ကသာ -မတ် -၄-၂၀၂၆ KBT(VOM) ကသာမြို့တိုက်ပွဲအတွင်း တိမ်းရှောင်ရင်း ဖမ်းခံခဲ့ရတဲ့ Non Cdm တွေကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက မတ်လ(၃)ရက်နေ့ကစပြီး ပြန်လွတ်ပေးနေတယ်လို့ Non Cdmဝန်ထမ်းနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။ ကသာမြို့မှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းတုန်းက ဒေသခံတွေဟာ မြို့ထွက်ရှိ နဘား၊အင်းတော်လမ်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူတွေကို ဒေသတွင်းလက်နက်ကိုင်တွေက နဘားရွာအတွင်းထည့်သွင်းစုစည်းပြီး မှတ်ပုံတင်စစ်ဆေးခြင်းနဲ့ Non Cdm ကျောင်းဆရာ၊ဆရာ၊စည်ပင်ဝန်းထမ်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းအသီးသီးကိုဖမ်းဆီးထားခဲ့ရာမှာ လူဦးရေ(၁၀၀)ဝန်းကျင်ရှိခဲ့ပါတယ်။ ” မြို့တိုက်ပွဲဖြစ်နေလို့ ထွက်ခဲ့ရတဲ့နေ့က၊ ကသာမြို့အထွက် နဘားမှာစစ်တာ။ ဆရာမတွေတော့အများကြီးပဲ သူတို့ဖမ်းတဲ့ထဲပါတယ်။ အဲဒီအဖွဲ့ထဲမှာပါတဲ့ကျောင်းဆရာမကို ရွေးထုတ်ပြီးခေါ်တယ်။ ကျွန်မတို့နဲ့ပူးပေါင်းပေးပါဆိုပြီးရွေးထုတ်ခေါ်တာပါ” လို့အဲဒီနေ့က မြင်တွေ့ခဲ့သူတဦးက ဆိုပါတယ်။ အဲဒီဝန်ထမ်းတွေကို မိုးတားကြီးနဲ့ မိုးတားလေးရွာနေရာတွေမှာ ထိန်းသိမ်းထားပြီး ဝန်ထမ်းတဦးကိုလုပ်သက်(၅)နှစ်စာတွက်ချက်ပြီး တလ(၃)သိန်းကျော် လစာငွေနဲ့ ကျပ်သိန်း(၁၈၀)နဲ့ ရွေးထုတ်ရမယ်လို့ ကနဦးက သတင်းပျံ့နှံ့ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ တဦးကို ငွေကျပ်(၁၈)သိန်းနဲ့ပြန်လည်ရွေးထုတ်စေပြီး ထိန်းသိမ်းထားတဲ့နေရာကနေလွတ်ပေးနေတယ်လို့သိရပါတယ်။ လွတ်ပေးခဲ့တဲ့ဝန်ထမ်းတွေကို…
Read Moreမှော်ဘီမှာ ဇနီးကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အမျိုးသားကို သေဒဏ်ချမှတ်
မတ် ၄ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊မှော်ဘီမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့တဲ့ တရားခံ အမျိုးသားကို ဒီနေ့ မတ် ၄ ရက်မှာ မှော်ဘီမြို့နယ်တရားရုံးက သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ စုံစမ်းသိရှိ ရပါတယ် ။ လူသတ်မှုဖြစ်ပွားပြီး တရားခံကို ဖမ်းဆီးပြီးနောက် အချိန်တလကျော်အကြာမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ( ၁) အရ သေဒဏ်အမိန့်ချလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ဒီနေ့ သေဒဏ်အမိန့်ချလိုက်တယ် သိရတယ်။ ပြစ်မှုက ထင်ရှားပြီး သက်သေကလည်းခိုင်လုံနေတော့ ပြစ်ဒဏ်မြန်မြန် ချမှတ်လိုက်တဲ့ သဘောရှိတယ် ။ဒီဖြစ်စဥ်ကတော့ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ ကိစ္စလေ ။ သတ်ပြီး ခေါင်းဖြတ်ပြီးတောင် လက်ကဆွဲပြီး လမ်းပေါ်ထွက်လာတာ ။ ” လို့ တရားရုံးနဲ့နီးစပ်သူ ဒေသခံကပြောပါတယ်။ အမှု…
Read Moreစက်သုံးဆီပြတ်လပ်နိုင်တယ်ဆိုတဲ့ ကောလာဟလကြောင့် စိုးရိမ်လွန်ပြီး ဆီတန်းစီဝယ်ယူမှု ပြန်စလာ
မတ် ၃ ၊ ၂၀၂၆ CC (VOM) အီရန်-အမေရိကန် စစ်ပွဲဂယက်ကြောင့် မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လတ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို လူထုက စိုးရိမ်ပြီး စက်သုံးဆီကို အလုအယက် တန်းစီပြီး ဝယ်ယူမှု ဖြစ်လာနေတာ တွေ့ရပါတယ်။ ဒီကနေ့ မတ် ၃ ရက်နေ့မှာ ရန်ကုန် ၊ မန္တလေးအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေ ၊ တာချီလိတ် ၊ လားရှိုး ၊ မြဝတီ ၊ ဘားအံ စတဲ့ မြို့နယ်တချို့မှာ စက်သုံးဆီကို တန်းစီဝယ်ယူမှုများပြားခဲ့တဲ့အတွက် စက်သုံးဆီဆိုင်တချို့ အရောင်းပိတ်တဲ့အထိ ဖြစ်ပေါ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ” ဆီက မဲဆောက်မှာတောင် အကန့်အသတ်နဲ့ပဲရတော့တယ်။ မြဝတီမှာတော့ စျေးလည်းတက်တယ်။မနက်က ကားတစီးကို သုံးသောင်းဖိုး ၊ဆိုင်ကယ်က တသောင်းဖိုးရောင်းပေးတယ်။နေ့ခင်းပိုင်း ဆိုင်တွေ ပိတ်တာတွေ့တယ်။ စိုးရိမ်စိတ်နဲ့ အလုအယက်ဝယ်တာရှိသလို တချို့ကလည်း…
Read Moreတကောင်းမြို့အနီး လေကြောင်း တိုက်ခိုက်မှု PDFတွေ ကျရှုံးကြောင်း သက်ဆိုင်တဲ့အဖွဲ့တွေက ထုတ်ပြန်
မတ် ၄ – ၂၀၂၆ SS (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ အနီးဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် PDF တပ်ဖွဲ့ဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက မနေ့ မတ် ၃ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့၊ မနက် ၈ နာရီခွဲဝန်းကျင်၊ တိုက်ပွဲဖြစ်ပွားနေချိန် လေကြောင်း တိုက်ခိုက်ခံခဲ့ရတာကြောင့် ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်းက တပ်ဖွဲ့ဝင် သုံးယောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က “အဲဒီနေ့ တိုက်ပွဲက တကောင်းမြို့နားကိုလာတဲ့ အစိုးရစစ်ကြောင်းကို လက်နက်ကိုင်တပ်တွေဘက်က စပြီးတိုက်ခိုက်ခဲ့လို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲပါ။ တိုက်ပွဲ…
Read Moreဗြိတိန်က မြန်မာအပါအဝင် နိုင်ငံ (၄) ခုကို ကျောင်းဗီဇာ ပိတ်လိုက်ပြီ
မတ်-၅-၂၀၂၇ MT(VOM) ယူကေ ပြည်ထဲရေးဝန်ကြီး ရှာဗာနာ မာမွတ် Shabana Mahmood ရဲ့ ပြောကြားချက်အရ ဒီလ(၂၀၂၆ ဇန်နဝါရီ) ကစပြီး မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ ဆူဒန် နိုင်ငံတွေက လာမယ့်သူတွေကို ကျောင်းသားဗီဇာ (Study Visa) ထုတ်ပေးတာ ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံသားတွေဆိုရင် ကျွမ်းကျင်လုပ်သားဗီဇာ (Skilled Work Visa) ပါ ပိတ်လိုက်တာပါ။ ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနကတော့ အခုလို ပိတ်လိုက်တာဟာ “ဗီဇာစနစ်ကို အလွဲသုံးစားလုပ်တာတွေ အများကြီး ရှိနေလို့” လို့ ဆိုပါတယ်။ အစိုးရရဲ့ တရားဝင်စာရင်းဇယားတွေအရ အထက်ပါ (၄) နိုင်ငံကလူတွေဟာ ယူကေကို ကျောင်းဗီဇာနဲ့ လာပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားမှု အများဆုံး ဖြစ်နေတာကြောင့်လို့ သိရပါတယ်။ အစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့…
Read Moreသူတို့အိမ် အခန်း – ၆၉
ဆူးငှက် ရင်းနှီး ပွင့်လင်းလွန်းသည့် အမူအရာ၊ ရိုးသား ကြည်လင်သည့် မျက်လုံး ————————————————————————— စိတ်က အဆန်းသား။ ဆံပင်နှစ်ဖက်စည်း “ဟိတ်” ၏ အိမ်သို့ ဘုရားပွဲ ဖိတ်၍ သွားရောက်ပြီးနောက်၊ သူ့မိဘ သူ့အိမ် အနေအထားက မိမိကိုယ်မိမိ သိမ်ငယ်သွားစေသည်။ မီးရထားအရာရှိကြီးသမီး၊ နေတာထိုင်တာကအစ အဆင့်မြင့်သည်။ သူကိုယ်နှိုက်က ကျွန်တော့်ကို မောင်နှမလို ခင်မင်ရင်းစွဲဆိုတာကို ကျွန်တော်က စိတ်ကူးယဉ်နေတာ ဖြစ်လိမ့်မည်။ သို့သော် လှလွန်းသည့် အသက်မကွာသော မိန်းကလေးက ပွင့်လင်း ရင်းနှီးလွန်းတော့ သူကို မြင်ရတာ စကားတွေပြောရတာ ကျွန်တော့် အတွက် ကြည်နူး ပျော်ရွှင်စရာ ဖြစ်ကာ စိတ်ကူးနိဗ္ဗာန် တည်ဆောက်မိနေတာလည်း ဖြစ်မည်။ သူကတော့ရှင်းသည်။ ဆက်ဆံပုံက မပြောင်းလဲ၊ တကယ့်ကို ရင်းနှီးလွန်းသည်။ သူ့အိမ်သို့ အချိန်မရွေး ဝင်ထွက်ဖို့၊…
Read Moreသူတို့အိမ် အခန်း – ၆၈
ဆူးငှက် စနေ တနင်္ဂနွေ၊ အခမဲ့ စေတနာ သင်တန်းမှာ ————————————————- တစ်နေ့စာကို တစ်နေ့ မှန်မှန်လုပ်သွားတော့ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု ရှိလာသည်။ ပင်ပန်းမှုလည်း မရှိတော့။ အထူးသဖြင့် အတန်းထဲမှာကတည်းက ဆရာများ၏ အသင်အပြတွင် အတော်များများ နားလည် သဘောပေါက်သွားတာက အဓိကဖြစ်သည်။ ထို့ကြောင့် ဒီနှစ် စာမေးပွဲက အောင်မှာ သေချာသည်ဟုလည်း ယုံကြည်မှုက ခိုင်မာလာသည်။ ကျွန်တော်တို့ သူငယ်ချင်းများကလည်း အားသစ်တွင် နေ့စဉ် တက်သည့် အပြင် စနေ တနင်္ဂနွေနေ့မျာတွင် မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံအနီး ဗလီဝင်းထဲက စေတနာ သင်တန်းသို့လည်း တက်ရောက်ကြသည်။ ထိုသင်တန်းမှာ ဗလီက ဖွင့်လှစ်ခြင်း ဖြစ်ပြီး ထိုစဉ်က အ.ထ.က ၁၉တွင် ကျောင်းအုပ်ဆရာကြီး အဖြစ် တာဝန်ယူနေသူ ဆရာဦးဘိုကြီး က ဦးဆောင်သည်။ ဆရာကြီးက…
Read Moreမော်လမြိုင်မှာ အိမ်မီးလောင်ပြီး အသက်ကြီးပိုင်း အဖေနဲ့အမေ သေဆုံးကာ သမီးဖြစ်သူဒဏ်ရာရ
မတ် ၁ ၊ ၂၀၂၆ GG (VOM) မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ဈေးကြိုနယ်မြေ၊ TTCကျောင်းလမ်း ၊ အာဟာရမူကထဆိုင်ဘေးရှိ နေအိမ်မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နှစ်ယောက်သေဆုံးကာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီ မတ် ၂ ရက်နေ့ ၊ မနက်အစောပိုင်း ၂ နာရီ ခွဲလောက်မှာ မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုမှာသေဆုံးသူတွေက အသက်ကြီးပိုင်းအရွယ် အဖေနဲ့အမေတို့ ဖြစ်ပြီး ဒဏ်ရာရသူကတော့ အသက် ၂၈ နှစ်အရွယ် သမီးဖြစ်တယ်လို့ သိရပါတယ်။ ” အဘိုးနဲ့အဘွားက အခန်းတခန်း အိပ်တာ ။ သူတို့ သမီးက သပ်သပ်အိပ်တာ ။ အဲဒါညက ၁ နာရီကျော်လောက်မှာ အဘိုးက ရေနွေးအိုးထတည်တာကိုတော့ သမီးကကြားလိုက်တယ်ပြောတယ်။ ပြီးတော့…
Read Moreအောင်လံမှာ လက်နက်ကြီးကြောင့် ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်
မတ် ၂ – ၂၀၂၆ SS (VOM) မကွေးတိုင်း၊ အောင်လံမြို့နယ်က ဒါးစမ်းကျေးရွာ အပါအဝင် ကျေးရွာတချို့မှာ မနေ့ မတ် ၁ ရက်၊ မနက်ပိုင်းကပြီး လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ မနက် ၁၀ နာရီဝန်းကျင်ကစပြီး နေ့လယ် ၁ နာရီဝန်းကျင်အထိ လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပြီး ဒါးစမ်းကျေးရွာအတွင်းက ဘုန်းကြီးကျောင်း၊ ဆွမ်းစားဆောင်အပါအဝင် နေအိမ် ၂၇ လုံးထက်မနည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ “လက်နက်ကြီး ပစ်တာက အချက် ၂၀ လောက်ရှိမယ်။ လက်နက်ကြီး မပစ်ခင် ဒရုန်းတွေနဲ့အရင် ကင်းထောက်ခဲ့တာ။ ရွာထဲကို လက်နက်ကြီးနှစ်လုံး ကျတယ်။ လူသေဆုံး၊ ဒဏ်ရာ အခြေအနေကိုတော့ အတည်ပြုဖို့ ကြိုးစားနေပါတယ်”…
Read Moreအကျဥ်းထောင်အသီးသီးကနေ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဥ်းသူ အကျဥ်းသားတွေကို လွှတ်ပေးနေ
မတ် ၂ ၊ ၂၀၂၆ CC (VOM) အစိုးရရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်ဒဏ်ကျခံနေသူတွေကို အကျဥ်းထောင်တွေကနေ လွှတ်ပေးနေပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ ပဲခူးတိုင်းရှိ သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသား ၈၆ ယောက် ၊ ပေါင်းတည်အကျဥ်းထောင်က ၂၂ ယောက် ၊ ပြည်အကျဥ်းထောင်က ၄၈ ယောက် ၊ ဒိုက်ဦးအကျဥ်းထောင်က ၂၆ ယောက် ပြန်လွတ်လာတယ်လို့ ကနဦးသိရပါတယ်။ မိတ္ထီလာ အကျဥ်းထောက်ကနေလည်း နိုင်/ကျဥ်း ၂၉ ယောက် လွတ်လာတယ်လို့ သိရပါတယ် ။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပေါ် နိုင်/ ကျဥ်းဟောင်း တယောက်ဖြစ်သူ ကိုသန့်ဇင်ထက်က ” ပေါင်းတည်ထောင်က ၂၂ ယောက်လွတ်လာပြီ…
Read More



