သူတို့အိမ် အခန်း (၂၃၁)

ဆူးငှက်   ရပ်ကွက်လေး ရှေ့ရေး ပူသူဝေး ————————————- ကျွန်တော်တို့ ရပ်ကွက်လေးက အမှန်တကယ် တည်တံ့ တရားဝင်ရေးကို မေ့လျော့ နေကြသည်။ ကျွန်တော်ကတော့ ဦးတက်တိုး၏ အဆက်အသွယ်က အကြံပေးသလို မြေရာဇဝင်နှင့် ဖြစ်စေချင်သည့် အနေအထား များအား တိုင်းမှူး ဒု တိုင်းမှူးနှင့် မြို့တော်ဝန်တို့ထံ ရပ်ကွက်အနေနှင့် စာတင်ထားလိုက်သည်။ ကိုယ့်အနေနှင့်က ဘယ်လိုမှ စိတ်မချနိုင်သေး။ တရားဝင် စာနှင့်ပေနှင့် အကြောင်းမကြား မထုတ်ပြန်သ၍ စိတ်မအေး နိုင်သေးပေ။ ကျွန်တော့်လို စိတ်ပူသူတွေက ကျွန်တော်တို့ ရဲသုံးဘော်နှင့် ရပ်ကွက်နေ ၅ဦးခန့်မျှသာ ရှိသည်။ ရပ်ကွက်ထဲမှာ နောက်မှ ရောက်လာသူတွေက ပိုမပူသေးသပေါ့လေ။     ဓမ္မာရုံရှိရင် ဘူဒိုဇာ မထိုးဘူးတဲ့ ————————————- သည်လိုအခြေအနေတွင် ရပ်ကွက်ထဲက စိုးရိမ်ပူပန်နေသူ အချို့နှင့် ရပ်ကွက်ခံ လူငယ်များ စုစည်းပြီး…

Read More

ကျောက်မဲက ရတီမှန်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ၊ ဖုန်း၊ငွေ ပါသွား

စက်တင်ဘာ ၂၅ ၊ ၂၀၂၆ CC (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂)၊ ပင်လုံလမ်းရှိ ရတီမှန်ရွှေဆိုင်မှာ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအားလုံး နဲ့ ဖုန်း၊ငွေသား ပါသွားတယ်လို့ သိရပါတယ်။ ” ငွေသားက သိန်း ၃၀ လောက် ၊ Iphone ကသုံးလုံးပါသွားတယ်။ ရွှေကတော့အတိကျမသိနိုင်ဘူး ။ဘာလို့ဆို ကောင်တာထဲက ရွှေတွေအကုန်သိမ်းကျုံးယူသွားတာ။ အကုန်ယူသွားတာ ။” ရွှေဆိုင်ကို မျက်နှာဖုံးစွပ်ထားပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ အမျိုးသားနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး ဓားပြတိုက်သွားတာဖြစ်ကြောင်း ၊ ရွှေထည်ပစ္စည်းက ခန့်မှန်း ၅၀ သားလောက်ရှိနိုင်ကြောင်း ကနဦးသိရပါတယ်။ လက်ရှိမှာ ဓားပြတိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၂ ရက် ကလည်း ကျောက်မဲမြို့၊…

Read More

ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့ ဘာတွေစားသင့်သလဲ

မန္တလာ ဆရာမျိုး     လူ့ခန္ဓာကိုယ်ဟာ အလွန်စနစ်ကျပြီး ရှုပ်ထွေးတဲ့ သဘာဝယန္တရားတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ စားသောက် လိုက်တဲ့ အစားအစာတွေကို အစာချေဖျက်ခြင်း၊ လိုအပ်တဲ့အာဟာရဓာတ်တွေကို စုပ်ယူခြင်း၊ ခန္ဓာကိုယ်အတွက် မလိုအပ်တော့တဲ့ အရာတွေကို ပြန်လည်စွန့်ထုတ်ခြင်းတွေကို အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ အူလမ်းကြောင်း စတဲ့ ကိုယ်တွင်းအင်္ဂါတွေက အချင်းချင်းချိတ်ဆက်ပြီး အမြဲလုပ်ဆောင်ပေးနေကြပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာနေဖို့ဆိုတာ ရောဂါဖြစ်မှ ဆေးသောက်ကုသခြင်းတစ်ခုတည်းနဲ့ မလုံလောက်ဘဲ နေ့စဉ်စားသောက်နေထိုင်မှု ပုံစံကလည်း အရေးကြီးပါတယ်။       ယနေ့ခေတ်မှာ “Detox” ဆိုတဲ့စကားကို မကြာခဏ ကြားလာရပါတယ်။ အသည်းကို သန့်စင်ပေးတဲ့ဖျော်ရည်၊ ကျောက်ကပ်ကို ဆေးကြောပေးတဲ့အစားအစာ၊ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစားအစာ စသဖြင့် ပြောဆိုကြပါတယ်။ တကယ်တော့ ကျန်းမာတဲ့လူ့ခန္ဓာကိုယ်မှာ အညစ်အကြေးနဲ့ မလိုအပ်တော့တဲ့ ဓာတ်ပစ္စည်းတွေကို…

Read More

သူတို့အိမ် အခန်း (၂၃၀)

ဆူးငှက်   ပထမဆုံးပွဲခရရှိပုံ ————————- ကျွန်တော်ကတော့ သည်လိုဖြစ်ရုံနှင့် လုံးဝကင်းလွတ် စိတ်ချရပြီဟုမဆိုသာ။သို့သော် အရင်လိုလိမ့်လိမ့်လဲလဲမဖြစ်တော့ ဟုသာစိတ်သက်သာရာရတော့သည်။ သည်တော့ စိတ်ချလက်ချ ခေါင်းပြားအောင် မအိပ်ရသေးသော်လည်း ရှေ့ခရီးအတွက်ကစိတ်ပူရသေး၏။     ကျွန်တော်လည်းရပ်ကွက်ကိစ္စကိုခေတ္တခဏဘေးချပြီးကိုယ့်အလုပ်လေးတွေ ပြန်လုပ်ရတော့သည်။ ရပ်ကွက်ကသာ နေ့လားညလားဖြစ်နေတာ၊ ရပ်ကွက်ထဲမှာမြေအရောင်းအဝယ်ကမပြတ်၊ အိမ်ခြေလည်းတိုး၊ လူနေလည်းတိုးလာသည်။ သည်ကြားထဲ ကျွန်တော့ကိုအထင်တကြီးနှင့် မြေကွက်တွေ လာရောင်းကြသည်။ လာရောင်းသ ည်သာမကရပ်ကွက်ထဲမြေလာဝယ်သူတွေကလည်းမြေပိုင်ရှင်ထံမြေဝယ်ကြတော့ သည်မြေခိုင်မခိုင် မေးမြန်းကြတိုင်း မြေပိုင်ရှင်တွေက ကျွန်တော့်ဆီသို့ချည်းလွှတ်ကြတော့ ကျွန်တော့မှာတစ်ပြားတစ်ချပ်မှ မရဘဲ အချိန်ကုန်ခံ လေကုန်ခံကာ မြေရာဇဝင်ကိုရှင်းပြရသေးသည်။     မှတ်မှတ်ရရ ကွင်းအတွင်းအရှေ့ခြမ်းက မြေကွက်ကြီး တစ်ကွက်ကိုလည်း ပိုင်ရှင်ဖြစ်သူ ရှေ့နေကြီးတစ်ဦးက အကူအညီတောင်းလို့ မြေကွက်ရိုက် မြေပုံဆွဲပေးရသည်။ ထူးခြားသည်မှာထိုမြေကွက်ကြီးကတရားဝင် ကြွေဂရံပင် ရထားသည်။ ရထားတာကလည်းအခုလိုသိမ်းမယ် ဆီးမယ် ကာလမတိုင်ခင် ကတည်းက ဖြစ်သည်။ ပိုင်ပါပေ့ ရှေ့နေကြီးရယ်ဟုသာ…

Read More

မန္တလေးတိုင်းအတွင်းမှာ ပုံမှန်မဟုတ်တဲ့ သံသယဖြစ်ဖွယ် ဆင်းကဒ်အရေအတွက် ​လေးသိန်းခုနှစ်​သောင်း ကျော်ကို အပြီးတိုင်ပိတ်သိမ်း

မန္တလေး၊ စက်တင်ဘာ- ၂၄- ၂၀၂၆ SA(VOM) Viber ၊ SMS နဲ့ Telegram စတဲ့ လူမှုကွန်ယက်တွေပေါ်ကနေ စာတိုပေးပို့ရေးလမ်းကြောင်းတွေကတဆင့် ဖုန်းနံပါတ်မျိုးစုံနဲ့ စလော့ဂိမ်းဆော့ဖို့ မဲဆွယ်နေတဲ့ ကျားဖြန့်(ဝန်လိုင်းငွေလိမ်လည်မှု) လုပ်ငန်းတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးနိုင်ဖို့ မိုဘိုင်း ဆက်သွယ်ရေးအော်ပရေတာတွေက system မှာ အလိုအလျောက် ပိတ်သိမ်းတဲ့ မူဝါဒနည်းလမ်းတွေနဲ့ တားဆီးဆောင်ရွက်နေတာမှာ ၂၀၂၆ ခုနှစ် သြဂုတ်လ ကစပြီး သံသယဖြစ်ဖွယ် ဆင်းကတ်အရေအတွက် ၄၇၀၀၀၀ ကျော်ကို အပြီး တိုင် ဖျက်သိမ်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ မဟာအောင်မြေမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြိုးသန္တာ က ” Viber ၊ SMS နဲ့ Telegram စတဲ့ လူမှုကွန်ယက်တွေပေါ်ကနေ စာတိုပေးပို့ရေးလမ်းကြောင်းတွေကတဆင့် ဖုန်းနံပါတ်မျိုးစုံနဲ့ စလော့ဂိမ်းဆော့ဖို့ မဲဆွယ်နေတဲ့ ကျားဖြန့်(ဝန်လိုင်းငွေလိမ်လည်မှု)…

Read More

သာသနာဝင်နဲ့ သာသနာနွယ်ဝင်တွေကို UID ထုတ်ပေးမယ်

စက်တင်ဘာ ၂၄ – ၂၀၂၆ SS (VOM) သာသနာဝင်၊ သာသနာနွယ်ဝင်တွေကို e-ID (Electronic Identification) စနစ်ရဲ့ အခြေခံဖြစ်တဲ့ Unique ID (Unique Identification Number) ဂဏန်း ၁၀ လုံးပါ အမျိုးသားအဆင့် စိစစ်ရေးနံပါတ် ထုတ်ပေးသွားမယ်လို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထားပါတယ်။ e-ID စနစ်ဟာ နိုင်ငံသားနဲ့ လူဦးရေအချက်အလက်တွေကို ဗဟိုပြုသိမ်းဆည်းတဲ့ ဒေတာဘေ့စ်စနစ်ဖြစ်ပြီး UID ကတော့ အဲဒီ စနစ်အတွင်းမှတဆင့် တဦးချင်းစီကို သီးသန့်ထုတ်ပေးတဲ့ အထောက်အထားနံပါတ်လို့ သိရပါတယ်။ လက်ရှိမှာ မန္တလေးတိုင်းက ရဟန်း၊ သာမဏေ၊ သီလရှင်တွေအတွက် ညွှန်ကြားစာသာ ထွက်ရှိထားပေမယ့် တနိုင်ငံလုံးက သာသနာဝင်၊ သာသနာနွယ်ဝင်တွေ အကုန်လုံး UID နံပါတ် ပြုလုပ်ရမယ်လို့ သိရပါတယ်။ “ဒါက ကိုယ်ရေး အချက်အလက်တွေနဲ့အတူ Biometrics (မျက်နှာသွင်ပြင်၊…

Read More

မန္တလေးမှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားအတွက် အဆင့်မြှင့်တင်မှုတွေကို ၅ နှစ်တာစီမံချက်နဲ့ဆောင်ရွက်နေ

မန္တလေး၊ စက်တင်ဘာ- ၂၄- ၂၀၂၆ SA(VOM) မန္တလေးမှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားအတွက် အဆင့်မြှင့်တင်မှုတွေကို ၅ နှစ်တာစီမံချက်နဲ့ ၂၀၂၆ ဇူလိုင်လ ၁ ရက်နေ့က စတင်ကာ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်မိုးသက် က ဒီကနေ့ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ မန္တလေးမြို့မှာ နိုင်ငံတကာအဆင့်မီ ဖိုက်ဘာကွန်ယက်များဖြစ်ပေါ်လာစေရေးအတွက် ကောင်းကင် ဖိုက်ဘာ ကေဘယ်လ်ကြိုးတွေကို မြေအောက်ဖိုက်ဘာကွန်ယက်မှတဆင့် ပြောင်းလဲနိုင်ရေးအတွက် အဓိက လမ်းမကြီး ၇ ခုဖြစ်တဲ့ ၇၈ လမ်း ၂၆ လမ်းမှ သိပ္ပံလမ်းအထိ ၇၃ လမ်း ၂၆ လမ်းမှ ၄၁ လမ်းအထိ၊ ၆၆ လမ်း ၂၆ လမ်းမှ သိပ္ပံလမ်းအထိ၊ ၆၂ လမ်း ၂၆ လမ်းမှ သိပ္ပံလမ်းအထိ၊…

Read More

ကိုးကန့်တပ်ဖွဲ့နှင့် အစိုးရ NSPNCဆွေးနွေးပွဲ အပြုသဘောဆောင်တဲ့ ရလဒ်များရှိ

စက်တင်ဘာ ၂၄၊ ၂၀၂၆ NN(VOM) အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီNSPNC နဲ့ ကိုးကန့်တပ်ဖွဲ့တိုနေပြည်တော်ဆွေးနွေးပွဲဟာ အပြုသဘော ဆောင်ပြီး ကောင်းမွန်တဲ့ ရလဒ်တွေရှိတယ်လို့ ဆွေးနွေးပွဲအကြောင်း သိရှိတဲ့ သူတချို့ထံကနေ သိရပါတယ်။ ကာလရှည်ကြာ ဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ယုံကြည်မှုပျက်ခဲ့ ရပေမယ့် ဒီဆွေးနွေးပွဲမှာတော့ နှစ်ဖက်လုံးက ယုံကြည်မှုတည်ဆောက်ရေးကို ဦးစား ပေးခဲ့ ကြတယ်လို့လည်း သိရပါတယ်။ “နယ်မြေကိစ္စတွေထက် ယုံကြည်မှုပြန်လည်တည်ဆောက်ရေးကို နှစ်ဖက် လုံးက ဦးစားပေးဆွေးနွေးနေတယ်” လို့ ဆွေးနွေးပွဲအကြောင်း သိရှိသူ တယောက်က ပြောပါတယ်။ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ဆွေးနွေးပွဲအပြီးမှာ ထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။ ဒေသခံတွေကတော့ ကိုးကန့်တပ်နဲ့ အစိုးရတို့ရဲ့ ဆွေးနွေးပွဲကို အဆင်ပြေ စေချင်နေကြပါတယ်။ “သူတို့ ပြေလည်ရင် သီပေါတံတား ဖွင့်ပေးမလားလို့ မျှော်လင့်တာပါ။ လူတွေ တအားဒုက္ခရောက်ကြလို့လေ။ အဆင်ပြေလို့ တိုက်ပွဲတွေ ပြန်မဖြစ်ရင်…

Read More

တိုးချဲ့မြေနဲ့ စားကျက်မြေပေါ် အကွက်ရိုက် အိမ်ဆောက်ထားသူတွေကို ဖယ်ရှားခိုင်း​နေ

စက်တင်ဘာ ၂၄ – ၂၀၂၆ SN (VOM) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာ စက်မှုဇုန် တိုးချဲ့ဧရိယာအတွင်းက မြေတွေပေါ်မှာ အကွက်ရိုက် အိမ်ဆောက်ထားသူတွေကို သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ပြန်ပြီး ဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လှည်းကူးမြို့နယ်က ကျေးရွာ ၉ ရွာရှိ တရားမဝင် ဆောက်လုပ်ထားတဲ့ အကွက်ရိုက်အိမ်တွေနဲ့ တောင်ကြီး၊ အေးသာယာစက်မှုဇုန်၊ အမှတ်(၁၂) ရပ်ကွက်၊ တိုးချဲ့ဧရိယာအတွင်းရှိ နေအိမ်ခြံဝင်း ၃၀၀ ကျော်ကို ဖယ်ရှားခိုင်းနေတာလို့ သိရပါတယ်။ “၂၁ ရက်အတွင်း ဖယ်ရမယ်။ ဖယ်မပေးရင် အရေးယူမယ်ဆိုပြီး ပြောထားတယ်။ ရက်ပိုင်းအတွင်း အိမ်ကို ဖျက်ခိုင်းတော့ ပစ္စည်းတွေ ဘယ်ရွှေ့ရမှန်းလည်း မသိဘူး။ ဘယ်သူမှလည်း ဖယ်မပေးချင်ကြဘူး။ နေလာတာလည်း ကြာပြီလေ။ ပြီးတော့ မြေဖိုးရော၊ အိမ်ဆောက်ခရော အကုန်ဆုံးရှုံးရမယ့်ကိန်း ဆိုက်နေတယ်”…

Read More

NUG အထူးတိုင်းစစ်ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူတွေရှိ

စက်တင်ဘာ ၂၄ ၊ ၂၀၂၆ GG (VOM) KNU တပ်မဟာ ၃ နဲ့ တပ်မဟာ ၁ နယ်မြေထဲက NUG ရဲ့အထူးတိုင်းစစ်ဌာနချုပ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂၄ ရက်၊ မနက် ၁၁ နာရီလောက်မှာ မွန်ပြည်နယ် သထုံမြို့နယ် နဲ့ ပဲခူးတိုင်း ၊ရွှေကျင်မြို့နယ်အစပ်ကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ၊ အဲဒီတိုက်ခိုက်မှုအတွင်းမှာ PDF အဖွဲ့ဝင် ခြောက် ယောက်သေဆုံးပြီး CDM အရာရှိ ဗိုလ်မှူးတွေအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေ များခဲ့​တာလို့ ကနဦးသိရပါတယ်။ ” စစ်တပ်ကနေ CDM လုပ်ထားတဲ့ ဗိုလ်မှူး တင်လင်းအောင် ၊ဗိုလ်မှူး နေဝင်းအောင်တို့လည်း ဒဏ်ရာအပြင်းအထန်ရတယ်ကြားတယ်။ တခြားထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်ကြား ပေမယ့် အသေးစိတ်မသိရသေးဘူး။ ”…

Read More