ဘူးသီးတောင်မြို့က နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရ၊ မြို့ကို ထိန်းချုပ်လိုက်ကြောင်း AA အသိပေး

မေ-၁၈ – ၂၀၂၄GG (VOM)တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က စစ်တပ်စခန်းတွေကို AA က သိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA ဘက်က ဒီကနေ့မေလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ထုတ်ပြန်ချက်မှာ ဘူးသီးတောင်မြို့က နစကတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းတွေ ဖြစ်တဲ့ ဘူးသီးတောင် ဗျူဟာဌာနချုပ် အပါအဝင် ဗျူဟာလက်အောက်ခံ တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နဲ့ ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင် အခြေစိုက်တပ်ရင်းအချို့ အပါအဝင် စခန်းအားလုံးကို သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။ဒီနေ့ သိမ်းပိုက်ခဲ့တဲ့ စစ်စခန်းတွေက ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နဲ့ GE တပ်ရင်း တွေဖြစ်တယ်လို့ဆိုပါတယ်။မေလ ၁၃ ရက်ကနေ ၁၆…

Read More

ယနေ့ ရွှေဈေး (မေ – ၁၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၄၁၃ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၅၀၅၀၀၀၀ ကျပ်ဝယ်ဈေး ၅၀၁၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၈၅၀၀၀၀ ကျပ်ဝယ်ဈေး ၄၈၁၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြစ်ကြီးနား ပမ္မတီးရပ်ကွက်ထဲ လက်နက်ကြီးကျလို့ အရပ်သားနှစ်ယောက်သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရ

မေ ၁၈ – ၂၀၂၄GG(VOM)ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရပ်ကွက်နေထိုင်သူ နှစ်ယောက်ထက်မနည်း သေဆုံးပြီး ရှစ်ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ဒီနေ့မေလ ၁၈ ရက်နေ့ အစောပိုင်းမှာလက်နက်ကြီးပစ်ခတ်သံတွေကြားရပြီးနောက် မနက်၈ နာရီလောက်မှာပမ္မတီးရပ်ကွက်ထဲကိုလက်နက်ကြီး ခြောက်လုံးကျရောက်ပေါက်ကွဲပြီး လူသေဆုံးမှုနဲ့ ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့ရပ်ကွက်ဒေသခံတွေကပြောပါတယ်။“မနက်မစောထဲကလက်နက်ကြီးသံတွေကြားရတယ်။ ဘယ်မှာပစ်နေလဲသာမသိရတာ။ ၈နာရီလောက်ကျမှရပ်ကွက်ထဲကျတာ နေအိမ်တွေပေါ်ကျတယ်။ အဘွားတယောက်သေတယ်။ နောက်ထပ်တယောက်လည်းဆေးရုံခေါ်သွားရင်းသေတယ်။ ဒဏ်ရာရသူတွေရှိတယ်။ ကလေးတွေလည်းထိတယ်။ အိမ်တွေလည်းပျက်စီးတယ်။ ၊လက်နက်ကြီးကလည်းဘယ်အဖွဲ့ကပစ်လို့ကျတယ်ဆိုတာ သေချာမသိရဘူး ” လို့ ပမ္မတီးရပ်ကွက်နေထိုင်သူတယောက်ကဖြစ်စဉ်ကိုပြောပြပါတယ်။KIA က ဧရာဝတီမြစ်တဖက်ကမ်းကနေ နမ့်ပေါင်လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ၊ အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အကြား အမ္မတီးရပ်ကွက်ထဲကိုလက်နက်ကြီးကျရောက်ခဲ့ရတာဖြစ်ပါတယ်။မြစ်ကြီးနားဒေသခံနောက်တယောက်က ” မနက်ပိုင်းဖြစ်သွားတာ၊ KIA ကလေတပ်စခန်းကိုပစ်တယ်၊စစ်တပ်ကလည်းပြန်ပစ်တယ် အဲဒီထဲမှာ ပမ္မတီးရပ်ကွက်ကထိတာပဲသိတယ်၊ဘယ်သူပစ်လို့ကျတယ်ဆိုတာတော့ မသိဘူး၊ သေဆုံးသူ နဲ့ဒဏ်ရာရသူတွေရှိတာတော့သိတယ်၊မြို့ထဲမှာခုကတော့ အပစ်အခတ်ငြိမ်နေတယ် ” လို့ပြောပါတယ်။လက်နက်ကြီးထိမှန်သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ မြစ်ကြီးနားဆေးရုံကိုပို့ဆောင်ထားပြီး မြို့ပေါ်မှာလည်းအသွားအလာရှင်းနေတယ်လို့သိရပါတယ်။ ဧပြီလ ၁၉…

Read More

နောင်ချိုမှာ စစ်ရှောင်တိုးပွားလာပြီး ကြံစိုက်ခင်းတွေခုတ်ဖို့ အခက်ကြုံနေ

မေ ၁၈ – ၂၀၂၄ GG (VOM) ရှမ်းပြည်နယ် ၊နောင်ချိုမြို့နယ်ထဲက ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားပြီး လက်နက်ကြီးထိမှန် လို့ အရပ်သားသေဆုံးမှုရှိနေသလို စစ်ရှောင်နေရတဲ့ဒေသခံလည်း ၅၀၀ ကျော်လောက်အထိ ရှိလာနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ နောင်ချိုမြို့နယ်ထဲက သရက်ကုန်းရွာဘက်မှာ နစက တပ်ဖွဲ့ဝင်တွေနဲ့ PDF တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး အရင်ရက်က ပါဟက်ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နေအိမ်တွေပျက်စီးခဲ့ရသလို ကျေးရွာနေဒေသခံ သုံးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ “တိုက်ပွဲဖြစ်နေတာ သုံးရက်ရှိပြီ၊စစ်ဘေးရှောင်နေရတယ်တောထဲမှာ။ အရင်နေ့ကလည်းလက်နက်ကြီးကျလို့ လူသုံးယောက်သေသွားတယ်။ ရွာထဲမနေရဲကြတော့ဘူး၊ အခုသရက်ကုန်းဘက်မှာတိုက်ပွဲတွေဖြစ်နေတယ်။ တဝုန်းဝုန်းပဲ ” လို့ တောထဲမှာစစ်ရှောင်နေရသူဒေသခံတယောက်ကပြောပါတယ်။ ပါဟက်ရွာက လက်နက်ကြီးထိပြီးသေဆုံးခဲ့ရသူသုံးယောက်ကတော့ မထွေးရီ (၄၂ နှစ်)၊ မဝင်းသန္တာ (၃၆ နှစ်) နဲ့ မမိုခမ်းဦး (၁၆ နှစ်) တို့ဖြစ်တယ်လို့သိရပါတယ်။ တိုက်ပွဲကပြင်းထန်မှုကြောင့် သရက်ကုန်းအနီးကရွာတွေနဲ့ စစ်တပ်စခန်းရှိရာအနီးကရွာတွေဟာ…

Read More

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို လတ်တလော သိမ်းဖို့အစီအစဉ်မရှိကြောင်း ပူတင်ပြော

မော်စကို၊ မေ-၁၈-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ယူကရိန်း ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို သိမ်းပိုက်ဖို့ လတ်တလော ကြိုးပမ်းနေခြင်းမရှိကြောင်း ရုရှားသမ္မတပူတင်က အခိုင်အမာပြောဆိုပါတယ်။“ လက်ရှိမှတော့ အဲဒီလိုသိမ်းပိုက်ဖို့ အစီအစဉ်မရှိဘူး” လို့ တရုတ်ခရီးစဉ်အပြီးမှာ သမ္မတပူတင်က ပြောပါတယ်။ ဒါပေမယ့်လည်း ရုရှားတပ်တွေဟာ နယ်စပ်မှာ လုံခြုံရေးဇုန်တခု ဖန်တီးဖို့ အရှေ့မြောက်ပိုင်း ခါကိဗ်ဒေကို ချီတက်သိမ်းယူနေတယ်လို့ ပူတင်ကပြောပါတယ်။ဒါပေမယ့်လည်း ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားဘက်က လူသိရှင်ကြား ပြောဆိုမှုတွေဟာ ယူကရိန်းအပေါ် စစ်ဆင်ရေးတွေမှာ အမှန်တကယ် ထင်ဟပ်ခြင်းမရှိပါဘူး။ ယူကရိန်းကတော့ ရှေတန်းစစ်မျက်နှာစာတွေမှာ အခြေအနေတည်ငြိမ်တယ်လို့ ဆိုထားပြီး နယ်စပ်က ကျေးရွာတွေကိုတော့ ရုရှားက သိမ်းပိုက်ထားတယ်လို့ ဝန်ခံထားပါတယ်။စစ်ပွဲမဖြစ်မီ လူဦးရေ ၁ ဒသမ ၄ သန်းနီးပါးရှိခဲ့တဲ့ ခါကိဗ်ဟာ ရုရှားမောင်းသူမဲ့လေယာဉ်တွေရဲ့ ထပ်မံတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ရုရှားဟာ ယူကရိန်းကို အပြည့်အ၀ ကျူးကျော်တိုက်ခိုက်နေတာဟာ တတိယနှစ်ထဲကို ရောက်ရှိနေပြီး…

Read More

ကချင်မှာ တိုက်ပွဲတွေကြောင့် မိုးမောက်ဈေးနဲ့ နေအိမ်တချို့ မီးလောင်ပျက်စီး

မေ ၁၈၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မှာ နစက စစ်တပ်နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် မေလ ၁၇ ရက်နေ့ညက မိုးမောက်ဈေးနဲ့ နေအိမ် တချို့ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မိုးမောက်ဈေး မရှိတော့ဘူး။ ပါသွားတဲ့ နေအိမ် ၃၀ နီးပါးရှိတယ်။ တချို့က အကုန်မလောင်ဘူး။ အိမ်ထဲကျန်ခဲ့တဲ့ အသက်ကြီးပိုင်းတွေရဲ့ သတင်းမကြားရသေးဘူး။ လွတ်သွားလား၊ မလွတ်ဖူးလားဆိုတာ မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲတွေအတွင် လက်နက်ကြီးပစ်ခတ်မှုတွေလည်း အပြန်အလှန်ရှိခဲ့ပြီး ဗန်‌းမော် ဘက်ကနေ မိုးမောက်ဘက် လက်နက်ကြီး ပစ်နေတ “မိုးမောက်က‌တော့ အိမ်တွေလည်း မီးလောင်ကုန်ပြီ။ အကုန်လုံးသွားပါပြီ။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။ မိုးမောက်…

Read More

ဟားမတ်စ်တို့ ဖမ်းဆီးသွားတဲ့ အစ္စရေး ဓါးစာခံတွေ ထပ်မံသေဆုံး

ဂါဇာစီးတီး၊ မေ-၁၈-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးဓါးစာခံ သုံးယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ် တာဝန်ရှိသူတွေ့က ပြောပါတယ်။တွေ့ရှိခဲ့တဲ့ ဓါးစာခံတွေရဲ့ အလောင်းတွေကတော့ ရှန်နီလောက်၊ အမစ်ဘတ်ကီလာနဲ့ အစ်ဇာဂီရီရန်တာ တို့ြ့ဖစ်ပြီး သူတို့ရဲ့ အလောင်းတွေကို ဟားမတ်စ်တို့ရဲ့ ဥမင်တွေထဲက တွေ့ရှိခဲ့တာဖြစ်ပြီး ရုပ်ကြွင်းတွေကို အစ္စရေး ပြန်ပို့ထားပါတယ်။အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်တွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၂၀၀ သေဆုံးပြီး လူ ၂၅၂ ယောက်ကို ဓါးစာခံအဖြစ် ဂါဇာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ဒါဟာ လွန်စွာ ကြေကွဲဖွယ်ဖြစ်ပြီး ဟားမတ်စ်တို့အနေနဲ့ ဓါးစာခံတွေ၊ သေဆုံးသူတွေနဲ့ ပြည်သူတွေအတွက် ထိုက်တန်တာတွေ ပြန်ပေးဆပ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ဂါဇာမှာ ဖမ်းဆီးရမိခဲ့တဲ့ ဟာမတ်စ်တိုက်ခိုက်ရေးသမားတွေဆီက ရရှိခဲ့တဲ့ ထောက်လှမ်းရေးအချက်အလက်တွေအရ ဓါးစာခံတွေရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာလို့ အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။နိုဝင်ဘာလမှာ အစ္စရေးနဲ့…

Read More

တရုတ်နဲ့ ကမ္ဘောဒီးယားတို့ မေ ၃၀ ရက်ထိ ပူးတွဲစစ်ရေး​ လေ့ကျင့်နေ

ဖနွမ်းပင်၊ မေ-၁၈-၂၀၂၄မျိုးဆက်(VOM)အရှေ့တောင်အာရှနိုင်ငံတွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုများ တိုးပွားမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ တရုတ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်နေပါတယ်။ရွှေနဂါးလို့ အမည်ရတဲ့ စစ်ရေးလေ့ကျင့်မှုကို ကမ္ဘောဒီးယားနိုင်ငံ ကွမ်ချန်းနဲ့ ပရက်ဆီဟန်နော့ပြည်နယ်တွေမှာ လုပ်ဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယားတာဝန်ရှိသူတွေက ပြောပါတယ်။စစ်ရေးလေ့ကျင့်မှုမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၃၀၀ ကျော်နဲ့ တရုတ်တပ်ဖွဲ့ဝင် ၇၀၀ ကျော်တို့နဲ့အတူ မေ ၃၀ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရဟတ်ယာဉ်တွေ အခြားအဆင့်မြင့်လက်နက်တွေနဲ့အတူ စစ်သင်္ဘော ၁၄ စင်းလည်းပါဝင်မယ်လို့ ဆိုပါတယ်။ဒီစစ်ရေးလေ့ကျင့်မှု အဖွင့်နေ့မှာတော့ တရုတ်စစ်တပ်ဟာ စက်သေနတ်တွေတပ်ဆင်ထားတဲ့ စက်ရုပ်ခွေးတွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ နှစ်စဉ်ပြုလုပ်နေကြ စစ်ရေးလေ့ကျင့်မှုဟာ အကြမ်းဖက်မှု တန်ပြန်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေ မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဒီအတောအတွင်း တောင်တရုတ်ပင်လယ်အနီးရှိ ကမ္ဘောဒီးယားနိုင်ငံ ရန်းမ်ရေတပ်အခြေစိုက်စခန်းမှာ တရုတ်စစ်သင်္ဘောနှစ်စင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဆိုက်ကပ်ရောက်ရှိနေပြီး ဒီအခြေစိုက်စခန်းဟာ တရုတ်စစ်တပ်အတွက် ဗျူဟာမြောက်…

Read More

မန္တလေး ကုန်စည်ဒိုင် ၁၈- ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၁၈- ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁၈ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၄၀၂၀ ကျပ်ဝယ်ဈေး – ၃၉၇၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၉၈၀ ကျပ်ဝယ်ဈေး – ၂၉၃၀ ကျပ်-ယူရိုရောင်းဈေး – ၄၄၄၄ ကျပ်ဝယ်ဈေး – ၄၃၄၈ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၁.၁၁ ကျပ်ဝယ်ဈေး – ၁၀၈.၇၀ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၉၁၅ ကျပ်ဝယ်ဈေး – ၉၀၅ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၅၂ ကျပ်ဝယ်ဈေး – ၅၄၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၈၄ ကျပ်ဝယ်ဈေး – ၂၅.၈၂ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၃၁ ကျပ်ဝယ်ဈေး – ၄၇.၂၆ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၈ ကျပ်ဝယ်ဈေး – ၂.၉၁ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၀၅၀ ကျပ်ဝယ်ဈေး…

Read More