ဝါရှင်တန်၊ မတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင် မာဝန်အီဆာ သေဆုံးခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။ အီဆာဟာ နိုဝင်ဘာ ၇ ရက်မှ ဂါဇာစစ်ပွဲစတင်ပြီးနောက်ပိုင်း ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်တပ်မှူး ဖြစ်လာခဲ့သူ့ဖြစ်ပါတယ်။ သူသေဆုံးမှုနဲ့ ပတ်သက်ပြီါ် ဂါဇာကိုထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့က တရားဝင် ထုတ်ပြန်ခြင်းမရှိပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ ဂါဇာစစ်ပွဲစတင်ပြီးနောက် ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် အရှေ့အလယ်ပိုင်းကို ယခုသီတင်းပတ်အတွင်းမှာ သွားရောက်မှာဖြစ်ပါတယ်။ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ကျန်ရှိနေတဲ့ ဓါးစာခံတွေ လွတ်မြောက်စေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ နိုင်ငံတကာကြိုးပမ်းအားထုတ်မှုအဖြစ် ဆော်ဒီအာရေဗျ၊ အီဂျစ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ထိုးစစ်မစမီ လူပေါင်းတသန်းကျော်ကို ရာဖာမြို့မှ ပြောင်းရွှေ့ကြဖို့ အစ္စရေးက ကြေညာထားပေမယ့် အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုအဖြစ် ကာတာမှာ စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ Ref:BBC Photo:AFP
Read Moreရန်ကုန်မှာ ဒီရက်ပိုင်းအတွင်း ကားမီးလောင်မှုတွေ အဖြစ်များလာ
မတ် ၊ ၁၉ ၊ ၂၀၂၄ TT ( VOM) ရန်ကုန်တိုင်း ၊ ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း မောင်းနှင်ပြေဆွဲနေတဲ့ ကားတချို့ မီးလောင်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနဆီက သိရပါတယ်။ ” မတ် ၁၈ ရက် ညနေပိုင်း ၇ နာရီလောက်က သာကေတမြို့နယ်၊ (၁၀) တောင်ရပ်ကွက်၊ သန်လျင်တံတားအဆင်းမှာ ဆီဘောက်ဆာ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ခဲ့တယ် ၊ အဲ့ဒီ ဆီဘောက်ဆာယာဉ်က ဆီတွေ ဖိတ်ယိုကျပြီး မီးလောင်တာဖြစ်တယ် ၊ အဲ့ဒီနားက အလုပ်သမားတန်းလျားတခုနဲ့ သစ်ပင်တွေကို မီးကူးစက်လောင်တယ် ” လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၈ ရက် ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ဒေါပုံမြို့ ၊ ဝါဆိုတံတား…
Read Moreမဟာမုနိဘုရားကြီးမှာ တပေါင်းလပြည့်နေ့ ဆီမီး ၁၀၀၀၀ ပူဇော်ပွဲကျင်းပမယ်
မန္တလေး၊ မတ်- ၁၉- ၂၀၂၄ SA(VOM) မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ မဟာမုနိမြတ်စွာဘုရားကြီး ရင်ပြင်တော်ပေါ်မှာ တပေါင်းလပြည့်နေ ညနေ ၆ နာရီ ကစပြီး ဌာနဆိုင်ရာ၀န်ထမ်းတွေနဲ့ ရပ်ကွက်လူမှုရေးအသင်းတွေ၊ ဘုရားဖူးလာပြည်သူလူထု ပူးပေါင်းပြီး ဆီမီး (၁၀၀၀၀) ပူဇော်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ မြို့တော်စည်ပင်သာရေးကော်မတီကနေ သိရပါတယ်။ အဲ့ဒီ ဆီမီး (၁၀၀၀၀) ပူဇော်ပွဲမှာ ဘုရားဖူးလာ ပြည်သူ လူထုကပါ ဆီမီး၀င်ရောက်ပူဇော်နိုင်သလို ဘုရားကြီး အရှေ့မြောက်ဒေါင့် ၄၅ တာ ယာဉ်ရပ်နားကွင်းမှာ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ အငြိမ့်တွေ ထည့်သွင်းထားပြီး ဈေနှုန်းသက်သာစွာ ၀ယ်ယူစားသောက်နိုင်ဖို့အတွက် နိဗ္ဗာန်ဈေး ဈေးတန်းကိုလည်း ရောင်းချဖို့ စီစဉ်ထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးမှူး ဦးတင်ထွန်းဦးက VOM ကို ပြောပါတယ်။ “အစီအစဉ်တွေအနေနဲ့ကတော့ မဟာမုနိဘုရားရင်ပြင်တော်ပေါ်က ဒေါင့် ၄…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၉ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၀၀ ကျပ် ဝယ်ဈေး – ၃၆၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၄၀ ကျပ် ဝယ်ဈေး – ၂၆၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၆၅ ကျပ် ဝယ်ဈေး – ၃၈၈၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၀၉ ကျပ် ဝယ်ဈေး – ၁၀၁.၀၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၉ ကျပ် ဝယ်ဈေး – ၇၆၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၈ ကျပ် ဝယ်ဈေး – ၄၈၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေး (မတ် – ၁၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအိန္ဒိယဘက်ကနေ မြန်မာဘက်ကိုတင်ပို့မယ့် ဖောက်ခွဲရေး Gelatin မိုင်း တရာကျော် မီဇိုရမ်ပြည်နယ်ရဲကဖမ်း
မတ် ၊ ၁၉ ၊ ၂၀၂၄ SP (VOM) အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဇိုခွာသရ်ကျေးရွာ ၊ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်လမ်းမှာ မနေ့ မတ် ၁၈ ရက်က မြန်မာနိုင်ငံသား လင်မယားနှစ်ယောက်ဆီကနေ မြန်မာဘက်ကို တင်ပို့မယ့် ဖောက်ခွဲရေးမိုင်းအလုံး တရာကျော်ကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်တယ်လို့ အဲ့ဒီ ပြည်နယ်ရဲတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံဘက်ကို တင်ပို့နေတဲ့ ဖောက်ခွဲရေး မိုင်း Gelatin ၁၁၀ ချောင်းနဲ့ ယမ်းကြိုး ၁၁၀ ချောင်းတို့ကို ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ခွါမွေးကျေးရွာမှာနေထိုင်တဲ့ ဦးဗျက်ရဲမ် အသက် ၂၉ နှစ် နဲ့ သူ့မိန်းမ ဒေါ် ရမ်ထဇွာလ် အသက် ၂၈ နှစ်တို့က 125…
Read Moreပဲခူးတိုင်းမှာ တလအတွင်း ပစ်သတ်ခံရတာနဲ့ ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် လူ နှစ်ဆယ်ကျော်သေဆုံး
မတ် ၊ ၁၉ ၊ ၂၀၂၄ TT(VOM) ဒီရက်ပိုင်းအတွင်း ပဲခူးတိုင်ထဲက မြို့ရွာတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကနေ မတ် ၁၈ ရက်အထိ တလအတွင်း ပစ်သတ်ခံရတာနဲ့ ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် သေဆုံးရသူ လူပေါင်း နှစ်ဆယ်ကျော်ရှိတယ်လို့ ပဲခူးနယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ မတ် ၁၈ ရက် ညက ၉ နာရီလောက်မှာ တောင်ငူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရဲ့ တွဲဘက်ကော်မတီဝင် တာဝန်ယူထားတဲ့ တောင်ငူမြို့နယ် ၊ နေပူကုန်းကျေးရွာအုပ်စု၊ ကန်တရာကျေးရွာမှာနေထိုင်တဲ့ ဦးစိန်မြင့် ၅၉ နှစ်ဟာ သူ့အိမ်မှာရှိနေတဲ့အချိန် အမည်မသိ (စုံစမ်းဆဲ) လက်နက်ကိုင် လူလေးငါးယောက်လောက်က သူ့အိမ်တံခါးဖွင့်ခိုင်းနေတုန်း ဦးစိန်မြင့်က တခြားခြံဝန်းဘက်ထွက်ပြေးတယ် ၊ အဲ့ဒီ အချိန် သူ့နောက်ကနေ သေနတ်နဲ့…
Read Moreရွက်ဝါကြွေ…နွေမူးမူး
ဆူးငှက် “မိုးကုပ်ကုပ်ဝယ် အို..ရုတ်တရက် မျဉ်းဖြူစက်၍ ကွဲအက်ကြောင်းရာ ဟ,ဟလာပြီး မိုးပြာကိုဖြတ် ပတ္တမြားရည် စီးလည်အဟုန် နီမြန်းကုန်ပြီ အရုဏ်ပေါ်စ . . . ဝိုးတဝါး . . .။” တပေါင်းလဆန်းပြီလေ…..။ တပေါင်းလက ပြက္ခဒိန်မှာ အများဆုံး အကျုံးဝင်နေတာက မတ်လဖြစ် သည်။ခရစ်နှစ်၏ တတိယမြောက်လ ဖြစ်၏။ မတ်လတဲ့၊ လာချေပြီ။ ဖေဖော်ဝါရီ လဆန်းပိုင်း၊ တပို့တွဲလပြည့်နားမှာတော့ အအေးဓာတ်က ဆောင့်တက်လာပြီးနောက် တဖြည်းဖြည်း အားလျော့သွား၏။ သစ်ပင်များ၏ ကလနားသတ် သစ်ရွက်တချို့ ရင့်ရော်ခြောက်သွေ့လာကြပြီ၊ နုပျိုခြင်း၊ လန်းဆန်းခြင်းက နိဂုံးချုပ်တော့ မည်။ ဇရာ၏ အရေးအကြောင်းများအဖြစ် ရွက်ဝါရွက်များက ကျဲပြောက် နေရာယူလာပေသလော။ “….စံဖီရွှေသွယ်၊ ပျံ့လှယ်…
Read Moreလောက်ကိုင်က ဗမာတန်းအဆောက်အဦးတွေ အဖျက်ခံရပေမယ့် အစားထိုးနေရာ မရ
မတ် ၁၈၊ ၂၀၂၄ Shy V ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ ဗမာတန်းက အဆောက်အဦးတွေကို မတ်လ ၁၇ ရက်နေ့က စတင်ဖြိုဖျက်ပြီဖြစ်ပေမယ့် အစားထိုး ပြန်ပေးဖို့ မကြားသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဗမာတန်း ဒီနေ့စဖျက်တာ ဟုတ်တယ်။ ဗမာတန်းက တော်တော် အရှည်ကြီးဆိုတော့ ပစ္စည်း မယူလိုက်ရတာတွေရှိတယ်။ ဒီဘက် ဘုံ ၇ ဆင့်ဘက်ကျတော့ ပစ္စည်းမယူလိုက်ရတဲ့သူတွေမရှိဘူး။ နေရာအစားထိုးပေးမယ်ဆိုတာတော့ မကြားသေးဘူး အခုထိတော့။ အိမ်ရှင်တွေတော့ သူတို့ လိုတဲ့ ပစ္စည်းတွေပဲ ယူသွားတာပေါ့။ အဲဒီမှာ သူတို့ ကိုးကန့် တရုတ်တွေကပဲ။ သုံးဘီးတွေနဲ့ရော၊ ကားတွေနဲ့ရော အိမ်တိုင်တွေပါ ချွတ်ယူနေကြတယ်။ ဖြိုတဲ့သူက ဖြို။” လို့ မျက်မြင် ဒေသခံ တစ်ဦးက ပြောပါတယ်။ ကျောင်း၊ ဈေးတွေနဲ့နီးပြီး လမ်းကျဉ်းကာ…
Read Moreကလေးမြို့နယ် ဘာတွေဖြစ်ခဲ့သလဲ
မတ် ၊ ၁၈ ၊ ၂၀၂၄ SP (VOM) ဒီရက်ပိိုင်းအတွင်း စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေကို VOM က ဆက်သွယ် မေးမြန်းထားပါတယ်။ ” မနေညက ၈ နာရီကျော်မှာ ၊ ကလေးမြို့ ၊ တောင်ဇလပ်ရပ်ကွက် နယ်မြေ ၇ မှာရှိတဲ့ ဆည်မြောင်းရုံးနဲ့ သစ်တောရုံး မီးလောင်တယ် ၊ အဲ့ဒီ အဆောက်ဦးတွေ မီးလောင်ပျက်စီးတယ် ၊ မီးသတ်ကား ရောက်မလာတာကြောင့် ၊ ရပ်ကွက်က လူတွေ ဝိုင်းငြိမ်းရတယ် ၊ မနေ့ (မတ် ၁၇)က ၊ ကလေးမြို့တောင်ပိုင်း ထိုမာရွာဘက်က…
Read More