၂၆ နှစ်ကြာ ပျောက်နေတဲ့ အမျိုးသားကို အိမ်နီးချင်းရဲ့ မြေအောက်ခန်းမှာ အသက်ရှင်လျှက် ပြန်တွေ့

အယ်လ်ဂျီးယား၊ မေ-၁၇-၂၀၂၄မျိုးဆက်(VOM)အယ်လ်ဂျီးရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၆ နှစ်ခန့်က ပျောက်ဆုံးသွားတဲ့ အမျိုးသား တယောက်ကို အိမ်နီးချင်းတယောက်ရဲ့ မြေအောက်ခန်းထဲမှာ အသက်ရှင်လျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။အိုမာဘင်အိုရန်းဆိုသူဟာ ဆယ်ကျော်သက်အရွယ် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အယ်လ်ဂျီးရီးယား ပြည်တွင်းစစ်အတွင်း အယ်လ်ဂျီးယားနိုင်ငံ ဒဂျယ်ဖာမြို့ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဘင်အိုရန်းကို သူကြီးပြင်းရာအိမ်နေရာကနေ မီတာ ၂၀၀ အကွာမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့ကိုဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သံသယရှိသူ ၆၁ နှစ်အရွယ် အမျိုးတယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။အိုမာဘင်အိုရန်း ဟာ အယ်လ်ဂျီးရီးယားအစိုးရနဲ့ အစ္စလာမ္မစ်အုပ်စုတွေအကြား ဆယ်စုနှစ်များစွာပဋိပက္ခတွေအတွင်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ခန့်မှန်ခြေလူနှစ်သိန်းကျော် အသတ်ခံခဲ့ရ သို့မဟုတ် ပြန်ပေးဆွဲခံခဲ့ရပါတယ်။သူဟာ အိမ်နီးချင်းတယောက်ရဲ့ အိမ်ရှိသိုးခြံအတွင်းရှိနေတယ်လို့ အမည်မဖော်လိုသူတယောက်ရဲ့ တိုင်ကြားချက်ကိုလက်ခံရရှိပြီးနောက် တာဝန်ရှိသူတွေကသွားရောက်စစ်ဆေးခဲ့ရာ အိမ်နီးချင်းရဲ့ မြေအောက်ခန်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။မစ္စတာဘင်အိုရန်းဟာ မြေအောက်ခန်းအတွင်းကနေ သူ့မိသားစုကို တခါတရံတွေ့ခဲ့ရကြောင်း ၊ ဒါပေမယ့်…

Read More

ယင်းမာပင်မြို့နယ် ရွှေတောင်ဦးမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ခြောက်ယောက် ပစ်သတ်ခံရ

မေ ၊ ၁၇ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ချင်းတွင်းမြစ်ကူးတံတား အနောက်ဘက်အနီး ရွှေတောင်ဦး သာသနာ့နယ်မြေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ယောက်ဟာ ဒီကနေ့ မနက်ပိုင်းက ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” အောင်ဇေယျမြို့သစ်ဈေးကို ကားနဲ့ ဈေးဝယ်လာတဲ့အချိန် လမ်းကနေ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ချောင်းမြှောင်း ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒီ ကားပေါ်မှာ ရွှေတောင်ဦး သာသနာ့နယ်မြေ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အောင်ဇေယျ ရဲကင်းစခန်းမှူး ဒုရဲအုပ် ရဲဌေးဦး အပါအဝင် ခြောက်ယောက် ထိခိုက်သေဆုံးတယ် ၊ နောက်ပြီး သူတို့ကိုင်ဆောင်လာတဲ့ သေနတ်နဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ် ” လို့ အောင်ဇေယျမြို့သစ် ဒေသခံတယောက်က ပြောပါတယ်။အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ယင်းမာပင် ခရိုင် လုံခြုံရေးအဖွဲ့နဲ့…

Read More

ကျုံအိတ်တံတား ယာယီလမ်းကနေ ယာဉ်တွေ ဖြတ်သန်းလို့ရပြီ

မေ ၁၇ – ၂၀၂၄ GG (VOM) မိုင်းခွဲခံရပြီး ပျက်စီးခဲ့တဲ့ ကျုံအိတ်တံတားဘေးကနေ ယာယီမြေသားလမ်းဖောက်လုပ်ပြီးစီးတာကြောင့် Express ကား၊ကားသေး၊ကုန်ကားတွေလည်း ဖြတ်သန်းခွင့်ပြုနေပြီလို့သိရပါတယ်။ ဒါကြောင့် ရန်ကုန်- မော်လမြိုင်လမ်းမှာလည်း တံတားရဲ့ တဖက်တချက်စီမှာကားတွေအများအပြားပိတ်မိနေကြတယ်လို့သိရပါတယ်။ ကျုံအိတ်တံတားကတော့ မေလ ၁၁ ရက်နေ့မှာမိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ၇ ရက်မြောက်နေ့မှာ ကားတွေပြန်လည်ဖြတ်သန်းခွင့်ရရှိတာဖြစ်ပါတယ်။ ကျုံအိတ်တံတားရှောင်ကွင်းသွားရတဲ့ ကျေးရွာချင်းဆက် တောလမ်းမှာ ကားတွေသွားလာမှုများတဲ့အတွက် လမ်းမှာ နှစ်ညအိပ်ရလောက်တဲ့အထိ ကားတွေရာချီပြီးပိတ်မိမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ ” လမ်းကကျဉ်းတော့ ပိတ်တာပါ၊ လမ်းကကျဉ်းတော့တွဲကားကြီးတွေတအားတော့ ကားတွေက ကြပ်ကုန်တယ်၊ကားတွေကရှောင်ပေးကြပေမယ့်လည်း သွားမရတာပေါ့။အဲ့ဒါကြောင့် ကျနော်တို့တော့ နှစ်ညလောက်လမ်းမှာညအိပ်ခဲ့ရတယ်။ခုမနက်တော့ ကားပွင့်တာနဲ့ လမ်းမကြီးပေါ်ရောက်လာပြီ ” လို့လမ်းမှာ ညအိပ်ရတဲ့အထိ ပိတ်မိခဲ့တဲ့ကားသမားတယောက်ကပြောပါတယ်။ ရွာချင်းဆက်တောလမ်းမှာ ကားတွေပိတ်မိခဲ့စဉ် စားရေးသောက်ရေးအခက်အခဲတွေ ကြုံခဲ့ရသလို သောက်ရေသန့်တွေလည်း ရှားပါးကြောင်း၊ ကားပေါ်ပါတဲ့အသီးအနှံတွေ၊ တောထဲကရှာဖွေရရှိတဲ့အသီးအနှံနဲ့ ဘုန်းကြီးကျောင်းက ကျွေးတဲ့ထမင်းကိုသာ မျှဝေစားသောက်ပြီး ကျော်ဖြတ်ခဲ့ရတယ်လို့ သူကထပ်မံပြောပါတယ်။…

Read More

ကိုရီးယားကို ရာသီချိန် လုပ်သားပို့ပေးမယ်ဆိုကာ အလုပ်သမား ၁၂၀ ကျော်ဆီက ငွေကျပ် သိန်းထောင်ချီ လိမ်လည်မှု ဖြစ်ပွား

မေ ၁၇ – ၂၀၂၄ SN (VOM) တောင်ကိုရီးယားနိုင်ငံကို ရာသီချိန် လုပ်သားပို့ပေးမယ်လို့ ဆိုကာ အလုပ်သမား ၁၂၀ ကျော် ငွေကျပ် သိန်းထောင်ချီ လိမ်လည်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အသိုင်းအဝိုင်းက သိရပါတယ်။ ဒေါ်ချောစုလှိုင်ဆိုသူက တောင်ကိုရီးယားနိုင်ငံကို ရာသီချိန် လုပ်သားအမြန်ပို့ပေးမယ်လို့ ဆိုပြီး Myint Mo Academy သင်တန်းကျောင်းမှ သင်တန်းသားအလုပ်သမား ၁၂၆ ယောက်ဆီက တယောက်ကို ငွေကျပ် ၃၂ သိန်းနှုန်းနဲ့လည်းကောင်း၊ ကျပ် နှစ်ဆယ့်ခုနစ်သိန်း ငါးသောင်းကျပ်နှုန်းနဲ့လည်းကောင်း ငွေကြေးတွေ ရယူခဲ့ပြီး စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကိုယ်တိုင်ငွေလိမ်ခံထားရသူတယောက်က “ငွေပေးချေတဲ့အချိန်တုန်းက အလုပ်သမားမပို့ပေးနိုင်ရင် ငွေပြန်အမ်းမယ်ဆိုပြီး စာချုပ်ချုပ်ထားတာ။ အခုတော့ ပြန်အမ်းမပေးဘဲ ရှောင်နေတယ်။ ကိုယ်တွေလည်း ငွေပြန်ရဖို့ သက်ဆိုင်ရာနဲ့ ချိတ်ဆက်ပြီး လိုက်နေတာပဲ။ သင်တန်းကျောင်းကနေ…

Read More

လျှပ်စစ်မီးပြတ်တောက်မှုနဲ့ လူမှုဒုက္ခအထွေထွေ

ရန်ကုန် ၊ မေ-၁၇-၂၀၂၄ SN (VOM) နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုဘဝ အဆင့်အတန်းမီမီ နေထိုင်နိုင်ဖို့ဆိုတာ လျှပ်စစ်စွမ်းအင် ရရှိ၊ သုံးစွဲနိုင်တဲ့အပေါ်မှာ အဓိက မှီတည်နေတာပါ။ လျှပ်စစ်မီး ပုံမှန်မရဘူး၊ လုံလောက်စွာ မရဘူးဆိုရင် စီးပွါးရေးလုပ်ငန်းတွေကို ထိခိုက်မှာဖြစ်သလို လူနေမှုအဆင့်အတန်းကိုလည်း နိမ့်ကျစေမှာပါ။ လျှပ်စစ်မီး ပုံမှန်မရရင် ဒီဇယ်၊ ဓာတ်ဆီကို အစားထိုးသုံးစွဲရတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တိုးလာမှာပါ။ နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းတွေ မလွဲမသွေ တက်လာမှာပါ။ ခုတလော လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပျက်တဲ့အကြောင်း သတင်းတွေမှာ၊ ဆိုရှယ်မီဒီယာတွေမှာ အတော်လေး တွေ့နေရပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာ လျှပ်စစ်မီးပျက်ချိန် များလာတာကြောင့် နေထိုင်၊ စားသောက်ရေး အတော့်ကို အဆင်မပြေဖြစ်နေကြပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုဟာ သင်္ကြန် ကာလမတိုင်မီကတည်းက အရင်ကထက် ဆိုးဆိုးရွားရွား ဖြစ်နေတာပါ။ သင်္ကြန်ကာလ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁၇ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၄၀၃၀ ကျပ်ဝယ်ဈေး – ၃၉၉၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၉၉၀ ကျပ်ဝယ်ဈေး – ၂၉၁၅ ကျပ်-ယူရိုရောင်းဈေး – ၄၃၇၅ ကျပ်ဝယ်ဈေး – ၄၂၄၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၁.၀၆ ကျပ်ဝယ်ဈေး – ၁၀၈.၈၄ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၅၉ ကျပ်ဝယ်ဈေး – ၈၃၃ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၅၇ ကျပ်ဝယ်ဈေး – ၅၄၃ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၈၅ ကျပ်ဝယ်ဈေး – ၂၅.၀၇ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၂၅ ကျပ်ဝယ်ဈေး – ၄၆.၈၀ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၇ ကျပ်ဝယ်ဈေး – ၂.၈၈ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၀၅၀ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၁၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၇၈ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၉၈၀၀၀၀ ကျပ်ဝယ်ဈေး ၄၉၄၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၇၈၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၄၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အမေရိကန်၊ ဂျပန်နဲ့တောင်ကိုရီးယား ကမ်းခြေစောင့်တပ်တွေ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေး လေ့ကျင့်မယ်

  ဝါရှင်တန် ၊ မေ-၁၇-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်တွေရဲ့ ပထမဆုံ‌းသော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမယ့် ဇွန်လမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို ဂျပန်နိုင်ငံ ဖူကူနဲ့ ကျိုတိုစီရင်စုတွေရဲ့ ကမ်းလွန်ပင်လယ်ပြင်ဒေသမှာ ဇွန် ၆ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ သုံးနိုင်ငံ ကမ်းခြေစောင့်တပ်က ရေယာဉ်တွေဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်မှုတွေနဲ့ စွမ်းဆောင်ရည်တွေကို ပူးတွဲလေ့ကျင့်ကြမှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက်ကို မေ ၉ ရက်မှာ သုံးနိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရှာဖွေကယ်ဆယ်ရေးနဲ့ ရေပိုင်နက်အတွင်းမှာ တရားမဝင်လုပ်ဆောင်မှုတွေအတွက် သုံးနိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံတွေ၊ ပစိဖိတ်ကျွန်းစုရှိ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက အမေရိကန်မှာပြုလုပ်တဲ့ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ်၊…

Read More

This Day in History

Voice of Myanmarမြောက်ကိုရီးယားမှ ရထားတစ်စင်းနှင့် တောင်ကိုရီးယားမှ ရထားတစ်စင်းတို့သည် ခရီးသည် ၁၅၀ ကိုတင်ဆောင်ကာ ကိုရီးယားစစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၀၇ ခုနှစ် မေ ၁၇ ရက်တွင် နယ်စပ်ဖြတ်ကျော် စမ်းသပ်ခုတ်မောင်းခဲ့သည်။

Read More

မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် GGI ပူးပေါင်း

မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် GGI Nippon Life Insurance Company (GGINL) တို့ ပြည်သူ့အနာ ဂတ်ဘဝ ကာကွယ်စောင့်ရှောက်နိုင်ရန် ပြီးပြည့်စုံသော အသက်အာမခံဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်မည် မြန်မာ့ခရီးသွားဘဏ် (MTB) နှင့် GGI Nippon Life Insurance Company (GGINL) တို့ မြန်မာနိုင်ငံတွင်းရှိ မိဘပြည်သူများ၏ အနာဂတ်ဘဝအားကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ပြီးပြည့်စုံသော အသက်အာမခံ ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် အာမခံဝန်ဆောင်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် Bancassurance မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။   ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိဘပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော GGINL ၏အာမခံဝန်ဆောင်မှုများကို မေလ (၁) ရက်မှ စတင်၍ MTB ဘဏ်ခွဲ (၁၇) ခုလုံးတွင် ရရှိနိုင်မည် ဖြစ် သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များတွင်…

Read More