Voice of Myanmar အာကာသအတွင်း၌ ကမ္ဘာ့ပထမဆုံး အာကာသစခန်းအဖြစ် ကာလကြာရှည်တည်ရှိခဲ့သော ရုရှား၏ မီယာအာကာသ သုတေသန စခန်းသည် ၁၅ နှစ်အကြာ တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၁ ခုနှစ် မတ် ၂၃ ရက်တွင် တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ကျရောက်ပြီးနောက် တာဝန်များအဆုံးသတ်ခဲ့သည်။
Read Moreကျိုက်ထိုမြို့က ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီရဲ့ လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ယှဥ်ပြိုင်ဘူးသူ ပစ်သတ်ခံရ
မတ် ၂၃ ၊ ၂၀၂၄ TT (VOM) မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့ ၊ ဘူတာလမ်းမှာနေထိုင်တဲ့ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သူကို မနေ့ မတ် ၂၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ဒေသတွင်းလက်နက်ကိုင်း PDF အဖွဲ့တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ (၂၀၂၀ ရွေးကောက်ပွဲ) လွတ်တော်ကိုယ်စားလှယ် ဟောင်း ဖြစ်သူ ဦးနေမင်းကြည် ၅၂ နှစ် ဆိုသူ ပစ်သတ်ခံရတာဖြစ်တယ်၊ မနေ့မနက်ပိုင်းက ဦးနေမင်းကြည်ဖွင့်ထားတဲ့ ကွတ်တီယိုဆိုင်ထဲကို အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့ လာရောက်ပြီး ဆိုင်ရှင် ဦးနေမင်းကြည်နဲ့ ဆိုင်အကူ မဥမ္မာထွေးဆိုသူနှစ်ယောက်ကို ပစ်သတ်သွားတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ…
Read Moreရေကို ငွေလိုသုံးပါ
မတ် ၂၂ – ၂၀၂၄ SN (VOM) ရေသယံဇာတဟာ သက်ရှိအားလုံးအတွက် အခြေခံအကျဆုံး လိုအပ်တဲ့ သဘာဝအရင်းအမြစ်ဖြစ်ပါတယ်။ လူသားတို့အတွက် စားရေရိက္ခာ၊ သောက်သုံးရေနဲ့ ဇီဝမျိုးစုံမျိုးကွဲအားလုံး အပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုတဲ့ သက်ရှိသတ္တဝါတို့အတွက် ရေလုံလောက်စွာရရှိရေးဟာ အရေးကြီးလှပါတယ်။ ‘ရေ’ ဆိုတာဟာ လူသားအားလုံးအတွက် မရှိမဖြစ် အရေးအကြီးဆုံးပါ။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းထဲ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ရာမှာလည်း ရေက အဓိက အရေးပါပါတယ်။ ဒါ့ကြောင့် ရေရှားပါးလာမှု၊ ရေထုညစ်ညမ်းမှု၊ သောက်သုံးရေချို လျော့နည်းလာမှု စတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစီအစဉ်အရ ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံမှာ ပထမဆုံး အဆိုပြုခဲ့ပြီး နှစ်စဉ် မတ်လ ၂၂ ရက်နေ့ကို “ကမ္ဘာ့ရေနေ့” (World Water…
Read Moreတရုတ်နိုင်ငံရဲ့ နယ်စပ်အလုပ်သမား မူဝါဒသစ်အရ လုပ်ငန်းရှင်ရော မြန်မာအလုပ်သမားတွေပါ အခက်တွေ့
မတ် ၂၂၊ ၂၀၂၄ Shy V တရုတ် – မြန်မာ နယ်စပ်မှာ တရုတ် လုပ်ငန်းရှင်တွေနဲ့ မြန်မာ လုပ်သားတွေ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဖြစ်နေပေမယ့် တရုတ်နိုင်ငံရဲ့ ဥပဒေအရ တပတ်ကဒ်နဲ့ အလုပ်လုပ်ခွင့်မရှိကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ “အလုပ်ရှင် အလုပ်သမား အခြေအနေကတော့ မြန်မာလုပ်သားတွေ မရှိရင်လည်း ဒီ တရုတ်လုပ်ငန်းရှင်တွေ အဆင်မပြေ သလို မြန်မာလုပ်သားတွေ အနေနဲ့လည်း တရုတ်လုပ်ငန်းတွေ မရှိဘူးဆိုရင် အဆင်မပြေပါဘူး။” လို့ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း (ရွှေလီ)က ဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။ အရင်ကတည်းက ရှိနေတဲ့ လူဟောင်းတွေ အခက်အခဲ ပြဿနာ မရှိပေမယ့် လက်ရှိမှာ မြန်မာလုပ်သား အသစ်တွေ အရမ်းများပြီး ဝင်လာတဲ့အချိန်မှာ လုပ်ငန်း ရှားပါးမှုတွေ ဖြစ်လာတဲ့အပြင် နေမှုထိုင်မှုတွေ စရိတ်စက…
Read Moreယနေ့ ရွှေဈေး (မတ် – ၂၂ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreရေကို ငွေလိုသုံးပါ
မတ် ၂၂ – ၂၀၂၄ SN (VOM) ရေသယံဇာတဟာ သက်ရှိအားလုံးအတွက် အခြေခံအကျဆုံး လိုအပ်တဲ့ သဘာဝအရင်းအမြစ်ဖြစ်ပါတယ်။ လူသားတို့အတွက်စားရေရိက္ခာ၊ သောက်သုံးရေနဲ့ ဇီဝမျိုးစုံမျိုးကွဲအားလုံး အပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုတဲ့ သက်ရှိသတ္တဝါတို့အတွက်ရေလုံလောက်စွာရရှိရေးဟာ အရေးကြီးလှပါတယ်။ ‘ရေ’ ဆိုတာဟာ လူသားအားလုံးအတွက် မရှိမဖြစ် အရေးအကြီးဆုံးပါ။ ဒါ့အပြင် လူမှုအသိုင်းအဝိုင်းထဲ ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဖြစ်ဖို့ရာမှာလည်း ရေက အဓိက အရေးပါပါတယ်။ ဒါ့ကြောင့် ရေရှားပါးလာမှု၊ ရေထုညစ်ညမ်းမှု၊ သောက်သုံးရေချို လျော့နည်းလာမှု စတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစီအစဉ်အရ ၁၉၉၂ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံမှာပထမဆုံး အဆိုပြုခဲ့ပြီး နှစ်စဉ် မတ်လ ၂၂ ရက်နေ့ကို “ကမ္ဘာ့ရေနေ့” (World Water Day) အဖြစ်သတ်မှတ်ခဲ့ကာ ပထမဆုံးသော“ကမ္ဘာ့ရေနေ့” ကို ၁၉၉၃…
Read Moreဝက်ကျောက်ကပ်ကို လူမှာ အစားထိုးကုသမှု အောင်မြင်ပြီ
ဝါရှင်တန် ၊ မတ်-၂၂-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ဘော်စတွန်က ခွဲစိတ်ဆရာဝန်တွေဟာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့ ကျောက်ကပ်ကို လူနာတယောက်အတွက် အောင်မြင်စွာခွဲစိတ်အစားထိုးနိုင်ခဲ့ပြီး လူနာဟာ အခြေအနေကောင်းမွန်နေတယ်လို့ ဆိုပါတယ်။ မက်ဆာချူးဆက် အထွေထွေဆေးရုံက ခွဲစိတ်ဆရာဝန်အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးသော ဝက်ကျောက်ကပ် အစားထိုးကုသမှုကို သက်ရှိလူနာတယောက်ကို အစားထိုးလဲလှယ်ပေးခဲ့တယ်လို့ မတ် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ခွဲစိတ်ဆရာဝန်တွေဟာ မတ် ၁၆ ရက်မှာ ကျောက်ကပ်ရောဂါခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသားကို ဝက်ကျောက်ကပ်အစားထိုးပေးခဲ့တာဖြစ်ပြီး လူနာဟာ ကျင်ငယ်စွန့်တာတွေ ပြုလုပ်နိုင်နေပြီး မကြာခင်မှာ ဆေးရုံက ဆင်းရတော့မယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ အောင်မြင်တဲ့ အစားထိုးခွဲစိတ်မှုဟာ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် ပိုမိုအလွယ်တကူရနိုင်တဲ့ ဝက်ကျောက်ကပ်တွေနဲ့ အစားထိုးကုသမှုအတွက် အဓိကသမိုင်းမှတ်တိုင်တခုဖြစ်ပါတယ်။ အမေရိကန်မှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်တွေကို လူသားတွေမှာအစားထိုးဖို့နည်းလမ်းတွေကို ယခင်ကတည်းက ရှာဖွေနေခဲ့ကြပါတယ်။၂၀၂၁ ခုနှစ်မှာလည်း…
Read Moreပဲခူးတိုင်းမှာ တပတ်အတွင်း အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၁၀ယောက် ပစ်သတ်ခံရ
ပဲခူး – မတ် ၂၂- ၂၀၂၄ GG (VOM) ပဲခူးတိုင်း အနောက်ပိုင်း ၊ပြည်မြို့၊သဲကုန်းမြို့နယ်မှာ မတ်လ ၂၁ ရက်နေ့က စစ်မှုထမ်းဖို့အတွက် လူစာရင်းကောက်ပြီးပြန်လာတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေး ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ပဲခူးတိုင်းမှာ မတ်လ ၁၄ ရက်နေ့ကနေ မတ်လ ၂၁ ရက်အထိ တပတ်အတွင်းမှာဆိုရင် အုပ်ချုပ်ရေးမှူး အပါအဝင် လူပေါင်း ၁၁ ယောက်ပစ်ခတ်ခံရပြီး ၁၀ ယောက်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရသူတွေကတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူး၊ ရပ်ကျေးစာရေး၊ ကျောင်းဆရာမ၊လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေ ၊နိုင်ငံရေး ပါတီဝင်၊ ဒေသခံ တွေဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က သဲကုန်းက အုပ်ချုပ်ရေးမှူးနဲ့ စာရေးအပစ်ခံရပြီး အုပ်ကြီးကသေသွားတယ်။စာရေးကလည်းဒဏ်ရာပြင်းတယ်ဆိုပြီးရန်ကုန်ဆေးရုံခေါ်သွားတယ်။ သူတို့ကိုတော့ စစ်မှုထမ်းဖို့ လူစုတယ်ဆိုပြီး လာပစ်သွားတာလို့တော့ ကနဦး သိရတယ် ၊စစ်မှုထမ်းလူစုလို့ဆိုပြီး ပစ်သတ်တာ…
Read Moreမန္တလေး ကုန်စည်ဒိုင် ၂၂-၃-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ
မန္တလေး- မတ်- ၂၂- ၃-၂၀၂၄ (VoiceOfMyanmar) ဂျုံစျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)- 60ပိဿာ(သစ်) 160000/ 165000 ဂျုံ(မုံရွာ/ ဘုတလင်)-60ပိဿာ-(သစ်) 160000/ 165000 ဂျုံ – ( စစ်ကိုင်း/ဆားတောင်/ရွှေဘို) -60 ပိဿာ-(သစ်) -160000/ 165000 ဂျုံ – (မြင်းမူ/ မြောင်)-60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ကလေး) 60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ရှမ်း)-60 ပိဿာ-(သစ်)- 150000/ 152000 ဂျုံ – (အထွက်တိုး)-60 ပိဿာ-(သစ်) – 145000 ဂျုံ – ပန်ဆိုင်း(ကြူကုတ် – (60 ပိဿာ)- 155000/ 160000/…
Read Moreဘရာဇီး လက်ရွေးစင်ဘောလုံးသမားဟောင်း ရော်ဘင်ဟို မုဒိမ်းမှုကြောင့် ထောင်ကိုးနှစ်ကျ
ဘရာဆီးလီးယား၊ မတ်-၂၂-၂၀၂၄ မျိုးဆက်(VOM) ဘရာဇီးလက်ရွေးစင် ဘောလုံးကစားသမားဟောင်း ရော်ဘင်ဟိုဟာ မုဒိမ်းမှုအတွက် ထောင်ကိုးနှစ်ကျခံဖို့ အတွက် ဘရာဇီးမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်က အီတလီနိုင်ငံ မီလန်မြို့ရှိ နိုက်ကလပ်တခုမှာ အယ်လ်ဘေးနီးယား အမျိုးသမီးတယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှာ ပါဝင်ခဲ့တဲ့အတွက် အီတလီတရားရုံးက လွန်ခဲ့တဲ့နှစ်နှစ်က ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အမိန့်ချခဲ့တာဖြစ်ပါတယ်။ အသက် ၄၀ အရွယ် ရော်ဘီဟိုဟာ ဆန်းတို့စ်ရှိ သူရဲ့ နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ အီတလီအစိုးရဟာ သူ့ကိုလွှဲပြောင်းပေးဖို့ ကြိုးပမ်းမှုမအောင်မြင်ပြီးနောက် ဘရာဇီးမှာ ပြစ်ဒဏ်ချဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ ဘရာဇီးတရားရုံးဟာ ဒီကိစ္စအပေါ် ထောက်ခံခဲ့ပြီး နေအိမ်အကျယ်ချုပ်အစား ထောင်ဒဏ်ကျခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကာ ချမ်းသာမှုနဲ့ ကျော်ကြားမှုတွေကြောင့် တရားစီရင်ရေးကို ရှောင်လွှဲဖို့လုပ်ဆောင်နေတာကို ပြတ်ပြတ်သားသာ အရေးယူခဲ့တာကြောင့် ဘရာဇီးသတင်းဌာနတွေက ချီးကျုးရေးသားထားပါတယ်။ နိုင်ငံတကာ ပွဲပေါင်း ၁၀၀ ကျော်ကစားပေးခဲ့တဲ့ ဘရာဇီးလက်ရွေးစင်ဟောင်း…
Read More