ပညာရေးဗီဇာရပ်ဆိုင်းမှု ယူကေတက္ကသိုလ်တွေက ထုတ်ပြန်ချက်ကို စောင့်ကြည့်စေလို​ကြောင်း ပညာ​ရေးဝန်​ဆောင်မှု​ပေး​နေသူ​တွေ​ပြော

မတ် ၅ – ၂၀၂၆ SS (VOM) ဗြိတိန်နိုင်ငံရဲ့ ပညာရေးဗီဇာ ရပ်ဆိုင်းမှုနဲ့ပတ်သက်လို့ တရားဝင် ဗီဇာလျှောက်ထားဆဲနဲ့ အသစ်လျှောက်ထားမယ့် မြန်မာ ကျောင်းသားတွေအနေနဲ့ ယူကေတက္ကသိုလ်တွေက ထုတ်ပြန်လာမယ့် နောက်ဆုံးအခြေအနေကို စောင့်ကြည့်စေလိုတယ်လို့ နိုင်ငံတကာ ကျောင်းတွေအတွက် ပညာရေးဝန်ဆောင်မှု ပေးနေသူတွေက ပြောပါတယ်။ မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ ဆူဒန်နိုင်ငံတို့မှ ကျောင်းသားတွေအတွက် ဗြိတိန်ရဲ့ ကျောင်းသားဗီဇာ (Student Visa) ထုတ်ပေးမှုကို အခု ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့ကစပြီး ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ ယူကေ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဗီဇာအလွဲသုံးစားပြုမှုတွေ ကျယ်ပြန့်လာတာကြောင့် အခုလို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ရွှေ့ပြောင်း အခြေချသူတွေဟာ အဲဒီဗီဇာတွေကို ဗြိတိန်နိုင်ငံထဲ ဝင်ရောက်နိုင်မယ့် လမ်းကြောင်းတခုအဖြစ် အသုံးချကာ ပြည်တွင်းမှာ ဒုက္ခသည်အဖြစ် လျှောက်ထားပြီး အမြဲတမ်း နေထိုင်ကြတယ်လို့…

Read More

ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌနဲ့ အဖွဲ့ကို အောင်ဇမ္ဗူဇာတ်အဖွဲ့ လာရောက်တောင်းပန်ပြီ

မတ် ၅ – ၂၀၂၆ SN (VOM) ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ အဖွဲ့ကို မင်းသား ‌အောင်ဇမ္ဗူအပါအဝင် ဇာတ်သဘင်အဖွဲ့ တာဝန်ရှိသူတွေက ဒီကနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ လာရောက် တောင်းပန်သွားတယ်လို့ သိရပါတယ်။ “တောင်းပန်သွားတာကတော့ ဦးမြတ်သူဝင်းကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာရယ်၊ အသင်းအဖွဲ့ပေါ် တိုက်ခိုက်တာရယ်၊ မသန်စွမ်းသူတွေအပေါ်မှာ သူ့ပရိသတ်တွေ စော်ကားတာရယ်၊ အဲဒါတွေ အကုန်လုံးကို အားလုံးကိုယ်စား သူတောင်းပန်တယ်ဆိုပြီး မင်းသား အောင်ဇမ္ဗူက ပြောသွားပါတယ်။ သေသေချာချာတော့ သူ တောင်းပန်သွားပါတယ်” လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကို VOM က ဆက်သွယ် မေးမြန်းရာမှာတော့ မနက်ဖြန်…

Read More

တရုတ် NPC အစည်းအ​ဝေးက​​နေ ထိုင်ဝမ်အ​ရေး ပြတ်ပြတ်သားသား​ဆောင်ရွက်မယ်လို့ ကတိပြု

မတ် ၆-၂၀၂၆ MT(VOM) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့လွှတ်တော် (NPC) ရဲ့ (၁၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ်လ (၅)မှာ စတင်ပါတယ်။ ၂၀၂၆ NPC မှာ တင်သွင်းတဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာထဲမှာ​ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး”ထိုင်ဝမ်လွတ်လပ်ရေး” လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား တားဆီးသွားမယ်လို့ တရုတ်အစိုးရက ကတိပြုထားပါတယ်။ တခြားနိုင်ငံတွေက ဝင်ရောက်စွက်ဖက်တာကိုလည်း လက်မခံဘဲ ကန့်ကွက်သွားမှာပါ။ ထိုင်ဝမ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံရေး တည်ဆောက်ပြီး တရုတ်နိုင်ငံတော်ကြီး ပြန်လည်ပေါင်းစည်းရေးကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ ​ “တရုတ် တနိုင်ငံတည်း မူဝါဒနဲ့ “၁၉၉၂ နားလည်မှုသဘောတူညီချက်” တွေကို ဆက်လက်ဆုပ်ကိုင်ထားမှာပါ။ ဒါ့အပြင် ကွန်မြူနစ်ပါတီရဲ့ ခေတ်သစ်ထိုင်ဝမ်မူဝါဒတွေကို အကောင်အထည်ဖော်သွားမယ်လို့ ဖော်ပြထားပါတယ်။ ​ “တနိုင်ငံ၊စံနစ်နှစ်မျိုး” မူဝါဒကို ဆက်ပြီး ကျင့်သုံးသွားမှာပါ။ ဒီဒေသတွေကို မျိုးချစ်စိတ်ရှိတဲ့သူတွေကပဲ အုပ်ချုပ်သွားရမှာဖြစ်ပြီး…

Read More

ကျိုက်ထိုမှာ ဆောင်းဘောက်ကား လမ်းမီး​ကြိုး​နဲ့ ဓာတ်လိုက်လို့ ငါးယောက်သေဆုံးခဲ့ရ

မတ် ၆ ၊ ၂၀၂၆ GG (VOM) မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊ ကမ်းကြီးဆိပ်ကျေးရွာ( စွပ္ပနူး)ရွာမှာ အလှူပွဲလှည့်တဲ့ Sound Box ဆောင်းဘောက်ကား နဲ့ လမ်းလျှပ်စစ်မီးကြိုး တိုက်မိပြီး ဓာတ်လိုက်ကာ ကားပေါ်ပါသူတွေထဲက ငါးယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မတ် ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရှိရပြီး ဆောင်းဘောက်ကားက ရွာထဲလှည့်လည်စဥ် ကားက လမ်းမပေါ်ရှိ လမ်းမီးကြိုးနဲ့ မလွတ်တဲ့အတွက် မီးကြိုးကို မ တင်ရာကနေ လျှပ်စီးဝင် ဓာတ်လိုက်ပြီး ဆောင်းဘောက်ကားပိုင်ရှင်အပါအဝင် ငါး​ယောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ “ကားပေါ်မှာ လော်ကရှစ်လုံးတင်ထားတယ်။ သူတို့က ကားပေါ်တက်ထိုင်တယ်။ လမ်းမကြီးပေါ်မောင်းတာမှာ အပေါ်မှာမီးကြိုးက မလွတ်တော့ တက်ကိုင်လိုက်လို့ ဓာတ်လိုက်တယ်။ သူတို့က လမ်းမီးကြိုးကို တက်ကိုင်ပြီးတော့ ဓာတ်လိုက်တာပါ။ စွပ္ပနူးရွာထဲက…

Read More

လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ရက်ပေါင်း ၂၀ ကျော်အတွင်း အယောက် ၁၂၀ ဝန်းကျင် သေဆုံးပြီး ၁၅၀ ထက်မနည်း ဒဏ်ရာရ

မတ် ၃ – ၂၀၂၆ SN (VOM) နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်‌ဝါရီလ ၂ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် လူအယောက် ၁၂၀ နီးပါး သေဆုံးပြီး ၁၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ စုစည်းထားတဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။ ပြီးခဲ့လအတွင်း ပင်လည်ဘူး၊ ဟုမ္မလင်း၊ ခင်ဦး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ မင်းတုန်း၊ မြဝတီ၊ မြစ်ကြီးနား၊ ဖားကန့်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြင်းမူ၊ နတ်တလင်း၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် အစရှိတဲ့ မြို့တွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ လိပ္ပုတ်ရွာမှာ မတ်…

Read More

စုံ- မ ရာရှင်စံနစ် Odd-Even Rationing

မ​နေညက မြန်မာနိုင်ငံမှာ ​မော်​တော်ယာဥ်​တွေကို စုံ မ နံပါတ်ခွဲပြီး အလှည့်ကျစနစ်နဲ့ လမ်း​ပေါ် ​မောင်းခွင့်ပြုမယ့်ကိစ္စ ထုတ်ပြန်​ကြေငြာ​တော့ အ​တော်ဂယက်ထသွားပါတယ်။ တချို့ကိစ္စတွေကို မျက်စိစုံမှိတ်ပြီး ဟာသ လုပ်ပစ်တာထက် ရေရေရာရာ သိအောင် အချိန်လေးပေးပြီး လေ့လာလိုက်ရင် အကျိုးရှိမယ်ယုံကြည်လို့ ဘယ်နိုင်ငံ​တွေမှာ ဘယ်လိုအချိန် ဘယ်လိုအ​ခြေအ​နေမှာ ဒီလိုစနစ်သုံးလဲဆိုတာ ရှာကြည့်ဖြစ်ခဲ့ပါတယ်။ ဒီစနစ် ကို ကြေညာဖူးတာ ကျနော်တို့ နိုင်ငံတခုတည်း မှာလားဆိုတော့ မဟုတ်ပါဘူး။အခု အရှေ့အလယ်ပိုင်းမှာ အီရန် ကို အစ္စရေးလ် နဲ့ အမေရိကန် ကျူးကျော်လို့ စစ်ဖြစ်နေပါတယ်။အီရန်က ဟော်မုတ်စ် ရေလက်ကြားကို ပိတ်ပစ်တဲ့အခါ ကမ္ဘာ့စွမ်းအင် စျေးကွက် ဟာ အကြီးအကဲ ထိခိုက် ပျက်ယွင်းသွားပါတယ်။ ကျနော်တို့လိုနိုင်ငံမပြောနဲ့ ဂျပန်လို နိုင်ငံကြီးတွေတောင် စက်သုံးဆီကိစ္စ ခေါင်းခဲနေရပါတယ်။ ​၁၉၇၀ ပြည့်လွန်နှစ်တွေတုန်း က အမေရိကန်ပြည်ထောင်စု မှာ ဒီ…

Read More

စစ်တွေမြို့ ရွှေမင်းဂံရေတပ်အနီးမှာ တိုက်ပွဲ ပြင်းထန်နေ

မတ် ၄ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ (မြောက်ဘက်)၊ ရွှေမင်းဂံကျေးရွာရှိ အမှတ် (၃) ရေတပ်ဗျူဟာ အနီးဝန်းကျင်မှာ အစိုးရတပ်နဲ့ AA တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ AA တပ်တွေဟာ ရွှေမင်းဂံရေတပ်စခန်း အနီးတဝိုက်အပြင် ဝါဘို၊ တောကံ၊ ကျေးတော၊ ဂန့်ဂေါ်ကျွန်း၊ ဇော်မဒက် အစရှိတဲ့ ကျေးရွာတွေနဲ့ ပွိုင့်ကမ်းခြေ အနီးဝန်းကျင်က စစ်စခန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်အထိ ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲ ပြင်းထန်နေတာက ခုဆိုရင် ၁၀ ရက်ဝန်းကျင် ဖြစ်လာပြီပေါ့။ AA က ရွှေမင်းဂံတဝိုက်ကို မြေပြင်ကလည်း တိုက်ခိုက်နေတယ်၊ ရေတပ် အမြန်ရေယာဥ်တွေ သုံးပြီးတော့လည်း ရေကြောင်းကနေပါ…

Read More

မန္တလေးမှာ စက်သုံးဆီကို တန်းစီဝယ်ယူနေကြရပြန်

မန္တလေး၊ မတ်- ၄- ၂၀၂၆ SA(VOM) ကမ္ဘာနိုင်ငံရေး အခင်းအကျင်းတွေကြောင့် စက်သုံးဆီ မလုံ လောက်မှုတွေ စျေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်လာနိုင်တာမို့ စက်သုံးဆီရောင်းချသူတွေကလည်း အကန့်သတ်နဲ့ ရောင်းချပေးနေကြသလို သုံးစွဲသူတွေအနေနဲ့လည်း တန်းစီပြီး ဝယ်ယူနေကြရပါတယ်။ စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေးအတွက်ဆိုပြီး ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြားစီသာ လမ်းပေါ်တက်စီးနင်းဖို့ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန် အသိ ပေးလိုက်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိကပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေဟာ မိမိရဲ့ ယာဥ်နံပါတ်အလိုက် စုံဂဏန်း ယာဥ်ပိုင်ရှင်က စုံဂဏန်းရက်မှာပဲ လမ်းပေါ်စီးနင်းခွင့်ရှိပြီး မဂဏန်းယာဥ်ပိုင်ရှင်က မဂဏန်းရက်မှာပဲ လမ်းပေါ် မောင်းနှင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မတ်လ ၃ ရက်နေ့ကစလို့ ရန်ကုန်၊ မန္တလေး အပါ အဝင်…

Read More

နေပြည်တော်မှာလည်း စက်သုံးဆီ တန်းစီပြီး ဝယ်ယူနေကြရ

နေပြည်တော်၊ မတ် – ၄ -၂၀၂၆ KKL(VOM) နေပြည်တော်မှာ မနေ့ မတ်လ ၃ ရက်နေ့ ညနေပိုင်းက စလို့ စက်သုံးဆီရောင်းချနေတဲ့ ဆိုင်တွေမှာ လောင်စာဆီကို တန်းစီတိုးဝှေ့ပြီး ဝယ်ယူနေတာ တွေ့ရပါတယ်။ ကမ္ဘာ့ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းနဲ့အတူ လောင်စာဆီပြတ်လပ်မှုကို စိုးရိမ်ကြောင့်ကျနေတဲ့ ပြည်သူတွေ ကတော့ မနေ့ကထုတ်ပြန်ခဲ့တဲ့ မော်တော်ကားတွေကို စုံဂဏန်း၊ မဂဏန်းခွဲပြီးဆီဆိုင်တွေမှာ ထုတ်ယူကြရမယ်၊ အဲ့ဒါကို မတ်လ ၇ ရက်နေ့ကစတင်မယ်ဆိုတဲ့အတွက် ဒီကနေ့ မတ်လ ၄ ရက်နေ့နဲ့ မနေ့က မတ်လ ၃ ရက်နေ့ ညနေပိုင်းကစပြီး ကားနဲ့ ဆိုင်ကယ်တွေ အများအပြား စီတန်းတိုးဝှေ့ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။ “မနေ့ကစလို့ စုံ မ ခွဲပီးတော့ ထုတ်ရမယ်ဆိုပြီးသိထားပါတယ် အဲ့ဒီအစီအစဥ်ကို ၅ ရက်နေ့ကစမယ်လို့သိရပါတယ် အဓိက…

Read More

ငုတ်တုတ် မေ့နေတဲ့ Ebike အရောင်းစင်တာတွေ လက်မလည်အောင် ရောင်းနေရ

မန္တလေး၊ မတ်- ၄- ၂၀၂၆ SA(VOM) စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲဖို့နဲ့ မော်တော်ယာဥ် မောင်းနှင်ခွင့် ကန့်သတ်ပြီး EV အမျိုးစား ယာဥ်တွေကိုသာ နေ့စဥ်မောင်းချခွင့်ပြုပြီးတဲ့နောက် အရင်က ငုတ်တုတ်မေ့နေတဲ့ EV ဆိုင်ကယ် လောက ဟာဆိုရင် အခု မတ်လမှာ ပြန်လည် ခေါင်းထောင်နေပြီ ဖြစ်ပါတယ်။ မန္တလေးမြို့ဟာ ဆိုရင် ဆိုင်ကယ်ကို အဓိကထားသုံးစွဲကြတဲ့ မြို့တမြို့ ဖြစ်တာကြောင့် စက်သုံးဆီ အသုံးပြုပြီး မောင်နှင်ရတဲ့ ဆိုင်ကယ်တွေ ကားတွေ ဟာဆိုရင် ဆက်သုံးဆီ ပြတ်လပ်တော့မယ် ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်လာပြီးတဲ့နောက် မတ်လ ၃ ရက်နေ့က စပြီး စက်သုံးဆီ ရောင်းချပေးနေတဲ့ ဆိုင်တွေမှာ အချိန်အတော်ကြာတန်းစီနေရပြီး လမ်းပိတ်တဲ့အထိဖြစ်နေပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ စက်သုံးဆီကို ခြိုးခြံချွေတာသုံးစွဲဖို့အတွက် သတင်းထုတ်ပြန်ပြီးတဲ့နောက်…

Read More