ဟောင်ကောင်၊ မတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) ဟောင်ကောင်မှာ တင်းကြပ်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကြမ်းကို ဟောင်ကောင်ဥပဒေပြုကောင်စီက တညီတညွတ်တည်း အတည်ပြုလိုက်သည်။ ဥပဒေသစ်ဟာ ၂၀၂၀ ခုနှစ်မှာ စတင်သက်ဝင်ခဲ့တဲ့ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို ချဲ့ထွင်ထားပြီး နိုင်ငံတော်လျှို့ဝှက်ချက် ခိုးယူတာ၊ သူလျှိုလုပ်တာနဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုအပါအဝင် အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတာတွေကို ကျူးလွန်ရင် ထောင်ဒဏ်တသက်တကျွန်းထိ ချမှတ်နိင်ပါတယ်။ ဥပဒေသစ်ပြဌာန်းနိုင်မှုဟာ သမိုင်းဝင်အခိုက်အတန့်ဖြစ်ပြီး အမျိုးသားလုံခြုံရေးကို အကာကွယ်ပေးထားတဲ့ ဥပဒေဟာ လာမယ့် မတ် ၂၃ ရက်မှာ စတင်သက်ဝင်မှာဖြစ်တယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ဂျွန်လီက ပြောပါတယ်။ ဥပဒေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဟာ လွန်စွာကျယ်ပြန့်ပြီး စီးပွားရေး၊ သတင်းမီဒီယာနဲ့ အခြားနယ်ပယ်တွေအပေါ် သက်ရောက်လာမှာတွေကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဟောင်ကောင်အစိုးရဟာ ဥပဒေကို မတ် ၈ ရက်မှာတင်သွင်းခဲ့ပြီး ၁၁ ရက်အကြာမှာ အခုလို အတည်ပြုခဲ့တာဖြစ်ကာ ဟောင်ကောင်ပြည်သူတွေအပေါ် ပိုမိုတင်းကြပ်တဲ့ထိန်းချုပ်မှုတွေလုပ်ဖို့ အစိုးရကို ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။…
Read MoreThis Day in History
Voice of Myanmar AZT (azidothymidine) ဆေးသည် အေအိုင်ဒီအက်စ်ရောဂါကို ကုသရန်အတွက် အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနက ၁၉၈၇ ခုနှစ် မတ် ၂၀ ရက်တွင် ခွင့်ပြုချက်ပေးခဲ့သည့် ပထမဆုံးသော အေအိုင်ဒီအက်စ် ကုသဆေးဝါးဖြစ်သည်။
Read Moreသာသနာလိုင်စင်နံပါတ်ပြားတပ်ကားတွေနဲ့ ယာဥ်မတော်တဆမှု
မတ် ၊ ၂၀ ၊ ၂၀၂၄ SP ( VOM) ဒီရက်ပိုင်းအတွင်း နိုင်ငံတဝှမ်းမှာ ယာဥ်မတော်တဆမှုဖြစ်စဥ်တွေအနက် အချို့ ယာဥ်မတော်တဆမှု ဖြစ်စဥ်တွေမှာ ဘုန်းကြီး(သာသနာ့ယာဥ်)ကားတွေပါတာကို မကြာခဏ ကြားနေတွေ့နေရပါတယ်။ ဒီလိုတွေ ဘာကြောင့် ဖြစ်နေရတာလဲဆိုတာကို သက်ဆိုင်ရာ ဘုန်းကြီးတွေနဲ့ လူပုဂ္ဂိုလ် တချို့ကို VOM က မေးမြန်းထားပါတယ်။ စစ်ကိုင်းတိုင်းမှာ သီတင်းသုံးနေထိုင်တဲ့ သဒ္ဓမ္မဇောတိက ဆရာတော် တပါးက ” ဘုန်းကြီးတွေ မြင်းလှည်း ၊ နွားလည်း မစီးရ ၊ မမောင်းရဘူးဆိုတာ ဝိနည်းအရ ပြဌာန်းထားတာရှိတယ် ၊ အကြောင်းကတော့ တိရစ္ဆာန်ကို ညှင်းပန်းနှိပ်စက်ရာရောက်စေတဲ့အတွက် မဖြစ်ဖို့ ပြဌာန်းတာဖြစ်တယ် ၊ စက်တပ်ယာဥ်တွေကို သံဃနာယအဖွဲ့က ကိုယ်တိုင် မမောင်းကြဖို့ ထုတ်ပြန်ထားတာတော့ရှိတယ် ၊ ဝိနည်းအရတော့မဟုတ်ဘူး ၊ သိက္ခာအရတော့ စက်ယာဥ်ဖြစ်တဲ့ ဆိုင်ကယ်ထက်…
Read Moreမန္တလေးမှာ သင်္ကြန်မဏ္ဍပ်နေရာတွေအတွက် အခွန်ခ ပေးဆောင်ရန်မလိုပဲ ဦးရာလူစနစ်နဲ့ လျှောက်ထားနိုင်
မန္တလေး၊ မတ်- ၁၉- ၂၀၂၄ SA(VOM) ၂၀၂၄ အတာသင်္ကြန်ပွဲတော်အတွက် မန္တလေးမြို့အတွင်းက နေရာတွေမှာ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်နဲ့ စတုဒိသာမဏ္ဍပ် ဆောက်လုပ်ဖို့ နေရာတွေအတွက် အခွန် ပေးဆောင်ဖို့မလိုအပ်ပဲ ဦးရာလူစနစ်နဲ့ လျှောက် ထားနိုင်တယ်လို့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ ကျုံးပတ်လည် ၂၆ လမ်း၊ ၆၆ လမ်း၊ ၁၂ လမ်း နဲ့ လမ်း ၈၀ က နေရာတွေမှာ ရေကစားမဏ္ဍပ်နဲ့ဖျော်ဖြေရေးမဏ္ဍပ်တွေ တည်ဆောက်မယ်ဆိုရင် ဦးရာလူစနစ်နဲ့ ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေး၊ ဖျော်ဖြေရေးနဲ့ စနစ်တကျရှိစေရေး လုပ်ငန်းကော်မတီကို ဆက်သွယ်ပြီး ၂၀၂၄ ဧပြီလ ၁၀ ရက်နေ့မှာ နောက်ဆုံးထားပြီး လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ အရေအတွက် ဘယ်လောက် လျှောက်ထားတယ်ဆိုတာတော့ လောလောဆယ် အတိအကျမသိရသေးပါဘူး တော်တော်များများကတော့ ၂၆ လမ်းနဲ့ ၆၆ လမ်းပေါ်မှာ လာဆောက်နေပြီလို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊…
Read Moreဝမ်းတွင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက် ပစ်သတ်ခံရ
မတ် ၊ ၂၀ ၊ ၂၀၂၄ TT (VOM) မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက်ပစ်သတ်ခံရပြီး ၊ လွန်ခဲ့တဲ့နှစ်တွေကလည်း အုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံရတဲ့ ဖြစ်စဥ် အများအပြားရှိဖူးတယ်လို့ ဝမ်းတွင်း ဒေသခံတွေဆီက သိရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှုးတွေ ပစ်သတ်ခံတာနဲ့ ပတ်သက်လို့ ဒေသခံ ပရဟိတသမား တယောက်က ” မနေ့ ( မတ် ၁၉) ရက် ၊ ညနေပိုင်းက ဝမ်းတွင်းမြို့နယ် ၊ သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ပု (ဒေသအခေါ် လက်တို မောင်ပု)ဆိုသူ ပစ်သတ်ခံရတယ် ၊ မတ် ၁၄ ရက် ညနေပိုင်း ၇ နာရီဝန်းကျင်က ဝမ်းတွင်းမြို့နယ် ၊ ညောင်အုပ်ဖီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ဆန်း ၄၂…
Read Moreမူဆယ်မှာ ကလေး ၂ ဦး ထပ်မံ ပြန်ပေးဆွဲ ခံရ
မတ် ၁၉၊ ၂၀၂၄ Shy V တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၄၅ ကုန်းမှာ ဒီရက်ပိုင်းအတွင်း ကလေး ၂ ဦး ထပ်မံ ပြန်ပေးဆွဲ ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “၄၅ ကုန်းက ကြက်သားသည်ရဲ့ ကလေး။ ၁၄ နှစ် ဝန်းကျင် နဲ့ ၁၀ နှစ်ဝန်းကျင် ကလေး ၂ ယောက် ကို ပြန်ပေးဆွဲ သွားတယ်။ ဘယ်လောက် တောင်းလဲ တော့မသိဘူး” လို့ နယ်စပ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ဒီရက်ပိုင်း အတွင်း မူဆယ်မြို့တွင်းက ယမင်းစတိုး၊ နမ္မတူနွားခြံ၊ ၉၉၉ ဖုန်းဆိုင်၊ ထွန်းစတားကုန်ဂိတ်၊ သံတိုသံစ ရောင်းပါမကျန် ပြန်ပေးဆွဲရခံရတယ်လို့ သူပြောပါတယ်။ “ကလေး ၂ ယောက်ကို…
Read Moreယနေ့ ရွှေဈေး (မတ် – ၁၉ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreစလင်းမြို့နယ်မှာ စစ်မှုထမ်းဥပဒေကို အသံချဲ့စက်နဲ့ရှင်းပြနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရ
မတ် ၊ ၁၉ ၊ ၂၀၂၄ SP ( VOM) မကွေးတိုင်းက မြို့ရွာတွေမှာ လူသတ်မှုဖြစ်စဉ်တွေ များပြားလာတယ်လို့ မကွေးနယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ မနေ့ မတ် ၁၈ ရက် ၊ ညပိုင်းက မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ် ၊သရက်တောတိုက်နယ် ၊ ပခက်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး အသက် ၅၀ နှစ်ဆိုသူကို ဒေသတွင်း လက် နက်ကိုင် PDF အဖွဲ့တွေက နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။ ” ကျေးရွာလူထုကို စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး အသံချဲ့စက်နဲ့အုပ်ကြီးက ထပ်ဆင့်ရှင်းပြနေတုန်း PDF တွေက သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတယ် ၊ အဲဒီနောက် လမ်းမှာ ပစ်သတ်ခံရတာဖြစ်တယ် ”…
Read Moreရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရ
မတ် ၁၉ – ၂၀၂၄ SN (VOM) ရက္ခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပုဒ်မ ၅၀၅ ( ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ဥက္ကဋ္ဌ ဒေါ်ညိုအေးကို မနေ့ မတ်လ ၁၈ ရက်မှာ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒေါ်ညိုအေးဟာ စစ်တွေ ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်တဲ့ (၅၆) နှစ်မြောက် “စစ်တွေဆန်ပြဿနာနေ့” (ဩဂုတ် ၁၃) အခမ်းအနားကို တက်ရောက်ပြီး သမိုင်းအတွေ့အကြုံတွေကို ဟောပြောခဲ့တဲ့အတွက် အဲ့ဒီ့ အခမ်းအနားအပြီး နောက်နှစ်ရက်အကြာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် အမှတ် (၁) ရဲစခန်းမှူးက တရားလို ပြုလုပ်ကာ အမှုဖွင့်ပြီး စစ်တွေထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံခဲ့ရတယ်လို့…
Read Moreထောက်လှမ်းရေးဂြိုဟ်တု နောက်တလုံးလွှတ်တင်ဖို့ မြောက်ကိုရီးယား ပြင်ဆင်နေ
ဆိုးလ်၊ မတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ မတ်လနှောင်းပိုင်းမှာ နောက်ထပ် ထောက်လှမ်းရေး ဂြိုဟ်တုတလုံးကို လွှတ်တင်သွားဖွယ်ရှိကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ယခုနှစ်အတွင်းမှာ နောက်ထပ် ထောက်လှမ်းရေးဂြိုဟ်တုသုံးလုံး လွှတ်တင်ဖို့ အစီအစဉ်ရှိနေပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က ပြောပါတယ်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက လွှတ်တင်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုဟာ ထောက်လှမ်းရေးဂြိုဟ်တုအဖြစ် လည်ပတ်လုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့ သူကဆိုပါတယ်။ ဒီအတွက်ကြောင့် ယခုမတ်လနှောင်းပိုင်းမှာ နောက်ထပ် ထောက်လှမ်းရေဂြိုဟ်တုကို မြောက်ကိုရီးယားက လွှတ်တင်ဖို့ ကြိုးပမ်းလာနိုင်ခြေရှိတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အခုလို မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုးပွားလာချိန်မှာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့အနေနဲ့လည်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သင့်တယ်လို့ ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က ပြောဆိုထားပါတယ်။ Ref:NHK Photo: Japan Times
Read More