မေ ၆-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက Wave Money ဆိုင်တစ်ဆိုင်ကို တစ်သောင်းတန် ငွေစက္ကူအတုတွေနဲ့ ငွေလာဖြည့်သူတစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ရွှေပြည်သာမြို့နယ် ရပ်ကွက်တစ်ခုက Wave Money ဆိုင်ကို ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ကိုနိူင်ထက်ဦး ဆိုသူက သူရဲ့Wave Money အကောင့်ကို ငွေကျပ်တစ်သောင်းတန်အတု အရွက် ၃၀ နဲ့ငွေလာဖြည့်စဉ် ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။ “သူလာဖြည့်တဲ့ပိုက်ဆံက အတုတွေဖြစ်နေတယ်၊ ကွင်းဆက်ကို စုံစမ်းလိုက်တော့ အမျိုးသမီးတစ်ဦးဆီက ဝယ်တယ်လို့ ထွက်ထားတယ်၊ အခုကွင်းဆက်တွေလိုက်နေတယ်”လို့ သူကပြောပါတယ်။ ကိုနိူင်ထွက်ဦးရဲ့ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းပေါ်က အမျိုးသမီးတစ်ဦးဆီကနေ ငွေစက္ကူအစစ် တစ်သိန်းပေးပြီး ငွေစက္ကူအတု သုံးသိန်းဝယ်ခဲ့တယ်လို့ သိရတာကြောင့် ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ မနေ့ မေလ ၅ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်…
Read Moreမောင်တောမှာ (၆)ကြိမ်မြောက် မြိုအမျိုးသားနေ့ ကျင်းပ
မေ ၆-၂၀၂၂ SW(VOM) (၆)ကြိမ်မြောက် မြိုအမျိုးသားနေ့ကို မောင်တောမြို့၊ သုံးမိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ မြိုအမျိုးသားနေ့ ကျင်းပရတာဟာ ရိုးရာဓလေ့၊ စာပေ၊ ယဥ်ကျေးမှု တို့ကို ဖော်ထုတ်လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ မြိုစာပေနဲ့ ယဥ်ကျေးမှာအသင်း ဥက္ကဋ္ဌ ဦးဇနီဖြူက ” မြိုအမျိုးသားနေ့ကတော့ နှစ်စဥ်နှစ်တိုင်းကျင်းပလာတာ အခုဆိုရင် ၆ ကြိမ်မြောက် ဖြစ်သွားပါပြီ။ တခြားမျိုးနွယ်စုတွေမှာလည်း အမျိုးသားနေ့ဆိုတာရှိတဲ့အတွက် ကျနော်တို့လည်း ကျင်းပရတာဖြစ်ပါတယ် ” လို့ ပြောပါတယ်။ မြိုလူမျိုးတွေဟာ ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်နဲ့ ကျောက်တော်မြို့နယ်တွေမှာ အများဆုံးနေထိုင်ကြပြီး မြန်မာနိုင်ငံအတွင်း တချို့ဒေသတွေမှာလည်းနေထိုင်ကြကာ လူဦးရေ သောင်းဂဏန်းရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မောင်တော #မြို့အမျိုးသားနေ့
Read Moreကျောက်ဆည်မြို့နယ်က NLDပါတီဝင်(၂)ဦး အသတ်ခံရ
မေ ၆-၂၀၂၂ KK(VOM) ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်-ပလိပ်လမ်းဟောင်းမှာ မနေ့ မေလ ၅ရက်ညပိုင်းက NLD ပါတီဝင်နှစ်ဦးကို အမည်မသိအဖွဲ့က သတ်ဖြတ်ပြီး လာရောက်လွှင့်ပစ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အသတ်ခံရသူနှစ်ဦးကတော့ ကျောက်ဆည်မြို့နယ်၊ကြက်မင်းတွန်ရပ်ကွက်က NLD ပါတီဝင် ဦးတင်သိန်းနဲ့တံတားလယ်ရပ်ကွက်က NLDပါတီဝင်ဦးညိုထွန်းဇော်တို့ဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “သူတို့ကို မနေ့ကညနေပိုင်းက အမည်မသိအဖွဲ့တွေက ဖမ်းသွားပြီး ညပိုင်းမှာ သတ်ပြီးလာပစ်သွားတာ၊ သွေးသောက်အဖွဲ့ဆိုပြီး လည်ဆွဲတွေဆွဲပေးထားတယ် “လို့ ပြောပါတယ်။ သေဆုံးသူ(၂)ဦးကတော့ NLDပါတီဝင်တွေဖြစ်သလို လ္ဘက်ရည်ဆိုင်ပိုင်ရှင်(၂)ဦးလည်းဖြစ်တယ်လို့ အဆိုပါရပ်ကွက်နေသူတွေဆီက သိရပါတယ်။ အဲ့ဒီလို သွေးသောက်လည်ဆွဲတွေဆွဲပေးပြီး လူသတ်မှုဖြစ်စဉ်တွေဟာ ဧပြီလကစတင်ခဲ့ပြီး အခုဆိုရင် ခြောက်ဦးခန့်ရှိပြီလို့လည်း မြို့ခံတွေဆီက သိရပါတယ်။ ကျောက်ဆည်မြို့နယ်က NLDပါတီဝင်နှစ်ဦးအသတ်ခံရတဲ့ဖြစ်စဉ်အပေါ်“ကျောက်ဆည် NLD အစွန်းရောက် PDF ထောက်ပို့ ညိုထွန်းအောင်နဲ့တင်သိန်းတို့ကို သွေးကောက်လည်ဆွဲချီးမြှင့်”လို့ သွေးသောက်အဖွဲ့ရဲ့တယ်လီဂရန် လူမူကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ…
Read Moreဖားကန့်မှာ ကုမ္မဏီလုပ်ကွက်ဟောင်း မြေစာပုံပြိုကျလို့ လူ ၂ ဦးသေဆုံး
မေ ၊ ၆-၂၀၂၂ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ နမ့်မှော်ကျေးရွာနားက ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်ဟောင်းတခုမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က မြေစာပုံပြိုကျခဲ့တဲ့အတွက် လူ ၂ ဦး သေဆုံးခဲ့တဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ် ။ ” ဒိမနက်ဖြစ်တာက နမ့်မှော်ရွာနားက ရတနာစန်းရွှင် ကုမ္မဏီလုပ်ကွက်ဟောင်း မြေစာပုံပြိုကျတာပါ ၊ ရေမဆေး ကျောက်ရှာတဲ့ လူ ၂ ယောက် မြေစာပိပြီး သေဆုံးတယ်”လို့ သွားရောက်ကူညီပေးခဲ့တဲ့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ရုပ်အလောင်းတွေကို ရှာဖွေကယ်ဆယ်ပြီးနောက်ပိုင်း ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မနေ့ မေ ၅ ရက် မနက်ပိုင်း ၆ နာရီဝန်းကျင်ကလည်း အဲ့ဒီ နမ့်မှော်ရွာနားက ဂျိတ်ပါဝါ ကုမ္မဏီ…
Read Moreကိုဗစ်-၁၉ ကြောင့် ကမ္ဘာတ၀န်းလူသေဆုံးမှု တရား၀င်စာရင်းထက် သုံးဆပိုများကြောင်း WHO ခန့်မှန်း
ဂျီနီဗာ၊ မေ-၆-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘတ၀န်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူ ၁၅ သန်းနီးပါးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပြီး ဒါဟာနှစ်နှစ်တာကာလအတွင်း တရား၀င်ကိန်းဂဏန်းတွေထက် သုံးဆပိုများနေပါတယ်။ နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအရေအတွက် မှတ်တမ်းတင်မှုမှာ နည်းပါးနေပြီး စုစုပေါင်း သေဆုံးသူ ၅ ဒသမ ၄ သန်းသာရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၄ ဒသမ ၇ သန်းရှိပြီး တရား၀င်ကိန်းဂဏန်းထက် ၁၀ ဆပိုမိုများပြားကာ ကမ္ဘာတ၀န်းသေဆုံးမှုရဲ့သုံးပုံတစ်ပုံနီးပါးရှိတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ အိန္ဒိယအစိုးရကတော့ အဲဒီခန့်မှန်းချက်နဲ့ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပြီး သေဆုံးမှုတွက်ချက်တဲ့ နည်းစနစ်အပေါ် စိုးရိမ်မှုရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နိုင်ငံတွေမှာ ကိုဗစ်ကြောင့် သေဆုံးမှုပမာဏနဲ့ပတ်သက်ပြီး အခြားလေ့လာမှုတွေမှာလည်း အလားတူ ကောက်ချက်ချခဲ့ကြပါတယ်။ ကပ်ရောဂါမတိုင်မီ သက်ဆိုင်ရာနိုင်ငံတွေမှာ ပုံမှန်သေဆုံးမှုထက် ဘယ်လောက်ပိုမိုသေဆုံးတယ်ဆိုတဲ့ အချက်အလက်တွေကို အခြေခံပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွက်ချက်ခန့်မှန်းခဲ့တာဖြစ်ပါတယ်။…
Read Moreမုံရွာမှာ ကိုယ်ခန္ဓာ အပိုင်းပိုင်းပြတ်နေတဲ့ အလောင်း ၁ လောင်းတွေ့
မေ ၊ ၆-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုကျေးရွာဇရပ်မှာ ဒီကနေ့ မနက်ပိုင်းက ကိုယ်ခန္ဓာ အပိုင်းပိုင်းဖြတ်တောက်ပြီး အိတ်နဲ့ထည့်ပစ်ထားတဲ့ အလောင်း ၁ လောင်းကို လူမှုကူညီရေးအဖွဲ့တွေက ကောက်ယူပြီး မုံရွာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။ ” သွေးစွန်းပေနေတဲ့ စူပါအိတ်တွေကို တွေ့ရတဲ့သူက လူမှုကူညီရေးအဖွဲ့တွေဆီ အကြောင်းကြားတယ် ၊ သွားကြည့်တဲ့အခါ လူကိုသတ်ပြီး အပိုင်းပိုင်းဖြတ်တောက်ထည့်ထားတယ် ၊ အဲ့ဒါကြောင့် ဆေးရုံကိုပို့ပေးလိုက်တာ”လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ ရုပ်အလောင်းနဲ့ပတ်သက်ပြီး မုံရွာဆေးရုံကြီး တာဝန်ရှိသူတဦးက ” ရုပ်အလောင်းက အသက် ၃၅ ဝန်းကျင်အရွယ် အမျိုးသားဖြစ်တယ် ၊ ဒူးအောက်ပိုင်း ၊ တံတောင်ဆစ်အောက်ပိုင်း ၊ ဦးခေါင်းပိုင်း စတဲ့နေရာတွေ ဖြတ်တောက်ထားတယ် ၊ ပိုင်ရှင်အခုထိ မပေါ်သေးဘူး ၊…
Read Moreကိုဗစ်ကြောင့် တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ဘူတာရုံတွေနဲ့ ဘတ်စ်ကားလိုင်းတွေ ပိတ်ပင်ထားရ
ပေကျင်း၊ မေ-၄-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေမြင့်တက်နေတာကို ထိန်းချုပ်ဖို့အားထုတ်မှုအဖြစ် မြို့တော်ပေကျင်းမှာ ဘူတာရုံတွေနဲ့ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး ဒါဇင်များစွာကို မေ ၄ ရက်မှာ ပိတ်ပင်လိုက်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ဖို့ ဒေသခံသန်းပေါင်းများစွာ တလကျော်ကြာ လော့ခ်ဒေါင်းချခံထားရတဲ့ ရှန်ဟိုင်းမြို့လိုအခြေအနေမျိုးကို ရှောင်လွှဲနိုင်ဖို့ မြို့တော်ပေကျင်းမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးတွေကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ မြို့တော်ရှိ မြေအောက်ရထားဘူတာ ၄၀ ကျော်နဲ့ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလမ်းကြောင်း ၁၅၈ ခုကို ပိတ်ပင်ထားကြောင်း ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက ပြောပါတယ်။ အဲဒီဘူတာတွေနဲ့ လမ်းကြောင်းအများစုဟာ ပေကျင်းရဲ့ ရောဂါဖြစ်ပွားမှု ဗဟိုချက်ဖြစ်တဲ့ Chaoyang မှာဖြစ်ပါတယ်။ မေ ၃ ရက်နှောင်းပိုင်းမှာလည်း လူဦးရေ ၁၂ ဒသမ ၆ သန်းနေထိုင်ရာ Zhengzhou ဟာ Work from Home အစီအစဉ်နဲ့ လာမယ်သီတင်းပတ်ကစပြီး…
Read Moreအနောက်ပစိဖိတ်ဒေသမှာ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စု စစ်ရေးလေ့ကျင့်
ပေကျင်း၊ မေ-၄-၂၀၂၂ မျိုးဆက်(VOM) လျောင်နင်းဦးဆောင်တဲ့ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုဟာ အနောက်ပစိဖိတ်ဒေသမှာ တိုက်ပွဲ၀င်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း တရုတ်ရေတပ်က မေ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒါဟာ တရုတ်ပြည့်သူလွတ်မြောက်ရေးတပ်မတော် ရေတပ်ရဲ့ နှစ်စဉ်လုပ်ဆောင်ရမယ့် အချိန်ဇယားကို အခြေခံပြီး ပုံမှန်စစ်ရေးလေ့ကျင့်မှုတစိတ်တပိုင်းအဖြစ် စစ်ရေးလေ့ကျင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလေ့ကျင့်မှုဟာ ရေတပ်ရဲ့စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတကာဥပဒေတွေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်ကာ ဘယ်နိုင်ငံကိုမှ ရည်ရွယ်လုပ်ဆောင်တာမျိုးမဟုတ်ကြောင်း တရုတ်ရေတပ်ကပြောပါတယ်။ လျောင်နင်းနဲ့ အခြားတရုတ်စစ်သင်္ဘောခုနှစ်စင်းတို့ဟာ ပစိဖိတ်သမုဒ္ဒရာကို သွားရောက်ဖို့အတွက် ဂျပန်နိုင်ငံအနောက်တောင်ပိုင်း အိုကီနာဝါပြည်နယ်ရှိ ကျွန်းနှစ်ကျွန်းအကြား ရေပြင်ကို ဖြတ်သန်းခုတ်မောင်းသွားခဲ့ကြကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက မေ ၂ ရက်မှာ ထုတ်ပြန်ပြီးနောက် တရုတ်ရေတပ်က စစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံရဲ စစ်ရေးဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်၀မ်အတွက် ဒေါ်လာ ၉၅ သန်းတန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းတွေ ရောင်းချပေးဖို့ ဧပြီလမှ ဆုံးဖြတ်ခဲ့ပြီး…
Read Moreမကွေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးကို အစည်းအဝေးအသံဖိုင်ပေါက်ကြားမှုနဲ့ ခေါ်ယူစစ်ဆေးနေ
မေ ၊ ၄-၂၀၂၂ SP (VOM) မကွေးတိုင်းအစိုးရအဖွဲ့ ၊ အတွင်းရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ဆိုသူကို အစည်းဝေး အသံဖိုင်ပေါက်ကြားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခုလ ၃ ရက်ညပိုင်းက ခေါ်ယူစစ်ဆေးခံနေရတယ်လို့ မကွေး ထွေ / အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အရင်က ခဏခဏ ခေါ်စစ်တာတော့ရှိတယ် ၊ မနေ့ကည ၁၀ နာရီဝန်းကျင်မှာ ဖမ်းသွားပြီလို့ကြားရတယ် ၊ အစည်းဝေး အသံဖိုင် ခိုးယူဖမ်းပြီး ပြည်ပရောက်မီဒီယာဆီ ပို့လို့ဆိုတဲ့ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ပြောနေကြတာပဲ”လို့ မကွေးတိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက မကွေးတိုင်းအစိုးရအဖွဲ့ ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတခုရဲ့မှတ်တမ်းအသံဖိုင် တရားမဝင်ကူးယူခံရပြီးနောက် အဲ့ဒီအသံဖိုင်ဟာ ပြည်ပရောက်မီဒီယာတခုဆီ အွန်လိုင်းကနေတဆင့် ရောက်ရှိသွားတဲ့ ဖြစ်စဥ်တခု ပေါ်ပေါက်ခဲ့ပါတယ်။ အဲ့ဒီနောက် အစည်းအဝေးအသံဖိုင်…
Read Moreမှတ်ပုံတင်လုပ်ဖို့ ထောက်ခံစာလာယူတဲ့ လူ ၃ ဦးကို မြို့နယ် ထွေ/အုပ်ရုံးက ဖမ်းဆီးထား
မေ ၊ ၃-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ ၊ အမှတ် ၂ရပ်ကွက်မှာရှိတဲ့ မြို့နယ် ထွေ/အုပ်ရုံးကို မနေ့ မေ၂ရက် နေ့လယ်ပိုင်းက နိုင်ငံသားမှတ်ပုံတင်လုပ်ဖို့ ထောက်ခံစာ လာယူတဲ့ လူ ၃ ဦးကို အဲ့ဒီထွေ/အုပ်ရုံးက ဖမ်းဆီးထားလိုက်တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။ ” လဝက ရုံးမှာ မှတ်ပုံတင်လုပ်ဖို့ ရပ်ကွက်ထောက်ခံစာလိုတယ် ၊ ရွာတွေမှာက အုပ်ချုပ်ရေးမှူး မရှိတော့ ထောက်ခံစာပေးမယ့်သူ မရှိဘူး၊ အဲ့ဒါကြောင့် မြို့နယ် ထွေ / အုပ်ရုံးကို ထောက်ခံစာသွားယူရတာပါ ၊ ထောက်ခံစာလာယူတဲ့သူတွေကို အဲ့ဒီရုံးက ဖမ်းထားလိုက်တာ “လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။ မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မြိုင်မြို့နယ် ၊ ပန်းတိုင်တော…
Read More