ဩဂုတ် ၁၀၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ လားရှိုး၊ မိုးမိတ်နဲ့ ကြူကုတ် (ပန်ဆိုင်း) စတဲ့ မြို့နယ်တွေမှာ တောင်ကျရေနဲ့ မိုးရေကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ တံတားတွေ ပျက်စီးနေပြီး စပါးခင်းနဲ့ စိုက်ပျိုးမြေတွေ ရေမြုပ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာအနီးမှာ ရေကြီးရေလျှံမှုကြောင့် နမိတ်ချောင်းတံတား ပျက်စီးသွားပြီး ရေစီးလည်း အတော်ပြင်းထန်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “မိုးမိတ် မြစ်ဆုံမှာ ရေကြီးလို့ တံတားပါကျိုးတယ်။ ရေစီးကလည်း ကြမ်းတယ်။ မိုးမိတ်နားက မြစ်ဆုံရွာ၊ နမိတ်ချောင်းတံတားပါ။ ကင်းချောင်းဘက်လည်း ရေတော်တော်ကြီးတယ်” လို့ ဆိုပါတယ်။ အဲဒီဒေသမှာ ရွှေတူးဖော်မှုတွေ အလွန်များပြားလာတာကြောင့် မြစ်ချောင်းအခြေအနေတွေ ပြောင်းလဲလာပြီး ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မိုးမိတ်မြို့နယ်…
Read Moreခန္တီးမြို့နယ် လဟယ်အစပ်က၂၆မိုင်ရှိတဲ့ ၃ရွာဆက်လမ်းကို ၅နှစ်ကြာ တည်ဆောက်မယ်
မုံရွာ သြဂုတ်- ၁၀ -၂၀၂၆ MW(VOM) စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်က၂၆မိုင်ရှိတဲ့ မော်လော်-ခမောင်း-မစ်ထောင် ရွာချင်းဆက်ကားလမ်းကို ၅နှစ်ကြာအချိန်ယူဆောင်ရွက်ပေးမယ်လို့ စစ်ကိုင်းတိုင်းအစိုးရ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးဝင်းတင်စိုးက လွှတ်တော်မှာဖြေကြားခဲ့ပါတယ်။ “၂၀၂၇-၂၈ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း၆မိုင်၊ ၂၀၂၈-၂၉ ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း ၅မိုင်၊ ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း၅မိုင်နဲ့ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်မှာ မြေသားလမ်း၅မိုင်နဲ့ လျာထားဆောင်ရွက်လျက်ရှိပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ကားလမ်းဖောက်လုပ်ပေးသွားမှာဖြစ်ပါတယ်” လို့ ဗိုလ်မှုးကြီးဝင်းတင်စိုးကဖြေပါတယ်။ ဩဂုတ်လ၆ရက် မနက်က မုံရွာမြို့စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကျင်းပတဲ့ တတိယအကြိမ် စစ်ကိုင်းတိုင်းလွတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ခန္တီးမြို့နယ်အမှတ်၁တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ကိုက ခန္တီးမြို့နယ် မော်လော်-ခမောင်း-မစ်ထောင်ကျေးရွာချင်းဆက်လမ်း ၂၆မိုင်ကို ကားလမ်းဖောက်လုပ်ပေးဖို့ အစီအစဥ်ရှိ၊မရှိ သိရှိလိုကြောင်းမေးမြန်းရာမှာ ဝန်ကြီးကဖြေကြားခဲ့တာပါ။ “ဒီရွာတွေကို ခရိုင်အုပ်ချုပ်ရေးမှုးအဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်တွေမရောက်နိုင်ပါဘူး။ ဆိုင်ကယ်လမ်းဖောက်ထားပေမယ့် သွားလို့မရဘူး။ အဲဒီသွားမယ်ဆိုရင် ထန်ပါခွေကိုဖြတ်ပြီး သွားရတဲ့လမ်းတွေဖြစ်ပါတယ်။ ပညာရေး၊ကျန်းမာရေးအတွက် သွားလာဖို့ခက်ခဲတဲ့လမ်းဖြစ်နေတဲ့အတွက် တင်ပြရခြင်းဖြစ်ပါတယ်။ အခုအခါမှာ…
Read Moreတက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေရဲ့ အမှတ်စာရင်းကို အွန်လိုင်းကနေ ရက်ချိန်းယူပြီး ထုတ်ယူနိုင်ပြီ
ဩဂုတ် ၁၀ ၊ ၂၀၂၆ GG (VOM) ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးခဲ့သူတွေရဲ့ အမှတ်စာရင်း ထုတ်ယူဖို့အတွက် အွန်လိုင်းကနေ https://osp.dme.gov.mm/ မှာဝင်ရောက်ပြီး ရက်ချိန်းရယူကာ ထုတ်ယူနိုင်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားပါတယ်။ စာမေးပွဲကျရှုံးသူတွေရဲ့ အမှတ်စာရင်းကို ထုတ်ယူရာမှာ ခုံအမှတ် နဲ့လိုအပ်တဲ့ အချက်အလက်တွေ ထည့်သွင်းပြီး ရရှိတဲ့ ရက်ချိန်းအတိုင်း နေပြည်တော်နဲ့ ရန်ကုန်မှာ ထုတ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ” စာမေးပွဲကျရှုံး အမှတ်စာရင်းကို ရက်ချိန်းယူပြီး ထုတ်လို့ရပါပြီ။ ထုတ်ရမယ့် ပုံစံကတော့ စာမေးပွဲအောင်မြင်သူတွေရဲ့ အမှတ်စာရင်း ထုတ်သလို အချက်အလက်အတူပါပဲ ။ရတဲ့ ရက်ချိန်းမှာ အမှတ်စာရင်း ထုတ်ယူလို့ရပြီ။ ” လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဝန်ထမ်းတယောက်က ပြောပါတယ်။ စာမေးပွဲကျရှုံး အမှတ်စာရင်း ထုတ်ယူဖို့အတွက် စာမေးပွဲ အောင်မြင်သူတွေရဲ့အမှတ်စာရင်းထုတ်ယူတဲ့အတိုင်း အချက်အလက် အတူတူဖြစ်တာကြောင့်…
Read Moreမန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ပါတီ ၆ ခုက ပါတီဝင်တွေ လာရောက်လေ့လာ
မန္တလေး၊ သြဂုတ် – ၁၀- ၂၀၂၆ SA(VOM) ပါတီ ၆ ခု က ပါတီ၀င်အင်အား ၁၀၀ ဝန်းကျင်ဟာ ဒီကနေ့ သြဂုတ်လ ၁၀ရက်နေ့မှာကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ်စမနေ့) အခမ်းအနားကို လာရောက်လေ့လာခဲ့ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ ၊ ဒီမိုကရက်တစ် အင်အာစု လေဘာပါတီ၊ လူမှုစီးပွားမြှင့်တင်ရေးပါတီ၊ ပြည့်သူ့ရှေ့ ဆောင်ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတက်ရေး ပါတီတွေကပါတီ၀င် အယောက် ၁၀၀ ဝန်းကျင်က လာရောက်လေ့လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်လေ့လာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက မန္တလေးတိုင်းရုံး အတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က မန္တလေးတိုင်းဥက္ကဋ္ဌ ဦးညိုဇေယျ နဲ့ ပါတီထောင်ဖို့ လွှတ်တော်ကိုလာရောက်လေ့လာတဲ့ ဦးသိန်းဇော်တို့ကို VOM က တွေ့ဆုံမေးမြန်းထားပါတယ်။
Read Moreဖရူဆိုမြို့နယ် အနောက်ခြမ်းက ရွာတွေဘက်မှာ ကူးစက်အရေပြားယားနာတွေဖြစ်နေလို့ ဆေးဝါးအရေးတကြီး လိုအပ်နေ
ဩဂုတ် ၁၀ ၊ ၂၀၂၆ CC (VOM) ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာအများစုက ဒေသခံတွေမှာ ကူးစက်အရေးပြားယားနာတွေဖြစ်နေပေမယ့် ဆေးဝါးလိုအပ်ချက်ရှိတာကြောင့် ကူးစက်မှုပိုများလာနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။ အရေပြားယားနာဖြစ်သူတွေထဲမှာ ကာလကြာရှည်ဖြစ်ပွားသူတွေရှိပြီး အဲဒီသူတွေကမှတဆင့် အခြားသူတွေကို ထပ်မံကူးစက်ပြီး အရေးပြားယားနာ ဖြစ်ပွားသူအသစ်တွေလည်းထပ်တိုးလာနေတယ် လို့သိရပါတယ်။ အဓိကက အရေပြာယားနာ ဖြစ်ပွားသူတွေအတွက် ထိရောက်တဲ့ ယားနာလိမ်းဆေးတွေ ၊ သောက်ဆေး တွေ အလုံအလောက်မရှိတဲ့ အခက်အခဲ ၊ တကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့ အခြေအနေတွေကြောင့် ရောဂါကူးစက်သူပိုများလာတာနေတယ်လို့ သိရပါတယ် ။ ” တကိုယ်ရေသန့်ရှင်းမှု အားနည်းတာလည်းပါမယ် ။ဆေးဝါးလိုအပ်ချက်လည်း ပါတယ်။ အခုဆို ဖရူဆိုအနောက်မှာ ဒေလကြိုအုပ်စုထဲက ကျေးရွာတွေအများစုမှာ အရေပြားယားနာ တွေဖြစ်နေတယ်။ တယောက်ကို ဆေးခြောက်ဗူးလိမ်းလို့ပျောက်နိုင်ချိန်မှာ နှစ်ဗူးလောက်ပဲ အခမဲ့ပေးနိုင်တယ်ဆိုတော့ မပျောက်နိုင်ဘဲ နောက်လူထပ်ကူးဖြစ်နေတယ်လို့ သိရတယ်။ ဒီတော့…
Read Moreရေဦးမြို့နယ်မှာ ကျေးရွာပေါင်း ၅၀ ကျော် ရေဝင်လို့ သေဆုံးမှု ပျက်စီးမှုတွေရှိ
ဩဂုတ် ၁၀ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ သဖန်းဆိပ်ဆည် ရေတံခါးတွေ ဖွင့်ချမှုနဲ့ မိုးသည်းထန်လို့ မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာပေါင်း ၅၀ ကျော် ရေမြုပ်နေပြီး အင်ပုထိုးရွာသစ်ကျေးရွာမှ အသက် ၇၀ ဝန်းကျင် အမျိုးသား တယောက် ရေနစ် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရေဘေးကြောင့် ဒေသခံ တသောင်းကျော် ရွှေ့ပြောင်းနေရပြီး လယ်ယာမြေ ဧက သောင်းနဲ့ချီ ရေမြုပ်ပျက်စီးလျက်ရှိပြီး ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ စစ်ဘေးဒဏ်တွေကိုပါ ခံစားနေရချိန် အခုလို ဆိုးရွားတဲ့ ရေကြီးမှုနဲ့ ထပ်မံ ကြုံတွေ့ရတာကြောင့် စားဝတ်နေရေး၊ ယာယီ ခိုလှုံနိုင်ဖို့နေရာနဲ့ အရေးပေါ် အကူအညီတွေ များစွာ လိုအပ်နေတယ်လို့ သိရပါတယ်။ “ရေဦးမှာ မနေ့က မနက်ပိုင်း မိုးရွာလို့ထင်တယ်။ ညပိုင်းမှာ ရေနည်းနည်း…
Read Moreမြေဂရန် သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာ ငွေကုန် ကြေးကျများပြီး အချိန်ကြာမြင့်နေမှုအပေါ် ဘယ်လိုဆောင်ရွက်ပေးမလဲ
မန္တလေး၊ သြဂုတ်- ၁၀- ၂၀၂၆ SA(VOM) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မြို့တွေမှာ မြေဂရန်သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာတွေမှာ ငွေကြေးကုန်ကျမှုများပြီး အချိန်ကြာမြင့်မှုတွေအပေါ် အမြန်ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိနဲ့ သတ်မှတ်နှုန်းထား ဘယ်လောက်ကုန်ကျသလဲ ဆိုတာတွေကို ပုသိမ်ကြီးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်းက လွှတ်တော်ကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခဲ့ပါတယ်။ ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့) မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း မေးမြန်းခဲ့တဲ့ မေးခွန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က ပြန်လည်ဖြေကြားခဲ့ပြီး လွှတ်တော်အစည်းအဝေးအပြီးမှာ VOM က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်
Read Moreကျောင်းသားနှင့် မူးယစ်ဆေးဝါးအန္တရာယ်
မန္တလာ ဆရာမျိုး ကျောင်းသားဘဝဆိုသည်မှာ ပညာသင်ယူရုံသာမက မိမိ၏အနာဂတ်ဘဝအတွက် အခြေခံအုတ်မြစ်များကို တည်ဆောက်နေသည့် အရေးကြီးဆုံးအချိန်ကာလတစ်ခုဖြစ်သည်။ ပညာရေး၊ အကျင့်စာရိတ္တ၊ မိတ်ဆွေရွေးချယ်မှု၊ ဘဝရည်မှန်းချက်နှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းတို့သည် ကျောင်းသားဘဝတွင် တဖြည်းဖြည်း ပုံဖော်လာကြသည်။ ထိုသို့ အနာဂတ်ကို တည်ဆောက်နေသည့်အချိန်၌ မူးယစ်ဆေးဝါးသည် လူငယ်တစ်ဦး၏ ပညာရေး၊ ကျန်းမာရေးနှင့် ဘဝတစ်ခုလုံးကို လမ်းကြောင်းမှားသို့ တွန်းပို့နိုင်သည့် အန္တရာယ်ကြီးတစ်ရပ် ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာကို “မကောင်းတဲ့လူတွေက မူးယစ်ဆေးသုံးကြတာပဲ” ဟု ရိုးရိုးရှင်းရှင်း မမြင်သင့်ပါ။ ကျောင်းသားလူငယ်တစ်ဦး မူးယစ်ဆေးဝါးနှင့် စတင်ထိတွေ့လာရသည့် အကြောင်းရင်းများမှာ မျိုးစုံရှိနိုင်သည်။ သူငယ်ချင်းများ၏ တိုက်တွန်းမှု၊ စမ်းသပ်လိုစိတ်၊ အသစ်အဆန်းကို သိချင်စိတ်၊ ပျော်ရွှင်မှုရှာဖွေလိုစိတ်၊ စိတ်ဖိစီးမှု၊ မိသားစုပြဿနာ၊ ပညာရေးဖိအား၊ အထီးကျန်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှုနည်းခြင်းတို့က အကြောင်းခံဖြစ်လာနိုင်သည်။ တချို့က “တစ်ခါလောက် စမ်းကြည့်တာ ဘာမှမဖြစ်ပါဘူး” ဟု စတင်ကြပြီး နောက်ပိုင်းတွင်…
Read Moreသူတို့အိမ် အခန်း (၁၉၀)
ဆူးငှက် ကက်ဆက်တဲ့လား ———————— ကျွန်တော် ၉တန်းကျောင်းသားလောက်က ကက်ဆက်ဆိုတာ စတင်ကြားဖူးခဲ့သည်။ မမြင်ဖူးခဲ့သေးပါး ထိုစဉ် ညောင်ပင်ဈေးအနီးနေသော အတန်းဖော် တစ်ဦးက သူတို့အိမ်မှာ ကက်ဆက်ရှိကြောင်း ပြောပြီး သူ့လွယ်ထဲမှာပါလာသည့် ကက်ဆက်ခွေလေး တစ်ခွေကို ထုတ်ပြသည်။ ကျွန်တော်က သည်ခွေလေးကပဲ ကက်ဆက်ဟုထင်သည်။ သည်အချပ်လေး က ဘယ်လိုအသံထွက်ပါလိမ့်ဟု စဉ်းစားရင်း အဖြေမရခဲ့။ ကက်ဆက်ဆိုသည့် လေးထောင့် ပုံးကို မမြင်ဖူးခဲ့။ ကျွန်တော်မြင်ဖူးတာက ရီကော်ဒါပဲ ဖြစ်သည်။ စိုင်ပြွန်ရိပ်သာဝင်းထဲနေစဉ် ဦးလေးသောင်တို့တိုက်ထဲမှာ ရီကော်ဒါနှင့် ရေဒီယိုဂရမ်ကြီးရှိသည်။ ရေဒီယိုဂရမ်က ဓာတ်ပြားစက်ရော ပါသည်။ ထိုစဉ်က အသံချဲ့စက် အငှားလိုက်သူ များက လက်နှင့်လှည့် သံပတ်ပေးဖွင့်ရသော ဓာတ်ပြားစက်တွေ သုံးသည်။ နောက်ပိုင်းတွင် ရီကော်ဒါစက်များ သုံးကြသည်။ ကျွန်တော့်မှာ ကက်ဆက်ကိုပင် တက္ကသိုလ်ကျောင်းသားဖြစ်မှ ကိုင်ဖူးပိုင်ဖူးတော့သည်။ ဒါတောင်…
Read Moreဗန်းမော်မြို့ကနေ မန္တလေးကိုစစ်ဘေးရှောင်နေတဲ့ပြည်သူတွေအတွက် ရှမ်းနီအဖွဲ့တွေက ထောက်ပံ့ကူညီ
မန္တလေး-ဩဂုတ် ၉-၂၀၂၆ VOM ကချင်ပြည်နယ် ဗန်းမော်မြို့ဝန်းကျင်က တိုက်ပွဲတွေကြောင့် မန္တလေးမြို့ကိုရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၄၀ ကျော်ကို ရှမ်းနီအမျိုးသားများတပ်မတော် SNUC/SNA ၊ ရှမ်းနီလူမှုရေးအသင်း နဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများတိုးတက်ရေးပါတီ တို့က ဝိုင်းဝန်းပြီးထောက်ပံ့လှူတန်းတဲ့ပွဲကို မန္တလေး ပြည်ကြီးတံခွန်မြို့နယ်က မစိုးရိမ်တိုက်သစ် ဘုန်းတော်ကြီးကျောင်းမှာ ဩဂုတ် ၉ ရက်မနက်က ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ဗန်းမော် ရှမ်းနီစစ်ရှောင် အိမ်ထောင်စု ၃၄၀ အတွက် တအိမ်ထောင် ငွေကျပ်တသိန်းခွဲ၊ ဆန်တအိတ် ၊ ဆီတဗူး၊ ဆား တပိဿာ၊ အချိုမူန့် တပိဿာ ထောက်ပံ့လှူတန်းခဲ့ကြပါတယ်။ ဗန်းမောင်စစ်ရှောင်တွေရဲ့ နေထိုင်ရတဲ့အခြေအနေကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ နန်းနီနီထွန်း၊ ဒီလှူတန်းမှုကို ဦးဆောင်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် ပြောရေးဆို ခွင့်ရှိသူ စိုင်းဆေကောင်းဆိုင်၀် ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများတိုးတက်ရေးပါတီက နန်းထားထားမေ နဲ့ ရှမ်းနီလူမှုရေးအသင်းက ဒေါ်ခင်မေဌေးတို့ရဲ့…
Read More




