နစက ဥက္ကဋ္ဌ နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယဥက္ကဋ္ဌတို့ တွေ့ဆုံ

မေ ၃၀-၂၀၂၂ KT + KK (VOM) နစက ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု တို့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့ကြပါတယ်။ နစက ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေဆုံဆွေးနွေးမှုဟာ လေးကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ အရင်ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌစောထော့လေးအဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာလည်းရှိပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP)ဒုတိယဥက္ကဋ္ဌ နိုင်အောင်မငေး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မေလ ၂၂ ရက်က တွေဆုံဆွေးနွေးခဲ့ပါသေးတယ်။ ဒါ့အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်အဖွဲ့နဲ့လ ည်း မေလ ၂၀ ရက်က တွေ့ဆုံခဲ့ပါသေးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးထားတဲ့ ALP…

Read More

နီပေါ လေယာဉ်ပျက်ကျမှု အလောင်း ၁၄ လောင်း ရှာဖွေတွေ့ရှိထား

ခတ္တမန္ဒူ ၊ မေ-၃၀-၂၀၂၂ မျိုးဆက်(VOM) နီပေါနိုင်ငံမှာ လူ ၂၂ ဦးလိုက်ပါသွားတဲ့ လေယာဉ်ငယ်တစ်စင်း ပျက်ကျတဲ့ နေရာကနေ ရုပ်အလောင်း ၁၄ လောင်းကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ လေဆိပ်တာ၀န်ရှိသူတဦးက မေ ၃၀ ရက်မှာ ပြောပါတယ်။ နီပေါနိုင်ငံ တာရာလေကြောင်းလိုင်း ပိုင်ဆိုင်တဲ့ အဲဒီလေယာဉ်ရဲ့ အပျက်အစီးတွေကို နိုင်ငံမြောက်ပိုင်း မူစတန်ခရိုင်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လေယာဉ်ဟာ ပျက်မကျခင် ငါးမိနစ်အလိုမှာ လေကြောင်းထိန်းချုပ်ရေးစင်တာနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ပျံသန်းချိန်စုစုပေါင်း မိနစ် ၂၀ ရှိတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ ကျန်ရှိနေတဲ့ ခရီးသည်တွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း၊ ရာသီဥတုအလွန်ဆိုးရွားနေပေမယ့် ပျက်ကျရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ကို ခေါ်ဆောင်နိုင်ခဲ့ကြောင်း မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီယိုချန်ဒလာလ်ကာရန်က ပြောပါတယ်။ ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ အိန္ဒိယနိုင်ငံသားလေးဦး၊ ဂျာမနီနိုင်ငံသားနှစ်ဦးနဲ့ နီပေါနိုင်ငံသား ၁၆ ဦးတို့ လိုက်ပါသွားခဲ့ကြောင်း…

Read More

ဘူးသီးတောင်၊ ညောင်ချောင်းဈေး မီးလောင်မှု ဆိုင်ခန်း (၂၄) ခန်းနဲ့ သိန်း (၂) ထောင်နီးပါး မီးလောင်ဆုံးရှုံး

မေ ၃၀-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာမှာ ဒီကနေ့ မေလ ၃၀ ရက်နေ့ မနက်အစောပိုင်း ၂ နာရီလောက်က ဈေးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၄ ခန်း မီးလောင်သွားကာ ကာလတန်ဖိုး သိန်း ၂ ထောင်နီးပါး ဆုံးသွားတယ်လို့ ဈေးကော်မတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ညောင်ချောင်းကျေးရွာဒေသခံတဦးဖြစ်တဲ့ မာလာယာက “ ဈေးမီးလောင်တာဟုတ်ပါတယ်။ လိုင်းတန်း (၂) တန်းပါသွယ်တယ်။ တစ်တန်းမှာ ဆိုင်ခန်း (၁၂) ခန်းရှိတယ်။ အားလုံး (၂၄) ခန်းပါသွားပါတယ်။ မီးသတ်တပ်ဖွဲ့တော့မရောက်ဘူး။ ရွာသားတွေဝိုင်းပြီး ငြိမ်းသတ်ကြရတယ်။ ဒီဖက်မှာ လမ်းတွေဆိုးလို့ ထင်ပါတယ်” လို့ ပြောပါတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့ ဆိုင်ခန်းတွေထဲမှာ ဆန်အိတ် (၁၀၀)ခန့်ရှိတဲ့ ဆိုင်ခန်း (၁၂) ခန်း၊ ပန်းပဲလုပ်ငန်းခွင် ဆိုင်ခန်း (၄) ခန်းနဲ့ ကုန်စုံဆိုင်ခန်းတွေ…

Read More

ထိုင်းကို တရားဝင် မြန်မာလုပ်သားတွေ သွားခွင့်ပြုလိုက်ပေမယ့် တရားမဝင်လမ်းကြောင်းကသွားတဲ့ မြန်မာတွေ ဖမ်းဆီးခံနေရဆဲ

မေ ၂၉-၂၀၂၂ VOM (GG) ထိုင်းကို နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU စနစ်နဲ့ မြန်မာလုပ်သားတွေ တရားဝင်သွားခွင့်ပြုလိုက်ပေမယ့်လည်း တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်နေသူတွေရှိလို့ မြန်မာလုပ်သားတွေ ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ မနေ့က မေလ ၂၈ ရက်နေ့နဲ့ ၂၇ ရက်နေ့မှာပဲ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မြို့နယ် ၂ ခုမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာ နိုင်ငံသား ၆၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေဆီကသိရပါတယ်။ ” တရားမဝင်လာတဲ့သူတွေက ထိုင်းမှာအလုပ်လုပ်ဖို့ဆိုပြီး တယောက်ကို ဘတ် ၂၈၀၀၀ နဲ့ ၃၀၀၀၀ ပေးရတယ်လို့သိရတယ်။အဲ့ဒါတွေကအရင် MOU စနစ်တွေပြန်မဖွင့်ခင်ထဲကလာဖို့လုပ်ထားသူတွေပေါ့။ သူတို့ကတော့တရားဝင်လမ်းကြောင်းကပဲလာရမယ်လို့ထင်ထားကြတာ ၊ လာမယ်ဆိုရင်သတင်းတွေသေချာဖတ်၊လေ့လာပြီးစုံစမ်းကြပါ၊ခုတော့ပိုက်ဆံလည်းကုန်လူလည်းအဖမ်းခံရ တယ် ” လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ထားပြီး ထိုင်းနိုင်ငံဥပဒေအရအရေးယူဖို့…

Read More

နီပေါနိုင်ငံမှာ လူ၂၂ဦး လိုက်ပါသွားတဲ့ လေယာဉ်တစင်း ပျောက်ဆုံး

ခတ္တမန္ဒူ၊မေ-၂၉-၂၀၂၂ မျိုးဆက်(VOM) နီပေါနိုင်ငံ ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုမှာ ပြေးဆွဲနေတဲ့ လေယာဉ်တစ်စင်းဟာ မေ၂၉ရက်မှာ လိုက်ပါသွားသူ၂၂ဉီးနဲ့ အတူပျောက်ဆုံးသွားခဲ့တယ်လို့ လေကြောင်းလိုင်းနဲ့ အစိုးရတာဝန်ရှိသူတွေက ရိုက်တာသတင်းဋ္ဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီလေယာဉ်ငယ်ဟာ မြို့တော်ခတ္တမန္ဒူရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ၂၀၀ခန့်ရှိ ခရီးသွားမြို့ Pokhara မှ အနောက်မြောက်ဘက် ကီလိုမီတာ၈၀ခန့်ရှိ Jomsomကို ပျံသန်းခဲ့တယ်လို့ သူတို့ကပြောပါတယ်။လေယာဉ်ကို ကနေဒါနိုင်ငံထုတ် Twim Otter ဖြင့်အဓိကပျံသန်းပြီး Tara Airမှ ပိုင်ဆိုင်ပါတယ်။ လိုက်ပါသွားသူ၂၂ဉီးထဲမှာ အိန္ဒိယနိုင်ငံသားလေးဦးနဲ့ အခြားနိုင်ငံခြားသားနှစ်ဦးတို့ ပါဝင်တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ကမ္ဘာအမြင့်ဆုံး ဧဝရက်တောင်တည်ရှိရာ နီပေါနိုင်ငံမှာ ကျယ်ပြန့်သော ပြည်တွင်းလေကြောင်း ကွန်ရက်များတည်ရှိပြီး ရာသီဥတုပြောင်းလဲမှုနဲ့ တောင်ထူထပ်သောဒေသတွေမှာ တည်ဆောက်ထားတာမို့ မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ Ref:REUTERS Photo:REUTERS #voiceofmyanmar #VOM #နီပေါမှာလေယာဉ်ပျောက် #ကမ္ဘာ့သတင်း

Read More

ရေကြည်မြို့နယ်မှာ နိုင်ငံသားအထောက်ထားမဲ့သူ တရာကျော်ဖမ်းဆီးခံရ

ရန်ကုန်၊မေ ၂၉၊၂၀၂၂ KK(VOM) ရေကြည်မြို့နယ်က ရေနံ့သာပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မနေ့ မေလ ၂၇ရက် ညနေပိုင်းကနိုင်ငံသားအထောက်ထားမဲ့သူ တရာကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နိုင်ငံသားအထောက်ထားမဲ့သူတရာကျော်ဟာ ရခိုင်ပြည်နယ် ဂွမြို့ဘက်ကနေ ရန်ကုန်မြို့ကို အခကြေးငွေနဲ့ ယာဥ်မောင်းသုံးဦးက လိုက်ပို့ခဲ့တာမှာ ရေကြည်မြို့နယ် ရေနံ့သာ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။ “ကားထဲမှာ ထိုင်ပြီးလိုက်လာတာ အများကြီးကလေးတွေရော လူကြီးတွေရော အကုန်မိတာ”လို့ ပြောပါတယ်။ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးပြောတာက “သတင်းကမှန်ပါတယ် မနေ့ကမဟုတ်ဘူး ၂၇ ရက်နေ့ ညနေ ကားသုံးစီးက မိတာ”လို့ ပြောပါတယ်။ ဖမ်းဆီးရမိသူတွေထဲမှာ ကျား ၅၇ ဦး မ ၄၂ ဦး ကျားကလေး ၁ ဦး မ ကလေး ၄ ဦး စုစုပေါင်း ၁၀၄ဦးတို့ဖြစ်တယ်လို့ သူကရှင်းပြပါ…

Read More

ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စားဆီ၊ကြက်သွန်နီတွေ ပြည်ပကို တင်ပို့ရောင်းချမယ်ဆိုရင် ပို့ကုန်လိုင်စင် လျှောက်ပြီးမှ ပို့ခွင့်ပြုမယ်

မေ ၂၉ VOM (GG) ပြည်ပနိုင်ငံတွေကို ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စားဆီအမျိုး ၊ကြက်သွန်နီ တွေကို တင်ပို့မယ်ဆိုရင် သြဂုတ်လ ၁ ရက်နေ့ကစပြီး ပို့ကုန်လိုင်စင် လျှောက်ထားရမယ် လို့ စီးပွားရေး နှင့်ကူးသန်းရေးဝန်ကြီးဌာနကပြောဆိုလိုက်ပါ တယ်။ ပို့ကုန်လိုင်စင် ပြန်လည်လျှောက်ထားရမယ့် ကုန်စည်တွေကတော့ ပဲမျိုးစုံ နဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မိ တ်၊မြေပဲ ၊နှမ်းပဲပုတ်စေ့၊ နေကြာစေ့ ၊ မုန်ညင်း စေ့နဲ့ ဆီထွက်သီးနှံ အစေ့အဆံတွေ၊ဆီအမျိုးမျိုး ၊ သံလွင်ဆီ ဆီအုန်း၊မြေပဲဆီ၊ နှမ်းဆီနေကြာဆီ၊ မုန်ညင်းဆီနဲ့ ဟင်းသီးဟင်း ရွက်အဆီတွေ ဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့်ပို့ကုန်လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်စည်ထဲက ဘယ်ကုန်စည်ကိုမဆို ပြည်ပကို ပင်လယ်ရေကြောင်း၊ လေကြောင်းဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကဖြစ်စေ တင်ပို့မယ်ဆိုရင် ဩဂုတ်လ ၁ ရက်နေ့ကစပြီး လုပ်ထုံးလုပ်နည်း နဲ့အညီ ပို့ကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုတော့မယ်လို့ဆိုပါတယ်။ ”…

Read More

ကလေးမြို့က အထက်တန်းကျောင်း ၁ ကျောင်း မီးလောင်

မေ ၊ ၂၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ၊ မြို့ပတ်လမ်းမှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်းဟာ ၊ မေ ၂၉ ရက် ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ခဲ့တယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကျန်စစ်သားလမ်းမှာနေတဲ့ ကျောင်းသားမိဘ တစ်ဦး ပြောတာက ” မနက်ပိုင်း ၁ နာရီဝန်းကျင်မှာ မီးလောင်တယ် ၊ မီးလောင်တဲ့ ကျောင်းက အမှတ် ၈ အခြေခံပညာ အထက်တန်းကျောင်းဖြစ်တယ် ၊ ပျဥ်ထောင် ကျောင်းဆောင်ကတော့ ပြာကျသွားတယ် ၊ RC ၂ ထပ် ခရေ စာသင်ဆောင်ကတော့ အပေါ်ထပ်တခုလုံး မီးလောင်ပျက်စီးသွားတယ် ၊ ကျောင်အပ်လက္ခံနေတဲ့ ကာလမှာ အခုလို စာသင်ဆောင်တွေ…

Read More

ကလေးမြို့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၃ ဦးသေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မေ ၊ ၂၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ တာဟန်းရပ်ကွက်ထဲကို မေ ၂၈ ရက် ၊ မနေ့က ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ထိမှန်တဲ့အတွက် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ တာဟန်း ဇိုမီးလူငယ်ရေးရာအဖွဲ့ဆီက သိရပါတယ်။ ” မင်းကင်းမြို့နယ်ဘက်ကနေ ကလေး တာဟန်းမှာ အိမ်ငှားနေပြီး စစ်ဘေးရှောင်နေတဲ့ အိမ်ပေါ်ကျရောက် ပေါက်ကွဲတဲ့အတွက် ပထမ လူ ၂ ယောက်သေတယ် ၊ သေဆုံးသူတွေကတော့ ဒေါ်နီနှီအေး အသက် ၄၇ နှစ်နဲ့ သူ့ရဲ့သား ကိုဘုန်းမြတ်ဦး အသက် ၂၆ နှစ်တို့ဖြစ်တယ် ” လို့ တာဟန်းလူမှုကူညီရေး ပရဟိတသမား တစ်ယောက်က ပြောပါတယ် ။ ဒါ့အပြင် တာဟန်း အာဂပေ…

Read More

ယူကရိန်းသမ္မတနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မပူတင်ကို ပြင်သစ်နဲ့ဂျာမနီခေါင်းဆောင်တွေ တိုက်တွန်း

မော်စကို၊မေ-၂၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းသမ္မတနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မတပူတင်ကို ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေ တိုက်တွန်းခဲ့တယ်လို့ ဂျာမန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုတို့ဟာ ရုရှားသမ္မတပူတင်နဲ့ မိနစ်၈၀ကြာဖုန်း ပြောခဲ့ပါတယ်။ သူတို့နှစ်ဉီးဟာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနဲ့ရုရှားတပ်တွေ ရုပ်သိမ်းပေးရေးကို အခိုင်အမာတိုက်တွန်းခဲ့တယ်လို့ ဂျာမန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ ရုရှားသမ္မတဟာ မော်စကိုနဲ့ ကိယက်ဗ်တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ဖို့ လမ်းဖွင့်ထားကြောင်း ရုရှားသမ္မတအိမ်တော်ရဲ့ ပြောကြားချက်အရသိရပါတယ်။ ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မဇီလန်ဇကီးတို့ကြား တိုက်ရိုက်ဆွေးနွေးနိုင်ခြေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ယူကရိန်းသမ္မတဟာ ဆွေးနွေးပွဲတွေအတွက် စိတ်အားထက်သန်ခြင်းမရှိကြောင်း အစောပိုင်းကတည်းကပြောကြားခဲ့ပေမဲ့လည်း ပဋိပက္ခတွေကိုအဆုံးသတ်ဖို့ လိုအပ်လာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ရုရှားနဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေဟာ ဖေဖော်ဝါရီ၂၄ရက် ရုရှားကျူးကျော်လာချိန်မှစ၍ အွန်လိုင်းကရော လူကိုယ်တိုင်ရော အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမဲ့လည်း နောက်ပိုင်းမှာတော့ ရပ်တန့်သွားပြီဖြစ်ပါတယ်။ Ref:BBC Photo:GETTY IMAGES #voiceofmyanmar #VOM #ရုရှား #ယူကရိန်း #နိုင်ငံတကာသတင်း

Read More