ပေကျင်း၊ ဇူလိုင်-၁၁-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ ဟင်းချက်ဆီများသယ်ဆောင်ရာတွင် အဆိပ်သင့်ဓါတုဗေဒပစ္စည်းများ တင်ဆောင်ပြီးနောက် စနစ်တကျသန့်စင်ခြင်းမပြုရသေးတဲ့ လောင်စာကားတွေ အသုံးပြုနေကြောင်း သတင်းတွေထွက်ပေါ်နေတဲ့အပေါ် စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်အစိုးရက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေစတင်နေပြီး ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို အပြစ်ပေးအရေးယူသွားမယ်လို့ တရုတ်အစိုးရက ကတိပြုထားပါတယ်။ လောင်စာဆီလိုမျိုးပစ္စည်းတွေသယ်ယူရာမှာ အသုံးပြုတဲ့မော်တော်ယာဉ်တွေကို သေချာစွာမသန့်စင်ဘဲ ဟင်းချက်ဆီနဲ့ ဖျော်ရည်လို စားသောက်ကုန်တွေ သယ်ယူပို့ဆောင်နေတဲ့ အပေါ် တရုတ်လူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဝေဖန်သူအများစုကတော့ အစားအသောက်ဘေးကင်းရေးက အဓိကဦးစားပေးရယ့် အချက်ဖြစ်ကြောင်း ပြောဆိုထားပြီး ၂၀၀၈ ခုနှစ်အတွင်းကဖြစ်ပွားခဲ့တဲ့ မယ်လ်မင်းဓါတ်ပါဝင်တဲ့ နို့မှုန့်တွေ့ကြောင့် ကလေးငယ် သုံးသိန်းနာမကျန်းမဖြစ်ခဲ့ရပြီး ခြောက်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ နှိုင်ယှဉ်ဝေဖန်နေကြပါတယ်။ ဒီကိစ္စကတော့ မယ်လ်မင်းပါဝင်တဲ့ နို့မှုန့်ပြသနာလို တခါတည်း ဖြေရှင်းလို့မရဘူးကြောင်း ပြောဆိုပါတယ်။ တရုတ်နိုင်ငံမှာ ဆီတင်ယာဉ်တွေဟာ များသောအားဖြင့်…
Read Moreရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၃၆၀ ကျော်ထိ မြင့်တက်လာပြီး ၄၀ ကျော်မှာ ကာလဝမ်းရောဂါတွေ့
ဇူလိုင် ၁၁ – ၂၀၂၄ GG (VOM ) ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမြင့်တက်နေဆဲဖြစ်ပြီး မနေ့ကဇူလိုင်လ ၁၀ ရက်နေ့မှာပင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၁၅ ယောက်တွေ့ရှိခဲ့ရတယ်လို့ နစကသတင်းထုတ်ပြန်မှုအရသိရပါတယ်။ အဆိုပါဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူတွေထဲက ၂၂ ယောက်မှာတော့ ကာလဝမ်းရောဂါပိုး တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇူလိုင်လ ၃ ရက်ကနေ ၁၀ ရက်အထိဆိုရင်ရန်ကုန်တိုင်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၃၆၃ ယောက်အထိရှိပြီး အဲဒီအထဲကမှ ကာလဝမ်းရောဂါဖြစ်သူ အယောက် ၄၀ ကျော်ထိ မြင့်တက်လာပါတယ်။ လက်ရှိမြေပြင်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါက ဗိုလ်တထောင်ခရိုင်ထဲမှာရှိတဲ့ သာကေတမြို့နယ်၊ဒေါပုံမြို့နယ်၊မင်္ဂလာတောင်ညွှန့်၊ဗိုလ်တထောင်မြို့နယ်တွေမှာ တွေ့ရှိနေရတာဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေဆီကသိရပါတယ်။ ” ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့သူတွေကတော့ရှိတုန်းပဲ။အခုဒေါပုံမှာမနေ့ကတင် ငါးယောက်တွေ့တယ်။တခြားသာကေတနဲ့ မင်္ဂလာတောင်ညွှန့်ဘက်တွေမှာလည်း ဖြစ်ပွားသူတွေတွေ့ရတာရှိတယ်။စာရင်းအတိကျကတော့ကျန်းမာရေးဘက်မှာပဲရှိမှာပါ။ထိန်းချုပ်နိုင်အောင်တော့ ကျန်းမာရေး အဖွဲ့တွေနဲ့ရပ်ကွက်တွေထဲလိုက်ပြီး ဆောင်ရွက်ပေးနေပါတယ်။နေ့ည မနားရပါဘူး။ ” လို့ ဒေါပုံအခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။ နစကဘက်ကတော့…
Read Moreယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီတွေနဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာရေး နေတိုးခေါင်းဆောင်တွေ ကတိပြု
ဝါရှင်တန်၊ ဇူလိုင်-၁၁-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ နောက်ပြန်မဆုတ်တဲ့လမ်းကြောင်းနဲ့ နောက်ထပ် စစ်ရေးအကူအညီတွေပေးဖို့ နေတိုးအဖွဲ့ခေါင်းဆောင်တွေက အမေရိကန်မှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူလိုက်ပါတယ်။ မဟာမိတ်အဖွဲ့သို့ ယူကရိန်းဝင်ရောက်မယ့် အချိန်ကာလနဲ့ပတ်သက်ပြီး သဘောတူထားတာမျိုးမရှိသေးပေမယ့် နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံ ယူကရိန်းအတွက် မယိမ်းမယိုင်ထောက်ခံနေကြောင်း ခေါင်းဆောင်တွေက ကတိပြုပြောဆိုပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲမှာတော့ ယူကရိန်းအတွက် အဖွဲ့ဝင်နိုင်ငံတွေက အက်ဖ်-၁၆ တိုက်လေယာဉ်များအပါအဝင် လာမယ့်နှစ်အတွက် ဒေါ်လာ ၄၃ ဘီလီယံကျော်တန်ဖိုးရှိ စစ်ရေးအထောက်အပံ့တွေ ယူကရိန်းကို ပေးဖို့သဘောတူခဲ့ကြပါတယ်။ “ ယူကရိန်းကို ထောက်ပံ့နေတာဟာ ပရဟိတလုပ်နေတာ မဟုတ်ပါဘူး ။ ဒါဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေး အတွက်ဖြစ်တယ်” လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က ပြောပါတယ်။ နေတိုးအဖွဲ့ ခေါင်းဆောင်တွေဟာ ယူကရိန်းစစ်တပ်အတွက် စစ်ရေးအကူအညီတွေနဲ့ လေ့ကျင့်မှုပေါင်းစည်းရေးအတွက် ယူနစ်တခုကိုလည်း ထူထောင်ဖို့သဘောတူခဲ့ကြပြီး နေတိုးအဖွဲ့နဲ့ ယူကရိန်းအကြား ဆက်ဆံရေးပိုမိုခိုင်မာစေမယ့်…
Read Moreဘဏ်တွေ သတ်မှတ်စည်းကမ်း မလိုက်နာရင် အရေးယူမယ်လို့ နစက ပြော
ဇူလိုင် ၁၁ – ၂၀၂၄ SN (VOM) ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေအနေနဲ့ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှုမရှိရင်တော့ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နစက မနေ့ ဇူလိုင် ၁၀ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ အသိပေး ပြောဆိုလိုက်တယ်လို့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စည်းစနစ်နဲ့ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှု ပြုခြင်းတွေကြောင့် အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့အတွက် တားဆီးကာကွယ်ပေးရမှာဖြစ်တယ်လို့ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးက အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ “ပြည်တွင်း ဘဏ်တွေအနေနဲ့က သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တာရှိတယ်ပေါ့။ ဒါက နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေကို ထိပါးစေတဲ့အတွက် ခေါ်တွေ့တာလို့ ပြောတယ်။…
Read MoreThis Day in History
Voice of Myanmar အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်၍ ရုပ်မြင်သံကြားနှင့် တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများအတွက် ကမ္ဘာပထမဆုံးသော ဆက်သွယ်ရေးဂြိုဟ်တု Telstar ကို ၁၉၆၂ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်နိုင်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July10
Read Moreရုရှားအတိုက်အခံခေါင်းဆောင် နာဗာနီရဲ့ဇနီးကို အာဏာပိုင်တွေ ဖမ်း၀ရမ်းထုတ်
မော်စကို၊ ဇူလိုင်-၁၀-၂၀၂၄ မျိုးဆက်(VOM) ရုရှားအတိုက်အခံခေါင်းဆောင် နာဗာနီရဲ့ ဇနီးဖြစ်သူ ယူလီယာနာဗာနီကို ရုရှားတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ကြောင်း ရုရှားနိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ပါတယ်။ ရုရှားနိုင်ငံ ပြင်ပမှနေထိုင်နတဲ့ ယူလီယာနာဗာနီကို မျက်ကွယ်စွဲချက်တင်ပြီး ဖမ်း၀ရမ်းထုတ်ခြင်းမှာ အစွန်းရောက်အဖွဲ့တွေမှာ ပါဝင်ပတ်သက် ဆက်နွယ်မှုကြောင့်ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။ နာဗာနီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရုရှားရဲ့ အထင်ရှားဆုံးအတိုက်အခံခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် အာတိတ်ဒေသရှိ အကျဉ်းထောင်မှာ ဖေဖော်ဝါရီလအတွင်းက သေဆုံးခဲ့ပါတယ်။ သူဟာ သဘာ၀အတိုင်း သေဆုံးခဲ့တာလို့ ရုရှား အစိုးရဘက်က ပြောဆိုထားပေမယ့် နာဗာနီဟာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အစာရေစာ မ၀လင်တာနဲ့ အခြားအကြောင်းရင်းတွေကြောင့် သေဆုံးခဲ့တာလို့ သူ့ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။ နာဗာနီဟာ အစွန်းရောက်ဝါဒစွဲချက်တွေကြောင့် ထောင် ၁၉ နှစ်ချမှတ်ခံခဲ့ရသည်။ ဇနီးဖြစ်သူ ယူလီယာနာဗာနီကတော့ ရုရှားသမ္မတပူတင်ဟာ လူသတ်ကောင်နဲ့ ရာဇဝတ်ကောင်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။…
Read Moreလားရှိုးမှာ လက်နက်ကြီးကျလို့ အရပ်သား နှစ်ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရ
ဇူလိုင် ၁၀၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ ဒီမနက် ဇူလိုင်လ ၁၀ ရက်နေ့မနက်မှာ လက်နက်ကြီးကျလို့ အရပ်သားပြည်သူ နှစ်ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ရပ်ကွက် ၉ ဘူတာနားမှာ ဒီမနက် လက်နက်ကြီးကျတယ်။ အန်တီ တယောက် ခါးပြတ်သွားတယ်။” လို့ ဒေသခံ တယောက် က ပြောပါတယ်။ ရပ်ကွက် ၉၊ နယ်မြေ ၃၊ ဘူတာ သံလမ်းဘေးမှာ လက်နက်ကြီး နှစ်လုံးကျလာတာဖြစ်ပြီး အမျိုးသမီး တယောက်နဲ့ ယောက်ျားလေး ကလေးလေး တယောက် သေဆုံးသွားပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ “ရပ်ကွက် ၁၊ နယ်မြေ ၁၊ ပါရမီ လမ်းမှာလည်း လက်နက်ကြီး…
Read Moreတောင်ကိုရီးယားမှာ အမျိုးသမီးတွေ လွှမ်းမိုးမှုများလို့ အမျိုးသားတွေသတ်သေမှုနှုန်းမြင့်တာလို့ မြို့တော်ကောင်စီဝင် ဝေဖန်
ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားတွေ သတ်သေမှုနှုန်းမြင့်မားလာတာဟာ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ လွှမ်းမိုးမှုနှင့် ဆက်စပ်နေကြောင်း ဆိုးလ်မြို့တော်ကောင်စီဝင် ကင်ကီဒပ်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ ဒီလိုပြောဆိုမှုဟာ ကျိုးကြောင်းခိုင်လုံတဲ့ အချက်အလက်မပါဘဲ ပြောဆိုခဲ့တာကြောင့် တောင်ကိုရီးယား ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတွင်းမှာ နှစ်အနည်းငယ်အတွင်း လုပ်သားအင်အားမှာ အမျိုးသမီးများပါဝင်မှုတိုးလာခြင်းကြောင့် အမျိုးသားတွေအတွက် အလုပ်အကိုင်ရရှိဖို့နဲ့ သူတို့ကို လက်ထပ်လိုတဲ့ အမျိုးသမီးကို ရှာဖွေရခက်ခဲလာကြောင်း ဆိုးလ်မြို့တော်ကောင်စီဝင် ကင်ကီဒပ်ခ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။ မကြာသေးမီက အမျိုးသမီးကြီးစိုးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားတာက အမျိုးသားတွေ သတ်သေဖို့ ကြိုးပမ်းမှုတွေ တိုးပွားလာတာအတွက် တစိတ်တပိုင်း တာဝန်ရတယ်လို့ သူကအခိုင်အမာဆိုပါတယ်။ မြို့တော်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဆိုးလ်မြို့ ဟန်မြစ်တလျှောက် တံတားတွေမှာ သတ်သေဖို့ ကြိုးပမ်းမှုအရေအတွက်ဟာ ၂၀၁၈ ခုနှစ်မှာ ၄၃၀ ရှိခဲ့ရာက ၂၀၂၃…
Read Moreညောင်ဦးမှာ ဧရာဝတီမြစ်ရေ အတက်ကြမ်းနေလို့ စိုးရိမ်ရတဲ့အနေအထား ရှိနေ
ဇူလိုင် ၁၀ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေ အတက်ကြမ်းနေတဲ့အတွက် စိုးရိမ်ရတဲ့အနေအထား ရှိနေတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိမှာ ညောင်ဦးမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၃၆ စင်တီမီတာ ကျော်လွန်နေပြီး နောက်တရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်မြင့်တက်နိုင်တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ အသိပေး ကြေညာထားပါတယ်။ “ရေတက်တာက တပတ်လောက်ရှိပြီ။ ရေစပြီးတက်တုန်းကတော့ သိပ်ပြီး မကြမ်းသေးဘူး။ ဒီရက်ပိုင်း သုံး၊ လေးရက်အတွင်းမှာမှ တက်တာ ကြမ်းလာတာ။ ပြီးခဲ့တဲ့နှစ်ကထက်ကို ကြမ်းလာတာပေါ့။ ညတွင်းချင်းမှာတင် ပုံမှန်ရေတက်နှုန်းထက်ကို ရေတိုး မြန်နေတယ်” လို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိမှာ ကမ်းနားတလျှောက် ရေမြုပ်နေပြီဖြစ်သလို မြို့နယ်ရဲစခန်းရှေ့လမ်းပေါ် နဲ့ မြို့ထဲရှိ တချို့သော လမ်းမတွေပေါ် ရေဝင်ရောက်နေပြီဖြစ်ကာ ရေတိုးနှုန်းလည်း မြန်နေတယ်လို့…
Read Moreနေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ ဝါရှင်တန်မှာ စတင်
ဝါရှင်တန်၊ ဇူလိုင်-၁၀-၂၀၂၄ မျိုးဆက်(VOM) နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ စတင်လိုက်ပြီး အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေတက်ရောက်နေပြီး ဇူလိုင် ၁၁ ရက်ထိ ကျင်းပသွားဖို့ရှိနေပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ မျိုးဆက်သစ်တွေအတွက် အကြီးမားဆုံးသော လုံခြုံရေးအကျပ်အတည်းဖြစ်တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က အစည်းအဝေးမှာ ပြောပါတယ်။ “ ယူကရိန်းစစ်ပွဲမှာ ရုရှားကအနိုင်ရလိုက်ရင် ဒါဟာကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သလို အကြီးမားဆုံး အန္တရာယ်ဖြစ်လိမ့်မယ်”လို့ သူက သတိပေးပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အဖွဲဝင် ၃၂ နိုင်ရှိတဲ့ လက်ရှိနေတိုးအဖွဲ့ဟာ အင်အားအကောင်းဆုံးလို့ အဖွင့်မိန့်ခွန်းမှာ ဆိုပါတယ်။ နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းသို့ လက်နက်များပေးပို့ရေး၊ အဖွဲ့ဝင်နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်ခြင်း မဟာမိတ်အခန်းကဏ္ဍတိုးချဲ့ဖို့နဲ့ အခြားပြသနာများအပေါ် ဆွေးနွေးသွားဖို့ရှိနေပါတယ်။ ဒီထဲမှာ ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုကို နောက်ထပ်တနှစ်ထပ်မံတိုးမြှင့်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်၊ ဂျာမနီ၊…
Read More