မြန်အောင်က မမြဆည်ဘောင် တမံ ပေ ၂၀၀ ပြိုကျလို့ ကျေးရွာတချို့အရေးပေါ်ရွှေ့၊ ရေပိုလွှဲကနေ ရေထုတ်နေ

အောက်တိုဘာ ၁၀ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအနောက်ဘက်ရှိ မမြဆည်ရေလှောင်တမံမှာ အပြင်ဘက် တမံဘောင်မြေသား ပေ ၂၀၀ လောက်ပြိုကျခဲ့တာကြောင့် ဆည်အောက်ကကျေးရွာတချို့ကို အရေးပေါ်ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။ မမြရေလှောင်တမံဟာ မနေ့က အောက်တိုဘာ ၉ ရက်နေ့ ည ၇ နာရီလောက်မှာ တာဘောင်အက်ကွဲပြီး ည ၁၂ နာရီလောက်မှာ တာဘောင်ပြိုကျခဲ့ကြောင်း ၊ ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ တမံက အလျား ၂၀၀ ပေ ၊ အနက် ၃၀ ပေခန့် ပြိုကျခဲ့တယ်လို့ သိရပါတယ်။ ဆည်အောက်ကရွာ တချို့နဲ့ ရေဝင်နိုင်တဲ့ရွာတွေဖြစ်တဲ့ စမ်းရွာကြီးအုပ်စု၊ မရွေးကုန်းအုပ်စု၊ ငါးဘတ်ကျအုပ်စုက ဒေသခံ တွေကို ကုန်းမြင့်နေရာကို အရေးပေါ်ရွှေ့ပြောင်းထားပြီး ခုဆိုရင် လူဦးရေ ၁၀၀၀…

Read More

လူမှုဖူလုံရေး ရန်ပုံငွေ ပေးသွင်းသူ​တွေရဲ့ သားသမီး​တွေ ပညာသင်စရိတ် ​ထောက်ပံ့​ငွေရမယ်

ရန်ကုန်-အောက်တိုဘာလ-၁၀-၂၀၂၆ EP(VOM) လုပ်ခ လစာကနေ လူမှုဖူလုံရေး ရန်ပုံငွေ ၃၆ လ ပေးသွင်းတဲ့ အလုပ်​သမား​​တွေရဲ့ သားသမီးတွေကို အခုနှစ် ပညာသင်နှစ်က စပြီး လူမူဖူလုံရေး ရန်ပုံငွေ ထောက်ပံ့ကြေး ပေးသွားမှာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက စုံစမ်းသိရှိရပါတယ်။ လူမှုလုံရေး ရန်ပုံငွေထားသူတွေဟာ လူမှုဖူလုံရေး ရန်ပုံငွေ ၃၆ လပေးသွင်းထားသူ ဖြစ်ရမယ် ၊ နိုင်ငံတော် အသိမှတ်ပြုတဲ့ နိုင်ငံပိုင် ကျောင်း၊ ပုဂ္ဂလိကကျောင်း တက်ရောက်နေသူတွေကို ပေးမှာ ဖြစ်ပါတယ်။ လူမှုဖူလုံရေး အာမခံစရိတ် ရန်ပုံငွေ ပေးသွင်းသူတွေကို အလုပ်သမားဝန်ကြီးဌာန ၊လူမှုဖူလုံရေးက မီးဖွားစရိတ်နဲ့ ဆေးကုသမှုစရိတ် ကို ထောက်ပံ့နေဆဲ ဖြစ်ပေမယ့် ပညာသင်စရိတ်ကိုတော့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်က စပြီး ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။ ပညာသင်စရိတ် ပေးမယ့်အကြောင်းကြားစာကို စက်မှုလက်မှု လုပ်ငန်းတွေရှိတဲ့ ရန်ကုန် ၊ မန္တလေး…

Read More

မဟာဘွဲ့ရရှိသူတွေကို HRD သင်တန်း တက်ခွင့်ပိတ်ပြီးမှ စာမေးပွဲ ဖြေဆိုစေခဲ့မှုအပေါ် ဖြေရှင်းပေးစေလို

အောက်တိုဘာ ၁၀ – ၂၀၂၆ SN (VOM) ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ အခု ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်မှာ ဖွင့်လှစ်တဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ် (Human Resource Development – HRD) သင်တန်းအတွက် မဟာဘွဲ့ရရှိသူတွေကို တက်ရောက်ခွင့်ပိတ်ပြီးမှ စာမေးပွဲ ဖြေဆိုစေခဲ့မှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးစေလိုတယ်လို့ သင်တန်းတက်ရောက်ခဲ့သူတွေက ပြောပါတယ်။ အခုနှစ် HRD သင်တန်းတွေမှာ စီးပွားရေးတက္ကသိုလ်တွေရဲ့ မဟာတန်းသင်တန်း မတက်ရောက်ရသေးသူတွေကို အခွင့်အရေးပေးတဲ့အနေနဲ့ ဦးစားပေး တက်ရောက်ခွင့် ပြုမှာဖြစ်လို့ စီးပွားရေးတက္ကသိုလ်တွေမှ စီးပွားရေးဆိုင်ရာ မဟာဘွဲ့ရရှိသူတွေကို တက်ရောက်ခွင့်မပြု ဆိုတဲ့ မူကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ကိုယ်စားပြုအဖွဲ့ (၅/၂၀၂၆) ရဲ့ အခု ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပညာရေးအဖွဲ့မှ သဘောတူ…

Read More

ဖိလစ်ပိုင် နိုင်ငံက မြန်မာနိုင်ငံက ဆန်ဝယ်ယူမှု နိုဝင်ဘာလအထိ ရပ်နားမယ်

ရန်ကုန်၊ ​အောက်တိုဘာ ၁၁-၂၀၂၆ EP(VOM) မြန်မာနိုင်ငံက ဆန်နဲ့ ဆန်ကွဲ အများဆုံး ဝယ်ယူတဲ့ ဖိလစ်ပိုင်နိုင်ငံက ဆန်ဝယ်ယူမှုကို နိုဝင်ဘာ လအထိ ရပ်နားထားမှာ ဖြစ်တယ်လို့ ဆန်ကုန် သည် အသိုင်းအဝိုင်းက သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်စပါး ရာသီပေါ်ချိန်မှာ ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူမှု ရပ်နားထားခြင်းဖြစ်ပါတယ်။ “သူတို့ နိုင်ငံရဲ့ စပါးပေါ်ချိန်မို့ ရပ်နားထားတာပါ။ နိုဝင်ဘာ နောက်ပိုင်း ဆိုရင် ပြန်ဝယ်လောက် ပါတယ်။” လို့မြန်မာနိုင်ငံ ဆန်စပါး အသင်းချူပ် ဥက္ကဌ ဦးရဲမင်း အောင်ကပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူတဲ့ ဆန်တွေဟာ ရက် ၉၀ ၊ နယူးဧရာ ၊ နှံကောက် ၊ ရတနာထွန်း ၊ GW11 တို့ ဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံက မြန်မာနိုင်ငံရဲ့ ဆန်ကို စက်တင်ဘာလအထိ…

Read More

ပေါက်တောမြို့က ဆင်အိုင်ရွာမှာလေကြောင်းတိုက်ခိုက်ခံရလို့ ၆ သေ ၊ ၁၀ ထက်မနည်းဒဏ်ရာရ

အောက်တိုဘာ ၁၁ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ် ဆင်အိုင်ရွာဘက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး ခြောက်ယောက်​သေဆုံးကာ ၁၀ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ ၊ ည ၆ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်ကြောင်း ၊ ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတချို့ရှိနေတယ်လို့ သိရပါတယ်။ ” သေဆုံးခြောက်ယောက်မှာ အမျိုးသမီးတွေများတယ်။ ဒဏ်ရာရက ၁၀ယောက်ကျော် တယ်။ ” လို့ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း လူသေဆုံးဒဏ်ရာရရှိမှုအပြင် နေအိမ်တွေ ပျက်စီးမှုလည်း ရှိထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၄ ရက်နဲ့ ၅ ရက်ကလည်း ပုဏ္ဍားကျွန်း မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ထံရပြီး ရှစ်ယောက်သေကာ ၁၁ ယောက်ထိခိုက်ဒဏ်ရာ ရပါတယ်။ အောက်တိုဘာ ၃ ရက်နေ့ကလည်း…

Read More

ကြက်သွန်နီ အဝယ်လိုက်ပြီး စျေးကောင်းလို့ မပေါ်သေးတဲ့ မိုးကြက်သွန်ခင်းထိဆင်းပြီး ကြိုတင်စျေးဖြတ် ဝယ်ယူမှုရှိလာ

အောက်တိုဘာ ၁၁ ၊ ၂၀၂၆ TG (VOM) ကြက်သွန်နီစျေး ဆက်တိုက်မြင့်တက်နေတဲ့အတွက် ကုန်သည်ဝယ်လက်တွေက မပေါ်သေးတဲ့ မိုးကြက်သွန် စိုက်ခင်းထဲအထိဆင်းပြီး ကြိုတင်စျေးဖြတ်ကာ ဝယ်ယူတာတွေ ရှိနေတယ်လို့ သိရပါတယ်။ မြစ်သားဘက်မှာဆိုရင် မိုးကြက်သွန်စိုက်ခင်းတွေထဲက သီတင်းကျွတ်လပြည့်ကျော်ရင် နူတ်မယ့် စိုက်ခင်းက ထွက်ရှိမယ့် ကြက်သွန်ကို တပိဿာ ၅၀၀၀ မှ ၅၅၀၀ ကျပ်လောက် စျေးဖြတ်ပြီး စရံတဝက်ပေးစနစ်နဲ့ ဝယ်ယူနေတာလို့ သိရပါတယ်။ ကြိုတင်စျေးဖြတ်ပြီး အရောင်းအဝယ်ပြုလုပ်ရာမှာ တောင်သူနဲ့ ကုန်သည်အကြား အရောင်းအဝယ်ပြုလုပ်မယ့် ကြက်သွန် ပိဿာချိန်အတိအကျ နဲ့ အဲဒီအတွက် စရံငွေ တဝက်နီးပါးပေးချေကြောင်းကို စာချုပ်စာတမ်းပြုလုပ် ဝယ်ယူတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” နိုဝင်ဘာပေါ်မယ့်အခင်းဆိုရင် ၅၀၀၀ နဲ့ဖြတ်တယ်။ ဒီဇင်ဘာဆိုရင် ၄၀၀၀ နဲ့ ဖြတ်ပြီး လာဝယ်နေကြတယ်။ ကုန်ချိန် ၂၀၀၀ ထွက်မယ့်အခင်းကိုမှ…

Read More

အခန်း (၂၄၂)

ဆူးငှက်   ဒုတိယ ကမ္ဘာစစ်တဲ့ ———————— ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အင်္ဂလိပ်တို့ အားအကိုးဆုံး စင်ကာပူ ခံတပ်ကြီး ကျသွားသည်နှင့် ရန်ကုန်မှ အင်္ဂလိပ်တို့လည်း အထက်သို့ ရုတ်ချည်း ဆုတ်ခွာကြ၏။ မတ်လ(၈)ရက်နေ့တွင် ရန်ကုန်သည် သိသာထင်ရှားစွာ တုန်လှုပ်ချောက်ချားလေပြီ။ ရန်ကုန်မြို့တွင်လည်း ဂျပန်က ပဲခူးမြို့မြောက်ဘက် ၁ဝ မိုင်အကွာ၌ တည်ရှိသော ဘုရားကြီးရွာနှင့် ၁၈မိုင်အကွာ၌ တည်ရှိသော ပျဉ်ပုံကြီးရွာ များ၌ ရောက်ရှိသိမ်းပိုက်ပြီးလေပြီ။ ဤသို့ဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်းကို ဂျပန်က ဖြတ်တောက်နိုင်လိုက်၏။ မန္တလေးမှာ ထိုသတင်းက ရုတ်ချည်း ရောက်လာကာ တစ်မြို့လုံး တုန်လှုပ်ချောက်ချားကြလေပြီ။ ၁၃ဝ၃ ခုနှစ်၊ တပေါင်းလဆန်း ၅ရက် (၁၈-၂-၁၉၄၂) ဗုဒ္ဓဟူးနေ့ကတည်းက ဂျပန်လေယာဉ်ပျံတစ်စင်းသည် သတင်းအရ မန္တလေး သို့ ဝင်လာပြီး နန်းတော်အတွင်းက အထက်ဗမာ(မြန်မာ)ပြည် အသင်းတိုက်ကို…

Read More

မော်ဒယ်မြင့်ကားတွေနဲ့ ကားအသစ်တွေ အဝယ်အေးပြီး ဈေးနှုန်းတချို့ ပြန်လည်ကျဆင်းလာ

အောက်တိုဘာ ၈ – ၂၀၂၆ SS (VOM) ပြည်တွင်း ကားစျေးကွက်အတွင်း ပြီးခဲ့တဲ့ လပိုင်းတွေက အရောင်းအဝယ်သွက်ပြီး စျေးနှုန်းမြင့်တက်ခဲ့တဲ့ မော်ဒယ်မြင့်ကားတွေနဲ့ ကားအသစ်တွေဟာ လက်ရှိမှာ အဝယ်အေးသွားပြီး စျေးနှုန်းတချို့ ပြန်ကျလာနေတယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူတွေနဲ့ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။ “အခုက အောက်ကား အနည်းအကျဉ်းလောက် အရောင်းအဝယ် ဖြစ်တာကလွဲပြီး ဈေးကွက်အေးသွားတယ်။ ကားအမျိုးအစားအလိုက် အမြင့်ဆုံးဈေးထက် ကျပ်သိန်း ၁၀၀ ကနေ ၁၅၀ ဝန်းကျင်အထိ ပြန်ကျလာတယ်။ သိန်း ၃၀၀၀ အထိ ဈေးခေါ်ခဲ့တဲ့ အာတီဂါဆိုရင်လည်း သိန်း ၅၀၀ ၊ ၆၀၀ အထိကို ဆင်းသွားတယ်” လို့ ဝါရင့် ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူ တယောက်က ပြောပါတယ်။ လက်ရှိ စျေးကွက်အတွင်း မော်ဒယ်မြင့် SUV (Sport Utility…

Read More

ရွှေ၊ ကားနဲ့ ဆိုင်ကယ်တွေ အွန်လိုင်းမှာ ရောင်းချရင် အရေးယူမယ်

အောက်တိုဘာ ၈ – ၂၀၂၆ SN (VOM) ရွှေနဲ့ ရွှေပါဝင်တဲ့ ပစ္စည်းတွေ၊ ကားနဲ့ ဆိုင်ကယ်တွေ အွန်လိုင်းမှာ ရောင်းချမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တားမြစ်ထားပြီး လိုက်နာခြင်းမရှိပါက အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်ကာ တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။ ဈေးကွက် တည်ငြိမ်ရေးနဲ့ စားသုံးသူတွေ နစ်နာမှာ မရှိစေရေးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အွန်လိုင်းကတဆင့် ဈေးရောင်းချခွင့် လိုင်စင်တွေကို သက်တမ်းတိုးမပေးတာလို့ သိရပါတယ်။ “အွန်လိုင်းမှာ ပစ္စည်းတွေ ကြော်ငြာလို့ ရတယ်။ ဒါပေမယ့် live လွှင့်ပြီး ဈေးရောင်းတာမျိုးကို ခွင့်မပြုဘူးလို့ ပြောထားတာပါ။ ဒီထုတ်ပြန်ချက်ကို ပယ်ဖျက်တဲ့ နောက်ထပ် ကြေညာချက် မထွက်မချင်း ဒါက အတည်ပဲလို့ ပြောထားတယ်” လို့ စီးပွားရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ…

Read More

ပခုက္ကူမှာ အမျိုးသမီးတယောက်ကို ဓားထောက်လုယက်ခဲ့တဲ့ဓားပြ ၅ ယောက်ကို ချက်ချင်းဖမ်းဆီးရမိ

ပခုက္ကူ၊ အောက်တိုဘာ- ၈- ၂၀၂၆ ပခုက္ကူမြို့၊ လေယာဉ်ကွင်းဟောင်းအနီးက အိုအေစစ်လမ်းမှာ မနေ့ အောက်တို ဘာ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က အမျိုးသမီးတယောက်ကို ဓားမြှောင်ပြ ခြိမ်းခြောက်ပြီး မော်တော်ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံတွေကို လုယူသွားတဲ့ အမျိုးသား ၅ ယောက်ပါ လုယက်အဖွဲ့ကို ဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီ အချိန်တိုအတွင်း သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဦး က ပြောပါတယ်။ ဖြစ်စဉ်မှာ ဓားထောက်လုယက်ခံရသူ ဒေါ်ဟေသူဝင်း ဟာ အိမ်တွင်းမှု အသက် မွေးပညာသင်တန်းကျောင်း အနောက်ဘက် (လေယာဉ်ကွင်းဟောင်းအနီး) အိုအေစစ်လမ်းမပေါ်မှာ သွားလာနေချိန် အမည်မသိ အမျိုးသား ၅ ယောက်က ဓားမြှောင်ပြပြီး ဖုန်း ၁ လုံး၊ ငွေကျပ် ၃ သိန်းနဲ့…

Read More