ဂျပန်နိုင်ငံရဲ့ ESD စနစ်သစ်နဲ့ မြန်မာလုပ်သားခေါ်ယူဖို့ အေဂျင်စီ ၂၆၂ ခုကို ခွင့်ပြု

စက်တင်ဘာ ၂၀ – ၂၀၂၆ SN (VOM) ဂျပန်နိုင်ငံရဲ့ သင်တန်းပေးပြီး အလုပ်အကိုင် ဖန်တီးပေးတဲ့စနစ်သစ် (Training and Employment System – ESD) အစီအစဉ်အရ နိုင်ငံခြားသားအလုပ်သမား ခေါ်ယူရာမှာ မြန်မာနိုင်ငံက အေဂျင်စီ ၂၆၂ ခုကို လုပ်သားစေလွှတ်ခွင့် ပြုလိုက်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ESD စနစ်ဟာ လုပ်သားလိုအပ်ချက် မြင့်မားနေတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားသားတွေကို ကျွမ်းကျင်မှု သင်တန်းပေးရင်း သုံးနှစ်အထိ တရားဝင်နေထိုင် လုပ်ကိုင်ခွင့်ပြုမယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။ စနစ်သစ်အတွက် ဂျပန်နိုင်ငံကို အလုပ်သမားတွေ စေလွှတ်ခွင့်ရရှိထားတဲ့ မြန်မာနိုင်ငံမှ Sending Organization/Agency တွေရဲ့ ယာယီစာရင်းတွေကို ဂျပန်နိုင်ငံရဲ့ Organization for Technical Intern Training (OTIT) မှာ…

Read More

မုန်တိုင်းအရှိန်ကြောင့် မိုးများနိုင်ပြီး ကမ်းရိုးတန်းဒေသတွေ အထူးသတိပြုဖို့လို

စက်တင်ဘာ ၂၀ – ၂၀၂၆ SS (VOM) လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းကနေတဆင့် ဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု များပြားလာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေ အထူးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၀ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ် ကမ်းလွန်အနီး) မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ အနောက် – အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သလို နောက်…

Read More

လျှပ်စစ်မီး အတက်အကျ မမှန်လို့ ပြည်သူတွေ အခက်တွေ့နေ

စက်တင်ဘာ ၂၁ – ၂၀၂၆ SN (VOM) လက်ရှိ မြန်မာနိုင်ငံတဝန်းမှာ လျှပ်စစ်မီးအားတွေ အတက်အကျ မမှန်တာ မကြာခဏ မီးပျက်တာ​တွေကြောင့် ပြည်သူတွေအနေနဲ့ လူနေမှုဘဝနဲ့ လုပ်ငန်းခွင်တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဗို့အား ၂၂၀ အထိ လာရမယ့်အစား တချို့နေရာတွေမှာ ဗို့အား ၁၅၀ ခန့်အထိ ကျဆင်း သလို တချို့ နေရာတွေမှာ ဗို့အား ၂၆၀ ကျော်၊ ၃၆၀၊ ၄၀၀ ကျော်အထိ မီးအား ဆောင့်တက်တာမျိုးတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ “ဖြစ်ချင်တိုင်းဖြစ်နေတာ။ မှော်ဘီ ရဲဘော်စျေးတော့ မီးအားက ဘာမှလုပ်မရဘူး။ မီးအားမြှင့်စက်ပါ ဆွဲမတင်နိုင်ဘူး” လို့ ပြည်သူတယောက်က ပြောပါတယ်။ ဒါပေမယ့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာတော့ စက်တင်ဘာ ၂၀ ရက်၊ ညပိုင်းက လျှပ်စစ်ဗို့အား…

Read More

အဆောက်အဦ ဆောက်လုပ်ခွင့် လိုင်စင် ၊လက်မှတ်မရှိပဲ လုပ်ကိုင်ပါက ထောင် ၃ နှစ် ၊ ဒဏ်ငွေ သိန်း ၅၀ ချမှတ်ခံရမယ်

စက်တင်ဘာ ၂၁ ၊ ၂၀၂၆ CC (VOM) အဆောက်အဦဆောက်လုပ်မယ်ဆိုရင် လုပ်ငန်းလိုင်စင်၊လက်မှတ် မရှိပဲ ဆောက်လုပ်ပါက ဥပဒေအရ ထောင်ဒဏ် ၃ နှစ် ဖြစ်စေ ၊ ဒဏ်ငွေ သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရမယ်လို့ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၅၈ အရ သိပါတယ်။ ပုဒ်မှာ ၅၈ မှာ ပြဌာန်းထားတာက မည်သည့်တည်ဆောက်သူ၊ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ သို့မဟုတ် တတိယအဖွဲ့အစည်းမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရဆိုပြီး ရေးထားပါတယ်။ အဲဒီအချက်ကို ဖောက်ဖျက်ကျုးလွန်ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။ ” အခု အင်ဂျင်နီယာတွေလဲ လက်မှတ် အပြေးအလွှားလုပ်နေရတယ် ။ အင်ဂျင်နီယာ မဟုတ်တဲ့လူတွေလဲ ကန်ထရိုက် လိုင်စင်နဲ့ Company…

Read More

နီပေါနိုင်ငံ လေဆိပ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

စက်တင်ဘာ ၂၁၊ ၂၀၂၆ GG (VOM) ခုရက်ပိုင်းအတွင်း နီပေါနိုင်ငံ ကတ္တမန္ဒူမြို့ရှိ Tribhuvan နိုင်ငံတကာလေဆိပ်မှာ မြန်မာနိုင်ငံသားတချို့ကို မူးယစ်ဆေးဝါးသယ်ဆောင်လာမှုနဲ့ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ မြန်မာသံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ အခြား နိုင်ငံတွေက တဆင့် နီပေါနိုင်ငံကို အလည်အပတ်ဖြစ်စေ ၊ ပစ္စည်း သယ်ယူပို့ဆောင်တဲ့ လုပ်ငန်း လုပ်ကိုင်ခြင်းဖြစ်စေ ၊ အလုပ်အကိုင်ရှာဖွေခြင်းဖြစ်စေ စတဲ့ အကြောင်း အမျိုးမျိုးနဲ့ လာရောက်ကြမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ မသမာသူတွေက ရည်ရွယ်ချက်ရှိရှိ လျှို့ဝှက်စွာ ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်းတွေအထဲ တရားမဝင်ပစ္စည်း(ဥပမာ-ဆေးခြောက်များ)ကို သယ်ဆောင် လာရာကနေ ဖမ်းခံရတာလို့ သံရုံးက ဆိုထားပါတယ်။ ဒါကြောင့် အဓိက နီပေါနိုင်ငံကိုလာရောက်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အလားတူဖြစ်စဉ်တွေ ထပ်မံမပေါ်ပေါက်စေရေး သတိပြုဆင်ခြင်ပြီး ခရီးသွားလာကြဖို့ မြန်မာသံရုံးက သတိပေးထားပါတယ်။ ဒီကိစ္စ္စနဲ့ပတ်သက်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တယောက်က ” အများစုက…

Read More

သူတို့အိမ် အခန်း (၂၂၆)

ဆူးငှက်     မီးစာကုန် ဆီခမ်းစ အမေ —————————– အိမ်ရောက်တော့ အမေ့အခြေအနေက မထူးခြား။ သတိတွေ ပိုမေ့လာသည်။ အစားအသောက်ကတော့ မပျက်လှ။ ထမင်းစားပြီးသားကိုပင် ငါ့ကို အငတ်ထားကြတာလား၊ ဘာမှမကျွေးကြဘူးဟု ဂျီကျတတ်သည်။ များသောအားဖြင့် ညကြီးသန်ခေါင်မှာပင် နေ့လယ်နေ့ခင်းမှတ်ပြီး တစ်အိမ်လုံး အသံမကြားရသည်ကို သူ့ကို ထားပစ် ခဲ့ကြတာလားဟု တကြော်ကြော် အော်နေသည်။ ထိုအခါ ကျွန်တော်က အမေ့အိပ်ရာဆီသွားကာ ချော့မော့ရသည်။ သူ့မြေးတွေ အသံမကြးလို့မေးတာဟု ပြောလျှင် အမေ ဒါက ညကြီးလေ၊ အမေ့မြေးတွေက အိပ်နေကြပြီ၊ အမေလည်း အိပ်တော့ဟု ချော့မော့ပြောရ၏။ သူက သူ့အနားမှာ တစ်ယောက်လောက်ရှိနေပြီး စကားတွေ ပြောနေစေချင်တာပေါ့။ နေ့လယ်နေ့ခင်းမှာပင် သူ့အနား အချိန်ပေး၍ မကပ်နိုင်သောအခါ ညအချိန် လူခြေတတ်တော့ သူ အိပ်မပျော်နိုင်တော့ဘဲ ပြောမိပြောရာ တွေ ပြောတာပေါ့။…

Read More

ရန်ကုန်စည်ပင် နယ်နမိတ်အတွင်းမှာ ဂရန်​မြေ​ပေါ်မှာသာ အဆောက်အဦဆောက်လုပ်ခွင့်ပြု

စက်တင်ဘာ ၁၈ ၊ ၂၀၂၆ CC (VOM) ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်းမှာ အဆောက်အဦ ဆောက်လုပ်မယ်ဆိုရင် လတ်တလောမှာ ဂရန်အမည်ပေါက် မြေပေါ်မှာသာ ဆောက်လုပ်ခွင့်ရှိတဲ့ အခြေအနေဖြစ်နေ တယ်လို့ ကန်ထရိုက်တာတွေဆီက သိရပါတယ်။ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ စတင်အသက်ဝင်ပြီးနောက် အခုစက်တင်ဘာလကစလို့ ပါမစ်၊ ဘိုဘွားပိုင်မြေ၊ အရပ်စာချုပ်မြေ၊ စလစ် စတဲ့ ဂရန်အမည်ပေါက်မဟုတ်တဲ့ မြေပေါ်မှာ အဆောက်အဦးဆောက်ခွင့်မပြုတာလို့ သိရပါတယ်။ ” လောလာဆယ် အခြေအနေအရ ဂရန်မြေပဲ ဆောက်ခွင့်ရမယ်ပြောတယ်။ စည်ပင်ကို မေးပြီးပါပြီ။ တရားဝင်စာ မထွက်ပေမယ့် ရန်ကုန်မြို့နယ် စည်ပင်အားလုံး ပါဝင်ပါတယ်။ ဘယ်စည်ပင်မေးမေးဂရန်အမည်ပေါက်မှ တရားဝင်တင်လို့ရပါမယ်။ ဥပဒေဆွဲတာက ဖေဖော်ဝါရီ ၊ အတည်ပြုလိုက်တာက မကြာသေးဘူး။ အဲဒီဥပဒေစပြီး အခုလိုကြပ်လာတာပဲ။ဥပဒေမှာတော့မပါပေမယ့် ပိုကြပ်လာတာ ။ ” လို့ ကန်ထရိုက်တာ တယောက်က ပြောပါတယ်။ မြေကို…

Read More

ကယားပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် KNDF အဖွဲ့ဝင်ငါး​​ယောက်သေဆုံး

စက်တင်ဘာ ၁၈ ၊ ၂၀၂၆ GG (VOM) ကယားပြည်နယ်မှာ ခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး KNDF တပ်ဖွဲ့ဝင်ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့က စက်တင်ဘာ ၁၇ ရက်နေ့ ၊ နေ့လယ်ပိုင်းမှာ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ နဲ့ ဒေါလာစော ရွာဘက်မှာ ကင်းစောင့်နေတဲ့ တပ်ဖွဲ့ဝင်တွေနေရာကို ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရပြီး KNDF တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးခဲ့တာလို့ ကနဦး သိရပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၈ ရက်မှာလည်း ဖယ်ခုံအနောက်ခြမ်း မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်အစပ် ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူး။ ” ဒေါလာစောဘက် ဗုံးကြဲခံရတာမှာ KNDF တပ်ဖွဲ့ဝင်ငါးယောက် ဆုံးပါတယ်။ သေဆုံးတဲ့အထဲ တပ်ခွဲမှူးလည်းပါတယ်။ ထိခိုက်ဒဏ်ရာရ အခြေအနေကတော့ မသိရသေးဘူး။ ” လို့ စစ်ရေးသတင်းရင်းမြစ်က…

Read More

အုတ်တွင်းမြို့နယ် တိုက်ပွဲကြောင့် တောင်ငူခရိုင် ၃၅၀၁ တပ်က တပ်ဖွဲ့ဝင် ငါးယောက်အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေ

စက်တင်ဘာ ၁၈ – ၂၀၂၆ SN (VOM) ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ကျေးရွာ ခြောက်ရွာဝန်းကျင်က ဒေသခံ အများအပြား တိမ်းရှောင်နေရပြီး ဒီကနေ့ စက်တင်ဘာ ၁၈ ရက်အထိ နေရပ် မပြန်နိုင်ကြသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲကြောင့် တောင်ငူခရိုင် ၃၅၀၁ တပ်က တပ်ဖွဲ့ဝင် ငါးယောက်အပါအဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပြီး ဒဏ်ရာသူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ “သေတာက PDF ငါးယောက်ရှိမယ်။ အဲဒီ ငါးယောက်အပြင် နောက်ထပ် ခြောက်ယောက် သေတာရှိတယ်။ အခုကတော့ ဒေသခံတွေက တော်တော်များများ ရွာပြင် ရောက်သွားကြပါပြီ။ အခြေအနေက မနေ့ကကတည်းကတော့ ပစ်သံခတ်သံတွေ မကြားရတော့ပါဘူး” လို့ သူက ပြောပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ ကျေးရွာတွေဟာ ရန်ကုန်…

Read More

ရခိုင်ပြည်နယ်က လေးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်

စက်တင်ဘာ ၁၈ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေမှာ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ တရက်တည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၁၁ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က သံတွဲမြို့နယ်၊ သစ်ငုတ္တိုရွာ၊ ဘုန်းကြီးကျောင်း အနောက်ဘက်နဲ့ အုန်းမြေရွာအနီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “လယ်ကွင်းနဲ့ နယ်မြေတောင်ကြောတွေပေါ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဒီဖြစ်စဥ်မှာ ထိခိုက်ပျက်စီးမှု မရှိဘူးလို့တော့ လောလောဆယ် သိရတယ်။ အသေးစိတ်ကိုတော့ ဆက်ပြီး စုံစမ်းနေပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါအပြင် ဒီကနေ့ မနက် ၈ နာရီကျော်ဝန်းကျင်ကလည်း စစ်တွေမြို့နယ်က ဝါဘိုအနီးဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့နယ်က ခမောင်းတောနဲ့…

Read More