ဒေလီဝန်ကြီးချုပ် အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရ

ဒေလီ၊ မတ်-၂၂-၂၀၂၄ မျိုးဆက်(VOM) ထင်ရှားတဲ့ အိန္ဒိယအတိုက်အခံနိုင်ငံရေးသမားနဲ့ ဒေလီဝန်ကြီးချုပ်ဖြစ်သူ အာဗင်ကာဂျ်ရီဝယ်လ်ကို အိန္ဒိယ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သူ့ရဲ့ အေအေပီပါတီက ပြောပါတယ်။ မစ္စတာကာဂျ်ရီဝယ်လ်နဲ့ အေအေပီပါတီတို့ကတော့ ဘာအမှားမှကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ဒါဟာ နိုင်ငံရေးအရ ခြေထိုးမှုဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။ ဖမ်းဆီးမှုဟာ မြို့တော်ဒေလီမှာ အရက်ရောင်းချမှုမူဝါနဲ့ ပတ်သက်နေပြီး အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ဆက်စပ်နေကာ အထွေထွေရွေးကောက်ပွဲ မကျင်းပမီ ရက်သတ္တပတ်အနည်းငယ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ သူ့ရဲ့နေအိမ်ကို မတ် ၂၁ ရက်က ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစိုးရရဲ့ လက်ဝါးကြီးအုပ်မှုကို အဆုံးသတ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဒေလီအစိုးရက အကောင်အထည်ဖော်ခဲ့တဲ့ အရက်ရောင်းချမှု မူဝါဒဟာ ပုဂ္ဂလိက ရောင်းချသူတွေကို မလျော်ကန် အခွင့်ကောင်းတွေ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဖမ်းဆီးမှုဟာ အာဏာရ ဘီဂျေပီပါတီရဲ့ မရိုးဖြောင့်တဲ့ နိုင်ငံရေးကစားကွက်ဖြစ်ပြီး…

Read More

ဓါတ်ပုံလှလှ ရိုက်လို့ရမယ့် မန္တလေးက စန္ဒာမုနိဘုရား

  ” အေးအောင်ရေသွင်း ၊ ဘိုးတော်မင်း ၊ တည်ရင်းစန္ဒာ မုနိမဟာ ” မန္တလေး၊ မတ်- ၂၂- ၂၀၂၄ SA(VOM) မဟာစန္ဒာမုနိဘုရား ဟာဆိုရင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အစွန် အမရပူရမြို့နယ်အဝင်ဆိုင်းဘုတ်အနီး စစ်ကိုင်း – မန္တလေးလမ်းရဲ့ အရှေ့ဘက်အခြမ်းမှာတည်ရှိတာဖြစ်ပါတယ်။ မဟာစန္ဒမုနိစေတီတော်ကို ဘိုးတော်ဘုရားက အမရပူရမြို့တည်ပြီး ၂ နှစ်အကြာ ၁၇၈၄ ခုနှစ်မှာတည်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ လက်ရှိမှာတော့ ဘိုတော်ဘုရားတည်ထားခဲ့တဲ့ မဟာစန္ဒာမုနိစေတီတော်ကို ထုံးသင်္ဃန်းကပ်ထားတဲ့ သီတာခုနှစ်သွယ် ဖိနပ်တော်ငါးဆင့်အပေါ်မှာ ရွှေသင်္ဃန်းကပ်လှူပူဇော်ထားတဲ့ စေတီတော်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မဟာစန္ဒာမုနိလို့ ဆိုလိုက်တာနဲ့ မန္တလေးနဲ့ မစိမ်းတဲ့သူတွေကတော့ လှေကားအဆင့်ဆင့် ပါတဲ့ မဟာမင်္ဂလာကန်တော်နဲ့ တွဲမြင်ရမှာဖြစ်ပါတယ်။ မဟာစန္ဒာမုနိစေတီတော် ပရဝဏ်အတွင်းမှာတော့ လေ့လာစရာ အဓိကနေရာကြီးသုံးခုရှိပါတယ်။ မဟာစန္ဒာမုနိစေတီတော်၊ မဟာကန်တော်မင်္ဂလာ နဲ့ ရဟန္တာရှစ်ဆယ်ဂူတို့ပဲ ဖြစ်ပါတယ်။ မဟာစန္ဒာမုနိစေတီတော်ကို အပြင်တံတိုင်းနဲ့…

Read More

ဈေးကွက် လက်ဝါးကြီးအုပ်ဖို့ကြိုးစားတယ်ဆိုကာ Apple ကုမ္ပဏီကို အမေရိကန်အစိုးရ တရားစွဲ

ဝါရှင်တန်၊ မတ်-၂၂-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်အခြေစိုက် Apple ကုမ္ပဏီဟာ စမတ်ဖုန်းဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီး ပြိုင်ဘက်တွေကို အသာစီးရယူဖို့ ကြိုးပမ်းတယ်ဆိုကာ အမေရိကန် အစိုးရက Apple ကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။ Apple ဟာ သုံးစွဲသူနဲ့ အက်ပလီကေးရှင်းဖန်တီးသူတွေကို ထိန်းချုပ်ဖို့ အတွက် အက်ပဲအက်ပလီကေးရှင်းစတိုးကို အလွဲသုံးစားပြုနေတယ်လို့ အမေရိကန် တရားရေးဌာနက စွပ်စွဲထားပါတယ်။ Apple ကုမ္ပဏီဟာ ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ရတဲ့ အက်ပလီကေးရှင်းတွေကို တားဆီးဖို့နဲ့ ပြိုင်ဘက်တွေရဲ့ ထုတ်ကုန်တွေကို ဆွဲဆောင်မှုနည်းပါးစေဖို့ တရားမဝင်လုပ်ဆောင်မှုများရှိနေတယ်လို့ စာမျက်နှာ ၈၀ ကျော်ပါဝင်တဲ့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။ Apple ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး တရားစွဲဆိုမှုကို အကောင်ဆုံးရင်ဆိုင်မယ်လို့ ပြောပါတယ်။ တရားစွဲမှုက အမှန်တရားနဲ့ ဥပဒေအရ မှားယွင်းနေတယ်လို့ ယုံကြည်တာကြောင့် ပြင်းပြင်းထန်ထန် ခုခံကာကွယ်သွားမယ်လို့ Apple က ထုတ်ပြန်ထားပါတယ်။ ဒါဟာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂၂ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၁၀ ကျပ် ဝယ်ဈေး – ၃၆၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၆၀ ကျပ် ဝယ်ဈေး – ၂၇၁၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၂၆ ကျပ် ဝယ်ဈေး – ၄၀၄၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၀၉ ကျပ် ဝယ်ဈေး – ၁၀၁.၀၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၇ ကျပ် ဝယ်ဈေး – ၇၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၅ ကျပ် ဝယ်ဈေး – ၄၉၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၂၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၈၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၀၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြဝတီ တောထဲလမ်းတွေ ပိတ်တော့မယ်လို့ သတင်းတွေထွက်လာပေါ်ပြီးနောက် ခရီးသည်တယောက် ကားခ နှစ်သိန်းခွဲဖြစ်နေ

မတ် ၊ ၂၂ ၊ ၂၀၂၄ TT (VOM) ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့ကို သွားလာနေတဲ့ တောထဲကားလမ်းတွေဟာ လာမယ့် မတ် ၂၅ ရက်စလို့ သင်္ကြန်ပြီးသည်အထိ ပိတ်ထားမှာဖြစ်တာကြောင့် အခုရက်ပိုင်းအတွင်း မြဝတီကို ခရီးသွားတွေ များပြားလာပြီး ကားခစျေးနူန်းတွေလည်း သိန်းချီတက်သွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ပဲခူး ( ဘုရားကြီး) နဲ့ မြဝတီပြေးဆွဲနေတဲ့ ကားသမားတယောက်က ” မြဝတီကို ဘားအံတောလမ်းနဲ့ မော်လမြိုင် တောလမ်းကနေ တက် (သွား) တယ် ၊ အဲဒီ တောလမ်းတွေက ၊ ကားလေးပဲသွားလို့ရတယ် ၊ တိုက်ပွဲအခြေအနေကြည့်ပြီးသွားရတာ ဖြစ်တယ် ၊ ရန်ကုန်ကနေ မြဝတီကိုတက်မယ့် ခရီးသည်အများစု ပဲခူး ဘုရားကြီးကနေ စောင့်တာများတယ် ၊ လာမယ့် မတ် ၂၅ ရက်စလို့ သင်္ကြန်ပြီးသည်အထိ…

Read More

အာဖဂန်တောင်ပိုင်းမှာ အိုင်အက်စ်တို့ရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှု ၂၁ ယောက်သေပြီး ၅၀ ကျော်ဒဏ်ရာရ

ကဘူးလ်၊ မတ်-၂၂-၂၀၂၄ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နို်ငငံတောင်ပိုင်း ကန်ဒါဟာမြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၁ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ ကန်ဒါဟာမြို့လယ်ရှိ ဘဏ်တခုမှာ အသေခံဗုံးခွဲခိုက်ခဲ့တာဖြစ်ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ တိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်လို့ အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ထားပြီး တိုက်ခိုက်မှုဟာ တာလီဘန်တွေကို ပစ်မှတ်ထားတာလို့ ပြောပါတယ်။ တာလီဘန် ၁၅၀ လောက်ရှိတဲ့ လူအုပ်ထဲကို အသေခံဗုံးခွဲခဲ့တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် လက်ရှိချိန်ထိ လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ အာဖဂန်ကို တာလီဘန်တို့က ၂၀၂၁ ခုနှစ် ပြန်လည်ထိန်းချုပ်ပြီးနောက် လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်ခဲ့ပေမယ့် နှစ်စဉ် ဗုံးပေါက်ကွဲမှုနဲ့ အသေခံတိုက်ခိုက်မှု ဒါဇင်များစွာ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ တိုက်ခိုက်မှုအများအပြားဟာ အာဖဂန်ရှိ ဟာဇာရာမျိုးနွယ်စုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး တာလီဘန်တို့ရဲ့…

Read More

မဏိပူရ်ပြည်နယ်မှာ မြန်မာစစ်ရှောင်စခန်းက ကျောင်းသား လေးယောက် ရေနစ်သေဆုံး

မတ် ၊ ၂၂ ၊ ၂၀၂၄ SP ( VOM) အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ ချာချန်ပူရ် ( Churchandpur) ခရိုင် ၊ ချာချန်ပူရ်မြို့ ၊ ကာနန် (Canaan) ရပ်ကွက်မှာရှိတဲ့ ECA မြန်မာစစ်ရှောင် စခန်းမှာနေထိုင်တဲ့ ကလေးငယ် လေးယောက်ဟာ သုံးရက်ကြာ ပျောက်ဆုံးနေပြီးနောက် မနေ့က ရေနစ်သေဆုံးနေတာကို ပြန်လည်တွေ့ရတယ်လို့ မဏိပူရ်ပြည်နယ်သတင်းဌာနတွေက ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မိုးရေးမြို့မှာနေတဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးဂျမားက ” ချာချန်ပူရ်မြို့က ECA မြန်မာ စစ်ရှောင်စခန်းမှာနေတဲ့ ကလေး လေးယောက်ဟာ ပြီးခဲ့တဲ့ မတ် ၁၉ ရက် ညနေပိုင်း ကစလို့ ပျောက်သွားတယ် ၊ အဲ့ဒီ ကလေး လေးယောက်စလုံးက ကျောင်းတက်နေတဲ့…

Read More

This Day in History

Voice of Myanmar အရှေ့အလယ်ပိုင်းရှိ အာရပ်နိုင်ငံများ၏ ဒေသဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်သည့် အာရပ်အဖွဲ့ချုပ်ကို အီဂျစ်၊ ဆီးရီးယား ၊ လက်ဘနွန်၊ အီရတ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျနှင့် ယီမင်တို့က ၁၉၄၅ ခုနှစ် မတ် ၂၂ ရက်တွင် တည်ထောင်ဖွဲ့စည်းခဲ့သည်။

Read More

ကောလင်းနယ်မှာ တိုက်ပွဲရှောင်ရတာ ရက်ကြာလာလို့ စားဝတ်နေရေး ခက်ခဲလာ

မတ် ၊ ၂၂ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်စပြီး ဒီကနေ့အထိ တိုက်ပွဲရှောင်နေရတဲ့ စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ်က ဒေသခံတွေဟာ တိုက်ပွဲရှောင်ရတဲ့ရက် ရှည်ကြာလာတာနဲ့အမျှ စားဝတ်နေရေးတွေခက်ခဲလာတဲ့အပြင် ကျန်းမာရေးအတွက်ပါ ထိခိုက်လာနေတာကြောင့် ကူညီပေးမှုတွေပေးဖို့ လိုအပ်လာနေတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။ ေဒသခံ ပရဟိတ သမားတယောက်က ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကစလို့ ကောလင်းဒေသခံတွေ တိုက်ပွဲရှောင်ဖို့ ထွက်ပြေးနေရတယ် ၊ ဖေဖော်ဝါရီ ၇ ရက်ကနေ ၂၀ ရက်ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ် ၊ အဲ့ဒီနောက် ဖေဖော်ဝါရီ ၂၀ နောက်ပိုင်း ကောလင်းမှာ အခြေပြုတဲ့ စစ်ကြောင်းတွေက ယာယီတိုက်ပွဲရှောင်တွေ နေရပ်ပြန်လာကြဖို့ အသံချဲ့စက်တွေနဲ့ အသိပေးတယ် ၊ အဲ့ဒီလို ပြန်လာမယ့်…

Read More