အလည်အပတ်ဗီဇာ PV နဲ့ပြည်ပထွက် အလုပ်လုပ်တာကို ထိန်းချုပ်ဖို့ စီစဉ်နေ

  ဇူလိုင် ၈ – ၂၀၂၄ GG (VOM) အလည်အပတ် နိုင်ငံကူးလက်မှတ် Passport for Job ( PV) နဲ့ ပြည်ပနိုင်ငံတွေကိုသွားရောက်ပြီးအလုပ်လုပ်တာတွေကို ထိန်းချုပ်ဖို့စီစဥ်သွားမယ့်အကြောင်း အလုပ်သမားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးကပြောဆိုလိုက်တယ်လို့သိရပါတယ်။ ” တချို့က PJ မလုပ်တော့ဘူး။ပတ်စပို့မှာလည်းအခက်အခဲရှိတော့ PV နဲ့ပဲသွားကြတယ်။Visit သွားရင်ကျချက်ခြင်းထွက်သွားနိုင်တဲ့အခြေအနေရှိတယ်။စင်ကာပူတို့ ဂျပန်တို့အဓိကပေါ့။တချို့လည်းထိုင်း၊မလေးရှားသွားကြတယ်။အပြင်ထွက်တာချင်းအတူတူ Visit နဲ့သွားတာကပိုများသွားတော့ အဲဒါကိုထိန်းချုပ်မယ်လို့ပြောတာဖြစ်ပါတယ်။ ” လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF )က တာဝန်ရှိသူတယောက်က ပြောပါတယ်။ PV ကိုင်ပြီး အလုပ်လုပ်တာတွေ ကိုထိန်းချုပ်ဖို့နဲ့ပတ်သက်ပြီး ဇူလိုင်လ ၆ ရက်နေ့မှာပြု လုပ်ခဲ့တဲ့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်ကပြောခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် အသက် ၂၃ မှ ၃၁ အရွယ်အမျိုးသားတွေကို အလုပ်ခေါ်စာအသစ်နဲ့ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ထားတာကြောင့်…

Read More

တောင်ကိုရီးယားမှာ ဆမ်ဆောင်းအီလက်ထရွန်းနစ် အလုပ်သမားတွေရဲ့ သုံးရက်ကြာသပိတ် စတင်

  ဆိုးလ်၊ ဇူလိုင်-၈-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားမှာ ဆမ်ဆောင်းအီလက်ထရွန်းနစ် လုပ်ငန်းစုက လုပ်သားတွေဟာ လုပ်ခလစာနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင့်အခြေအနေဖြစ်ရေးနဲ့ ပတ်သက်ပြီး သုံးရက်ကြာ သပိတ်ကို ဒီနေ့ ဇူလိုင် ၈ ရက်မှာ စတင်လိုက်ပါတယ်။ ဆမ်ဆောင်းအနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် နောက်ထပ် ဆန္ဒပြမှုတွေ ဆက်လုပ်မယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေဟာ သမဂ္ဂဝင်အလုပ်သမားတွေအတွက် နှစ်စဉ်ခွင့်ပိုပေးတာနဲ့ ဆုကြေးပေးတာမျိုး ပြောင်းလဲလိုနေပါတယ်။ ဆမ်ဆောင်းအီလက်ထရွန်းနစ် အလုပ်သမားသမဂ္ဂဟာ အဖွဲ့ဝင်ပေါင်း သုံးသောင်းကျော်ရှိပြီး တောင်ကိုရီးယားရှိ ဆမ်ဆောင်းလုပ်ငန်းစုအင်အားရဲ့ လေးပုံတပုံနီးပါးရှိပါတယ်။ ဒါပေမယ့်လည်း သပိတ်မှောက်မှုမှာ ပါဝင်မှုနည်းပါးတာနဲ့ စက်ရုံတွေမှာ အလိုအလျာက်ထုတ်လုပ်တဲ့စနစ်တွေကြောင့် အလုပ်သမားတွေရဲ့ သပိတ်ဟာ ကမ္ဘာ့အကြီးဆုံး ချစ်ပ်တွေထုတ်လုပ်တဲ့ ဆမ်ဆောင်းလုပ်ငန်းစုအတွက် များစွာ သက်ရောက်နိုင်ခြေမရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လကလည်း နှစ်စဉ်နားရက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုကြောင့် ဝန်ထမ်းအများအပြား နုတ်ထွက်ခဲ့ပြီး ဒီကိစ္စကြောင့်…

Read More

အင်ဒိုးနီးရှား ဆူလာဝေစီကျွန်းမှာ တရားမဝင်ရွှေတွင်းပြိုကျမှု ၁၂ ယောက်သေပြီး ၁၈ ယောက်ပျောက်နေ

  ဂျကာတာ၊ ဇူလိုင်-၈-၂၀၂၄ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး တရားမဝင်ရွှေတွင်းတခု ပြိုကျလို့ လူ ၁၂ ယောက်သေဆုံးပြီး ၁၈ ယောက်ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမြေပြိုမှုဟာ ဂေါ်ရွန်တာရိုပြည်နယ် ဆူဝါဝါခရိုင်မှာ မနေ့ကမနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားမဝင်ရွှေတွင်းအနီး နေထိုင်သူတွေနဲ့ဒေသခံတွေ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အသက်ရှင်သူငါးယောက်ကိုတော့ ကယ်တင်ပြီး ဆေးရုံပို့ထားကာ ပျောက်ဆုံးနေသူ ၁၈ ယောက်ကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ အမျိုးသားကယ်ဆယ်ရေးအဖွဲ့ ၊ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေပါဝင်တဲ့ ကယ်ဆယ်ရေးသမား ၁၆၄ ယောက်ကို စေလွှတ်ထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်ရာနေရာကို ရောက်ရှိဖို့အတွက် ကီလိုမီတာ ၂၀ လမ်းလျှောက်ရမယ်ဆို တာဝန်ရှိသူတွေက ပြောပါတယ်။ မြေပြိုမှုကြောင့် လူနေအိမ်အများအပြားနဲ့တံတားတစင်းလည်း ပျက်စီးခဲ့ပါတယ်။ ဒီနေ့နဲ့ မနက်ဖြန်မှာလည်း…

Read More

ကလေးဝမြို့မှာ ချင်းတွင်းမြစ်ရေမြင့်တက်မှု နှစ်ပေါင်း (၃၀) အတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေ

  ဇူလိုင် ၈ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ကလေးဝမြို့မှာ ချင်းတွင်းမြစ်ရေ မြင့်တက်မှုဟာ နှစ်ပေါင်း (၃၀) အတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုး/ဇလရဲ့ ဒီကနေ့ ဇူလိုင် ၈ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ကလေးဝမြို့မှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့် (၁၀၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ “နှစ် ၃၀ အတွင်း အဆိုးဆုံး။ ကျွန်တော်တို့ အိမ်ခေါင်ပေါ် တက်နေရတယ်။ ဘာအကူညီမှမလွယ်သေးဘူး။ ရေဆက်တက်ရင် အခြေအနေပိုဆိုးမယ်” လို့ ကလေးဝမြို့မှ ဒေသခံတယောက်က ပြောပါတယ်။ မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့…

Read More

လာမယ့် သုံးရက်အတွင်း မြို့ကိုးမြို့မှာ မြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်

  ဇူလိုင် ၆ – ၂၀၂၄ SN (VOM) လာမယ့် သုံးရက်အတွင်း မြို့ကိုးမြို့မှာ မြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ မြစ်ငယ် စတဲ့ မြို့ကိုးမြို့မှာ ဧရာဝတီ၊ ချင်းတွင်း၊ ဒုဋ္ဌဝတီ စတဲ့ မြစ်ရေတွေ ဆက်လက် မြင့်တက်လာနိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ထားတာပါ။ “ဒါကြောင့် အဲဒီမြို့တွေအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ လိုအပ်ပါတယ်” လို့ မိုး/ဇလက အကြံပြုထားပါတယ်။ မနေ့ ဇူလိုင် ၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက်…

Read More

This Day in History

  Voice of Myanmar ဗီယက်နမ်စစ်ပွဲမှ အမေရိကန်တပ်များ ရုပ်သိမ်းမှု ပထမအဆင့်အဖြစ် ပထမဆုံးသောတပ်ဖွဲ့ဝင် နှစ်သောင်းငါးထောင် ရုပ်သိမ်းရေးအတွက် တောင်ဗီယက်နမ်မှ အမေရိကန်ခြေလျင်တပ်မ အမှတ်-၉ က ၁၉၆၉ ခုနှစ် ဇူလိုင် ၇ ရက်တွင် စတင်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July7

Read More

ရူပီးနဲ့ ကျပ် တိုက်ရိုက်ပေးချေမှုလတ်တလော အရာမထင်နိုင်သေး

  ဇူလိုင် ၇ – ၂၀၂၄ SN (VOM) အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ ရူပီးနဲ့ ကျပ် တိုက်ရိုက်ပေးချေမှုစနစ်ဟာ နယ်မြေတည်ငြိမ်မှု မရှိတဲ့ အခြေအနေတွေကြောင့် လတ်တလောမှာ အရာမထင်နိုင်သေးဘူးလို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရူပီးနဲ့ ကျပ်ငွေ ကုန်သွယ်မှု ငွေပေးချေရေးယန္တရား ပထမဆုံး စတင်လည်ပတ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပြီး နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ပြည်တွင်းငွေကြေး သုံးစွဲမှုကို မြှင့်တင်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က “လက်ရှိမှာက နိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေး ချွတ်ခြုံကျနေချိန်ဖြစ်တယ်။ အိန္ဒိယနယ်စပ်မှာလည်း ကုန်သွယ်မှုက မရှိသလောက်ဖြစ်နေတယ်။ နယ်မြေတည်ငြိမ်မှု မရှိတဲ့အခြေအနေမှာ နယ်စပ်ကုန်သွယ်‌ရေးတွေအားလုံးက ရပ်တန့်နေတယ်။…

Read More

ဒုက္ခသည်တွေခိုလှုံနေတဲ့ စာသင်ကျောင်ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှု ၁၆ ယောက်သေဆုံး

  ဂါဇာစီးတီး ၊ ဇူလိုင်-၇-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၆ ယောက်သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီစာသင်ကျောင်းဟာ ဂါဇာအလယ်ပိုင်း နူဆီရက်ဒုက္ခသည်စခန်းမှ ဒုက္ခသည် ထောင်ချီပြီး ခိုလှုံနေတဲ့ နေရာဖြစ်ကြောင်း ဟာမတ်စ်ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။ အစ္စရေးကတော့ အဲဒီစာသင်ကျောင်း ဧရိယာမှ လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ တိုက်ခိုက်မှုဟာ လူစည်ကားတဲ့ စျေးအနီးရှိ စာသင်ကျောင်းခေါင်မိုးကို ပစ်မှတ်ထားခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီစာသင်ကျောင်းကို ခိုလှုံရာနေရာအဖြစ် လူ ၇၀၀၀ ခိုလှုံနေတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသသူတွေထဲမှာ သတင်းထောက်ငါးယောက်ပါတယ်လို့ ဟားမတ်စ်တို့ကပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်မှာစတင်ခဲ့တဲ့ ဂါဇာစစ်ပွဲအတွင်း သေဆုံးသွားတဲ့ သတင်းသမား ၁၅၈ ယောက်ထိရှိလာပြီလို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပြောပါတယ်။ စာသင်ကျောင်းကို ထိမှန်ခဲ့တာနဲ့ပတ်သက်ပြီး အစ္စရေးကလည်း…

Read More

တောင်ကိုရီးယားမှာ နိုရိုဗိုင်းရပ်စ်ပါတဲ့ ကင်မ်ချီစားမိပြီး လူ ၁၀၀၀ ကျော် ဆေးရုံရောက်

  ဆိုးလ်၊ ဇူလိုင်-၇-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ နိုရိုဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့ ကင်မ်ချီတွေ စားမိပြီး လူ ၁၀၀၀ ကျော်ဆေးရုံ တင်ထားရကကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကနဦးမှာ အစာအဆိပ်သင့်သူ ၉၉၆ ယောက်ရှိခဲ့ပေမယ့်လည်း မနေ့ကတော့ ၁၀၂၄ ယောက်ထိ မြင့်တက်လာပါတယ်။ အစာအဆိပ်သင့်သူတွေဟာ အဲဒီကင်မ်ချီတွေကို မြို့မှာရှိတဲ့ ကျောင်းအစားအစာတွေကတဆင့် ရရှိခဲ့တာဖြစ်ပါတယ်။ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဗိုက်အောင့်တာမျိုး ဝေဒနာခံစားရပြီး ဆေးရုံတက်နေရသူတွေထဲမှာ စာသင်ကျောင်း ၂၄ ကျောင်း ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ နမ်ဝန်မြို့ အာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ကင်မ်ချီထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ပြန်သိမ်းပြီး ရောင်းချမှုကိုလည်း ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပါတယ်။ နိုရိုဗိုင်းရပ်စ်ဟာ အလွန်ကူးစက်တတ်ပြီး အိမ်သာရေဆေးလက်ကိုင်လို ညစ်ညမ်းတဲ့ မျက်နှာပြင်ပစ္စည်းတွေနဲ့ ရောဂါပိုးရှိပြီးသားသူတွေနဲ့…

Read More

သံတွဲကစစ်ရှောင်တွေကို ဘုန်းကြီးကျောင်းမှာနေခွင့်မပြုသလို စစ်ရှောင်စခန်းလည်းမရှိလို့ အခက်ကြုံနေ

  ွဇူလိုင် ၇ – ၂၀၂၄ GG (VOM) ရခိုင်ပြည်နယ်၊ သံတွဲမြို့ကနေ ဂွမြို့ကို စစ်ရှောင်လာသူတွေကို ဂွမြို့တာဝန်ရှိသူတွေက ဘုန်းကြီးကျောင်းတွေမှာ တည်းခို နေထိုင်ခွင့်မပြုသလို စစ်ရှောင်စခန်းလည်းဖွင့်လှစ်ပြီးစိစစ်လက်ခံ မပေးတာကြောင့် ငွေကြေးမပြည်စုံတဲ့စစ်ရှောင်တွေ အခက်တွေ့နေရတယ်လို့ သိရပါတယ် ။ သံတွဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကျေးရွာဒေသခံပြည်သူတွေ၊ မြို့ပေါ်နေထိုင်သူအများစုဟာ ကျိန္တလီမြို့နဲ့ ဂွမြို့အပါအဝင် နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြရပြီး ဂွမြို့ပေါ်စစ်ရှောင်လာသူတွေအတွက် ဘုန်းကြီးကျောင်းရော စစ်ရှောင်စခန်းပါမရှိလို့ အိမ်ခန်းငှားနေရလို့ အဆင်မပြေဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ ” တချို့ဆို ဂွကိုစစ်ရှောင်လာဖို့တောင်ကားခမတတ်နိုင်လို့ ခြေကျင်လာရသူတွေရှိတယ်။ဧရာဝတီအထိကိုခြေကျင်သွားရမယ့်သူတွေရှိတယ်။ဂွမှာက ဘုန်းကြီးကျောင်းလည်းနေခွင့်မပြုဘူး။စစ်ရှောင်စခန်းလည်းမဖွင့်ပေးထားတော့ ရန်ကုန်ဘက်။ဧရာဝတီဘက်စစ်ရှောင်မယ့်သူတွေရော ။ဂွမှာပဲနေကြမယ့်သူတွေရောက အိမ်ငှားနေရတယ်။တည်းခိုခန်းတွေမှာနေရတယ်၊အကုန်အပြည့်ဘဲ။ငွေကြေးမပြည့်စုံသူတွေကတော့ ဒုက္ခရောက်နေရတယ်၊ သံတွဲနဲ့ဂွကြားကရွာတွေမှာတော့ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတာလည်းရှိတယ် ” လို့ စစ်ရှောင်လာသူတွေကို ကူညီပေးနေတဲ့ ဂွမြို့ဒေသခံတယောက်ကပြောပါတယ်။ ဂွမြို့ကို ရောက်လာတဲ့ ငွေကြေးမပြည့်စုံတဲ့ စစ်ဘေးရှောင်တွေအတွက် စစ်ရှောင်စခန်းတွေဖွင့်ပေးဖို့လိုအပ်နေပြီး အကူအညီအထောက်အပ့ံတွေလိုအပ်နေသလို ကျေးရွာဘုန်းကြီးကျောင်းကစစ်ရှောင်တွေအတွက်လည်း အမျိုးသမီးလစဥ်သုံး ပစ္စည်းအပါအဝင်…

Read More