မိုးကုတ်နဲ့ မတ္တရာမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ စစ်ရှောင်နေရ

  ဇွန် ၂၇ – ၂၀၂၄ GG + SN (VOM) မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်နဲ့ မတ္တရာမြို့တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က (၁၀၂၇) စစ်ဆင်ရေးရဲ့အဆက်လို့ ကြေညာပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) က နောင်ချိုနဲ့ ကျောက်မဲမြို့တို့မှာ တိုက်ပွဲတွေ ပြန်လည်ဖော်ဆောင်နေတာကြောင့် မိုးကုတ်မြို့အပြင် မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ မတ္တရာနယ်ထဲအထိ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းမှာ ဒီနေ့ ဇွန်လ ၂၇ ရက်နေ့မနက်ပိုင်းမှာလည်း TNLA ၊PDF ပူးပေါင်းတပ်တွေနဲ့ နစကတပ်အကြားတိုက်ပွဲတွေ ပြင်းထန်နေပြီးTNLA တပ်တွေက မြို့ထဲကကျပ်ပြင်ရဲစခန်းနဲ့ စစ်တပ် တပ်စွဲထားတဲ့ ရွှေမြင်ဝင်းဘက်မှာ ပစ်ခတ် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ရဲစခန်းနားကအိမ်တွေလည်းရှောင်ကုန်ကြပြီ၊ဘယ်အဖွဲ့ကရှောင်ခိုင်းတယ်ရယ်လို့တော့မဟုတ်ဘူး တိုက်ပွဲကပြင်းထန်နေတော့ရှောင်ကြတာ၊လွတ်မယ်ထင်တဲ့နေရာကိုရှောင်ကြတာပေါ့၊အနောက်ပိုင်းမှာက…

Read More

သီပေါ၊ ကျောက်မဲ မြို့ အဝင်၊ အထွက် ပိတ်ထားလို့ ဒေသခံတွေ အခက်ကြုံ ၊ နောင်ချိုမှာလည်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

  ဇွန် ၂၆၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ အနီး တိုက်ပွဲဖြစ်ပြီး သီပေါ၊ ကျောက်မဲ မြို့ အဝင်၊ အထွက် ပိတ်ထားလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ညနေက သီပေါ တံတားနားပစ်နေတာ။ သီပေါမြို့အနီး ဆွတ်လန်းရွာမှာလည်း နေအိမ် တအိမ် မီးလောင်နေတာ။ ပစ်ခတ်သံတွေတော့ ကြားနေရဆဲ။ မြို့ အဝင်အထွက် ပိတ်လိုက်တယ်။ မနေ့ နေ့လယ် ကတည်းက။ လမ်းတွေရော ပိတ်တာ။ တမြို့လုံး တိတ်ဆိတ် နေတာပဲ။” လို့ သီပေါ မြို့ခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ဆွတ်လန်းနားက တံတား အသေးလေးကျိုးသွားပြီး ကားတွေက အပေါ်တက်လည်း မရ၊ အောက်ဆင်းလည်းမရ အကုန် ပိတ်မိကုန်ပြီလို့ သူက ပြောပါတယ်။…

Read More

မိုးကုတ်မြို့အနောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး ပရဟိတသမားသုံးယောက် ပျောက်ဆုံးနေ၊ မိုးကုတ် ကားလမ်းလည်းပိတ်

  ဇွန် ၂၆ – ၂၀၂၄ GG (VOM) မိုးကုတ်မြို့အနောက်ပိုင်း ၊ဒေါ်နန်းကြည်တောင်မှာ ဖြစ်နေတဲ့ TNLA ၊PDF ပူးပေါင်းတပ်တွေနဲ့ နစကတပ်အကြားတိုက်ပွဲက ဒီနေ့ ဇွန်လ၂၆ ရက်မှာမိုးကုတ်အနောက်ပိုင်းမြို့ထဲအထိ တိုက်ပွဲကူးစက်လာနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မြို့ထဲက ရဲစခန်းအပါအဝင် အစိုးရရုံးရှိရာ တွေကို TNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်လာတာကြောင့် မြို့တွင်းအထိပါပစ်ခတ်မှုတွေရှိလာလို့ မြို့ခံပြည်သူတွေမှာ မိုးကုတ်မြို့အရှေ့ပိုင်းကိုပင် သွားလာလို့မရတဲ့အခြေအနေတွေဖြစ်သွားပြီလို့သိရပါတယ်။ “အိမ်ထဲကမှာပဲပုန်းနေရတယ်၊အပြင်မထွက်ရဲဘူး။အရှေ့ပိုင်းကိုတောင်သွားလို့မရတော့ဘူး။မနေ့ကဒေါ်နန်းကြည်တောင်ဘက်မှာတိုက်ပွဲဖြစ်တာ၊ဒီနေ့တော့ မြို့ထဲအထိရောက်လာတယ်။ ရဲစခန်းဘက်ဖြစ်နေတာ ဘယ်မှကိုသွားမရတော့ဘူး၊ မနက်ကထိပစ်နေကြတာ၊အခုတော့ ငြိမ်နေတယ်၊တိုက်ပွဲက ဖြစ်လိုက်ရပ်လိုက်ပဲ ” လို့ မိုးကုတ်မြို့ အနောက်ပိုင်းဒေသခံတယောက်ကပြောပါတယ်။ မနေ့ကမိုးကုတ်မြို့ အနောက်ပိုင်း တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ခဲ့တဲ့ အမျိုးသားနဲအမျိုးသမီး နှစ်ယောက်ကို ညက အရှေ့ပိုင်းဆေးရုံကြီးဆီ လူနာတင်ယာဉ်နဲ့လိုက်ပို့ပြီး အနောက်ပိုင်းကိုပြန် လာတဲ့ လောကဟိတပရဟိတအသင်းကားလည်း ပစ်ခတ်ခံရပြီး လူနာလိုက်ပို့တဲ့ သုံးယောက်ပျောက်ဆုံးနေ ပြီး ကားကိုပဲတွေ့ရှိထားတယ်လို့သိရပါတယ်။ ” ဟုတ်တယ်…

Read More

တရုတ်ရဲ့ စူးစမ်းလေ့လာရေးယာဉ် လကမ္ဘာအဝေးတဘက်ခြမ်းက နမူနာတွေနဲ့အတူ ကမ္ဘာမြေကို ပြန်လည်ရောက်ရှိ

  ပေကျင်း၊ ဇွန်-၂၆-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာရဲ့အဝေးတဘက်ခြမ်းက စူးစမ်းလေ့လာမှုမပြုရသေးတဲ့ ကျောက်သားနမူနာတွေကို ရယူပြီး ကမ္ဘာမြေကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ Chang’e-6 စူးစမ်းလေ့လာရေးယာဉ်ဟာ စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့ လကမ္ဘာရဲ့မျက်နှာပြင်ပေါ်မှာ နှစ်လနီးပါးကြာ မစ်ရှင်ပြီးဆုံးပြီးနောက် ဇွန် ၂၅ ရက်မှာ အတွင်းမိုဂိုလီးယား သဲကန္တာရာမှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ လကမ္ဘာပေါ်က ရယူလာခဲ့တဲ့ နမူနာတွေဟာ လကမ္ဘာဘယ်လိုဖွဲ့စည်းဖြစ်တည်ခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီး အဓိကမေးခွန်းတွေကို ဖြေရှင်းနိုင်ဖွယ်ရှိတာကြောင့် ဒီမစ်ရှင်အပေါ် သိပ္ပံပညာရှင်တွေက အာရုံစိုက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၁၉ ခုနှစ်မတိုင်ခင် လကမ္ဘာရဲ့ အမှောင်ဘက်ခြမ်းကို ပထမဆုံးဆင်းသက်နိုင်ခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ကမ္ဘာနဲ့ဝေးရာမျက်နှာမူထားတဲ့ အဲဒီဘက်အခြမ်းဟာ ခက်ခဲတဲ့ မြေမျက်နှာသွင်ပြင် ဧရာမ မီးတောင်ကြားတွေကြောင်း သတ်မှတ်နေရာကို သွားရောက်ဖို့ရာမှာ စိန်ခေါ်မှုတွေ ပြည့်နှက်နေပါတယ်။ အဲဒီနေရာမှာ ရေ၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်တွေရရှိနိုင်တဲ့ ရေခဲတွေရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားတာကြောင့် စူးစမ်းလေ့လာနိုင်မှုနည်းပါတဲ့ အဲဒီက…

Read More

ကင်ညာမှာ အခွန်တိုးကောက်မှာကြောင့် ပါလီမန်ကို မီးဝင်ရှို့၊ ဆန္ဒပြသူ ငါးယောက် ရဲကပစ်လို့ သေဆုံး

  နိုင်ရိုဘီ၊ ဇွန်-၂၆-၂၀၂၄ မျိုးဆက်(VOM) ကင်ညာနိုင်ငံမှာ အခွန်တိုးကောက်မယ့် အစီအစဉ်အပေါ် ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေဟာ ပါလီမန်ကို ဝင်ရောက်မီးရှို့ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူငါးယောက်သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူရာနဲ့ချီ ဒဏ်ရာရခဲ့ပြီး မြို့တော်နိုင်ရိုဘီရှိ ဘုရားကျောင်းတစ်ခုမှာ ယာယီဆေးခန်းဖွင့်ပြီးကုသနေကာ ဆရာဝန်တွေကို စစ်သားတွေက နှင်ထုတ်နေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ ပါလီမန်ကိုဝင်ရောက်စီးနှင်းပြီး မီးမရှို့မီ ရဲတပ်ရဲ့ အတားအဆီးတွေကို ဖြတ်ကျော်ခဲ့ကြပါတယ်။ အခွန်တိုးမြှင့်မှုတွေပါဝင်ပြီး လူကြိုက်များခြင်းမရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းကို ဆန့်ကျင်ဆန္ဒပြမှုတွေ ကင်ညာမှာ ရက်ပေါင်းများစွာ ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို ပါလီမန်အမတ်များက ဇွန် ၂၅ ရက်မှာ အတည်ပြုလိုက်တာကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေ ပိုမိုအရှိန်မြင့်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ပါလီမန်အတွင်းဝင်ရောက်ပြီး အတွင်းပိုင်းတွေကို ဖျက်ဆီးကာ မီးရှို့မှုများ ပြုလုပ်ခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလုပ်ရပ်ဟာ…

Read More

ပဲ့ထိန်းဒုံးကျည် တစင်းကို ဂျပန်ပယ်လယ်အတွင်း မြောက်ကိုရီးယား ပစ်ခတ်စမ်းသပ်ပြန်

  ဆိုးလ်၊ ဇွန်-၂၆-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်တစင်းကို ဒီနေ့ ဇွန် ၂၆ ရက်မှာ ပင်လယ်ပြင်ကို ဦးတည်ပြီး ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။ အိမ်နီးချင်းမြောက်ကိုရီးယားက တောင်ကိုရီးယားနိုင်ငံဘက်ကို အမှိုက်မိုးပျံပူးပေါင်းများ လွှတ်တင်မှုကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အခုလို ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ အခုလို ဒုံးကျည်ပစ်လွှတ်မှုဟာ အောင်မြင်ခဲ့ဖွယ်မရှိကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ခွဲခြမ်းစိတ်ဖြာနေတယ်လို့ ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရုံးကလည်း ဂျပန်ပင်လယ်သို့ ဦးတည်သည့် မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်လွှတ်တင်မှုကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားဟာ ယူကရိန်းမှာအသုံးပြုဖို့အတွက် ရုရှားကို မပေးပို့မီ အမြောက်တွေနဲ့ ခရုဇ်ဒုံးကျည်ထုတ်လုပ်မှုတွေကို အရှိန်မြှင့်နေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ မြောက်ကိုရီးယားနဲ့ရုရှားတို့အကြား သမ္မတပူတင်ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားခရီးစဉ်အတွင်း နှစ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်လာရင် အပြန်အလှန်စစ်ရေးအကူအညီပေးရေးတွေပါဝင်တဲ့ မဟာဗျူဟာမြောက်…

Read More

This Day in History

  Voice of Myanmar ၂၀၀၇ ခုနှစ်ထိ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦအဖြစ် သတ်မှတ်ခံခဲ့ရသော ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ ပေပေါင်း ၁၈၁၅ အမြင့်ရှိ ၁၉၇၆ ခုနှစ် ဇွန် ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #June26

Read More

MNDAA ထိန်းချုပ်ထားတဲ့ နေရာက ဒေသခံတွေကို သန်းခေါင်စာရင်းကောက်ခံပြီး အိမ်ထောင်စုစာရင်းနဲ့ ဒေသသားမှတ်ပုံတင် ပြုလုပ်မယ်

  ဇွန် ၂၅၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ၁၀၂၇ စစ်ဆင်ရေးကာလမှာ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ် သိမ်းပိုက်ထားတဲ့ နေရာက ဒေသခံတွေကို သန်းခေါင်စာရင်းကောက်ခံပြီး အိမ်ထောင်စုစာရင်းနဲ့ ဒေသသားမှတ်ပုံတင် ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း ဇွန်လ ၂၂ ရက်နေ့က MNDAA ဘက်က အသိပေး သတင်း ထုတ်ပြန် ထားပါတယ်။ ကိုးကန့် ထိန်းချုပ် ဒေသ‌​ေတွမှာ အမြဲတမ်းနေထိုင်တဲ့လူဦးရေ စာရင်းကို အသစ်ပြန်လည်ကောက်ခံပြီး စနစ်တကျစီမံခန့်ခွဲသွားမှာ ဖြစ်ပြီး အိမ်ထောင်စုစာရင်းစာအုပ်အသစ်နဲ့ ဒေသသားမှတ်ပုံတင်ကတ်ပြား ထုတ်ပေးသွား မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ထားတဲ့ လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီ၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး စတဲ့…

Read More

သံတွဲမှာ တိုက်ပွဲပြင်းထန်လို့ မြို့လုံးကျွတ်နီးပါး စစ်ရှောင်နေရ၊ တောင်ကုတ်မှာလည်း မိုင်းနင်းမိလို့ အရပ်သားထိခိုက်မှုတွေရှိ

  ဇွန် ၂၅ – ၂၀၂၄ GG (VOM ) ရခိုင်ပြည်နယ်၊သံတွဲမှာတိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရသလို တောင်ကုတ်မြို့မှာလည်း မိုင်းနင်းမိပြီး အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့ဒေသခံ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၅ ရက်နေ့မနက်ပိုင်းက တောင်ကုတ်မြို့၊တက္ကသိုလ်အနီးက တောထဲ ဟင်းရှာထွက်တဲ့ ဒုံကျေးရွာက ဒေသခံသုံးယောက်မိုင်းနင်းမိပြီး အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိပြီး အရေးပေါ်ခွဲစိတ်ဖို့ လုပ်နေရသလို နောက်ထပ်မိုင်းနင်းမိသူအမျိုးသားတယောက်ကတော့ ကယ်ဆယ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ ” ခြေထောက်ပြတ်လူနာနှစ်ယောက်ကတော့ ဆေးရုံရောက်နေပြီ၊အရေးပေါ်ခွဲစိတ်ဖို့လုပ်နေတယ်၊တယောက်ကတော့ ညည်းသံပဲကြားရပြီးတောထဲကျသွားလားမသိဘူး မကယ်နိုင်သေးဘူး၊ဟင်းရှာထွက်ရင်းမိုင်းနင်းမိပြီးဖြစ်သွားတာ၊မြို့ပေါ် တိုက်ပွဲမရှိဘူး၊တောင်ကုတ်က လမ်းကြောင်းအကုန်ပိတ်ထားတော့ဘယ်မှသွားမရဘူး၊လူနာတင်ယာဥ်တောင်သွားမရတော့အရေးပေါ်လူနာလည်း ဒီမှာပဲရှိတဲ့လက်ကျန်ဆေးဝါးနဲ့အဆင်ပြေအောင်ကုသနေရတယ် ” လို့ တောင်ကုတ်မြို့က လူမှုကူညီရေး လုပ်ငန်းတွေဆောင်ရွက်နေတဲ့ဆရာတော်တပါးကမိန့်ပါတယ်။ တောင်ကုတ်မြို့ပေါ်အထိ နှစ်ဖက်ထိတွေတိုက်ပွဲတွေဖြစ်ပွားတာမျိုးမရှိပေမယ့်လည်း နေပူတောင်အနီးမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိတာကြောင့် ရွာဘက်တွေက အများအပြားစစ်ဘေးရှောင်နေကြရ တယ်လို့သိရပါတယ်။ တောင်ကုတ် မြို့ကိုတော့ အဝင်အထွက်အားလုံးပိတ်ထားပြီး လူနာတင်ကားပင်သွားလာခွင့်မပြုတောတာကြောင့် လူနာတွေဒုက္ခရောက်သလို ဆေးဝါးတွေပြတ်လတ်နေတဲ့အပြင် စားသောက်ကုန်စျေးနူန်းတွေလည်း တဖြေးဖြေးမြင့်တက်လာနေတဲ့အပြင် စစ်ရှောင်လိုသူတွေလည်းမြို့ကနေထွက်ခွာမရဘဲပိတ်မိနေကြ…

Read More

အရေးယူမှုတွေ ပြုလုပ်နေပေမယ့် စားအုန်းဆီဈေး မကျသေး

  ဇွန် ၂၅ – ၂၀၂၄ SN (VOM) ပြည်တွင်းမှာ စားအုန်းဆီ ရှားပါးလာပြီး ဈေးတွေ မြင့်တက်လာတာကိုထိန်းဖို့ နစက က စျေးတင် ရောင်းချသူတွေကို အရေးယူမှုတွေ ပြုလုပ်နေပေမယ့် ဆီဈေးနှုန်း ကျဆင်းမလာသေးဘူးလို့ စားသုံးသူတွေက ပြောပါတယ်။ စားအုန်းဆီကို ဘယ်ယူပို့ဆောင်စရိတ်နဲ့ အမြတ် ၂ ရာခိုင်နှုန်းသာတင်ပြီး ရောင်းချဖို့နဲ့ တခြားဆီတွေနဲ့ ရောနှောရောင်းချတာတွေ မလုပ်ဖို့ စားသုံးသူရေးရာဦးစီးဌာနက သတိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်ခြင်းနဲ့ မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ လက်ရှိမှာလည်း စားအုန်းဆီ စျေးနှုန်းမြှင့်တင်ရောင်းချသူ ခုနစ်ယောက်ကို စားသုံးသူရေးရာဦးစီးဌာနက ဇွန် ၂၂ ရက်မှာ အရေးယူထားပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး၊ စည်ပင် အစရှိတဲ့ အဖွဲ့တွေနဲ့…

Read More