ဇွန် ၂၅၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ နောင်ချိုမြို့တွေမှာ ဒီနေ့ ဇွန်လ ၂၅ ရက်နေ့မနက်ပိုင်းက နစကတပ်နဲ့ TNLA, PDF ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲ အတွင်း ဒေသခံ အရပ်သား ပြည်သူ ကိုးယောက်ထက် မနည်း ထိခိုက် ဒဏ်ရာရကာ သုံးယောက် သေဆုံးပြီး ပြည်သူတချို့ တိုက်ပွဲကြား ပိတ်မိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောက်မဲမှာ အရပ်သား ပြည်သူတွေ တော်တော် ထိသွားတာ ဟုတ်တယ်။ သေဆုံးတာ နှစ်ယောက်၊ ထိခိုက် ဒဏ်ရာရတာ ကိုးယောက် ဆိုပေမယ့် အဲဒီထက် များနိုင်တယ်။ တိုက်ပွဲ အတွင်း ဆိုတော့ အရေအတွက်က အတည်ပြုလို့ မရဘူး။” လို့…
Read Moreဟားမတ်စ်တို့နဲ့ ယာယီအပစ်ရပ်ရေးသာ ဆန္ဒရှိကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
တဲလ်အဗစ်၊ ဇွန်-၂၅-၂၀၂၄ မျိုးဆက်(VOM) ဟားမတ်စ်တို့ ကြိုးပမ်းနေတဲ့ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပယ်ချလိုက်ပြီး ယာယီအပစ်ရပ်ဖို့သာ သဘောတူဖို့ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ဆက်လက်တိုက်ခိုက်နေပြီ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၂၈ ယောက်ထက်မနည်းသေဆုံးခဲ့ကြောင်း ဂါဇာတာဝန်ရှိသူတွေကထုတ်ပြန်ထားပြီး စစ်ပွဲစတင်ပြီးနောက်ပိုင်း သေဆုံးသူ သုံးသောင်းခုနှစ်ထောင်ကျော်ရှိလာပြီဖြစ်ပါတယ်။ ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓါးစာခံတွေ လွတ်မြောက်ရေး တစိတ်တပိုင်းအဖြစ် ယာယီအပစ်အခတ်ရပ်စဲရေးကိုသာ သဘောတူမယ်လို့ နေတန်ယာဟုက ပြောပါတယ်။ ဒါပေမယ့်လည်း အစ္စရေးဟာ ဟားမတ်စ်တို့ကို ချေမှုန်းမယ့် ရည်ရွယ်ချက်အောင်မြင်တဲ့ထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲမယ်လို့ ဆိုပါတယ်။ မေလအတွင်း အမေရိကန်အဆိုပြုတဲ့ အပစ်အခတ်ရပ်စဲရေးမှာတော့ အဆင့်သုံးဆင့်ပါဝင်ပြီး တိုက်ပွဲတွေ သီတင်းခြောက်ပတ်ကြာ ရပ်နားထားဖို့နဲ့ ဓါးစာခံတွေ လွတ်မြောက်ရေးအပြင် အမြဲတမ်းအပစ်အခတ်ရပ်စဲရေး ရယူဖို့တွေပါဝင်ပါတယ်။ ဝန်ကြီးချုပ်နေတန်ယာဟုရဲ့ မှတ်ချက်ဟာ အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့…
Read Moreဘင်္ဂလားဒေ့ရှ်မှာ လူအများအပြားကို ကွပ်မျက်ပြီး စာအုပ်ရေးသား ထုတ်ဝေခဲ့တဲ့ အာဏာပါးကွက်သား သေဆုံး
ဒါကာ၊ ဇွန်-၂၅-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သေမိန်ချခံရတဲ့ လူသတ်သမားတွေနဲ့ နိုင်ငံရေးသမားတွေကို အများဆုံးကြိုးပေးကွပ်မျက်ခဲ့ပြီး ဒီအကြောင်း အသေးစိတ် စာအုပ်တအုပ်ပါ ရေးသားခဲ့တဲ့ အာဏာပါးကွက်သားတယောက်ဟာ ပြီးခဲ့တဲ့နေ့က သေဆုံးသွားပါတယ်။ အသက် ၇၄ နှစ်အရွယ် ရှာဂျာဟန်ဘွီယန်ဆိုသူဟာ ရင်ဘတ်အောင့်ဝေဒနာ ခံစားရပြီးနောက် မြို့တော်ဒါကာမှာ ဆေးရုံတင်ခဲ့ပေမယ့် ဆေးကုသနေစဉ်အတွင်း သေဆုံးသွားတယ်လို့ ဆရာဝန်တွေက အတည်ပြုပြောဆိုပါတယ်။ ဘွီယန်ဟာ လူတွေကို ကွပ်မျက်မှု ၂၆ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး အချို့သောအစီရင်ခံစာတွေမှာတော့ သူဟာ အကြိမ်ပေါင်း ၆၀ ထိကွပ်မျက်မှုပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ တော်လှန်ရေးသမားဟောင်းဖြစ်တဲ့သူဟာ ဓါးပြတိုက်မှု၊ လူသတ်မှုအတွက် ထောင်ဒဏ် ၄၂ နှစ်ကျခံနေပြီးနောက် ကွပ်မျက်မှုကိုလုပ်ပေးရတဲ့ အာဏာပါးကွက်သားတယောက်ဖြစ်လာပြီး ဒီအတွက် ထောင်ကနေ ၁၀ နှစ်စောပြီး ပြီးခဲ့တဲ့နှစ်က လွတ်မြောက်ခဲ့ပါတယ်။ သူ့လက်ချက်နဲ့ ကွပ်ချက်ခံရသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်လက်ရှိဝန်ကြီးချုပ်ရဲ့ ဖခင်ဖြစ်သူကို လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တဲ့ စစ်ဘက်အရာရှိတွေ၊…
Read Moreတောင်ကိုရီးယား ခရီးသည်တင်လေယာဉ် ပျံသန်းနေစဉ်လေဖိအားစနစ်ချို့ယွင်းမှု ခရီးသည် ၁၃ ယောက် ဆေးရုံတင်ထားရ
ဆိုးလ်၊ ဇွန်-၂၅-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားကနေ ထိုင်ဝမ်ကို ပျံသန်းတဲ့ တောင်ကိုရီးယားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစင်းဟာ ပျံသန်းနေစဉ် လေယာဉ်ချို့ယွင်းမှုကြောင့် ခရီးသည် ၁၃ ယောက်ကို ဆေးရုံပိုဆောင်ခဲ့ရတယ်လို့ ဒေသတွင် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ လေယာဉ်ခရီးစဉ် အမှတ် KE189 ဟာ ပြီးခဲ့တဲ့ စနေနေ့ညနေ ဒေသစံတော်ချိန် ၄ နာရီ ၄၅ မိနစ်မှာ အင်ချွှန်းနိုင်ငံတကာ လေဆိပ်ကနေ ခရီးသည် ၁၂၅ ယောက်ကို တင်ဆောင်ပြီး ပျံသန်းခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ လေယာဉ်ပျံသန်းပြီးနောက် မိနစ် ၅၀ အကြာ အပန်ဖြေကျွန်းဖြစ်တဲ့ ဂျယ်ဂျူကျွန်းကို ဖြတ်သန်းစဉ်မှာတော့ လေယာဉ်ရဲ့ အတွင်းခန်းဖိအားကို ထိန်းညှိပေးတဲ့ လေဖိအားစနစ်မှာ ပြသနာဖြစ်ပွားခဲ့တယ်လို့ အဆိုပါသတင်းဌာနက ဖော်ပြထားပါတယ်။ လေယာဉ်ပျံသန်းမှု ခြေရာခံဝက်ဘ်ဆိုက် ဖိုက်ရေဒါ၂၄ ရဲ့အဆိုအရ လေယာဉ်ဟာ ရှစ်မိနစ်အတွင်း ပေနှစ်သောင်းခွဲထိ…
Read MoreVPN ပြဿနာကြောင့် အွန်လိုင်းဈေးရောင်းသူတွေ ရောင်းအားကျဆင်း
ဇွန် ၂၄ – ၂၀၂၄ SN (VOM) မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်မှစတင်ကာ VPN (Virtual Private Network) အက်ပလီကေးရှင်းတွေ အသုံးပြုမှု ထပ်မံ ကန့်သတ်ခံထားရတာကြောင့် အွန်လိုင်းအသုံးပြု ဈေးရောင်းချသူတွေအနေနဲ့ ရောင်းအားတွေ ကျဆင်းလာတယ်လို့ ပြောဆိုကြပါတယ်။ “VPN တွေ အဆင်မပြေတော့ အရောင်းပို့စ်တခု တင်နိုင်ဖို့တောင် အချိန် အကြာကြီးပေးရတယ်။ Live sale (အွန်လိုင်းတိုက်ရိုက် အရောင်းဝယ်) လုပ်ဖို့ဆို ပိုဆိုးတယ်။ မလုပ်နိုင်ဘူး။ အဲဒီတော့ Live လွှင့် ရောင်းတာကို ခဏ ရပ်ထားရတယ်။ Like & Share ရော၊ Comment တွေရော အရမ်း ကျသွားတယ်။ ကိုယ့်အရောင်းပို့စ်က လူသိ တအားနည်းသွားတယ်ပေါ့။ ဝယ်တဲ့သူတွေမှာလည်း အဲဒီ့လိုပဲ။ VPN ပြဿနာကြောင့်…
Read Moreမြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်အတွက် ရုရှားဆီက အကူအညီရယူနိုင်ကြောင်း အမေရိကန် သတိပေး
ဝါရှင်တန်၊ ဇွန်-၂၅-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားနဲ့ တာဝေပစ်ဒုံးကျည်အစီအစဉ်တွေမှာ ရုရှားဆီကနေ အကူအညီတွေ ရယူနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတယောက် သတိပေးပြောဆိုလိုက်ပါတယ်။ အမေရိကန်အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီက ဝါရှင်တန်မှာ ကြီးမှူးကျင်းပတဲ့ အခမ်းအနားတခုမှာ အခုလို သတိပေးခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားကလည်း ယူကရိန်းစစ်ပွဲအတွက် ရုရှားကို စစ်ရေးအကူအညီတွေ ပေးအပ်ခဲ့တယ်လို့သူကဆိုပါတယ်။ ဒီလိုကူညီမှုအတွက် မြောက်ကိုရီးယားက အပြန်အလှန်အနေနဲ့ ရုရှားဆီက ပြန်ရတာတွေအပေါ် ဆွေးနွေးငြင်းခုန်မှုတွေရှိပါတယ်။ ဒါကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်အပြင် စွမ်းအင်နဲ့ အခြားအရာတွေပါဝင်တယ်လို့ မိမိတို့ယုံကြည်ထားပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်က ပြောပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာချုပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက လက်မှတ်ရေးထိုးခဲ့ပြီး ရုရှား သို့မဟုတ် မြောက်ကိုရီးယားကို ကျူးကျော်တို်ကခိုက်ပါက စစ်ရေးအရ အပြန်အလှန်အကူအညီပေးဖို့အချက်လည်း ပါဝင်နေပါတယ်။ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့…
Read Moreမူဆယ်မှာ ကျွဲခတ်လို့ တယောက်သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရ
ဇွန် ၂၄ – ၂၀၂၄ SN (VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့မှာ မနေ့ ဇွန် ၂၃ ရက် ညနေပိုင်းက ကျွဲခတ်မှုကြောင့် တယောက်သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ မနေ့ ညနေ ၅ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျွဲခတ်မှုကြောင့် အသက် ၅၂ အရွယ် အမျိုးသမီးတယောက်ဟာ နံရိုးနဲ့ ရင်ဘတ်မှာ ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် ကွတ်ခိုင်ဆေးရုံကို ပို့ဆောင် ဆေးကုသခဲ့ပေမယ့် ဒီကနေ့ ဇွန် ၂၄ ရက်၊ မနက်ပိုင်းမှာတော့ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “နမ့်ဖတ်ကာကနေ ကျွဲကိုဝယ်လာပြီးတော့ ၁၀၅ မိုင်အရောက်မှာ ကျွဲကို ကားပေါ်ကချတဲ့အချိန်မှာ ဖြစ်တာ။ ကျွဲက ကားအောက် ရောက်ရောက်ချင်း ကမူးရှူးထိုး ပြေးပြီး နေရာအနှံ့က…
Read Moreမန်တုံက ဈေးသည် ပြည်သူလုပ်ငန်းရှင် ပြည်သူနှစ်ယောက်ကို TNLA က မြို့ကနေ နှင်ထုတ်ပြီး ကာလိုင် ကိုယ်ထူကိုထ ကျောင်းကိုပါ ချိတ်ပိတ်
ဇွန် ၂၄၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံက ဈေးသည် ပြည်သူလုပ်ငန်းရှင် နှစ်ယောက်ကို TNLA က မြို့ကနေ ထွက်ခွာခိုင်း နှင်ထုတ်ပြီး ကာလိုင် ကိုယ်ထူကိုထ ကျောင်းကိုပါ ချိတ်ပိတ်လိုက်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ မန်တုံက ဈေး ဆိုင်ဖွင့်ထားတဲ့ ဗမာမိသားစု ၂ စုကိုလည်း မန်တုံ မြို့နယ် ကနေ ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးဖို့ အခု ဇွန်လ ၁၆ ရက်နေ့ TNLA ရဲ့ ထွေအုပ်ရုံးက စာလာပို့သွားတယ်လို့ ကာယကံ ရှင်တယောက်က ပြောပါတယ်။ “အကြောင်းပြချက်ကတော့ အဓိက လူမျိုးရေး ပါတာပေါ့။ အရင်တုန်းက အစိုးရ ဝန်ထမ်းတွေ နဲ့ အရမ်းရင်းနှီးတယ်။ အရင်တုန်း…
Read Moreတောင်ကိုရီးယားမှာ လစ်သီယံဘက်ထရီစက်ရုံ ပေါက်ကွဲမီးလောင်မှု ၁၆ ယောက်သေပြီး ငါးယောက် ပျောက်ဆုံးနေ
ဆိုးလ်၊ ဇွန်-၂၄-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံရှိ လစ်သီယမ်ဘက်ထရီစက်ရုံတရုံမှာ ဒီနေ့ ဇွန် ၂၄ ရက်ကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၁၆ ယောက်သေဆုံးပြီး ငါးယောက်ပျောက်ဆုံးနေပါတယ်။ ဆိုးလ်မြို့တောင်ဘက် ဟွာဆောင်ရှိ အာရီဆဲလ် ဘက်ထရီကုမ္ပဏီပိုင် စက်ရုံမှာ လောင်ကျွမ်းခဲ့တဲ့မီးကို မနက် ၁၀ နာရီ မိနစ် ၃၀ မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အလုံးရေ သုံးသောင်းငါးထောင်ရှိတဲ့ ဂိုထောင်ထဲက ဘက်ထရီတွေ ဆက်တိုက်ပေါက်ကွဲပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ ဒါပေမယ့် ပေါက်ကွဲမှုစတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စက်ရုံအတွင်းကနေ အလောင်း ၂၀ တွေ့တယ်လို့ ယွန်ဟတ်သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့ပေမယ့် လူ ၁၆ ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရထားတယ်လို့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေကတော့ ပျောက်ဆုံးနေတဲ့ လူငါးယောက်ကို အပူတပြင်း…
Read Moreဂါဇာမှာ စစ်ဆင်ရေးကြီးတွေ လျှော့ချပြီး ဟဇ်ဘိုလာနဲ့တင်းမာနေတဲ့ လက်ဘနွန်နယ်စပ်ကို အစ္စရေးတပ်တွေ ရွှေ့မယ်
တဲလ်အဗစ်၊ ဇွန်-၂၄-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမတ်စ်တို့ကို တိုက်ခိုက်နေတဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးကြီးတွေ များမကြာခင် အဆုံးသတ်တော့မှာဖြစ်ပြီး အစ္စရေးတပ်တွေကို လက်ဘနွန်နဲ့ထိစပ်နေတဲ့ နိုင်ငံမြောက်ပိုင်း နယ်စပ်တလျှောက်မှာ ထပ်မံချထားတော့မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ ဒါဟာ စစ်ပွဲပြီးဆုံးပြီးလို့ ဆိုလိုတာမဟုတ်ဘဲ ပြင်းထန်တဲ့စစ်ဆင်ရေးတွေအဆင့်တွေ ရာဖာမှာပြီးဆုံးတော့မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ပြင်းထန်တဲ့ စစ်ဆင်ရေးကို လျှော့ချမှာဖြစ်ပေမယ့် ဒါဟာ စစ်ပွဲပြီးသွားတာမဟုတ်ဘူးလို့ သူကပြောပါတယ်။ အစ္စရေးတပ်တွေကို လက်ဘနွန်နယ်စပ်ရှိ နိုင်ငံမြောက်ပိုင်းကို ပြောင်းရွှေ့နိုင်ခြေရှိပြီး ဒါကိုလုပ်ဆောင်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အစ္စရေးအနေနဲ့ နိုင်ငံကာကွယ်ရေးက အဓိကဦးစားပေးဖြစ်ပြီး ဒုတိယအဆင့်ကတော့ ဒုက္ခရောက်နေတဲ့ အစ္စရေးနိုင်ငံသားတွေကို ကူညီဖို့ဖြစ်တယ်လို့ နေတန်ယာဟုက ဆိုပါတယ်။ လက်ရှိမှာတော့ အစ္စရေးဟာ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက်ပြင်းထန်နေပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဟဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်ရာနဲ့ချီ တိုက်ခိုက်ခဲ့ပါတယ်။…
Read More