နိုဝင်ဘာ ၂၊ ၂၀၂၆။ NN(VOM) ရှမ်းပြည်မြောက်ပိုင်း၊ သီပေါစက်လှေဆိပ်မှာ ခရီးသည်တွေထက် ကုန်ပစ္စည်း တွေကိုပဲ ဦးစားပေးတင်နေတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။ စက်လှေဂိတ်တိုင်းလိုလိုမှာ ကုန်ပစ္စည်းတွေကိုပဲ အဓိကတင်ပြီး ခရီးသည် တွေကို တနေကုန်နီးပါး စောင့်ခိုင်းထားတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ခရီးသွားတွေက ပြောပါတယ်။ “ ကုန်ကားတွေ၊ ခရီးသည်တင်ကားကြီးတွေကနေပါတဲ့ ကုန်တွေကိုပဲ ဦးစား ပေးတင်နေတာဗျ။ ခရီးသည်တွေကျတော့ နေပူထဲ စောင့်ခိုင်းထား တာဗျာ။ တချို့ဂိတ်တွေဆို လူမတင်ဘူးတဲ့။ အားလုံး ပြေလည်အောင်တော့ လုပ်ကြစေချင်တယ်” လို့ ခရီးသွား အမျိုးသားတယောက်က ပြောပါတယ်။ ဖြတ်သန်းခွင့်ရဖို့ ပြောတဲ့ ခရီးသည်တွေကိုလည်း စက်လှေဆိပ်က အလုပ် သမားတွေက မချေမငံ ပြန်ပြောတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ၁၀၂၇ တိုက်ပွဲကာလအတွင်း TNLA တပ်ဖွဲ့ သိမ်းပိုက်ခဲ့တဲ့ သီပေါမြို့ကို အစိုးရတပ်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး…
Read Moreပွဲတော်ရက် သုံးရက် တိုးမြှင့်လိုက်တဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲမှာ မီးပုံးပျံပေါင်း ၅၆၀ ကျော် ပါဝင်ယှဉ်ပြိုင်မယ်
နိုဝင်ဘာ ၂ – ၂၀၂၆ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို မူလ သတ်မှတ်ထားတဲ့ရက်ထက် သုံးရက် ထပ်မံ တိုးမြှင့်လိုက်ပြီး ၁၀ ရက်ကြာ ကျင်းပသွားမှာဖြစ်ကာ မီးပုံးပျံပေါင်း ၅၆၀ ကျော် ပါဝင်ယှဉ်ပြိုင်မယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ တန်ဆောင်တိုင်ပွဲတော်ကို အဲဒီမြို့ရဲ့ အဝေရာမီးပုံးပျံကွင်းမှာ နိုဝင်ဘာ ၁၆ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အရင်က နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ မီးပုံးပျံပြိုင်ပွဲမှာ မီးပုံးပျံ ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး၊ နေ့လွှတ်အရုပ် ခြေလေးချောင်း ၁၃၉ လုံး၊ နေ့လွှတ်အရုပ်…
Read Moreခွင့်ပြန်တွေရဲ့ OWIC ကတ် ပြုလုပ်ခွင့်နဲ့ ပြည်ပထွက်ခွာခွင့်ကို သုံးရက်အတွင်းရရှိအောင် ဆောင်ရွက်ပေးနေ
နိုဝင်ဘာ ၂ – ၂၀၂၆ SN (VOM) ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြည်ပအလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်ခွင့်နဲ့ ပြည်ပပြန်လည် ထွက်ခွာခွင့်အတွက် လျှောက်ထားမှုတွေကို သုံးရက်အတွင်း ရရှိအောင် ဆောင်ရွက်ပေးနေတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။ လက်ရှိမှာ ခွင့်ပြန် အလုပ်သမားတွေအတွက် ဝန်ဆောင်မှုတွေကို မနေ့ နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၊ ပင်လုံခန်းမမှာ နေရာပြောင်းလဲ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဖောင်တင်တဲ့အချိန်မှာ လိုအပ်ချက်တွေကို သက်ဆိုင်ရာကောင်တာ တခုချင်းစီမှာ တခါတည်း စိစစ်ပေးနေတာဖြစ်ပြီး စာရွက်စာတမ်း ပြည့်စုံမှသာ လက်ခံ ဆောင်ရွက်ပေးမှာဖြစ်ကာ ဖောင်တင်ခဲ့သူတွေကို အရင်ကလို တယ်လီဂရမ်ကနေတဆင့် အမည်စာရင်းတွေ ထုတ်ပြန် ကြေညာပေးသွားမယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။ “ဖောင်တင်ထားသူတွေအနေနဲ့ အရင်လို ရက်အကြာကြီး…
Read Moreရန်ကုန်မြို့တွင်းခြောက်မြို့နယ်မှာ ယာဉ်ရပ်နားခ ကောက်ခံတာနဲ့ ပတ်သက်ပြီး လူထုအကြား မကျေနပ်မှုတွေ ထွက်ပေါ်
ရန်ကုန်၊နိုဝင်ဘာ ၂၊ ၂၀၂၆ EP(VOM) မြို့တွင်း ခြောက်မြို့နယ်က လမ်းမကြီးကအစ လမ်းသွယ် အထိ ညအိပ်ကားတွေပါ ယာဉ်ရပ်နားခ ကောက်ခံနေတာကြောင့် ရန်ကုန်မြို့နေလူထုအကြား ဝေဖန်မှုနဲ့ မကျေနပ်မှုတွေ ရှိနေတယ်လို့မြို့နယ် ခြောက်မြို့နယ်အတွင်း နေထိုင်သူတွေဆီက သိရပါတယ်။ လမ်းမကြီးတွေမှာ ရပ်နားတဲ့ ယာဉ်တွေ ကောက်ခံခြင်းအပြင် မြို့တွင်း နေထိုင်သူတွေရဲ့ ည အိပ်ကားတွေအထိပါ ကောက်ခံလာတာကြောင့် ပြန်လည် စဉ်းစားပေးစေချင်တယ်လို့ ပန်းဘဲတန်း မြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။ ညအိပ်ကားတွေက ညနေကားရပ်နားရာအချိန်ကနေ မနက်အထိ အချိန် ၁၀နာရီ ကြာမြင့်တတ်ပါတယ်။ ကြာမြင့်ချိန်အတိုင်း ငွေကြေး ပေးဆောင်ရမယ် ဆိုရင် အနည်းဆုံး တစ်ရက် ယာဉ်ရပ်နားခ ၅၀၀၀ ပေးဆောင် ရမှာ ဖြစ်နေတာကြောင့် တစ်လ ၁၅၀၀၀၀ ကုန်ကျနိုင်တယ်လို့ မြို့ခံတွေက တွက် ချက်ပြပါတယ်။ “လမ်းသွယ်တွေပါ ကောက်ခံတဲ့အတွက် ရပ်ကွက်နေ…
Read Moreတောင်တွင်းကြီးမှာ နေအိမ်အတွင်းထိ ဝင်ရောက် လူသတ်ပြီး ပစ္စည်းနဲ့ ငွေကြေး လုယက်ခဲ့သူ တရားခံတွေ ဖမ်းဆီးရမိ
နိုဝင်ဘာ ၂ -၂၀၂၆ EP(VOM) မကွေးတိုင်း တောင်တွင်းကြီးမြိုမှာ နေအိမ်ထဲအထိ ဝင်ရောက်ပြီး လူသတ်၊ ပစ္စည်းလုယူသွားတဲ့ တရားခံ ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း အသတ်ခံရသူ ဆွေမျိုး အသိုင်းဝိုင်းက သိရပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ညက နေအိမ်ထဲ အသက်၂၃နှစ်အရွယ် မလင်းလက်ပြည့် တယောက် တည်းရှိနေတုန်း ဝင်ရောက်ကာ လူသတ်ခဲ့ပြီး Iphoneနဲ့ ငွေကျပ် နှစ်သိန်းသုံးသောင်းကျော် ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ လူသတ် ပစ္စည်းနဲ့ ငွေကြေး လုသွားသူ တရားခံ နှစ်ဦးဟာ အသက် ၁၉ နှစ်အရွယ် နိုင်လင်းဦးနဲ့ အသက် ၂၀ အရွယ် သီဟကျော်တို့ ဖြစ်ပါတယ်။ သူ နှစ်ဦးဟာ တောင်တွင်းကြီးမြို့ ၊ မောင်းတိုင် (၂ )ရပ်ကွက် သီရိအရပ်မှာ နေထိုင်သူတွေ ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်ပုန်းအောင်းရာ တောင်တွင်းကြီးအထွက်မှာ…
Read Moreသူတို့အိမ် အခန်း (၂၅၃)
ဆူးငှက် မန္တလေးသူ မန္တလေးသားတိုင်း အလွမ်း ————————————— ဗုံလေးလုံးသံစဉ်ကို အခက်အခဲများကြားက ထုတ်လုပ်ဖြန့်ချိလိုက်ပြီးနောက် အစ်မကြီးဒေါ်ခင်စောဦးလည်း သဘောကျ ကျေနပ်သွားသည်။ ထိုစဉ်ကာလ မင်္ဂလာဆောင်တိုင်းက အိုရီယမ်တယ်ဟောက်စ်မှာ ချည်းမို့ မင်္ဂလာဆောင် ဝင်တိုင်း အိုရီယမ်တယ်ဟောက်စ်ကို လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါ်ခင်စောဦးနှင့် တွေ့ကာ စကားတွေ ပြောဖြစ်ကြသည်။ ပြောဖြစ်ကြတာတွေကလည်း အတိတ်မန္တလေး အလွမ်းချည်း ဖြစ်ပါ၏။ ထိုစဉ်အခါ ကျွန်တော်တို့တတွေ နှမြောတသ အလွမ်းဆုံးမှာ မန္တလေးသင်္ကြန်ဖြစ်သည်။ ကျွန်တော်တို့က ကျုံးပတ်လည်ရှိ ရေပက်သင်္ကြန်ကို မခံစားနိုင်ကြ။ အတိတ်က မြို့လုံးပတ်လည် စည်ကားခဲ့သော အကသင်္ကြန် အလှသင်္ကြန် ဂီတသင်္ကြန်ကို တမ်းတကြသည်။ လွမ်းဆွတ်ကြသည်။ ထိုစဉ်ကာလ ရင်ခုန်ခဲ့ရသော သင်္ကြန်သီချင်းတွေကို ကြားယောင်ကြသည်။ သင်္ကြန်အကတွေ သင်္ကြန်ဂီတတွေကို တူးဆွကြသည်။ ထိုနံရောအခါ အစ်မဒေါ်ခင်စောဦးက အတိတ်သင်္ကြန်ကို ပြန်လည်…
Read Moreဂျပန်နဲ့ ကိုရီးယားက မြန်မာလုပ်သားတွေ ဝင်ငွေခွန်နဲ့ မိသားစုလွှဲပို့ငွေ အထောက်ထားပြနိုင်မှ ပတ်စ်ပို့သက်တမ်းတိုးခွင့်ရမယ်
နိုဝင်ဘာ ၁ ၊ ၂၀၂၆ GG (VOM) ဂျပန်နိုင်ငံနဲ့ ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) သက်တမ်းတိုးမယ်ဆိုရင် ဝင်ငွေခွန်နဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုလွှဲပို့ငွေ အထောက်အထားကို မဖြစ်မနေ တင်ပြရမယ်လို့ သိရပါတယ်။ အဲဒီ လုပ်ငန်းစဥ်က ဒီကနေ့ နိုဝင်ဘာ ၁ ရက်မှာ စတင်အကျုံးဝင် ဖြစ်ပြီး မိသားစုလွှဲပို့ငွေကို အနီးစပ်ဆုံး ၃ လစာလွှဲပို့ထားကြောင်း နဲ့ ဝင်ငွေခွန်ကတော့ ပြည်ပရောက်တဲ့နှစ်ကာလအပိုင်းအခြားပေါ်မူတည်ပြီး အနည်းဆုံး ၁ နှစ် အထိ ဆောင်ထားတဲ့ အထောက်အထား တင်ပြရမှာလို့ ကနဦးသိရ ပါတယ်။ မိသားစုလွှဲပို့ငွေ နဲ့ ဝင်ငွေခွန်ဆောင်ဖို့ကို တိုကျိုမြို့ရှိမြန်မာသံရုံး ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့က အောက်တိုဘာ ၃၀ ရက်မှာ အသိပေးထားတာပါ။ ” အရင်က ပတ်စ်ပို့သက်တမ်းတိုးရင် ဝင်ငွေခွန်နဲ့…
Read Moreမန်ယူဂန္တဝင် ကစားသမားလေးယောက် ရန်ကုန်ကိုရောက်ရှိလာပြီး မြန်မာ့မျိုးဆက်သစ် လူငယ်တွေနဲ့ တွေ့ဆုံခဲ့
နိုဝင်ဘာ ၁ – ၂၀၂၆ SS (VOM) မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ပတ်ထရစ်အီဗရာ၊ အန်ဒါဆန်၊ အန်တိုနီယို ဗလင်စီယာနဲ့ ဖာဘီယို ဒါဆေးဗားလ်တို့ဟာ “Legendary Players Meet & Greet in Yangon” အစီအစဉ်အတွက် မြန်မာနိုင်ငံကို ရောက်ရှိလာပြီးနောက် ဘောလုံးဝါသနာရှင် မြန်မာ့မျိုးဆက်သစ် လူငယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ မန်ယူနောက်ခံလူဟောင်း ဖာဘီယို ဒါဆေးဗားလ်က အောက်တိုဘာလ ၂၉ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ကို ဦးစွာ ရောက်ရှိလာခဲ့ပြီး ကျန်ရှိတဲ့ ကမ္ဘာကျော် ကစားသမားတွေ ဖြစ်ကြတဲ့ ပတ်ထရစ်အီဗရာ၊ အန်တိုနီယို ဗလင်စီယာနဲ့ အန်ဒါဆန်တို့ကတော့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ထပ်မံ ရောက်ရှိလာခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိလာပြီးနောက် ကစားသမား…
Read Moreအယ်လ်နီညိုကြောင့် ပစိဖိတ် ရေမျက်နှာပြင်အပူချိန် ၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ ထပ်မံ မြင့်တက်လာ
နိုဝင်ဘာ ၂ – ၂၀၂၆ SN (VOM) အယ်လ်နီညိုဖြစ်စဥ်ကြောင့် အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်မှာ ပုံမှန် အပူချိန်အထက်ကို ၂ ဒသအ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒသအ ၈ ဒီဂရီဆဲလ်စီးယပ်အထိ ထပ်မံ မြင့်တက်လာတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ နိုဝင်ဘာ ၁ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာ ရာသီဥတုဗဟိုဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံကာ ခန့်မှန်း သုံးသပ်ထားတာဖြစ်ပြီး လေထုဖြစ်စဉ်တွေဟာ လက်ရှိမှာ အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအခြေအနေမှာ ဆက်လက် တည်ရှိနေပြီး အခု ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာ အယ်လ်နီညို အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။ “အခုဖြစ်နေတဲ့ အယ်လ်နီညိုဟာ ပုံမှန် အယ်လ်နီညိုနှစ်တွေထက် အပူချိန်…
Read Moreညောင်လေးပင်မှာ အသက်မပြည့်သေးတဲ့ သမီးအရင်းကို အဓမ္မပြုကျင့်တဲ့ အဖေကို ဖမ်းဆီး အမှုဖွင့်ထား
အောက်တိုဘာ ၂၆ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှာ အဖေက သမီးအရင်းဖြစ်သူ အသက် ၁၃ နှစ်အရွယ် Grade-7 ကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တာကြောင့် ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ အဖေ ဖြစ်သူဟာ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းကစပြီး သမီးကို အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း ၊ အဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး အမေ အပါအဝင် တခြားသူတွေကို ပြန်ပြောပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သမီးဖြစ်သူက အချိန်အတော်ကြာထိ ဖွင့်မပြောရဲခဲ့ဘဲ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အမေကိုပြောပြခဲ့တဲ့အတွက် အောက်တိုဘာ ၂၄ ရက်နေ့ကမှ ညောင်လေးပင်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး တာဝန်ရှိသူတွေက ကျူးလွန်သူအဖေကို ချက်ခြင်းဖမ်းဆီး အရေးယူခဲ့တာဖြစ် ပါတယ်။ အခုလို သားသမီးအရင်းဖြစ်သူပေါ် လူမဆန်စွာ ပြုမူခဲ့တဲ့ အဖေရင်းကို ကြီးလေးတဲ့အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်သာ ချမှတ်ပေးဖို့ ဒေသခံနဲ့ပြည်သူတွေက တောင်းဆိုမှုရှိနေပါတယ်။ ”…
Read More




