ကိဗ်ယက်၊ ဒီဇင်ဘာ-၉-၂၀၂၄ရတီ(VOM)ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ချိန်မှစပြီး ယူကရိန်းစစ်သား ၄၃၀၀၀ ကျော်ကျဆုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါဟာ ယူကရိ်နးစစ်သားတွေ ကျဆုံးမှုနဲ့ပတ်သက်ပြီး သမ္မတဇီလန်စကီးရဲ့ ရှားရှားပါးပါး ထုတ်ဖော်ပြောဆိုမှုဖြစ်ပြီး တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သား သုံးသိန်းခုနှစ်သောင်းကျော်ထိရှိကာ တချို့ကတော့ ဒဏ်ရာနှစ်ကြိမ်ရသူတွေလည်း ပါတယ်လို့ ဆိုပါတယ်။ရုရှားဘက်ကတော့ စစ်သား ၁၉၈၀၀၀ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၅၅၀၀၀၀ ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။ ဒါပေမယ့် သေဆုံးမှုတွေနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ နှစ်နိုင်ငံစလုံးဟာ တဖက်နိုင်ငံရဲ့ ဆုံးရှုံးမှုတွေကို ပုံမှန်ခန့်မှန်းထုတ်ပြန်နေပေမယ့် သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်လေ့မရှိကြပါဘူး ။ရုရှားဟာ နိုဝင်ဘာတလတည်းမှာပင် စစ်သား ၄၅၆၈၀ ယောက် သေဆုံး၊ ဒဏ်ရာရမှုတွေဖြစ်ပွားခဲ့ပြီး ဒါဟာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်တယ်လို့ ဗြိတိန်စစ်ထောက်လှမ်းရေးက ဆိုပါတယ်။ နောက်ဆုံးခန့်မှန်းချက်တွေအရ ရုရှားစစ်သား၁၅၂၃ ယောက်ဟာ နေ့စဉ် သေဆုံးသို့မဟုတ် ဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ယူကရိန်းစစ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး…

Read More

This Day in History

Voice of Myanmarတောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးသည် အကျင့်ပျက်ချစားမှု စွဲချက်များကြောင့် လွှတ်တော်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စွပ်စွဲပြစ်တင်ခံခဲ့ရပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခံရုံးက အတည်ပြုခဲ့ခြင်းကြောင့် နောက်တစ်နှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။

Read More