ဖေဖော်ဝါရီလထဲမှာ ရဲ ၊ အုပ်ချုပ်ရေးအဖွဲ့ ၊ ပညာရေးဝန်ထမ်း ၊ ပြည်သူ အပါ ၂၂ ယောက်ထက်မနည်း အသတ်ခံခဲ့ရ

မတ် ၂ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ် ငါးခုကမြို့နယ်အချို့မှာ ဖေဖော်ဝါရီလအတွင်းက အစိုးရဝန်ထမ်း နဲ့ပြည်သူ ၂၂ ယောက်ထက်မနည်းကို အစိုးရတပ်သတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေက သတ်ဖြတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။ မကွေးတိုင်း ၊တနင်္သာရီတိုင်း ၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲရှိ မြို့နယ်အချို့မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင် ၊ ပြည်သူ့စစ် ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ပညာရေးဝန်ထမ်း ၊ အရပ်သားပြည်သူတွေ အသတ်ခံခဲ့ရတာ ဖြစ်ကြောင်း မကွေးတိုင်းက အသတ်ခံရမှု ပိုများတယ်လို့ သိရပါတယ်။ ဖြစ်စဥ်တွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာဆိုရင်မကွေးမြို့နယ်၊ စည်ပင်ကျေးရွာနေ ဦးလှမြင့်ဦး၊ ဦးလှရွှေဦး၊ ဦးအေးလွင်၊ ဒေါ်မိုးမိုး၊ ဦးထွန်းမြင့်တို့ငါးယောက်ကို လက်နက်ကိုင်အဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ် တယ်လို့…

Read More

PDF ​ခေါင်း​ဆောင်တ​ယောက်ဖြစ်တဲ့ ကို​ကျော်ဆန်းဦးရဲ့ ဖခင် ဦးဥာဏ်ထွန်း အပါအဝင် အကျဥ်းသား ၁၄၀၀ နီးပါး အိုးဘို​ထောင်ကလွတ်

မန္တ​လေး -မတ်လ ၂ – ၂၀၂၆ VOM အစိုးရရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်ဒဏ်ကျခံနေသူတွေကို အကျဥ်းထောင်တွေကနေ လွှတ်ပေးနေတာမှာ မန္တ​လေးတိုင်းအတွင်း အိုးဘို၊ မြင်းခြံ၊​ ညောင်ဦး၊ရမည်းသင်း၊ မိတ္ထိလာ​ထောင်​တွေက​နေ ဒီက​နေ့မှာ အကျဥ်းသား ၃၄၁၉ ​ယောက် လွတ်​မြောက်ခဲ့ပါတယ်။ ဒီထဲကမှ မန္တ​လေး အိုး​ဘို​ထောင်မှာ ​ထောင်နှစ်ရှည်ကျခံ​နေရတဲ့ ဦးစ​​န္ဒေါဘာသ​ခေါ် ဦးဥာဏ်ထွန်း အပါအဝင် အကျဥ်းသား ၁၀၆၅၊ အကျဥ်းသူ ၃၃​ယောက် စုစု​ပေါင်း ၁၃၉၈ ​ယောက်လွတ်​မြောက်ပါတယ်။ ဦးဥာဏ်ထွန်းဟာ ပြင်ဦးလွင်မြို့နယ် ပြင်စာရွာ ဝေဇယန္တာ​ကျောင်းမှာ သီတင်းသုံးစဥ် သားဖြစ်သူ တောတွင်း PDF ​ခေါင်း​ဆောင်တ​ယောက်ဖြစ်တဲ့ ကို​ကျော်ဆန်းဦးကို ​ကျောင်းမှာ ပုန်းခိုခွင့်​ပေးတဲ့အတွက် ​ထောင်နှစ်ရှည်ချခံခဲ့ရာက ခုလို လွတ်ငြိမ်းသက်သာခွင့်နဲဲ့ လွတ်​မြောက်လာတာဖြစ်ပါတယ်။…

Read More

ပင်လည်ဘူးမြို့နယ် လိပ္ပုတ်ရွာမှာ လေ​ကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ယောက်သေ၊ ၁၀​ယောက်ထက်မနည်းဒဏ်ရာရ

မတ် ၂ ၊ ၂၀၂၆ CC (VOM) စစ်ကိုင်းတိုင်း ၊ ပင်လည်ဘူးမြို့နယ် ၊ လိပ္ပုတ်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၁၀ ယောက်သေဆုံးကာ နောက်ထပ်လည်း ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ မနေ့က မတ် ၁ ရက်နေ့ ည ၁၁ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ ဒုတိယ အကြိမ်တိုက်ခိုက်မှုမှာ သေဆုံးမှုနဲ့ ထိခိုက်မှု များပြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ရွာအပြင်ကတောစပ်ထဲကို ‌အစုလိုက် အပြုံလိုက်ထွက်ပြေးနေချိန်မှာ ဒုတိယတကြိမ် ကြဲချတော့ တော်တော်များများ ထိသွားကြတယ်။ ခေါင်းပြတ်တဲ့သူက သုံးယောက်၊ ခါးတွေလည်းပြတ်တယ်။ ရုပ်ပျက်ဆင်းပျက်တွေဖြစ်ကုန်ကြတာ ။ ဒဏ်ရာ ရတဲ့သူတွေလည်းအများကြီးပဲ ။ဒဏ်ရာရတာက ၁၀ ယောက်တော့ မကဘူး ။ သေချာတော့ မရေလိုက်ရဘူး…

Read More

လွတ်ငြိမ်းသက်သာနဲ့ ပြန်လွတ်​သူ​တွေထဲ အဂတိပုဒ်မ​တွေပါ​ပေမယ့် အလားတူပုဒ်မနဲ့​ထောင်ချခံရသူ​​တွေကျန်​နေ​သေး

မတ် ၃ – ၂၀၂၆ SS (VOM) မနေ့ မတ်လ ၂ ရက်မှာ သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီး အကျဉ်းသားတွေကို အစိုးရက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနေတာမှာ လူသိများတဲ့ထဲက NLD အစိုးရလက်ထက်က ဝန်ကြီးဦးမင်းသူ၊ ဒေါက်တာမျိုးအောင်နဲ့ ဒေါ်မိုးမိုးစုကြည် အပါအဝင် နှစ်ရှည်အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ပါတီနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ တပေါင်းလပြည့်နေ့နဲ့ မနေ့ မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ (ည) နဲ့ ပုဒ်မ ၅၂ (က) အရ ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၇၃၃၇ ယောက်ကို လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။…

Read More

အီရန်အ​ရေး ပြည်သူ​တွေအာဏာယူဖို့ ထရန့်တိုက်တွန်း

မတ် ၁-၂၀၂၆ VOM အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှု အတွင်း အီရန်​ရဲ့ ထိပ်သီးအကြီးအကဲ ခါမေနီ သေဆုံးသွားပြီးနောက် အီရန်နိုင်ငံသားတွေအနေနဲ့ အစိုးရအာဏာကို ပြန်လည်ရယူဖို့ ​အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရန့်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အခုအချိန်ဟာ အီရန်နိုင်ငံသားတွေအတွက် ပြည်သူ့အစိုးရအဖြစ်ပြန်လည်ရယူဖို့ အခွင့်ကောင်းတရပ်ဖြစ်တယ်လို့ သမ္မတ ထရန့်က ဆိုပါတယ်။ တီဟီရန် မြို့လယ်က အီရန်ခေါင်းဆောင် အရာတိုလာ အလီ ခါမေနီ ရဲ့ နေအိမ်ပေါ် တိုက်ရိုက် ပစ်မှတ်ထား ပစ်ခတ်ခဲ့တဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သူ သေဆုံးသွားခဲ့တာ ဟုတ်မှန်တယ်လို့ အီရန်အစိုးရသတင်းတွေက အတည်ပြုခဲ့ပါတယ်။ အီရန်အစိုးရသတင်းတွေမှာ ခါမေနီဟာ သူ့ရဲ့ ရုံးခန်းထဲမှာ သေဆုံးနေတာဖြစ်တယ်၊ သူဟာ သေဆုံးချိန်ထိ အီရန်ပြည်သူတွေအတွက် ရုံးခန်းထဲမှာ အလုပ်လုပ်နေဆဲဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ ခါမေနီနဲ့အတူ သူ့ရဲ့ သမီး​၊ သားမက်၊ မြေးနဲ့ ချွေးမဖြစ်သူတို့လည်း သေဆုံးခဲ့တယ်လို့…

Read More

အရှေ့အလယ်ပိုင်းဒေသမှာ ရောက်နေတဲ့ မြန်မာလုပ်သားတွေ စစ်ရေးသတင်းနားစွင့်ပြီး အသင့်ပြင်ထားဖို့ သံရုံးကသတိပေးချက်တွေ ထုတ်နေ

မတ် ၁ ၊ ၂၀၂၆ GG (VOM) အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒူဘိုင်းအပါအဝင် အဲဒီဒေသမှာရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေကို လိုက်နာရမယ့် သတိပေးချက်တွေ မြန်မာသံရုံးတွေက ထုတ်ပြန်ပေးနေသလို မြန်မာလုပ်သားတွေအနေနဲ့လည်း အရေးပေါ်အခြေအနေဖြစ်လာပါက တိမ်းရှောင်ဖို့ အသင့်ပြင်ထားရမယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ပြီး အီရန်ကို အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အီရန်ကလည်း ဒူဘိုင်း ၊ အဘူဒါဘီ ၊ ကူဝိတ်၊ ဘာရိန်း၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ နဲ့ ကာတာတို့ကို ဒုံးကျည်တွေနဲ့ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ အရေးပေါ် သတိပေးချက်ကို လိုက်နာပြီး ထုတ်ပြန်ချက်အတိုင်းလိုက်နာနိုင်ရန် အဆင်သင့်ပြင်ထားဖို့ ၊ သက်ဆိုင်ရာအစိုးရနဲ့မြန်မာ သံရုံးထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖို့ ၊ အလုပ်ကညွှန်ကြားတဲ့ အရေးပေါ်လုံခြုံရေးဆိုင်ရာအချက်အလက်တွေကို လိုက်နာဖို့…

Read More

ပုလဲမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ပြင်းထန်လာ

မတ် ၁ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပုလဲနယ်၊ ချင်ပြစ်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အစိုးရတပ်ဟာ မနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ မနက်ပိုင်းက အနီးဝန်းကျင်ရှိ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာချိန် မုံသွင်ရွာအနီးအရောက် ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ကြားဖြတ် တိုက်ခိုက်မှုကြောင့် တိုက်ပွဲစတင် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “တိုက်ပွဲက မုံသွင်ရွာရဲ့အနောက်တောင်ဘက်မှာရှိတဲ့ ဘုရားကုန်းနားမှာ စဖြစ်တာ။ မနက် ၁၀ နာရီကျော်လောက်မှာပေါ့။ တိုက်ပွဲဖြစ်ပြီး မကြာဘူး လေကြောင်းပစ်ကူတွေ ရောက်လာတယ်။ အဲဒီတိုက်ပွဲမှာ အစိုးတပ်ဘက်က လေကြောင်း နှစ်ကြိမ် ပစ်ကူပေးခဲ့တာရှိတယ်။ တိုက်ပွဲဖြစ်ချိန် တနာရီလောက် ကြာခဲ့တယ်” လို့…

Read More

မင်းတုန်းမြို့အနောက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၂၅ ယောက်သေဆုံး ၊၂၀ လောက်ဒဏ်ရာရ

မတ် ၁ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း ၊ မင်းတုန်းမြို့နယ် အနောက်ခြမ်းက ပြောင်းကျေးရွာအနီးမှာ ဒီကနေ့ မတ်လ ၁ ရက်၊ မနက် ၁၁ နာရီ ခွဲလောက်က လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြောင်းကျေးရွာအနီးက ကုန်ကားတွေရပ်နားတဲ့ နေရာကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီးလူသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူ ၂၀ လောက်ရှိခဲ့သလို ကုန်တင်ကား ရှစ်စီးလောက်လည်း မီးလောင်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ ” သိရသလောက်တော့ မင်းတုန်း နဲ့ ရခိုင်လမ်းပေါ်မှာ ဖြစ်တာလို့သိရတယ်။ သေဆုံးတာများသလို ဒဏ်ရာရလည်းများတယ်။ ခုသိရသလောက် ၂၅ ယောက်သေတယ်သိရတယ်။ ကားတွေက ဖောကားတွေပါ ။တော်တော်မီးလောင် ပျက်စီးကုန်တယ်။ ကားတွေ ရပ်ထားတဲ့အချိန် ဗုံးကြဲခံရတာဆိုတော့ ထိခိုက်ပျက်စီး များသလို သေဆုံးလည်းများသွားတာပေါ့။ ”…

Read More

အမရပူရက အစ္စလာမ်ဘာသာဝင်​​တွေရဲ့ ရာမ္မဇန် ဝါဖြေပွဲ

မန္တလေး၊ မတ်- ၁- ၂၀၂၆ SA(VOM) အီရန် နဲ့ အစ္စရေး စစ်ပွဲမှာ အီရန်ခေါင်းဆောင် ခါမေနာအီ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ အတွက် ဝမ်းနည်းကြောင်းကို အစ္စလာမ် ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဃရာနာ (K.A.F.T.G)မိသားစု ခလီဖွာဦးသိန်းဝင်းအောင် က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုမှာ ကျင်းပခဲ့တဲ့ ရာမ္မဇန် ဝါဖြေပွဲမှာ ပြောကြားခဲ့ပါတယ်။ ရာမ္မဇန် ဝါဖြေပွဲမှာ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုး သမီး စုစုပေါင်း တထောင်ဝန်းကျင် တက်ရောက်ခဲ့ပြီး ဝါဖြေအစားအစာတွေနဲ့ တည်ခင်းဧည့်ခံ ခဲ့ပါတယ်။ မြန်မာရှီအာဟ်မွတ်စလင်မ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ် ကလည်း အီရန်ခေါင်းဆောင် သေဆုံးမှုအပေါ် ” ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါလ(၂၈)ရက် ဟီဂျရီ၁၄၄၇ ရမဒွါန်လမြတ်(၉)ရက် နံနက်စောပိုင်းအချိန်တွင် အလွန်တရာမှပင် ရက်စက်ကြမ်းကြုတ်သူတို့၏ ဗုံးကျဲတိုက်ခိုက်မှု၌ ခေတ်ကာလ အေမာမ် (အ.ဂျ) ၏ကိုယ်စားလှယ်၊ ကမ္ဘာ့…

Read More

လုံခြုံ​ရေးတာဝန်ယူရတဲ့ ဝန်ထမ်း​​​တွေလို အရပ်ဖက်ဝန်ထမ်း​တွေကလည်း လစာတိုးဖို့​မျှော်လင့်

မတ် ၁ ၊ ၂၀၂၆ CC (VOM) တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ထမ်းဆောင်မှုကာလအလိုက် သတ်မှတ်ပြီး. တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးအဖြစ် လစဥ် ကျပ် ၃၀၀၀၀ မှ တသိန်းအထိ ပေးအပ် ချီးမြှင့် သွားမယ်လို့ ထုတ်ပြန်အသိ​ပေးထားပါတယ် ။ တပ်မတော်သား နဲ့ ရဲတပ်ဖွဲ့ဝင်နည်းတူ အရပ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်းတွေကလည်း အခက်အခဲတွေကြားမှာ ကျရာတာဝန်ကို ထမ်းဆောင်နေကြရတဲ့အတွက် စီးပွားရေးလုပ်ဖို့လည်း အဆင်မပြေတာကြောင့် လစာတိုမြှင့်ပေးဖို့ မျှော်လင်နေကြတယ်လို့ သိရပါတယ် ။ ” ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေလည်း အခုကာလက အသက်နဲ့ရင်းပြီး လုပ်နေရတာပါ ။ ရွာသားတွေနဲ့လည်း အဆင်ပြေအောင်နေရတယ်။ ကိုယ့်နယ်ထဲက အုပ်ကြီးတွေသတ်ခံရတာကြားရင် ကြောက်မိတာပေါ့ ။ အဲဒီလိုအကြောက်တရားတွေကြားထဲကနေ တာဝန်ကိုထမ်းဆောင်နေရတာ ။ ရွာတရွာမှာ အုပ်ချုပ်ရေးမှူးမရှိလို့မှ အဆင်ပြေတာ ။ ဖြစ်နိုင်ရင် လစာတိုးပေးစေချင်တာပေါ့ ။ အုပ်ချုပ်ရေးတာဝန်ယူထားတော့ အိမ်စီးပွားရေးအလုပ်က…

Read More