ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးရင် ပြည်သူတွေလိုလားတဲ့ အကျိုးပြုတဲ့သူကို ရွေးချယ်ခွင့်ရဖို့လိုအပ်

ဇွန် ၁၀ ၊ ၂၀၂၆ GG (VOM) ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်တဲ့နေရာမှာ ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုတဲ့ အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်နိုင်ဖို့လိုသလို ပြည်သူကလိုလားတဲ့ အုပ်ချုပ်ရေးမှူးတွေ ဖြစ်ဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာဟာရပ်ကွက် နဲ့ ကျေးရွာတွင်းမှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေ ၊ တိုင်ကြားချက် နဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာ အစိုးရဌာနတွေဆီ တင်ပြပေးမယ့် အဓိကပုဂ္ဂိုလ်ဖြစ်ပြီး ပြည်သူတွေရဲ့ လုံခြုံရေး ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စရပ်အားလုံးအတွက်လည်း အဓိကဆောင်ရွက်ပေးရသူ ဖြစ်ပါတယ်။ ဒါကြောင့် ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်တဲ့အခါ လူထုကို အမှန်တကယ် အကျိုးပြုမယ့် ၊ လာဘ်စားမှုကင်း အဂတိကင်းရှင်းတဲ့ အုပ်ချုပ်ရေးမှူးကို ရွေးချယ်ခွင့်ရရှိဖို့နဲ့ ရွေးချယ်နိုင်ဖို့ဟာ အရေးကြီးတဲ့ ကိစ္စဖြစ်တယ်လို့ သိရပါတယ်။ ”…

Read More

မြောက်/ဒဂုံက ပျောက်ဆုံးနေတဲ့ Grade – 6 ကျောင်းသားကို ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်တွေ့

ဇွန် ၁၀ – ၂၀၂၆ SN (VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်က ပျောက်ဆုံးနေတဲ့ (၁၃) နှစ်အရွယ်၊ Grade – 6 ကျောင်းသားကို ဒီကနေ့ ဇွန် ၁၀ ရက်၊ မနက်ပိုင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ သေဆုံးသူဟာ မြောက်ဒဂုံမြို့နယ်၊ ၃၉/A ရပ်ကွက်မှာ နေထိုင်တဲ့ မောင်မင်းခန့်ဇော် ဆိုသူဖြစ်ကာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က ကျောင်းမှပြန်လာပြီးနောက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ နေအိမ်ကနေ ပြန်လည် ထွက်ခွာသွားပြီး ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။ ဒီကနေ့ မနက်မှာတော့ ပျောက်ဆုံးနေသူကို မြောက်ဒဂုံ၊ (၃၈) ရပ်ကွက်၊ အင်ကြင်းလမ်းထဲက…

Read More

အောင်ပန်းမှာ ထရန်စဖော်မာက ကြေးနန်းကြိုးဖြတ်ခိုးတဲ့ အမျိုးသားဓာတ်လိုက်သေဆုံး

ဇွန် ၁၀ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ် တောင်ပိုင်း ၊ အောင်ပန်းမြို့ ၊ ရွာသစ်ရပ်ကွက်ရှိ ၊ ပစ္စပ္ပုန်ဘုန်းကြီးကျောင်းဝန်းထဲရှိ ထရန်စဖော်မာ TransFormer က ကြေးနန်းကြိုးကို ​လာခိုးတဲ့ အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ အောင်ပန်းမြို့ နာရေးကူညီမှုအသင်းဆီက သိရပါတယ်။ မနေ့က ဇွန် ၉ ရက်နေ့ ၇ နာရီလောက်မှာ အမျိုးသားတယောက် ဓာတ်လိုက်သေဆုံးနေတာကို သိရှိရတာဖြစ်ကြောင်း ၊ သေဆုံးသူက အသက် ၂၁ နှစ်အရွယ် ရှိပြီး အောင်ပန်းမြို့ကပဲဖြစ်တယ်လို့ သိရပါတယ်။ ” ထရန်စဖော်မာက ကြေးနန်းကြိုးတွေကို လာခိုးရင်း ဓာတ်လိုက်သေဆုံးတာ ။ သေတာကိုတော့ မနေ့က ၆ နာရီလောက်မှာသိရတယ်။ သက်ဆိုင်ရာက အကြောင်းကြားလို့ သွားသယ်တယ်။ ခိုးတာကို ဘယ်လိုသိရလဲ ဆိုရင် ပလာယာတချောင်းတွေ့တယ်၊ ဖုန်းတလုံးတွေ့တယ်။…

Read More

မြစ်ခြေမြို့ရဲစခန်းကို ဒေသတွင်းလက်နက်ကိုင်တပ်တွေ သိမ်းပိုက်

ဇွန် ၁၀ – ၂၀၂၆ SS (VOM) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ခြေရဲစခန်းကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေက ဒီကနေ့ ဇွန် ၁၀ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်၊ သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြစ်ခြေရဲစခန်းကို သိမ်းယူနိုင်ခဲ့တာနဲ့ ပတ်သက်လို့ ဒေသတွင်း လက်ကိုင်တပ်တွေက ဓာတ်ပုံတွေနဲ့တကွ သတင်း ထုတ်ပြန်ထားတာမှာ အဲဒီရဲစခန်းကို ဒီကနေ့ မနက် ၄ နာရီဝန်းကျင်မှာ စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တနာရီအကြာမှာ ထိန်းချုပ်နိုင်ခဲ့ကာ တိုက်ပွဲမှာ ရဲတပ်ဖွဲ့ဝင် နှစ်ယောက် ကျဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၄ ယောက် ဖမ်းဆီးရမိတယ်လို့ အသိပေးထားပါတယ်။ ဒါအပြင် G-3 သေနတ် ၁၈ လက်၊ ၇၉ မမ လက်နက် တလက်၊ ခြောက်လုံးပြူး ၂ လက်၊ ၆၀…

Read More

နှင်းခဲအောက်က စစ်လက်နက်များနှင့် နိုးထလာသော စျေးကွက်

MT(VOM) ​၃၈ မျဉ်းပြိုင်ပေါ်က သွေးနှင့် မျက်ရည် ​ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့ မနက်ခင်းမှာ မြောက်ကိုရီးယားတပ်တွေဟာ ၃၈ မျဉ်းပြိုင်ကို ဖြတ်ကျော်ပြီး တောင်ဘက်ပိုင်းကို စတင်ကျူးကျော်ခဲ့ကြတယ်။ ဒါဟာ သုံးနှစ်ကြာအောင် သွေးချောင်းစီးခဲ့ရတဲ့၊ လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ‘ကိုရီးယားစစ်ပွဲ’ ရဲ့ အစပျိုးခြင်းပါပဲ။ အမေရိကန်နဲ့ ကုလသမဂ္ဂတပ်တွေက တောင်ကိုရီးယားဘက်က ပါဝင်တိုက်ခိုက်ခဲ့သလို၊ ဆိုဗီယက်ယူနီယံနဲ့ တရုတ်ကလည်း မြောက်ကိုရီးယားနောက်ကနေ ကျောထောက်နောက်ခံပြုခဲ့ကြတယ်။ ​၁၉၅၃ ခုနှစ် ဇူလိုင်လမှာ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့ကြပေမယ့် ဒါဟာ စစ်ပွဲပြီးဆုံးသွားတာမဟုတ်ဘဲ ခေတ္တရပ်စဲထားရုံသာ ဖြစ်ပါတယ်။ စစ်ပွဲအပြီးမှာတော့ ကိုရီးယားကျွန်းဆွယ်ဟာ နှစ်ပိုင်း အပြတ်အသတ် ကွဲသွားခဲ့ရတယ်။ မြောက်ပိုင်းဟာ ကွန်မြူနစ်ဝါဒရဲ့ အရိပ်အောက်မှာ၊ အထူးသဖြင့် ကင်အီဆွန်းရဲ့ ‘ဂျူချေး’ (Juche) ဆိုတဲ့ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်ရေး ဝါဒအောက်မှာ ရုန်းကန်ခဲ့ရပါတယ်။ စစ်ပွဲကြောင့် မြေပြင်တစ်ခုလုံး…

Read More

သူတို့အိမ် အခန်း (၁၃၆)

ဆူးငှက် မှတ်မိကြသလား မန်းသီတာ ——————————– မန္တလေးမှာ အထင်ကရရှိတာက ကျုံး မြိ့ုရိုး ပြအိုးပြာသာဒ်များပဲဖြစ်သည်။ တကယ်တော့ မန္တလေးမှာ တောင်ဘက်ကျုံးနှုတ်ခမ်းက ၂၆ဘီလမ်းသည် အလှဆုံးဖြစ်၏။ တောင်ဘက်ကျုံးအတွင်း မန်းသီတာဥယျာဉ် အတွင်းမှ ကျုံးရေပြင်ကိုဖြတ်ပြီး ၂၆ဘီလမ်းကို လှမ်းကြည့်ရတာ ကြည်နူး ပျော်ရွှင်စရာ ကောင်းလှသည်။ သည်ဘက်ခြမ်း ဥယျာဉ်ထဲမှာက သစ်ပင် စိမ်းမြရိပ်တွေ လွှမ်း၏။ ကျေးငှက် သံတွေက စီစီညံနေသည်။ ကျုံးရေစပ်မှာ ပျံချည် ဆင်းချည် ရေသောက်ဆင်း၏။ ဥယျာဉ်တွင်း ကျောက်တုံးရောင်စုံခင်း လမ်းဘေးမှာလည်း သွင်သွင်စီး ရေမြောင်းလေးတွေ ရှိသေးသည်။ သည်လို တောရိပ်တောင်ရိပ် လွှမ်းသော ဥယျာဉ်တွင်း က ကျုံးရေပြင်ကိုဖြတ်ပြီး ယာဉ်ပေါင်းစုံ တဝေါဝေါ ဖြတ်သန်းနေသော ၂၆ဘီလမ်းကြီးကို လှမ်းကြည့်ရတာ ရင်ခုန်ဖွယ် ကောင်းလှသည်။ အိပ်မက်ကမ္ဘာအတွင်းက ပစ္စုပ္ပန်သို့ အလည်ရောက်ရခြင်းနှင့် တူလှ၏။ ၁၉၅၈ခုနှစ် လောက်ကတည်းက…

Read More

စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ဇွန်-၉-၂၀၂၆ SN(VOM) ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ အစိုးရတပ်နဲ့ AA တပ်တို့အကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကျောက်ဖြူ – ရမ်းဗြဲလမ်းပိုင်းနဲ့ စနဲမြို့အနီးက တောင်မော်ဦးရေတပ်စခန်း အနီးတဝိုက်မှာ AA ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား‌နေပြီး အစိုးရတပ်ဘက်က ရေကြောင်း၊ လေကြောင်းတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ “တိုက်ပွဲက ကျောက်ဖြူဘက်မှာဆို လက်နက်ကြီး ပစ်ခတ်သံတွေ နေ့ရော၊ ညပါ ကြား‌နေရတာ။ ဆူညံနေတာ နေ့တိုင်းပဲ။ အခုရက်ပိုင်းထဲ အရင်ကထက်ပိုပြီး တိုက်ပွဲ ပြင်းထန်လာတယ်။ လေကြောင်းကလည်း တောက်လျှောက် လာနေတယ်။ AA က တောင်မော်ဦး ရေတပ်စခန်းကို သိမ်းဖို့ပြင်နေတာ။ အဲဒီရေတပ်စခန်းရဲ့ ကာကင်းတွေကို တခုပြီးတခု သိမ်းနေတာ။ အခုဆို တောင်မော်ဦးကို ရဖို့…

Read More

ကုန်းလမ်း၊ ရေလမ်း သွားလာခွင့် ယာယီပိတ်မယ်ဆိုတဲ့ ကြေညာချက်ကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲမှာကို ဟုမ္မလင်းဒေသခံတွေ စိုးရိမ်

ဇွန် ၉ – ၂၀၂၆ SS (VOM) လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေကြောင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက လုံခြုံရေးအရ ယာယီပိတ်ထားမယ်ဆိုတဲ့ ကြေညာချက်ကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟုမ္မလင်းက အဝင်/အထွက်ဂိတ်တွေ၊ ကုန်းလမ်း၊ ရေလမ်းဂိတ်တွေ၊ အခွန်ဂိတ်တွေ အားလုံးကို လာမယ့် ဇွန် ၁၀ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားမယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက မနေ့ ဇွန် ၈ ရက်နေ့ ရက်စွဲနဲ့ အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ “ကုန်စည်စီးဆင်းမှုက ချင်းတွင်းမြစ်ကြောင်းကို အားထားနေရတာ။ အရင်ကလည်း ဒီလိုပဲ၊ ခဏခဏပိတ်ဖူးတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်းတခါ၊ အခုလိုပဲ လမ်းကြောင်းတွေ ပိတ်လိုက်တော့ အမြန်ရေယာဉ် အစင်း ၂၀၀ ကျော်လောက် ကလေးခရိုင်မှာ…

Read More

ရွှေကူမြို့ကနေ မြို့ခံအများစုတိမ်းရှောင်မှုမရှိသလို မြို့အဝင်လမ်းနဲ့ ရွှေကူ – ငါးအိုးလမ်းလည်း သွားလာနေဆဲ

ဇွန် ၉ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ရွှေကူမြို့ကနေ ဒေသခံတွေ တိမ်းရှောင်ဖို့ KIA က သတိပေးထားပေမယ့် မြို့ခံအများစုကတော့ ဒီနေ့အထိ မြို့ကနေထွက်ခွာတာမရှိဘူးလို့ မြို့ခံတွေဆီက စုံစမ်း သိရှိရပါတယ်။ ဒါအပြင် KIA က ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတဲ့ ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီးတွေ ကလည်း အစိုးရတပ် ထိန်းချုပ်ထားတဲ့ လမ်းပိုင်းဖြစ်လို့ ဒီကနေ့ သွားလာမှုရှိပြီး ခရီးသည်တင်လိုင်းကားတွေလည်း ပြေးဆွဲနေဆွဲ ဖြစ်တယ်လို့ သိရပါတယ် ။ မနေ့က ဇွန် ၈ ရက်ကစပြီး ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ကြောင်းနဲ့ ရွှေကူမြို့ ကနေပါ တိမ်းရှောင်ဖို့ KIA ကစာထုတ်သတိပေးခဲ့တာ ဖြစ်ပါတယ် ။ ” သူတို့ပိတ်တဲ့လမ်းကလည်း စစ်တပ်က…

Read More

မူဆယ်မှာ ဒုစရိုက်တွေ ပိုများလာ

ဇွန် ၉၊ ၂၀၂၆ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်မြန်မာ နယ်စပ်၊ မူဆယ်မှာ တဖြည်းဖြည်း ဒုစရိုက်တွေ ပိုများလာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က တောင်ရပ်ကွက်မှာ နေထိုင်တဲ့ ရွှေဆိုင်ပိုင်ရှင် လင်မယား ဆိုင်သိမ်းပြီး ပြန်လာတာ ကားနဲ့ တည့်တည့် ဝင်တိုက်ပြီး ဓားပြတိုက်သွားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မနေ့ ဇွန်လ ၈ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူ ၄ ယောက်က ကား မောင်းပြေးသွားပြီး ကားကိုတော့ စက်မှုက ဂိတ် မရောက်ခင် စက်တောင် မသတ်ပဲ ရပ်ထားခဲ့ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူက ပြောပါတယ်။ “ပြီးခဲ့တဲ့ သုံးရက်လောက်က ဟိုနား ရပ်ကွက် ဘုန်းကြီး ကျောင်းနားမှာ အခန်းတွေ အကုန်လုံး…

Read More