မတ် ၊ ၁၅ ၊ ၂၀၂၄ SP(VOM) ပြီးခဲ့တဲ့ မတ် ၈ ရက်က အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖာအကျဉ်းထောင်မှာ ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၇၇ ယောက်ကို ပြစ်ဒဏ်ကျခံရန် ရက်ကုန်ဆုံးတာကြောင့် မိုးရေး – တမူး နယ်စပ်ဂိတ်ကနေတဆင့် မြန်မာဘက်ကို ပြန်လည်လွဲပြောင်းပေးဖို့ အသင့်ဖြစ်နေပေမယ့် ဒီကနေ့အထိ မြန်မာဘက်ခြမ်းက လဝက တွေရောက်မလာသေးတာကြောင့် နယ်စပ်ဂိတ်မှာ မြန်မာဘက်ကို ပြန်လွဲပေးမယ့် မြန်မာနိုင်ငံသားတွေ သောင်တင်နေရတာ ရက်သတ္တပတ်ရှိနေပြီလို့ မိုးရေးမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ မတ် ၈ ရက်က အင်ဖာအကျဉ်းစခန်းမှာရှိတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်အနက်က ၇၇ ယောက်ကို အင်ဖာကနေ မိုးရေးမြို့ နယ်စပ်စခန်းအထိ ရဟတ်ယာဉ်နဲ့ပို့ဆောင်ပေးခဲ့တာဖြစ်တယ် ၊ ဒီကနေ့ဆိုရင် မိုးရေးမှာ…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၅ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၆၀ ကျပ် ဝယ်ဈေး – ၃၆၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၂၀ ကျပ် ဝယ်ဈေး – ၂၆၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၆၅ ကျပ် ဝယ်ဈေး – ၃၈၈၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၀၉ ကျပ် ဝယ်ဈေး – ၁၀၁.၀၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၇ ကျပ် ဝယ်ဈေး – ၇၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၀ ကျပ် ဝယ်ဈေး – ၄၀၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေး (မတ် – ၁၅ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၅၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမြေထဲပင်လယ်မှာ ဒုက္ခသည်စက်လှေတိမ်းမှောက်လို့ လူ ၆၀ ထက်မနည်း သေဆုံး
ကိုင်ရို၊ မတ်-၁၅-၂၀၂၄ မျိုးဆက်(VOM) မြေထဲပင်လယ်မှာ ဒုက္ခသည်စက်လှေနစ်မြုပ်မှုကြောင့် လူ ၆၀ ထက်မနည်းသေဆုံးသွားကြောင်း အသက်ရှင်လွတ်မြောက်လာသူတွေက ပြောပါတယ်။ အသက်ရှင်ကျန်ရစ်သူ ၂၅ ယောက်ကိုတော့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ဖြစ်တဲ့ အက်စ်အိုအက်စ် မြေထဲပင်လယ်အဖွဲ့ရဲ့ အိုရှန်ဗိုင်ကင်းသင်္ဘောက ကယ်တင်နိုင်ခဲ့ပါတယ်။ ဒုက္ခသည်စက်လှေဟာ လစ်ဗျားကန်းရိုးတန်း ဇာဝီယာကနေ ပြီးခဲ့တဲ့ ရက်အတန်ကြာကတည်းက ထွက်ခွာလာတာဖြစ်ကြောင်း ဒုက္ခသည်တွေကပြောပါတယ်။ သုံးရက်အကြာမှာ စက်လှေအင်ဂျင်ချို့ယွင်းသွားပြီး အစာရေစာမရှိဘဲ ပင်လယ်ထဲမှာသုံးရက်ကြာ မျောပါနေခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တယောက်နဲ့ အမျိုးသမီးတွေပါဝင်ပြီး သူတို့တွေဟာ ရေနစ်သေဆုံးတာမဟုတ်ဘဲ ရေနဲ့ အစားအစာ ပြတ်လပ်မှုကြောင့် သေဆုံးသွားတယ်လို့ ယုံကြည်ရပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေထဲက နှစ်ယောက်ရဲ့ အခြေအနေဟာလည်း စိုးရိမ်ရပြီး ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ထားရပါတယ်။ ၂၀၂၃ ခုနှစ်ဟာ ရွှေ့ပြောင်းဒုက္ခသည်တွေ အသေအပျောက်အများဆုံးနှစ်တနှစ်ဖြစ်ခဲ့ပြီး ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားရင်း လူပေါင်း ၈၅၆၅ ယောက်ထိ သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။…
Read MoreThis Day in History
Voice of Myanmar ဟူကျင်တောင်သည် တရုတ် သမ္မတအဖြစ် ကျန်ဇီမင်းနေရာကို ဆက်ခံပြီး ၂၀၀၃ ခုနှစ် မတ် ၁၅ ရက်တွင် သမ္မတတာဝန် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
Read Moreမုံရွာ – မန္တလေး ကားလမ်းပေါ်မှာ ပိုက်ဆံအလှူခံနေတဲ့ PDF အဖွဲ့တွေ ၊ ဆက်ပြီးမလုပ်ကြဖို့ ခရိုင် ပအဖ က အမိန့်ထုတ်တဲ့စာထွက်
မတ် ၊ ၁၅ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်နဲ့ စစ်ကိုင်းခရိုင် ၊ စစ်ကိုင်းမြို့နယ်ကြား မုံရွာ – မန္တလေး ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီကနေ ဒီကနေ့အထိ PDF အဖွဲ့တွေက ကားသမားတွေနဲ့ ခရီးသည်တွေဆီကနေ အလှူငွေ ကောက်ခံတာတွေရှိနေတာကြောင့် ၊ PDF အဖွဲ့တွေအနေနဲ့ ဆက်ပြီး မလုပ်ကြဖို့ မြို့နယ်အလိုက်ဖွဲ့ထားတဲ့အုပ်ချုပ်ရေးအဖွဲ့ဆိုတဲ့နာမည်နဲ့ အမိန့်စာတွေ ထုတ်ပြန်တာရှိတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” မုံရွာ – မန္တလေး လမ်းပိုင်းနဲ့ ရွှေဘို – မန္တလေး ကားလမ်းပိုင်းမှာ မနှစ်ကစပြီး နေ့စဥ် PDF အဖွဲ့တွေက ကားသမားနဲ့ ခရီးသည်တွေဆီကနေ အလှူငွေကောက်ခံတာ ရှိတယ် ၊ မုံရွာ – မန္တလေး…
Read Moreသံဖြူဇရပ် – မုဒုံကားလမ်းမှာ ရဲစခန်းမှူးရဲ့ကားတစီး လက်နက်ကြီးထိမှန်လို့ မီးလောင် ၊ လက်နက်ခဲယမ်းတွေပါသွား
မတ် ၊ ၁၅ ၊ ၂၀၂၄ TT (VOM) မွန်ပြည်နယ် ၊ သံဖြူဇရပ် – မုဒုံကားလမ်း ၊ ကွမ်လွှာကျေးရွာနဲ့ ရောင်းဒေါင်းကျေးရွာကြား ရော်ဘာစက်ရုံရှေ့မှာ မနေ့ မတ် ၁၄ ရက် ၊ ညနေ ၇ နာရီဝန်းကျင်က မွန်ခွဲထွက် PDF အဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ကမာဝက်ရဲစခန်းမှူးရဲ့ကား မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ကမာဝက် ရဲစခန်းမှူး မင်းဌေးမောင်မောင်နဲ့ စိန်နောင်ရပ်ကွက်မှာနေတဲ့ ဦးဇော်ဝင်းတို့ နှစ်ယောက်စီးလာတဲ့ HONDA FIT ကားက ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိတယ် ၊ အဲ့ဒီ အချိန် စခန်းမှူး မင်းဌေးမောင်မောင်နဲ့ ဦးဇော်ဝင်းတို့က ကားပေါ်ကဆင်းပြီး ယာဥ်တိုက်မှု ဖြေရှင်းဖို့ လုပ်တယ် ၊ အဲ့ဒီနားမှာရှိတဲ့ ရော်ဘာခြံထဲကနေ စခန်းမှုးနဲ့…
Read MoreMoney Changer License ( နိုင်ငံခြားငွေလဲလှယ်ရေး ) လိုင်စင်ရ ကုမ္ပဏီတွေ အရေးယူဆောင်ရွက်ခံရမှုများ
Money Changer License ( နိုင်ငံခြားငွေလဲလှယ်ရေး ) လိုင်စင်ရ ကုမ္ပဏီတွေ အရေးယူဆောင်ရွက်ခံရမှုများ
Read Moreကနီမြို့မှာ ဆယ်ရက်ကျော် တိုက်ပွဲအတွင်း ဘာတွေဖြစ်ခဲ့သလဲ
မတ် ၊ ၁၄ ၊ ၂၀၂၄ SP ( VOM) ပြီးခဲ့တဲ့ မတ် ၂ ရက်ကစလို့ မနေ့ မတ် ၁၃ ရက်အထိ မြို့တွင်း တိုက်ပွားတွေ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကနီမြို့ခံတွေနဲ့ VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ ” ပြီးခဲ့တဲ့ မတ် ၂ ရက် မနက်အစောပိုင်းမှာ ဒေသတွင်းလက်နက်ကိုင် PDF အဖွဲ့တွေက ကနီမြို့ရဲ့ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၁ မြို့ရဲ့တောင်ဘက်နဲ့ အနောက်ဘက်ကနေ အဖွဲ့တွေခွဲပြီး ဝင်ရောက်လာတယ် ၊ နစက လုံခြုံရေး အဖွဲ့တွေက မြို့လယ်ပိုင်း ချင်းတွင်းမြစ်ကမ်းနဲ့ နီးတဲ့ နေရာမှာ စုဝေးအခြေပြုတယ် ၊…
Read Moreယနေ့ ရွှေဈေး (မတ် – ၁၄ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More