နဝဒေးမီးပွိုင့် ယာဉ်တိုက်မှု တယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာ ရ

စက်တင်ဘာ ၁၁ – ၂၀၂၅ SN (VOM) ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား လမ်းမပေါ်က နဝဒေးမီးပွိုင့်မှာ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်၊ မနက်ပိုင်းက စျေးကားနဲ့ Box ကား တိုက်မိမှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ (ရန်ကုန်) မှ သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ဟာ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး အမျိုးသား တယောက် သေဆုံးကာ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ကိုးယောက်၊ စုစုပေါင်း ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ဒီမှာပါတဲ့ လူနာတွေပြောတာတော့ သူတို့ရဲ့ ဈေးကားက ဘရိတ်ပေါက်ပြီးတော့ မီးပွိုင့်မှာ…

Read More

ကျောက်မဲအနီး ခိုက်တုန်ဟုန်း နားအထိ တိုက်ပွဲ ဖြစ်လာနေ

စက်တင်ဘာ ၁၁၊ ၂၀၂၅ Shy V (VOM) ကျောက်မဲ အနီး ခိုက်တုန်ဟုန်း နားအထိ လက်ရှိ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ နလအ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားလာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တိုက်ပွဲက ခိုက်တုန်ဟုန်း နားထိ ရောက်လာတာ ဟုတ်တယ်။ အပေါ်ကနေ လေကြောင်းနဲ့ ရှင်း ရှင်းပြီး ရောက်လာတာ။ ကြည့်ရတာ ခိုက်တုန်ဟုန်းဝောာင် နည်းနည်း ကျော်လာပြီထင်တယ်” လို့ ဒေသခံ အမျိုးသား နယောက်က ပြောပါတယ်။ ခိုက်တုန်ဟုန်း ရွာနဲ့ ကျောက်မဲမြို့ ကြား လမ်းမကြီးတလျှောက် နားအိုက်ခန့်၊ စခန်းသာ၊ ခိုအုံ၊ ခိုမုန်း၊ မွေတော် စတဲ့ ရွာတွေပဲ ရှိတော့တာကြောင့် ကျောက်မဲမြို့နဲ့ တိုက်ပွဲ အတော်နီးကပ်လာတဲ့ သဘော လို့ ပြောလို့ ရတယ်လို့ သူက ပြောပါတယ်။…

Read More

ဗုဒ္ဓသရဏံ ဂစ္ဆာမိ” သီချင်းကို ကလပ်မှာ DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ DJ Violet သံဃနာယကအဖွဲ့ဆီမှာ ဝန်ချတောင်းပန်မယ်

စက်တင်ဘာ ၁၁ ၊ ၂၀၂၅ CC (VOM ) ဓမ္မတေး သီချင်းဖြစ်တဲ့ “ဗုဒ္ဓသရဏံ ဂစ္ဆာမိ” သီချင်းကို ကလပ်မှာ DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ အပေါ် DJ Violet အနေနဲ့ လူမှုကွန်ယက်မှပြန်လည်တောင်းပန်ခဲ့သလို သက်ဆိုင်ရာ သံဃနာယကထံမှာလည်း ဝန်ချတောင်းပန်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ” နီးစပ်ရာ သံဃနာယကရုံးမှာ တောင်းပန် ဝန်ချကန်တော့သွားမယ့် အကြောင်း ညက မိမိနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့တယ်။မိမိမှလည်းဆုံးမ စကား အနည်းငယ်ပြောပြီးလုပ်ရိုး လုပ်စဥ် ထုံးနည်း ညွန်ကြားကာကျန်းမာ ချမ်းသာကြပါစေလို့ မေတ္တာပို့သပေးခဲ့တယ်။ဗုဒ္ဓဘာသာ ရဟန်းရှင်လူအများ အနေနဲ့လည်း ဒကာမလေးမှ သံဃာ့နာယကထံ တောင်းပန်ပြီးပါကနားလည် ခွင့်လွှတ်ပေးကြစေကြောင်း ” ဆိုပြီး မစိုးရိမ်ဖေးမလက်တွဲ ဆရာတော်က သူ့ရဲ့လူမှုကွန်ယက်ကနေ အသိပေးထားပါတယ်။ DJ Violet အနေနဲ့ “ဗုဒ္ဓသရဏံ ဂစ္ဆာမိ ” ဓမ္မတေးသီချင်းကို ကလပ်မှာ…

Read More

ပယ်ဖျက်ခံနိုင်ငံရေးပါတီတွေအယူခံဝင်ခွင့် မရှိ၊ ဥပဒေအတိုင်းသာဖြစ်ပြီး ရွေးကောက်ပွဲမှာနိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကိုခွင့်ပြုမယ်

​နေပြည်​တော်၊ စက်တင်ဘာ ၁၁ – ၂ဝ၂၅ VOM(KKO) ပယ်ဖျက်ခံနိုင်ငံရေးပါတီတွေအနေနဲ့အယူခံဝင်ခွင့်မရှိဘဲ ဒါဟာဥပဒေအတိုင်းသာဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးခင်​မောင်ဦးက ဒီကနေ့ နေပြည်တော် ရွေး/ကော်ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ VOM ရဲ့ အ​မေးကို ​ဖြေကြားပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုး သမီးပါတီ(မွန်)နဲ့ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကိုပယ်ဖျက်လိုက်တယ်လို့ရွေး/ကော်ကထုတ်ပြန်ခဲ့တဲ့ ကိစ္စအတွက် ​မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်ဟာ နိုင်ငံရေးပါတီတွေအပေါ်ပြင်းထန်လွန်းမနေဘူးလား၊ ဒါဟာရွေး/ကော်ရဲ့အပြီးသတ်ဆုံးဖြတ်ချက်လား အယူခံဝင်ခွင့်မရှိတော့ဘူးလားလို့ VOM က ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာမေးမြန်းခဲ့မှုအပေါ် ရွေး/ကော် UEC တာဝန်ရှိသူဦးခင်​မောင်ဦးက အခုလို ပြန်လည်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။ “ဒါကဥပဒေပြဌာန်းချက်အတိုင်းဖြစ်ပါတယ်။ဒီဥပဒေပြဌာန်းချက်ကလည်းလျော့ပေါ့ထားတဲ့ ဥပဒေပြဌာန်းချက်ဖြစ်ပါတယ်။၂၆ .၁. ၂ဝ၂၃ မှာ ပြဌာန်းထားခဲ့တဲ့ဟာကို ၃ဝ.၁. ၂ဝ၂၄ မှာတဝက်တိတိလျော့ပေးထားခဲ့တဲ့ပြဌာန်းချက်ဖြစ်ပါတယ်။ ဒါကိုလျော့ပေး လိုက်တဲ့အတွက် ကျန်တဲ့ပါတီတွေရောမျှတရဲ့လား၊ ကျန်တဲ့ပါတီတွေက သူတို့အတွက်မျှတရဲ့လားသူတို့ကအင်အားတွေ ပြည့်ဝပြီးကြိုးစားဆောင်ရွက်ထားတဲ့ပါတီတွေရှိပါတယ်။ ဒါကိုကျွန်တော်တို့အားလုံး ဆုံးဖြတ်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်”…

Read More

NDF ခမောက်ပါတီ ဖျက်သိမ်းခံရမှု ​ရွေး​ကော်ဆုံးဖြတ်ချက်သာ အတည်ဖြစ်မည့် အလားအလာရှိ​နေ

စက်တင်ဘာ ၁၁ – ၂၀၂၅ SN (VOM) အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ ဖျက်သိမ်းခံရတာနဲ့ ပတ်သက်လို့ NDF ပါတီအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) ကို ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ အယူခံလွှာတင်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို အခြေအနေရှိမလဲ ဆိုတာကို VOM က NDF ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးထက်အောင်ကျော်ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ မေး – ပထမဦးဆုံးအနေနဲ့ ဆရာတို့ ဒီနေ့ အသနားခံစာတင်တာနဲ့ ပတ်သက်လို့ အခြေအနေ ထူးခြားမှု ရှိ၊ မရှိ သိချင်ပါတယ်ဆရာ။ ဖြေ – ကျွန်တော်တို့ မနေ့က CEC အစည်းအဝေး ထိုင်လိုက်ပြီးတော့မှ ပြန်ပြီး recover ဖြစ်နိုင်မယ့်လမ်းကြောင်း…

Read More

NDF ( ခ​​မောက်ပါတီ) ဘာဆက်လုပ်မလဲ

စက်တင်ဘာ ၁၀-၂၀၂၅ SS(VOM) ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) က ပြည်ထောင်စု တဝန်းလုံးမှာ ယှဉ်ပြိုင်ဖို့ရှိနေတဲ့ နိုင်ငံရေးပါတီကြီး သုံးခုဖြစ်တဲ့ ခမောက်လို့ လူသိများတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ အပါအဝင် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုး သမီးပါတီ (မွန်) နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီတို့ကို ပယ်ဖျက်လိုက်တယ်လို့ စက်တင်ဘာ ၉ ရက်နေ့ညမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ က ထုတ်ပြန်ချက်တ​စောင် ပြီးတဲ့နာရီပိုင်းကထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး (NDF) ပါတီ ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးထက်​အောင်​ကျော်ကို VOM က ဆက်သွယ်…

Read More

ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာတွေမှာ စားနပ်ရိက္ခာ အကျပ်အတည်း ပိုဆိုးလာ

စက်တင်ဘာ ၁၀ – ၂ဝ၂၅ KKO(VOM) ရခိုင်နဲ့ ဧရာဝတီအစပ်က ကျေးရွာတွေမှာစားနပ်ရိက္ခာဝယ်မရဖြစ်နေလို့ ဒေသခံတွေအ‌နေနဲ့ အခက်ကြုံနေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ “ရွာထဲကစျေးဆိုင်တွေမှာတောင်ဘာမှဝယ်လို့ရဘူး။ဈေးသည်တွေလည်းအရင်လိုရွာကိုလာမရောင်းကြတော့ဘူး။ရွာမှာရှိတဲ့ဟာလေးတွေနဲ့လက်ကျန်လေးတွေပဲချွေစားနေရတယ်။ အဆင်‌ပြေသလိုလေးပဲစားနေရတယ်။မြို့ပေါ်သွားပြန်ရင်လည်းဆိုင်ကယ်တွေတအားဖမ်းနေလို့ဘယ်သူမှမသွားရဲကြဘူး”လို့ ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာတခုမှာနေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိအချိန်ကာလအထိ ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာတွေမှာလက်နက်ကြီးသံ တွေတချက်တချက်ကြားနေရ‌သေးလို့ ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြရသလို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဟာလည်းကောင်းမွန်ခြင်းမရှိဘူးလို့ အဲဒီဒေသမှာနေထိုင်တဲ့ဒေသခံတွေက ပြောပါတယ်။ “လက်နက်ကြီးသံတွေကကြားနေရတုန်းပဲ။တနေ့မနက်ကတောင်ကြား လိုက်ရသေးတယ်၊အသံအကျယ်ကြီးပဲ”လို့ ဒေသခံတယောက်က ဆက်ပြီးပြောပြပါတယ်။ ဒါအပြင်ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာအချို့ဟာ တိုက်ပွဲတွေကြောင့် အချို့သောရွာတွေက မိသားစုအချို့ဟာ စစ်ရှောင်သွားကြပြီးအဲဒီလိုစစ်ဘေးရှောင်နေချိန်မှာကျေးရွာအတွင်းကနေအိမ်တွေကိုသူခိုးဝင်ခိုးတဲ့ဖြစ် စဉ်တွေကိုလည်းဒေသခံတွေကကြုံတွေ့နေရလို့အခက်တွေ့ရတယ်လို့ ဆိုပြန်ပါတယ်။ “တိုက်ပွဲတွေကတမျိုး၊ဒီကြားထဲသူခိုးကတမျိုး၊သူခိုးတက်တာအကုန်ပါသွားတယ်။ထမင်း၊ဟင်းချက်ဖို့ပေါင်းအိုးတွေဟင်းချက်တဲ့အိုးခွက်တွေကအစအကုန်ယူသွားတယ်။အတော်လေးစိတ်ညစ်ရတယ်”လို့ အဲဒီဒေသမှာနေထိုင်တဲ့ ဒေသခံတယောက်က VOM ကိုပြောပါတယ်။ ယခုနှစ်ပိုင်းကစလို့ ရခိုင်လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ AA နဲ့သူရဲ့မိတ်ဖက်တပ်တွေက ရခိုင်နဲ့ ဧရာဝတီအစပ်ကငါးသိုင်းချောင်း၊ရေကြည်၊လေးမျက်နှာ၊အင်္ဂပူ၊သာပေါင်းအစရှိတဲ့နေရာတွေမှာစစ်ရေးတိုက်ပွဲတွေကိုဖော်ဆောင်လာခဲ့တာဖြစ်ပါတယ်။ အဲဒါအပြင်ရခိုင်-ဧရာဝတီအစပ်ကျေးရွာတွေကဒေသခံပြည်သူအချို့အနေနဲ့ ငွေကြေးအခက်အခဲ၊စားဝတ်နေရေးအခက်အခဲကြောင့်တခြားမြို့ရွာတွေကိုသွားလာပြီးစစ်ဘေးရှောင်ဖို့ဆိုတာကလည်းအခက်အခဲတွေများစွာရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ငွေမှမရှိတာပိုက်ဆံမရှိတော့လည်းအခြားနေ‌ရာ ဒေကိုသွားရှောင်ဖို့ဆိုတာခက်တယ်လေ၊ရွာမှာဒီလိုဖြစ်သလိုလေးပဲနေနေရတာပေါ့”လို့ ဒေသခံက တယောက်က…

Read More

နီပေါမှာ ဝန်ကြီးချုပ်နုတ်ထွက်သွားပေမယ့် အကြမ်းဖက်ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွား

ခတ္တမန္ဒူ၊ စက်တင်ဘာ-၁၀-၂၀၂၅ မျိုးဆက်(VOM) နီပေါနိုင်ငံမှာ လူ ၁၉ ယောက်သေဆုံးခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီးမှာ ဝန်ကြီးချုပ် ကေပီရှာမာအိုလီ ရာထူးကနေ နုတ်ထွက်သွားပေမယ့် အကြမ်းဖက်မှုနဲ့အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အင်္ဂါနေ့မှာ မြို့တော် ခတ္တမန္ဒူရှိ လွှတ်တော်အဆောက်အအုံကို ဆန္ဒပြသူတွေ မီးရှို့ခဲ့ကြသလို အစိုးရအဆောက်အအုံတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အိမ်တွေကို နိုင်ငံတဝန်း တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အင်္ဂါနေ့မှာ နောက်ထပ် လူသုံးဦး သေဆုံးကြောင်း သတင်းတွေကဆိုပါတယ်။ ဒီအခြေအနေအတွင်းမှာ အနောက်ပိုင်းခရိုင်က ထောင်နှစ်ခုကနေ အကျဉ်းသား ၉၀၀ ခန့် ထွက်ပြေးခဲ့တယ်လို့ ထောင်တာဝန်ရှိသူတွေက ဆိုပါတယ်။ လူမှုကွန်ရက်ပလက်ဖောင်းတွေကို တားမြစ်ထားတဲ့ အမိန့်ကြောင့် ဒီဆန္ဒပြမှုတွေ စတင်ခဲ့ပါတယ်။ တနင်္လာနေ့မှာ ဒီတားမြစ်ချက်ကို ရုပ်သိမ်းခဲ့ပေမယ့် ဆန္ဒပြမှုတွေကတော့ ပိုမိုကြီးထွားလာနေပါတယ်။ နီပေါစစ်တပ်ကတော့အင်္ဂါနေ့ညပိုင်းမှာ ထုတ်ပြန်ချက်ထုတ်ပြန်ပြီး ဆန္ဒပြသူတွေဟာ လက်ရှိအကျပ်အတည်းကို အခွင့်ကောင်းယူကာ ပြည်သူ့နဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ပျက်စီးအောင်၊ လုယက်အောင်၊ မီးရှို့တာတွေ…

Read More

ကာတာရှိ ဟားမတ်စ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး အစ္စရေး လေကြောင်းတိုက်ခိုက်

ဒိုဟာ၊ စက်တင်ဘာ-၁၀-၂၀၂၅ ရတီ(VOM) အစ္စရေးဟာ ကာတာနိုင်ငံမှာ ဟားမတ်စ်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ငါးယောက်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။ ဒါပေမယ့် ထိပ်တန်းခေါင်းဆောင်တွေကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အစ္စရေးအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ ဟားမတ်စ်ခေါင်းဆောင်တွေကို တိကျတဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဟားမတ်စ်ရဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးမှူး Khalil al-Hayya ကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဟားမတ်စ်ကတော့ ကိုယ်စားလှယ်အဖွဲ့ဝင်အားလုံး ဘေးကင်းတယ်လို့ ဆိုပေမယ့် al-Hayya ရဲ့သားအပါအဝင် အခြားငါးယောက် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ နေတန်ယာဟုကတော့ အကြမ်းဖက်ခေါင်းဆောင်တွေအတွက် နောက်ဆုံးနေ့တွေရောက်လာပြီ လို့ ပြောကြားခဲ့ပြီး ဂျေရုဆလင်မှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ လူခြောက်ယောက်သေဆုံးတဲ့ ပစ်ခတ်မှုကို တုံ့ပြန်တာဖြစ်တယ်လို့…

Read More

နိုင်ငံရေးပါတီ လေးခုကို ပယ်ဖျက်လိုက်တဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်

စက်တင်ဘာ ၁၀ – ၂၀၂၅ KKO(VOM) ရွေး/ကော်(UEC)က နိုင်ငံရေးပါတီ လေးခုကို သတ်မှတ်ချက်မပြည့်မီဟုဆိုကာ ပယ်ဖျက်လိုက်မှုအပေါ် မြန်မာ့ပါတီနိုင်ငံရေးနယ်ပယ်လောက မှာဝေဖန်သံတွေထွက်ပေါ်နေပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)က စက်တင်ဘာ ၉ ရက်နေ့၊ညပိုင်းအချိန်မှာပြည်ထောင်စုတဝှမ်းလုံးမှာယှဉ်ပြိုင်ဖို့ရှိနေတဲ့ နိုင်ငံရေးပါတီ သုံး ခုဖြစ်တဲ့ ခမောက်လို့လူသိများတဲ့အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အပါအဝင်အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊အမျိုး သမီးပါတီ(မွန်)နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကို ပယ်ဖျက်လိုက်တယ်လို့ထုတ်ပြန်ကြေညာခဲ့တာပါ။ ” UEC ကနိုင်ငံရေးပါတီ ၄ ခုကိုစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်နဲ့ မပြည့်မီဘူးဆိုပြီးအခုဖျက်သိမ်းလိုက်တယ်။ ကျန်တဲ့နိုင်ငံရေးပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲအနီးမှာ ဒီလိုမျိုးတွေဖြစ်လာမလားဆိုပြီး စိုးရိမ်‌နေကြတယ်ပေါ့၊ဒါကကျန်တဲ့နိုင်ငံရေးပါတီတွေအတွက်လည်းမျက်ခုံးလှုပ်စရာ‌ဖြစ်လာပါတယ်”လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်က VOM ကို ပြောပါတယ်။ ရွေး/ကော်(UEC)က အခုလိုနိုင်ငံရေးပါတီ ၄ ခုကိုပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ကြေညာခဲ့မှုအပေါ် ဝါရင့်ပါတီနိုင်ငံရေးသမားတယောက်ဖြစ်သူ ဦးကိုကိုကြီးက မှတ်ချက်တစုံတရာပေးလိုခြင်းမရှိဘူးလို့ VOM ရဲ့မေးမြန်းမှုကိုယနေ့နံနက်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။ “ရွေးကောက်ပွဲဝင်နိုင်တဲ့အဆင့်မရှိလို့ ပါဝင်ခွင့်မရှိဘူးလို့ ပြောချင်ပြောပေါ့၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြစ်မှုပြစ်ဒါဏ်မရှိဘဲ…

Read More