– မာစီဒီးက လူတူစက်ရုပ်တွေကို ကားထုတ်လုပ်ရေးမှာဘယ်လိုအသုံးပြုနေလဲ -စမတ်ဖုန်းကုမ္ပဏီ Xiaomi က ပထမဆုံးရောင်းချမယ့် လျှပ်စစ်ကား -ဂျပန်ကုမ္ပဏီတခုရဲ့ ဒုံးပျံလွှတ်တင်မှု မီးလောင်ပေါက်ကွဲခဲ့ မတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) (၁) လူတူစက်ရုပ် ဝန်ထမ်းတွေကို ကားထုတ်လုပ်ရေးမှာ စတင်အသုံးပြုနေတဲ့ မာစီဒီးကုမ္ပဏီ မာစီဒီးမော်တော်ကားကုမ္ပဏီဟာ သူ့ရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လူတူစက်ရုပ်ဝန်ထမ်းတွေကို စတင်ပြီး တရားဝင်အသုံးပြုနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အက်ထရွန်နစ်ခ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အပိုလို လူတူစက်ရုပ်တွေဟာ လူသားဝန်ထမ်းတွေ သက်သာစေဖို့အတွက် လေးလံတဲ့ပစ္စည်းတွေ သယ်မတာမျိုးအပါအဝင် ရိုးရှင်းတဲ့ လုပ်ဆောင်မှုတွေမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ဒီလို အခြေခံအလုပ်တွေမှ လူတူစက်ရုပ်တွေကို အစားထိုးအသုံးပြုတာကြောင့် လူသားတွေအနေနဲ့ ပိုမိုအရေးပါတဲ့ အလုပ်တွေကို အာရုံစိုက်တာမျိုးပိုမိုပြုလုပ်နိုင်မယ့်အပြင် လုပ်ငန်းခွင်အန္တရယ်နဲ့ ထိခိုက်ဒဏ်ရာရတာတွေကို လျှော့ချနိုင်မယ်လို့ မာစီဒီးက ပြောပါတယ်။ အသုံးပြုနေတဲ့ အပိုလို လူတူစက်ရု်ပတွေဟာ အရပ် ၅ ပေ ၈လက်မရှိပြီး ဘေးကင်းလုံခြုံစွာ…
Read Moreရွှေစက်တော်ဘုရားဖူးကား တိမ်းမှောက်လို့ ၁၁ ယောက်ဒဏ်ရာရ
မင်းဘူး -မတ်လ ၁၈- ၂၀၂၄ GG (VOM) မကွေးတိုင်း၊ မင်းဘူးမြို့နယ်ထဲမှာ ရွှေစက်တော်ဘုရားဖူးကားတစီး တိမ်းမှောက်ပြီး ကားပေါ်သူအနက် လူ၁၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ခေမာလူမှုကယ်ဆယ်ရေးအသင်း(မကွေး)ဆီက သိရပါတယ်။ ဖြစ်စဥ်မှာ မတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ရွှေစက်တော်ဘုရားပွဲကနေ ဘုရားဖူးပြီးပြန်အလာ မင်းဘူးမြို့၊ ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာ ကားကအရှိန်များပြီးမထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို် သိရပါတယ်။ ” လမ်းကအဖြောင့်ကြီး ကားကလည်းတစီးတည်းကို သူ့ဘာသာအရှိန်များပြီး မထိန်းနိုင်ဘဲ မှောက်တဲ့သဘောပါ။ရွှေစက်တော်ကနေ အပြန် မင်းဘူးထဲမှာပေါ့၊လမ်းမကြီးဆိုရင်တော့ ပုသိမ်မုံရွာလမ်းပေါ့။ကားပေါ်မှာကလည်း ယောကျ်ားလေးတွေချည်းပဲပါတယ်။ဘုရားဖူးကအပြန်ဆိုတော့ နည်းနည်းလည်းသောက်ထားကြမယ်တူပါတယ်။ အကုန်လုံး ၁၃ ယောက်လောက်ပါမယ်ခန့်မှန်းရတယ် အဲ့ထဲကမှ ၁၁ ယောက်ဒဏ်ရာရတာပေါ့၊ဒဏ်ရာတွေကတော့စိုးရိမ်ရတာမရှိပါဘူး။အကုန်လုံးကပွန်းပဲ့ဒဏ်ရာပါပဲ။ကျိုးပဲတာမရှိဘူး ၊ အကုန်လုံးတော့ဆေးရုံပို့ပေးခဲ့တယ် ” လို့ ခေမာလူမှုကယ်ဆယ်ရေးအသင်း(မကွေး)မှ တာဝန်ရှိသူတဦးကပြောပါတယ်။ အဆိုပါ တိမ်းမှောက်ခဲ့တဲ့ကဟာ မကွေးနဲ့မင်းဘူးမြို့က လူငယ်တွေလိုက်ပါလာတဲ့ ဘုရားဖူးကားဖြစ်ပြီး ကားက လိုက်ထရပ်အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။ အခုနှစ်…
Read Moreမင်းသားခေါင်းပေါင်းကိုမှ ဂါဝန်နဲ့တွဲတဲ့ ဖက်ရှင်ဖန်တီးရှင် မတောင်းပန်ရင် ဥပဒေအရ အရေးယူမယ်
မတ် ၁၈ – ၂၀၂၄ SN (VOM) သဘင်ရဲ့ ပြယုဂ် အထွဋ်အမြတ် မင်းသားခေါင်းပေါင်းကိုမှ ဂါဝန်နဲ့တွဲပြီး ဖက်ရှင်ဖန်တီးတာဟာ နိုင်ငံရဲ့ ပုံရိပ်၊ သဘင်ရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့အတွက် ဒီဝတ်စုံနဲ့ ပတ်သက်လို့ ဒီဇိုင်နာအနေနဲ့ ဖြေရှင်းချက်ပေးပြီး တောင်းပန်ဖို့လိုမယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက ပြောဆိုလိုက်ပါတယ်။ မနေ့ မတ်လ ၁၆ ရက်က Fashion & Artistry Exhibition Page မှာ မော်ဒယ် စင်ဒီမြတ်က ဝတ်ဆင်ပြသထားတဲ့ ဒီဇိုင်နာ ခင်စုစုအောင်ရဲ့ ဝတ်စုံနဲ့ ဒီဇိုင်းပုံကြမ်းတွေကို တရားဝင် အသိပေးခဲ့တာဖြစ်ပြီး အဲ့ဒီ့ ဝတ်စုံနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဘက်က မနေ့ မတ်လ ၁၇ ရက်မှာ စာထုတ်ပြန်ပြီး အပြင်းအထန် ရှုံ့ချခဲ့တာ ဖြစ်ပါတယ်။…
Read Moreတနိုင်းမြို့နယ် နမ်ဂေါန် ရွှေမှော်မှာ တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ
မတ် ၊ ၁၈ ၊ ၂၀၂၄ SP (VOM) ကချင်ပြည်နယ် ၊ တနိုင်းခရိုင် ၊ တနိုင်းမြို့နယ် ၊ နမ်ဂေါန် (Nam Gawn) ရွှေမှော်မှာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်က နစက တပ်နဲ့ KIA – PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ဒေသခံ ရွှေလုပ်သားတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” နမ်ဂေါန် (Nam Gawn) မှော်ဆိုတာ ၊ တနိုင်းမြို့နဲ့ မိုင်း ၂၀ ဝန်းကျင်လောက်ရှိတယ် ၊ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက တိုက်ပွဲတွေဖြစ်လို့ ရွာပျက်သွားတယ် ၊ အဲ့ဒီနေရာကို အခုတော့ ရွှေမျှောတွေလုပ်နေကြတယ် ၊ ဒီမနက် ၅ ခွဲလောက်မှာ KIA နဲ့ PDF…
Read Moreပြည်တွင်း ရွှေဈေးကွက် ကြိုက်ရောင်း၊ ကြိုက်ဝယ်နဲ့ ဈေးကွက်ပျက်နေ
မတ် ၁၈ – ၂၀၂၄ SN (VOM) ရွှေစျေးကစားသူတွေကို အရေးယူမယ်လို့ ရန်ကုန်တိုင်း ရွှေအသင်း (YGEA) က ထုတ်ပြန် ကြေညာပြီးနောက် ပြင်ပ ရွှေဈေးကွက်မှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ ဈေးကွက်ပျက်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က ပြည်တွင်းက ပြင်ပစျေးကွက်မှာ အခေါက်ရွှေ တကျပ်သား ၄၂ သိန်းနီးပါးအထိ စံချိန်တင် စျေးတက်လာချိန်မှာ YGEA က အခေါက်ရွှေ တကျပ်သားဈေးကို အသင်းက သတ်မှတ်ထားတဲ့ ကျပ် ၃၈ သိန်းအောက်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ဖို့ အဲဒီနေ့မှာပဲ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ “သူတို့ရည်ညွှန်းဈေးကိုပဲ အခြေခံပြီး အရောင်းအဝယ် လုပ်ရမှာပေါ့။ အဲ့ဒီ့ထက် ကျော်ရောင်းရင် ဖမ်းမယ်ဆီးမယ်သဘောမျိုး ပြောထားတာ ရှိတယ်လေ။ အပြင်လောကမှာတော့ အကုန်လုံးက အရောင်းအဝယ်ရပ်သလို ဖြစ်နေတာပေါ့။…
Read Moreတာချီလိတ်မှာ အွန်လိုင်းလောင်းကစားလို့ ဖမ်းဆီးခံရတဲ့သူတွေထဲက ကလေးသူငယ် ၅၈ ယောက်ကို ဒီကနေ့ ပြန်လွတ်ပေး
မတ် ၊ ၁၈ ၊ ၂၀၂၄ TT (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့မှာ အဖမ်းခံရတဲ့ အွန်လိုင်းလောင်းကစား လုပ်ကိုင်သူတွေထဲမှာ ပါဝင်တဲ့ လူငယ် လေးရာကျော်ကို တာချီလိတ်မြို့နယ် ကလေးသူငယ်တရားရုံးကနေ ဒီကနေ့ကစစတင်လွတ်ပေးနေပြီးလို့ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သူတို့ကို ဖမ်းတာဖြစ်တယ် ၊ အခုဆို တလနီးပါးရှိပြီ ၊ ဖမ်းဆီးခံရတဲ့အထဲမှာ ၆၉၇ ယောက်ထဲမှာ မြန်မာနိုင်ငံသား ၄၈၄ ယောက်ပါဝင်တယ် ၊ အဲ့ဒီထဲက မြန်မာနိုင်ငံသား အသက် ၁၈ နှစ်အောက် ၅၈ ယောက်ပါဝင်တယ် ၊ ဒီကနေ့ ပြန်လွတ်ပေးတာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေဖြစ်တယ် ၊ ပြန်လွတ်ပေးရတဲ့ လုပ်ငန်းစဥ်က အာမခံနဲ့ ဖြစ်တယ် ” လို့…
Read Moreကလေးမြို့ ကမ္ဘောဇဘဏ် ၂ နားမှာ ပေါက်ကွဲမှုဖြစ်လို့ လူနှစ်ယောက်သေဆုံး
မတ် ၊ ၁၉ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ( ၂) နေရာဝန်းကျင်နားမှာ မနေ့ မတ် ၁၈ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ လူတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” စမ်းမြို့ ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ကမ္ဘောဇ ဘဏ်ခွဲ ၂ နားက တံတားမှာ ပေါက်ကွဲမှုဖြစ်တာပါ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ အနည်းဆုံး လူငါးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ် ၊ အဲ့ဒီထဲက လူနှစ်ယောက်သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ကြို့သုံးပင်ရပ်ကွက်နေ မောင်ဒေးဗစ် ထန်ရှန်ဗန် David…
Read Moreမန္တလေးကနေ မြစ်ကြီးနားကိုထွက်လာတဲ့ ခရီးသည်ကား မိုင်းဆွဲခံရလို့ နှစ်ယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရ
မတ် ၊ ၁၇ ၊ ၂၀၂၄ SP ( VOM) ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ကို ထွက်ခွာလာတဲ့ ခရီးသည်တင် ကားတစီးဟာ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ၊ ရွှေဘို – ကျောက်မြှောင်းကားလမ်း ၊ တအုံကျေးရွာနားမှာ မိုင်းဆွဲခံရလို့ ယာဥ်ပေါ်ပါ ခရီးသည်တချို့ သေဆုံး ၊ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတသမားတယောက်က ” ဒီမနက် ၈ နာရီဝန်းကျင်မှာ ဖြစ်တယ် ၊ မိုင်းထိမှန်ထားတဲ့ကားက နုတ်အမျိုးအစား ကချင်မင်းသား ခရီသည်တင် ကားလေးဖြစ်တယ် ၊ အခင်းဖြစ်နေရာမှာ ခရီးသည် နှစ်ယောက်သေတယ် ၊ သေဆုံးသူတွေကတော့ မသဲမာကျော် ၃၉ နှစ်နဲ့ အမည်မသိ ( Unknow…
Read Moreရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေ မပေးဖို့ အီရန်ကို ဂျီ-၇ ခေါင်းဆောင်တွေ သတိပေး
ဘာလင်၊ မတ်-၁၇-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေမပေးဖို့ အီရန်ကို ဂျီ-၇ အဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။ အီရန်ဟာ ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေကို ရုရှားကို လွှဲပြောင်းပေးဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း ဂျီ-၇ ခေါင်းဆောင်တွေက ဆိုပါတယ်။ အီရန်ဟာ ရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဒရုန်းတွေ ထောက်ပံ့ပေးနေတယ်လို့ အနောက်အုပ်စုနိုင်ငံတွေက စွပ်စွဲထားပါတယ်။ ရုရှားဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေ ဝယ်ယူရေး စေ့စပ်ညှိနှိုင်းမှုတွေကို တက်ကြွစွာလုပ်ဆောင်နေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတယောက်က ပြီးခဲ့တဲ့လမှာ ပြောဆိုထားပါတယ်။ အီရန်အနေနဲ့ ဒီလိုလုပ်ရပ်တွေကို ရှောင်ရှားဖို့ ဂျီ-၇ ခေါင်းဆောင်တွေက သတိပေးထားပြီး ဒါဟာ ဒေသတွင်းမတည်အငြိမ် ဖြစ်စေမှုကို တိုးမြင့်လာနိုင်တယ်လို့ ပြောပါတယ်။ ရုရှားဟာ မြောက်ကိုရီးယားရဲ့ လက်နက်တွေကိုလည်း…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၇ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၇၀ ကျပ် ဝယ်ဈေး – ၃၆၂၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၂၀ ကျပ် ဝယ်ဈေး – ၂၆၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၂၄ ကျပ် ဝယ်ဈေး – ၃၈၄၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၂.၀၄ ကျပ် ဝယ်ဈေး – ၁၀၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၇ ကျပ် ဝယ်ဈေး – ၇၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၄ ကျပ် ဝယ်ဈေး – ၄၉၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read More