မနီလာ၊ မေ-၃-၂၀၂၂ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံဟာ သက်တမ်းကုန်ခါနီးနေပြီဖြစ်တဲ့ Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေး ၅သန်းကို မြန်မာနိုင်ငံအတွက် လှူဖို့စဉ်းစားနေကြောင်း ဖိလစ်ပိုင်ကျန်းမာရေး၀န်ကြီးဌာန ထိပ်တန်းတာ၀န်ရှိသူတဦးက မေ ၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ နိုင်ငံလူဦးရေသန်း ၁၁၀ ကျော်အတွက် ကိုဗစ်ကာကွယ်ဆေးတွေ ၀ယ်ယူဖို့ ပြီးခဲ့တဲ့နှစ်က လွန်စွာအားထုတ်ခဲ့ပြီးတဲ့နောက် အခြားနိုင်ငံတခုကို အခုလိုလှူဒန်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့နိုင်ငံမှာ ကာကွယ်ဆေးတွေ အလုံအလောက်ရှိနေပြီလို့ ဆိုပါတယ်။ ဖိလစ်ပိုင်အာဏာပိုင်တွေဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် ရုရှားထုတ်ကိုဗစ်ကာကွယ်ဆေးတွေကို လှူဒန်းဖို့ လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင်ကျန်းမာရေး၀န်ကြီးဌာန လက်ထောက်အတွင်း၀န် Maria Rosario Vergeire ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၅၃ သန်းအနက် ကိုဗစ်ကာကွယ်ဆေးထိုးပြီသူဟာ ထက်၀က်ကျော်သာရှိသေးတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ အပြင်းအထန်ရင်ဆိုင်ခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံကတော့…
Read Moreဝန်းသို ဂေါက်ကွင်းထဲမှာ ဦးခေါင်းပြတ်နေတဲ့ လူသေအလောင်း ၂ လောင်းတွေ့
မေ ၊ ၃-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့ ၊ဝန်းသို ဂေါက်ကွင်းထဲမှာ မနေ့ မေလ ၂ရက် မနက်ပိုင်းက ဦးခေါင်းပြတ်နေတဲ့ လူသေရုပ်အလောင်း ၂ လောင်း တွေ့ခဲ့ရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။ “တွေ့ရတဲ့ ရုပ်အလောင်းက အမျိုးသား နဲ့ အမျိုးသမီး ဖြစ်တယ် ၊ ဦးခေါင်းပြတ် သေဆုံးနေတာဖြစ်တယ် ” လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။ သေဆုံးသူ ၂ ဦးနဲ့ ပတ်သက်ပြီး နယ်ခံလူမှုကူညီရေးအဖွဲ့တွေက” သေဆုံးသူ ၂ ယောက်က အင်းဗုတ်ရွာက ဦးမောင်ဘိုနဲ့ ဒေါ်သန်းသန်းဝင်းတို့ လင်မယား နှစ်ယောက်ဖြစ်တယ် ၊ မနက် ၅ နာရီလောက်မှာ နေအိမ်ကနေ လူတစုရဲ့ဖမ်းဆီးခြင်းကို ခံရပြီးနောက် သေဆုံးတာကို ပြန်တွေ့ရတာဖြစ်တယ် ” လို့…
Read Moreယူကရိန်းအတွက် ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီ ဗြိတိန်က ထပ်ပေးမယ်
လန်ဒန်၊ မေ-၃-၂၀၂၂ မျိုးဆက်(VOM) ဗြိတိန်ဟာ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီအဖြစ် အီလက်ထရွန်းနစ် စစ်ဆင်ရေး ကိရိယာတွေနဲ့ ရေဒါတွေအပါအ၀င် ဒေါ်လာ ၃၇၅ သန်း ထပ်မံပေးအပ်သွားမှာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်တိုက်ခိုက်မှုပြုပြီးနောက်မှာ ဗြိတိန်ဟာ တင့်ကားဖျက်ဒုံး ၅၀၀၀ ကျော်၊လေကြောင်းရန်ကာကွယ်ရေးစနစ် ငါးခု၊ အခြားခဲယမ်းမီးကျောက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ယူကရိန်းထံ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ညကြည့်ကိရိယာတွေ၊ ဂြိုဟ်တုကနေထောက်လှမ်းမှုတွေကို တားဆီးတဲ့ကိရိယာတွေ၊ ဒရုန်းတွေ၊ သံချပ်ကာကားတွေနဲ့အခြားပစ္စည်းကိရိယာတွေ ပါ၀င်မယ်လို့ ဗြိတိန်၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ အမေရိကန်ကလည်း ယူကရိန်းအတွက် လက်ရှိချိန်ထိ စစ်ရေးအကူအညီ ဒေါ်လာ သုံးဘီလီယံပေးအပ်ထားပြီး နောက်ထပ် စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၂၀ ဘီလီယံပေးအပ်ဖို့ သမ္မတဂျိုးဘိုင်ဒင်က ကွန်ဂရက်ကို တောင်းဆိုထားပါတယ်။ နေတိုးအဖွဲ့၀င်နိုင်ငံတွေဟာ ယူကရိန်းအား လက်နက်တွေထောက်ပံ့ပေးခြင်းဖြင့် တဆင့်ခံစစ်ပွဲဆင်နွှဲနေတယ်လိ်ု့ ရုရှားက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:…
Read Moreရေစကြိုမှာ လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ လူ ၂ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ
မေ ၊ ၃-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာမှာ မနေ့ မေ ၂ရက် မနက်ပိုင်းက ရွာထဲက လူနေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၂ ဦးသေ ၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဦးသိန်းရွှေဆိုသူရဲ့အိမ်ပေါ်ကို လက်လုပ်စိန်ပြောင်းကျည် ကျရောက်ပေါက်ကွဲတာပါ ၊ အိမ်ရှင် ဦးသိန်းရွှေရဲ့ အစ်မဖြစ်သူ ဒေါ် စန်းရွှေ နဲ့ ဦးသိန်းရွှေရဲ့သား ဖြစ်သူ မောင်ကောင်းခန့် တို့ ၂ ယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီးသေတယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် အိမ်ရှင်ဦးသိန်းရွှေရဲ့ မိန်းမနဲ့သမီးဖြစ်သူမှာလည်း လက်နက်ကြီးကျည် ထိမှန်တဲ့အတွက် ပခုက္ကူ ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသခံနိုင်ဖို့ ပရဟိတသမားတွေက ပို့ဆောင်ပေးခဲ့တယ်လို့…
Read Moreနစကကောင်စီမှ ဝန်ကြီးအချို့ကို ရာထူးတာဝန်တွေပြောင်းလဲခန့်အပ်
မေ ၃-၂၀၂၂ KK(VOM) နစကကောင်စီဝင်အချို့ကို မနေ့ညပိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၁၉ အရ ရာထူးတာဝန်များ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန်ပေးအပ်ထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို စစ်ဘက်မူလတာဝန်တွေက်ု ပြန်လည်ထမ်းဆောင်စေခဲ့ပြီး ဗိုလ်ချုပ်ဇင်မင်းထက်ကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ကာ ရဲချုပ်တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ဖို့ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီး ဦးမင်းမင်းဦးကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကိုတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့အဖြစ် ပြင်ဆင်ဖွဲ့စည်းကာ ဝန်ကြီးဌာန ၂ ခုရဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်ကို ဦးသောင်းဟန်အား ပူးတွဲတာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယဝန်ကြီးတွေအဖြစ် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ဒေါက်တာမိုးဇော်ထွန်း၊ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးမင်းသူ၊လျှပ်စစ်စွမ်းအာဝန်ကြီးဌာန ဒေါက်တာအောင်ဇေယျတို့ကို ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထွန်းအုံကိုလည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #နစက #ဝန်ကြီးအချို့ #ပြောင်းလဲခန့်အပ်
Read Moreရေစကြိုမြို့မှာ လူငယ် ၆ ဦးရဲ့ နေအိမ်တွေကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်း
မေ ၊ ၃-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူငယ်တွေရဲ့နေအိမ်အဆောက်အဦး ၆ လုံးနဲ့ မြေနေရာတွေကို မနေ့ မေလ ၂ရက်နေ့က နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။ ” စစ်တပ်က ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်လှုပ်ရှားလို့ဆိုပြီး စစ်တပ်က လိုက်ဖမ်းတဲ့အခါ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူငယ် ၆ ဦးရဲ့မိသားစုတွေ လက်ရှိနေထိုင်နေတဲ့ အဆောက်အဦး ၆ လုံးနဲ့ မြေနေရာတွေကို ချိတ်ပိတ်သိမ်းဆည်းခံရတာဖြစ်တယ် ” လို့ ရေစကြိုမြို့ခံတယောက်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ရေစကြိုမြို့ ၊ အမှတ် ၇ ၊ ငါးရာပြည့်ရပ်ကွက်နေ ကိုအောင်ကျော်ဖြိုး ခေါ် ကိုကြက်ကြီး ရဲ့နေအိမ် ၊ အမှတ် ၃ ရပ်ကွက်နေ ကိုဟိန်းထက်စံရဲ့နေအိမ်…
Read Moreအာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းမြင့်တို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကမ္ဘောဒီးယား ၀န်ကြီးချုပ်တိုက်တွန်း
ဖနွမ်းပင်၊ မေ-၃-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံကိုယ်စားလှယ်ဟာ အခုလနှောင်းပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပြီး ဒီခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းမြင့်တို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ နစက ဥက္ကဌကို ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က တိုက်တွန်းလိုက်ပါတယ်။ ယခုနှစ်အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာ၀န်ယူထားတဲ့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းနဲ့ပတ်သက်ပြီး နစကဥက္ကဌနဲ့ မေ ၂ ရက်မှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ဆွေးနွေးခဲ့ကြပြီး အခုလိုက်တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ အားလုံးပါ၀င်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးမှာ အဆင်ပြေချောမွေ့တဲ့ အခြေအနေတခု ဖန်တီးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းမြင့်တို့အပါအ၀င် မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်နေသူအားလုံးနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ တွေ့ဆုံနိုင်ရေးဟာ အရေးကြီးကြောင်း ၀န်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။ နှစ်ဘက်ဆွေးနွေးကြရာမှာ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရေး အရှိန်မြှင့်တင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းရာမှာ အင်အားအလွန်အကျွံသုံးတာကို ရှောင်ရှားဖို့ အရေးကြီးကြောင်း၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ…
Read Moreမန္တလေးမီးသတ်၏ကနဦးကာလ
ဆူးငှက် မန္တလေးသည် ၁၈၈၅ခုနှစ် နိုဝင်ဘာ၂၉ရက်နေ့တွင် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီးနောက် ၁၈၈၇ခုနှစ်တွင် မန္တလေးမြူနီစီပယ်ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၁နှစ်အကြာမှ မန္တလေးမီးသတ်ဌာနကို ၁၈၉၈ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထို့ကြောင့် မန္တလေးမီးသတ်ဌာန သက်တမ်းကား ယခု ၂၀၂၂ခုနှစ်တွင် ၁၂၄နှစ် တင်းတင်းပြည့်လေပြီ။ မန္တလေးမီးသတ်ကို စတင်တည်ထောင်စဉ်က တာဝန်ခံဗိုလ်မှာ မစ္စတာဝီလကင်ဆင်ဖြစ်သည်။ မီးသတ်ဌာန တည်ထောင်ပြီး မစ္စတာဝီလကင်ဆင်က တာဝန်ခံဗိုလ်အဖြစ် ဦးဆောင်ခဲ့ပြီးနောက် အင်္ဂလိပ်လူမျိုး မီးသတ်ဗိုလ် အဆက်ဆက်မှာ (၁) မစ္စတာ ဝီလကင်ဆင် (၂)မစ္စတာဒိုဇီ၊ (၃) မစ္စတာလစ်တယ်လ်၊ (၄) မစ္စတာဂင်းနစ်၊(၅) မစ္စတာနယူးလင်းတို့ဖြစ်ပြီး မြန်မာလူမျိုး မီးသတ်ဗိုလ်အဖြစ် ပထမဆုံးတာဝန်ယူခဲ့သူမှာ ဦးမောင်မောင်ဖြစ်သည်။ မန္တလေးမီးသတ်ဌာနကို တာဝန်ယူခဲ့ကြသည့် အင်္ဂလိပ်မီးသတ်ဗိုလ်များအနက် မစ္စတာနယူးလင်းမှာ မီးသတ်ပညာ အရည်အချင်းများနှင့် ထူးချွန်ပြည့်စုံသူဖြစ်ပြီး ပထမဆုံးမြန်မာမီးသတ်ဗိုလ် ဦးမောင်မောင်သည် မစ္စတာနယူးလင်း လက်အောက်တွင် ၁၃နှစ်ကြာမျှ မီးသတ်ပညာများကို လက်ပွန်းတတီး…
Read Moreရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားရဲ့မိဘ၂ပါးအပါအဝင် မိသားစုဝင် ၇ ယောက် ဖမ်းဆီးခံရ
မေ ၂-၂၀၂၂ VOM (GG) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာဒုတိယနှစ်ကျောင်းသား ကိုဉာဏ်ဝင်းထက်ရဲ့မိဘနှစ်ပါးအပါအဝင် မိသားစု၇ယောက်ကို စစ်တပ်က မနေ့ မေလ ၁ ရက် ညပိုင်းက ဖမ်းဆီးသွားတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဆီက သိရပါတယ်။ “ဒေါပုံမြို့နယ် ၊ အောင်သုခလမ်းက သူ့အိမ်ကိုလာရှာချိန် သူ့အဖေရော အမေရောအကုန်လုံး ၇ယောက်ကိုခေါ်သွားတယ်လို့ ကျနော်တို့စုံစမ်းသိရတယ်။ မနေ့က ညမှာ ဖမ်းသွားတာပါ။ အခြေအနေကို စောင့်ကြည့်နေမှာပါ”လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ သားဖြစ်သူ ဉာဏ်ဝင်းထက်ကို လာရောက်ရှာဖွေချိန် နေအိမ်မှာမတွေ့တာကြောင့် မိသားစုဝင်တွေကို ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်လည်းပါတယ်လို့ သိရပါတယ်။ အခုလိုဖမ်းဆီးတာနဲ့ပတ်သက်ပြီး နိုင်ငံတကာသံရုံးတွေ၊ အဖွဲ့အစည်းတွေကို အကြောင်းကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ လ ၁ ရက်နေ့ကနေ မေလ၁ ရက်အထိ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၁၃ ဦးရှိတယ်လို့ သိရပါတယ်။ ထောင်ဒဏ်…
Read Moreမြ၀တီ-မဲဆောက်တံတား မကြာမီပြန်ဖွင့်ဖို့ စီစဉ်နေ
ဘန်ကောက်၊ မေ-၂-၂၀၂၂ မျိုးဆက်(VOM) ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မြ၀တီ-မဲဆောက်တံတားကို မေ ၅ ရက်မှာ ပြန်ဖွင့်ဖို့ စီစဉ်နေကြောင်း ထိုင်းတာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါအခြေအနေတွေကြောင့် ပိတ်ထားရတဲ့အဲဒီတံတားအပြည့်အဝြပန်ဖွင့်ဖို့ ပြင်ဆင်နေပြီး ထိုင်းဘက်အခြမ်းက စစ်ဆေးရေးဂိတ်တွေမှာလည်း မေ ၁ ရက်နေ့မှာ သန့်ရှင်းရေးတွေပြုလုပ်နေကြပါတယ်။ တံတားပြန်ဖွင့်ဖို့အတွက် မြန်မာတာ၀န်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး မြ၀တီနယ်စပ်ရှိ တာ၀န်ရှိသူတွေဆီက တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ ထိုင်းနယ်စပ်တာ၀န်ရှိသူတွေက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတားဆီးကာကွယ်ဖို့အတွက် အဲဒီတံတားကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်ကစပြီး ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုတံတားပြန်ဖွင့်မှာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမိကြောင်းနဲ့ နယ်စပ်တွေပိတ်ထားကတည်းက လုပ်ငန်းတွေ ကျဆင်းပြီး အခက်အခဲတွေကြုံတွေ့ခဲ့ရကြောင်းတံတားအနီးရှိ ကုန်စုံဆိုင်တဆိုင်ပိုင်ရှင် အမျိုးသမီးက သတင်းထောက်တွေကို ပြောပါတယ်။ Ref:The Nation #voiceofmyanmar #VOM #ဘန်ကောက်
Read More